YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 11:13-15

၂ ကောရိန္သု 11:13-15 Judson Bible (JBMLE)

အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် မိ​စ္ဆာ​တ​မန်​တော်​ဖြစ်​ကြ၏။ ခ​ရစ်​တော်၏​တ​မန် ဖြစ်​ယောင်​ဆောင်၍ လှည့်​ဖြား​တတ်​သော အ​မှု​စောင့်​ဖြစ်​ကြ၏။- ဤ​အ​မှု​သည် အံ့​ဩ​ဖွယ်​ဖြစ်​သည်​မ​ဟုတ်။ စာ​တန်​ပင်​လျှင် လင်း​သော​ကောင်း​ကင်​တ​မန် ဖြစ်​ယောင်​ဆောင်​တတ်၏။- သို့​ဖြစ်၍ သူ၏​ဆ​ရာ​တို့​သည်​လည်း ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ဟော​သော​ဆ​ရာ ဖြစ်​ယောင်​ဆောင်​လျှင်၊ အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။ သူ​တို့​သည် ကိုယ်​ကျင့်​သော​အ​ကျင့်​အ​တိုင်း နောက်​ဆုံး၌​အ​ကျိုး​အ​ပြစ်​ကို ခံ​ရ​ကြ​လ​တ္တံ့။

၂ ကောရိန္သု 11:13-15 Common Language Bible (BCL)

ထို​သူ​တို့​ကား​တ​မန်​တော်​အ​တု​များ​သာ​ဖြစ် ကြ​၏။ မိ​မိ​တို့​ကိုယ်​ကို​ခ​ရစ်​တော်​၏​တ​မန်​တော် များ​အ​ဖြစ်​ယောင်​ဆောင်​လျက်​လှည့်​စား​လုပ် ဆောင်​သူ​များ​တည်း။- သူ​တို့​ဤ​သို့​ပြု​ကြ​သည်​မှာ​အံ့​သြ​စ​ရာ​မ​ဟုတ်။ စာ​တန်​ပင်​လျှင်​အ​လင်း​၏​ကောင်း​ကင်​တ​မန် အ​သွင်​ကို​ယူ​ဆောင်​နိုင်​ပေ​သည်။- သို့​ဖြစ်​၍​သူ​၏​တ​ပည့်​များ​သည်​ဖြောင့်​မတ်​ခြင်း တ​ရား​ကို​ဟော​ပြော​ကြေ​ညာ​သူ​များ​အ​ဖြစ် ယောင်​ဆောင်​ကြ​သည်​မှာ​အံ့​သြ​စ​ရာ​မ​ဟုတ် ပေ။ နောက်​ဆုံး​၌​သူ​တို့​သည်​မိ​မိ​တို့​ကျင့်​ကြံ ပြု​မူ​သည်​အ​တိုင်း​ထိုက်​သင့်​ရာ​အ​ကျိုး အ​ပြစ်​ကို​ခံ​စား​ကြ​ရ​လိမ့်​မည်။

၂ ကောရိန္သု 11:13-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား ထို​သူ​တို့​သည် ခရစ်တော်​၏​တမန်တော်​များ​အဖြစ် ယောင်ဆောင်​နေ​ကြ​သည့် တမန်တော်​အတုအယောင်​များ၊ လှည့်ဖြား​တတ်​သော​လုပ်သား​များ​ဖြစ်​ကြ​၏။ ဤသည်ကား အံ့ဩ​စရာ​မ​ဟုတ်။ အဘယ်ကြောင့်ဆိုသော် စာတန်​ပင်​လျှင် အလင်း​၏​ကောင်းကင်​တမန်​အဖြစ် ယောင်ဆောင်​တတ်​၏။ သို့ဖြစ်၍ စာတန်​၏​အမှုဆောင်​တို့​သည်​လည်း ဖြောင့်မတ်​ခြင်း​၏​အမှုဆောင်​အဖြစ် ယောင်ဆောင်​ကြ​လျှင် အံ့ဩ​စရာ​မ​ဟုတ်။ ထို​သူ​တို့​၏​နိဂုံး​သည် မိမိ​တို့​ပြု​သော​အမှု​များ​အတိုင်း​ဖြစ်​လိမ့်မည်။