YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 11:23-28

၂ ကောရိန္သု 11:23-28 Judson Bible (JBMLE)

သူ​တို့​သည် ခ​ရစ်​တော်၏​ဓ​မ္မ​ဆ​ရာ ဖြစ်​ကြ​သ​လော။ ငါ​သည် အ​ထူး​သ​ဖြင့်​ဖြစ်၏​ဟု သူ​ရူး​ကဲ့​သို့​ဆို​ရ၏။ ပင်​ပန်း​စွာ​အ​မှု​ကို အ​ထူး​သ​ဖြင့် ဆောင်​ရွက်​သော​သူ၊ ရိုက်​ပုတ်​ခြင်း၊ ထောင်​ထဲ၌​လှောင်​ထား​ခြင်း​ကို အ​ထူး​သ​ဖြင့် ခံ​ရ​သော​သူ၊ သေ​ဘေး​နှင့် အ​ကြိမ်​ကြိမ် တွေ့​ကြုံ​သော​သူ​ဖြစ်၏။- ငါး​ကြိမ်​မြောက်​အောင် ယု​ဒ​လူ​တို့​လက်​တွင် ဒဏ်​ချက် လေး​ဆယ်​တစ်​ခု​ယုတ် ငါ​ခံ​ခဲ့​ရ​ပြီ။- သုံး​ကြိမ်​မြောက်​အောင် ကြိမ်​လုံး​နှင့် ရိုက်​ခြင်း​ကို​လည်း​ကောင်း၊ တစ်​ကြိမ် ခဲ​နှင့် ပစ်​ခြင်း​ကို​လည်း​ကောင်း ငါ​ခံ​ရ​ပြီ။ သုံး​ကြိမ်​မြောက်​အောင် သင်္ဘော​ပျက်​ခြင်း​ကို ခံ​ရ​ပြီ။ တစ်​နေ့​နှင့် တစ်​ည​ပတ်​လုံး ပင်​လယ်​ထဲ​မှာ နေ​ရ​ပြီ။- အ​ကြိမ်​ကြိမ် ဒေ​သ​စာ​ရီ​လှည့်​လည်​ပြီ။ မြစ်​ကို ကူး​သော​ဘေး၊ ဓား​ပြ​တိုက်​သော​ဘေး၊ အ​မျိုး​သား​ချင်း ပြု​သော​ဘေး၊ တစ်​ပါး​အ​မျိုး​သား​ပြု​သော​ဘေး၊ မြို့​ရွာ၌ ရောက်​သော​ဘေး၊ တော၌​ရောက်​သော​ဘေး၊ ပင်​လယ်​ဘေး၊ ညီ​အစ်​ကို​ဖြစ်​ယောင်​ဆောင်​သော သူ​တို့​ပြု​သော​ဘေး၊ ဤ​ဘေး​များ​ကို ငါ​တွေ့​ခဲ့​ပြီ။- ပင်​ပန်း​စွာ အ​မှု​ဆောင်​ရွက်​ခြင်း၊ အ​ကြိမ်​များ​စွာ မ​အိပ်​ဘဲ​စောင့်​နေ​ခြင်း၊ မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ အ​ကြိမ်​ကြိမ်​အ​စာ​ရှောင်​ခြင်း၊ အ​ချမ်း​အ​အေး​ခံ​ရ​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဤ​ဆင်း​ရဲ​ခြင်း​များ​ကို ငါ​ခံ​ခဲ့​ပြီ။ ထို​အ​မှု​မှ​တစ်​ပါး၊ အ​သင်း​တော်​အ​ပေါင်း​တို့​ကို စိုး​ရိမ်​သော​စိတ်​နှင့် ကြည့်​ရှု​ပြု​စု၍ နေ့​တိုင်း​အ​စဉ် နှောင့်​ယှက်​ခြင်း​ကို ငါ​ခံ​ခဲ့​ရ၏။

၂ ကောရိန္သု 11:23-28 Common Language Bible (BCL)

သူ​တို့​သည်​ခ​ရစ်​တော်​၏​အ​မှု​တော်​ဆောင်​များ ဖြစ်​သည်​ဟု​ဆို​လျှင် ငါ​သည်​အ​ထူး​သ​ဖြင့် ဖြစ်​၏​ဟု​သူ​ရူး​ကဲ့​သို့​ငါ​ဆို​၏။ ငါ​သည်​ထို သူ​တို့​ထက်​ပို​၍​အ​ပင်​ပန်း​ခံ​ကာ​အ​မှု​တော် ကို​ဆောင်​ခဲ့​၏။ သူ​တို့​ထက်​ပို​၍​အ​ကြိမ်​ပေါင်း များ​စွာ​ထောင်​ကျ​ခဲ့​၏။ ပို​၍​ကြိမ်​ဒဏ်​ခံ​ခဲ့ ရ​၏။ သေ​ဘေး​နှင့်​ရင်​ဆိုင်​ခဲ့​သည်​မှာ​အ​ကြိမ် ပေါင်း​ပို​၍​များ​၏။- ယု​ဒ​အ​မျိုး​သား​တို့​သည်​ငါ့​အား​သုံး​ဆယ့် ကိုး​ချက်​ရိုက်​ဒဏ်​ကို​ငါး​ကြိမ်​တိုင်​တိုင်​ပေး ခဲ့​ကြ​၏။- ရော​မ​အ​မျိုး​သား​တို့​ထံ​၌​ငါ​သည်​သုံး​ကြိမ် တိုင်​တိုင်​ကြိမ်​ဒဏ်​ခံ​ခဲ့​ရ​သည်။ ခဲ​နှင့်​အ​ပေါက် ခံ​ရ​သည်​မှာ​တစ်​ကြိမ်၊ သင်္ဘော​ပျက်​သည်​မှာ သုံး​ကြိမ်​ဖြစ်​၏။ ပင်​လယ်​ပြင်​တွင်​နှစ်​ဆယ့် လေး​နာ​ရီ​မျော​ခဲ့​ရ​၏။- ငါ​သည်​ခ​ရီး​အ​ကြိမ်​ကြိမ်​ပြု​ရာ​တွင်​မြစ် ရေ​လျှံ​သည့်​ဘေး၊ ဋ္ဌား​ပြ​များ​၏​ဘေး၊ ငါ့ လူ​မျိုး​များ​ဖြစ်​သော​ယု​ဒ​ပြည်​သူ​တို့​၏ ဘေး၊ လူ​မျိုး​ခြား​တို့​၏​ဘေး၊ မြို့​ကြီး​များ တွင်​တွေ့​ရ​တတ်​သည့်​ဘေး၊ တော​ကျေး​လက် ၌​ဆိုက်​ရောက်​တတ်​သည့်​ဘေး၊ ပင်​လယ်​ဘေး၊ မိတ်​ဆွေ​အ​တု​အ​ယောင်​တို့​၏​ဘေး​များ နှင့်​ကြုံ​တွေ့​ခဲ့​ရ​၏။- အ​လုပ်​ကို​ပင်​ပန်း​ခက်​ခဲ​စွာ​လုပ်​ကိုင်​ရ​ခြင်း မ​ကြာ​ခ​ဏ​အ​အိပ်​ပျက်​ခြင်း၊ ဆာ​လောင် မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ မ​ကြာ​ခ​ဏ ဝ​အောင်​မ​စား​ရ​ခြင်း၊ အ​အေး​ဒဏ်​ခံ​ရ ခြင်း၊ ဝတ်​စ​ရာ​လည်း​လုံ​လောက်​စွာ​မ​ရှိ ခြင်း​များ​ကို​ငါ​ခံ​ရ​၏။- ဤ​ဆင်း​ရဲ​ဒုက္ခ​များ​နှင့်​အ​ခြား​ဆင်း​ရဲ​ဒုက္ခ များ​အ​ပြင်​အ​သင်း​တော်​တို့​အ​တွက်​နေ့ စဉ်​စိုး​ရိမ်​ပူ​ပန်​လျက်​ရှိ​ရ​၏။

၂ ကောရိန္သု 11:23-28 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူ​တို့​သည် ခရစ်တော်​၏​အစေခံ​ဖြစ်​ကြ​သလော။ ငါ​သည် ပို၍​ပင်​ဖြစ်​၏​ဟု ရူးသွပ်​နေ​သူ​တစ်​ဦး​ကဲ့သို့ ငါ​ဆို​၏။ ငါ​သည် ပို၍​ကြိုးပမ်း​အားထုတ်​လျက် အကြိမ်ပေါင်း​များစွာ​အကျဉ်း​ချ​ခံရ​လျက် ပို၍​များစွာ​ရိုက်နှက်​ခြင်း​ခံရ​လျက် သေဘေး​နှင့် မကြာခဏ​ရင်ဆိုင်​ရ​၏။ ငါ​သည် ဂျူး​လူမျိုး​တို့​၏​အချက်​လေးဆယ် တစ်​ချက်​လျော့ ရိုက်နှက်​ခြင်း​ကို ငါး​ကြိမ်​ခံ​ခဲ့​ရ​၏။ ကြိမ်လုံး​နှင့်​ရိုက်နှက်​ခြင်း​ကို သုံး​ကြိမ်၊ ခဲ​နှင့်​ပေါက်​ခြင်း​ကို တစ်ကြိမ် ခံ​ခဲ့​ရ​၏။ သင်္ဘော​ပျက်စီး​ရာ​၌ သုံး​ကြိမ်​ပါ​၍ ပင်လယ်​ပြင်​တွင် တစ်နေ့​နှင့်​တစ်ည မျော​ခဲ့​ရ​၏။ မကြာခဏ ခရီးထွက်​၍ မြစ်​ချောင်း​တို့​၌​ကြုံ​ရ​သော​ဘေး၊ ဓားပြ​တို့​၏​ဘေး၊ ကိုယ့်​လူမျိုး​တို့​ပြု​သော​ဘေး၊ လူမျိုးခြား​တို့​ပြု​သော​ဘေး၊ မြို့​တွင်း​၌​ကြုံ​ရ​သော​ဘေး၊ တော​ကန္တာရ​၌​ကြုံ​ရ​သော​ဘေး၊ ပင်လယ်​ထဲ၌​ကြုံ​ရ​သော​ဘေး၊ ညီအစ်ကို​အတုအယောင်​များ​ပြု​သော​ဘေး စသည်​တို့​နှင့် ရင်ဆိုင်​ခဲ့​ရ​၏။ ကြိုးပမ်း​အားထုတ်​ခြင်း​နှင့် ပင်ပန်း​ခက်ခဲ​ခြင်း၊ မကြာခဏ​အိပ်ရေးပျက်​ခြင်း၊ အစာငတ်​ခြင်း​နှင့် ရေငတ်​ခြင်း၊ မကြာခဏ အစာ​ပြတ်လပ်​ခြင်း၊ ချမ်းအေး​ဒဏ်​ခံရ​ခြင်း​နှင့် အဝတ်​အချည်းစည်း​နေ​ရ​ခြင်း​တို့​ကို​လည်း ကြုံတွေ့​ခဲ့​ရ​၏။ ဤ​ပြင်ပ​မှ ဘေးဒုက္ခ​များ​အပြင် အသင်းတော်​အားလုံး​အတွက် စိုးရိမ်​ပူပန်​ခြင်း​သည်​လည်း နေ့စဉ်​နှင့်အမျှ ငါ့​ကို​ဖိစီး​နေ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။