၂ ကောရိန္သု 11:1-33
၂ ကောရိန္သု 11:1-33 Judson Bible (JBMLE)
ငါမိုက်မဲသောအပြစ်ကို သင်တို့သည် ခဏသည်းခံစေခြင်းငှာ ငါအလိုရှိ၏။ ခဏ သည်းခံကြပါလော့။- အကြောင်းမူကား၊ ငါသည် သင်တို့ကို သီလနှင့်ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှာ၊ သင်တို့ကို လင်တစ်ဦးနှင့် ထိမ်းမြားဆောင်နှင်းပြီးသောကြောင့် ဘုရားသခင်၏ အလိုတော်အတိုင်း စိုးရိမ်သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။- မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။- သင်တို့ရှိရာသို့ ရောက်လာသောသူသည် ငါတို့ မဟောမပြောသေးသော ယေရှုတစ်ပါးကို ဟောပြောသော်လည်းကောင်း၊ သင်တို့သည် မခံရသေးသော ဝိညာဉ်တော်တစ်ပါးကို ခံရသော်လည်းကောင်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်လည်းကောင်း၊ ထိုသူကို သည်းခံကောင်း၏။ ငါသည် အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်သည်ကို ငါသဘောရှိ၏။- စကားအားဖြင့် လူရိုင်းဟုတ်သော်လည်း၊ ပညာအားဖြင့် လူရိုင်းမဟုတ်။ သင်တို့တွင် အရာရာ၌ ငါတို့သည်အစဉ် ကိုယ်ကိုကိုယ်ထင်ရှားစွာ ပြကြပြီ။- သင်တို့ကို ချီးမြှောက်ခြင်းငှာ၊ ကိုယ်ကိုကိုယ်နှိမ့်ချလျက်၊ ကျေးဇူးဆပ်ခြင်းကို မခံဘဲ၊ သင်တို့အား ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောပြောသည်အရာမှာ ငါသည် အပြစ်ရှိသလော။- သင်တို့အမှုကို ဆောင်ရွက်မည်အကြောင်း၊ အခြားသောအသင်းတော်များ ပေးသောစရိတ်ကို ငါခံ၍၊ သူတို့ကို လုယူရာသို့ ရောက်လေပြီတကား။- သင်တို့နှင့်အတူရှိနေ၍ တစ်စုံတစ်ခုကိုလိုသောအခါ အဘယ်သူကိုမျှ ငါမနှောင့်ယှက်။ အကြောင်းမူကား၊ မာကေဒေါနိပြည်ကလာသော ညီအစ်ကိုတို့သည် ငါလိုသမျှကိုပေးကြ၏။ သင်တို့ကို အလျှင်းမနှောင့်ယှက်ဘဲ သတိနှင့်နေခဲ့ပြီ။ နောင်၌လည်း သတိနှင့်နေဦးမည်။- ခရစ်တော်၏သစ္စာတရားသည် ငါ၌ ရှိသည်ဖြစ်၍၊ အခါယပြည်များတို့၌ ဤသို့ ငါဝါကြွားသည်အမှုကို အဘယ်သူမျှ မဆီးတားရ။- အဘယ်ကြောင့်နည်း၊ သင်တို့ကိုငါမချစ်သလော။ ဘုရားသခင် သိတော်မူ၏။ အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှာလည်းကောင်း၊ ဝါကြွားခြင်းအရာ၌ သူတို့သည် ငါကဲ့သို့ ထင်ရှားစွာ ဖြစ်စေခြင်းငှာလည်းကောင်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည်။- အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ၏။ ခရစ်တော်၏တမန် ဖြစ်ယောင်ဆောင်၍ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။- ဤအမှုသည် အံ့ဩဖွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။- သို့ဖြစ်၍ သူ၏ဆရာတို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာ ဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဖွယ်ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌အကျိုးအပြစ်ကို ခံရကြလတ္တံ့။ တစ်ဖန် ငါဆိုသည်ကား၊ ငါ့ကိုသူရူးဖြစ်သည်ဟု အဘယ်သူမျှ မထင်စေနှင့်။ သို့မဟုတ် ငါဝါကြွားစရာ အခွင့်အနည်းငယ်ရှိစေခြင်းငှာ ငါ့ကိုသူရူးကဲ့သို့ မှတ်၍ သည်းခံကြလော့။- ဤသို့ငါပြောသောစကားမှာ သခင်ဘုရား၏နည်းတူ ငါပြောသည်မဟုတ်။ သူရူးကဲ့သို့ ရဲရင့်စွာ ဝါကြွားလျက်ပြောဆို၏။ လူများတို့သည် လောကီအခြင်းအရာ၌ ဝါကြွားသောကြောင့် ငါသည်လည်းဝါကြွားရ၏။- သင်တို့သည်လိမ္မာသောသူဖြစ်သောကြောင့်၊ သူရူးတို့ကို စေတနာစိတ်နှင့် သည်းခံကြ၏။- သူတစ်ပါးသည် သင်တို့ကို ကျွန်ခံစေခြင်း၊ ရောင်း၍စားခြင်း၊ ဥစ္စာကိုလုယူခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ်ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံကြ၏။- ငါတို့သည်အစွမ်းသတ္တိမရှိဟု ကဲ့ရဲ့ခြင်းကို အမှတ်ပြု၍ ငါပြော၏။ အကြင်အရာကို သူတစ်ပါး မှီဝဲ၍ ရဲရင့်၏။ ထိုအရာကိုငါမှီဝဲ၍ ရဲရင့်ခြင်းရှိ၏ဟု သူရူးကဲ့သို့ငါဆို၏။- သူတို့သည် ဟေဗြဲလူဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။ သူတို့သည် ဣသရေလလူ ဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။ သူတို့သည် အာဗြဟံအမျိုးဖြစ်ကြသလော။ ငါသည်လည်း ဖြစ်၏။- သူတို့သည် ခရစ်တော်၏ဓမ္မဆရာ ဖြစ်ကြသလော။ ငါသည် အထူးသဖြင့်ဖြစ်၏ဟု သူရူးကဲ့သို့ဆိုရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့် ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေဘေးနှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ်၏။- ငါးကြိမ်မြောက်အောင် ယုဒလူတို့လက်တွင် ဒဏ်ချက် လေးဆယ်တစ်ခုယုတ် ငါခံခဲ့ရပြီ။- သုံးကြိမ်မြောက်အောင် ကြိမ်လုံးနှင့် ရိုက်ခြင်းကိုလည်းကောင်း၊ တစ်ကြိမ် ခဲနှင့် ပစ်ခြင်းကိုလည်းကောင်း ငါခံရပြီ။ သုံးကြိမ်မြောက်အောင် သင်္ဘောပျက်ခြင်းကို ခံရပြီ။ တစ်နေ့နှင့် တစ်ညပတ်လုံး ပင်လယ်ထဲမှာ နေရပြီ။- အကြိမ်ကြိမ် ဒေသစာရီလှည့်လည်ပြီ။ မြစ်ကို ကူးသောဘေး၊ ဓားပြတိုက်သောဘေး၊ အမျိုးသားချင်း ပြုသောဘေး၊ တစ်ပါးအမျိုးသားပြုသောဘေး၊ မြို့ရွာ၌ ရောက်သောဘေး၊ တော၌ရောက်သောဘေး၊ ပင်လယ်ဘေး၊ ညီအစ်ကိုဖြစ်ယောင်ဆောင်သော သူတို့ပြုသောဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။- ပင်ပန်းစွာ အမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံခဲ့ပြီ။ ထိုအမှုမှတစ်ပါး၊ အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ် နှောင့်ယှက်ခြင်းကို ငါခံခဲ့ရ၏။- ငါမနွမ်းရိဘဲ အဘယ်သူ နွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ အဘယ်သူ ဖောက်ပြန်သနည်း။- ငါသည် မဝါကြွားဘဲ မနေရသည်မှန်လျှင်၊ ကိုယ်နွမ်းရိသောအဖြစ်ကိုသာ အကြောင်းပြု၍ ဝါကြွားမည်။- ငါသည် မုသားမပြောသည်ကို ထာဝရမင်္ဂလာရှိတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင် သိတော်မူ၏။ ဒမာသက်မြို့၌ အရေတမင်းကြီးခန့်ထားသော မြို့ဝန်သည် ငါ့ကို ဖမ်းဆီးခြင်းငှာအလိုရှိ၍၊ ဒမာသက်မြို့ကိုစောင့်စဉ်တွင်၊- တပည့်တော်တို့သည် ငါ့ကိုတောင်း၌ ထည့်ပြီးလျှင်၊ ပြတင်းပေါက်မှထုတ်၍ မြို့ရိုးပေါ်က လျှော့ချသဖြင့် ထိုမြို့ဝန်လက်မှ ငါပြေး၍လွတ်ရ၏။

၂ ကောရိန္သု 11:1-33 Common Language Bible (BCL)
ငါ၏အနည်းငယ်မိုက်မဲမှုကိုသင်တို့သည်းခံ ကြလိမ့်မည်ဟုမျှော်လင့်ပါ၏။ ကျေးဇူးပြု၍ သည်းခံကြလော့။- ဘုရားသခင်သည်သင်တို့ကိုမနာလိုစိတ်ရှိ တော်မူသကဲ့သို့ ငါသည်သင်တို့ကိုမနာလို စိတ်ရှိ၏။ သင်တို့သည်ခရစ်တော်တစ်ဦးတည်း နှင့်စုံဖက်ထိမ်းမြားရန် ငါကတိပြုထားသည့် အပျိုစင်နှင့်တူကြ၏။- ဧဝသည်မြွေ၏ကောက်ကျစ်စဉ်းလဲမှုဖြင့် အလှည့်စားခံရသကဲ့သို့သင်တို့သည်လည်း စိတ်ဖောက်ပြန်ကာ ခရစ်တော်အားအကြွင်းမဲ့ ချစ်ခင်စွဲလမ်းမှုကိုစွန့်လွှတ်လိုက်ကြမည် လောဟုငါစိုးရိမ်မိ၏။- လူတစ်စုံတစ်ယောက်သည်သင်တို့ထံရောက်လာ၍ ငါတို့မကြေညာဘူးသည့်အခြားတစ်ပါးသော ယေရှု၏အကြောင်းကိုဟောပြောကြေညာသော အခါ သင်တို့သည်ဝမ်းမြောက်စွာလက်ခံခွင့်ပြု ကြ၏။ သင်တို့သည်ငါတို့ထံမှကြားသိရသည့် သတင်းကောင်းနှင့်လုံးဝမတူသည့်သတင်း ကောင်းကိုလည်းကောင်း၊ ယခင်ကခံယူရရှိ သည့်ဝိညာဉ်တော်နှင့်လုံးဝကွဲပြားခြားနား သည့်ဝိညာဉ်ကိုလည်းကောင်းလက်ခံကြ၏။ ငါသည်သင်တို့၏ထူးမြတ်လှသည့်တမန် တော်များထက်အနည်းငယ်မျှမနိမ့်ဟုငါ ယူဆ၏။- ငါသည်အဟောအပြောညံ့သော်လည်းအသိ ပညာမညံ့။ ငါတို့သည်အခါခပ်သိမ်းအခြေ အနေအမျိုးမျိုးတွင်ဤအချက်ကိုသင်တို့ အားကောင်းစွာသိစေခဲ့၏။ ငါသည်သင်တို့၏ဂုဏ်ကိုမြှင့်တင်ရန် မိမိကိုယ် ကိုနှိမ့်ချလျက် ဘုရားသခင်၏သတင်းကောင်း ကိုသင်တို့အားအခမဲ့ကြေညာခြင်းသည် မှားယွင်းပါသလော။- ငါသည်သင်တို့ထံတွင်အမှုတော်ဆောင်စဉ်ကုန် ကျသည့်စရိတ်များကိုအခြားအသင်းတော် များအားကျခံစေခဲ့၏။ ငါတို့သည်သင်တို့ကို ကူညီမစနိုင်ရန်ထိုအသင်းတော်များကို ဋ္ဌားပြတိုက်ရသကဲ့သို့ဖြစ်၏။- ထို့အပြင်ငါသည်သင်တို့ထံ၌ရှိနေစဉ်ကြေး ငွေလိုအပ်ချိန်၌သင်တို့အားဒုက္ခမပေးခဲ့။ မာ ကေဒေါနိပြည်မှလာကြသည့်ညီအစ်ကိုများ ကငါလိုသမျှကိုယူဆောင်လာကြ၏။ ငါ သည်မိမိ၏အတွက်မည်သို့မျှသင်တို့အား ဝန်မလေးစေခဲ့။ နောင်ကိုလည်းဝန်လေးစေမည် မဟုတ်။- ဤသို့ငါဝါကြွားသည်ကိုအခါယပြည်တစ် လျှောက်လုံးတွင်မည်သူမျှပိတ်ပင်၍ရလိမ့်မည် မဟုတ်ကြောင်း ငါ၌ရှိသောခရစ်တော်၏သစ္စာ တရားတော်ကိုအမှီပြု၍ငါဆို၏။- အဘယ်ကြောင့်ဤသို့ငါဆိုရသနည်း။ သင်တို့ အားမချစ်၍လော။ ငါချစ်ကြောင်းကိုဘုရား သခင်သိတော်မူ၏။ သို့ရာတွင်ငါတို့ကဲ့သို့လုပ်ဆောင်သည်ဟူ၍ ကြွားဝါပြောဆိုခွင့်ကိုထိုတမန်တော်တို့မရ နိုင်ကြစေရန် ငါသည်ယခုအတိုင်းဆက်လက် လုပ်ဆောင်သွားမည်။- ထိုသူတို့ကားတမန်တော်အတုများသာဖြစ် ကြ၏။ မိမိတို့ကိုယ်ကိုခရစ်တော်၏တမန်တော် များအဖြစ်ယောင်ဆောင်လျက်လှည့်စားလုပ် ဆောင်သူများတည်း။- သူတို့ဤသို့ပြုကြသည်မှာအံ့သြစရာမဟုတ်။ စာတန်ပင်လျှင်အလင်း၏ကောင်းကင်တမန် အသွင်ကိုယူဆောင်နိုင်ပေသည်။- သို့ဖြစ်၍သူ၏တပည့်များသည်ဖြောင့်မတ်ခြင်း တရားကိုဟောပြောကြေညာသူများအဖြစ် ယောင်ဆောင်ကြသည်မှာအံ့သြစရာမဟုတ် ပေ။ နောက်ဆုံး၌သူတို့သည်မိမိတို့ကျင့်ကြံ ပြုမူသည်အတိုင်းထိုက်သင့်ရာအကျိုး အပြစ်ကိုခံစားကြရလိမ့်မည်။ တစ်ဖန်ငါဆိုသည်ကားငါ့အားလူမိုက်ဟု အဘယ်သူမျှမထင်မမှတ်စေနှင့်။ သို့ရာတွင် သင်တို့ထင်မှတ်ကြလျှင်လည်းလူမိုက်အဖြစ် ဖြင့်ပင်ငါ့အားလက်ခံကြလော့။ သို့မှသာ လျှင်ငါ့မှာကြွားဝါစရာအခွင့်အနည်း ငယ်ရရှိနိုင်ပေမည်။- ယခုကြွားဝါပြောဆိုနေခြင်းသည်သခင် ဘုရား၏အလိုတော်အရမဟုတ်။ လူမိုက် ကဲ့သို့ငါကြွားဝါပြောဆိုနေခြင်းဖြစ်၏။- သို့သော်လူအများကလောကီအရာများ အတွက်ကြွားဝါတတ်ကြသည်ဖြစ်ရာ ငါ သည်လည်းကြွားဝါမည်။- သင်တို့သည်ပညာရှိကြီးများဖြစ်သဖြင့် လူ မိုက်များကိုဝမ်းမြောက်စွာသည်းခံကြပေသည်။- သင်တို့သည်မိမိတို့အားစေစားသူ၊ အခွင့် ကောင်းယူသူ၊ အမြတ်ထုတ်သူ၊ အထင်အမြင် သေးသူ၊ ပါးရိုက်သူတို့ကိုသည်းခံကြ၏။- ငါတို့သည်ဤသို့သောအမှုတို့ကိုသင်တို့အား ပြုရန်သတ္တိမရှိကြောင်းကိုရှက်ရှက်နှင့်ပင်ငါ ဝန်ခံ၏။ သို့ရာတွင်လူမိုက်အနေနှင့်ပြောရမည်ဆိုလျှင် အကယ်၍တစ်စုံတစ်ယောက်ကအရာတစ်ခု အတွက်ကြွားဝါပါကငါလည်းကြွားဝါ နိုင်၏။- သူတို့သည်ဟေဗြဲအမျိုးသားဖြစ်သည်ဟု ဆိုလျှင် ငါလည်းဖြစ်၏။ သူတို့သည်ဣသရေလ အမျိုးသားများဖြစ်သည်ဟုဆိုလျှင် ငါလည်း ဖြစ်၏။ သူတို့သည်အာဗြဟံ၏အမျိုးအနွယ် များဖြစ်သည်ဟုဆိုလျှင် ငါလည်းဖြစ်၏။- သူတို့သည်ခရစ်တော်၏အမှုတော်ဆောင်များ ဖြစ်သည်ဟုဆိုလျှင် ငါသည်အထူးသဖြင့် ဖြစ်၏ဟုသူရူးကဲ့သို့ငါဆို၏။ ငါသည်ထို သူတို့ထက်ပို၍အပင်ပန်းခံကာအမှုတော် ကိုဆောင်ခဲ့၏။ သူတို့ထက်ပို၍အကြိမ်ပေါင်း များစွာထောင်ကျခဲ့၏။ ပို၍ကြိမ်ဒဏ်ခံခဲ့ ရ၏။ သေဘေးနှင့်ရင်ဆိုင်ခဲ့သည်မှာအကြိမ် ပေါင်းပို၍များ၏။- ယုဒအမျိုးသားတို့သည်ငါ့အားသုံးဆယ့် ကိုးချက်ရိုက်ဒဏ်ကိုငါးကြိမ်တိုင်တိုင်ပေး ခဲ့ကြ၏။- ရောမအမျိုးသားတို့ထံ၌ငါသည်သုံးကြိမ် တိုင်တိုင်ကြိမ်ဒဏ်ခံခဲ့ရသည်။ ခဲနှင့်အပေါက် ခံရသည်မှာတစ်ကြိမ်၊ သင်္ဘောပျက်သည်မှာ သုံးကြိမ်ဖြစ်၏။ ပင်လယ်ပြင်တွင်နှစ်ဆယ့် လေးနာရီမျောခဲ့ရ၏။- ငါသည်ခရီးအကြိမ်ကြိမ်ပြုရာတွင်မြစ် ရေလျှံသည့်ဘေး၊ ဋ္ဌားပြများ၏ဘေး၊ ငါ့ လူမျိုးများဖြစ်သောယုဒပြည်သူတို့၏ ဘေး၊ လူမျိုးခြားတို့၏ဘေး၊ မြို့ကြီးများ တွင်တွေ့ရတတ်သည့်ဘေး၊ တောကျေးလက် ၌ဆိုက်ရောက်တတ်သည့်ဘေး၊ ပင်လယ်ဘေး၊ မိတ်ဆွေအတုအယောင်တို့၏ဘေးများ နှင့်ကြုံတွေ့ခဲ့ရ၏။- အလုပ်ကိုပင်ပန်းခက်ခဲစွာလုပ်ကိုင်ရခြင်း မကြာခဏအအိပ်ပျက်ခြင်း၊ ဆာလောင် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏ ဝအောင်မစားရခြင်း၊ အအေးဒဏ်ခံရ ခြင်း၊ ဝတ်စရာလည်းလုံလောက်စွာမရှိ ခြင်းများကိုငါခံရ၏။- ဤဆင်းရဲဒုက္ခများနှင့်အခြားဆင်းရဲဒုက္ခ များအပြင်အသင်းတော်တို့အတွက်နေ့ စဉ်စိုးရိမ်ပူပန်လျက်ရှိရ၏။- အားနည်းသူရှိလျှင်ငါသည်လည်းအားနည်း ရ၏။ အပြစ်ကူးသူရှိလျှင်ငါသည်ပူပန် ရ၏။ ငါသည်ဝါကြွားရမည်ဆိုလျှင် မိမိ၏အား နည်းမှုကိုသာအကြောင်းပြု၍ဝါကြွားမည်။- ငါသည်လိမ်လည်၍မပြောကြောင်းကို သခင် ယေရှု၏ခမည်းတော်ဘုရားသခင်သိတော် မူ၏။ ထိုအရှင်၏နာမတော်သည်ထာဝစဉ် မင်္ဂလာရှိတော်မူပါစေသတည်း။- ငါသည်ဒမာသက်မြို့၌ရှိစဉ်အရေတ ဘုရင်၏လက်အောက်ခံဘုရင်ခံသည် ငါ့ အားဖမ်းဆီးရန်မြို့တံခါးများတွင်တပ် သားများကိုအစောင့်ချထား၏။- သို့ရာတွင်တပည့်တော်တို့သည်ငါ့ကိုတောင်း တွင်ထည့်၍ ပြူတင်းပေါက်မှမြို့ရိုးကလျှောချ ကြသဖြင့် ငါသည်ထိုဘုရင်ခံ၏လက်မှ လွတ်မြောက်ရပေသည်။
၂ ကောရိန္သု 11:1-33 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါ၏အနည်းငယ်သောမိုက်မဲမှုအတွက် ငါ့ကိုသည်းခံစေလိုပါ၏။ မည်သို့ပင်ဖြစ်စေ သင်တို့သည် ငါ့ကိုသည်းခံကြ၏။ ဤသို့ဆိုရခြင်းမှာ ငါသည် ဘုရားသခင်၏သဝန်တိုစိတ်မျိုးဖြင့် သင်တို့ကို သဝန်တို၏။ အကြောင်းမူကား ငါသည် သင်တို့ကို ဖြူစင်သန့်ရှင်းသောအပျိုကညာအဖြစ် ခရစ်တော်အားဆက်သလျက် ထိုတစ်ဦးတည်းသောခင်ပွန်းနှင့်စေ့စပ်ကြောင်းလမ်းထားပြီဖြစ်၏။ သို့သော် မြွေသည် မိမိ၏ပရိယာယ်အားဖြင့် ဧဝကိုလှည့်ဖြားသကဲ့သို့ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့၏စိတ်နှလုံးသည် ခရစ်တော်အပေါ်၌ထားရှိသော ရိုးသားဖြူစင်ခြင်းမှသွေဖည်သွားမည်ကို ငါစိုးရိမ်၏။ အကြောင်းမူကား တစ်စုံတစ်ယောက်သောသူသည်လာ၍ ငါတို့မဟောပြောခဲ့သည့် အခြားသောယေရှုအကြောင်းကို ဟောပြောလျှင်ဖြစ်စေ၊ သင်တို့မရရှိဖူးသော အခြားဝိညာဉ်ကို သင်တို့ရရှိလျှင်ဖြစ်စေ၊ သင်တို့မခံယူခဲ့သော အခြားကောင်းမြတ်သောသတင်းကို သင်တို့ခံယူလျှင်ဖြစ်စေ သင်တို့သည် ကောင်းစွာသည်းခံနေကြ၏။ အမှန်စင်စစ် ငါသည် ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှမညံ့ဟု ငါထင်မှတ်၏။ ငါသည် အဟောအပြောပိုင်း၌ ကျွမ်းကျင်မှုမရှိလျှင်ပင် အသိပညာပိုင်း၌မူကား ထိုသို့မဟုတ်ပေ။ ငါတို့သည် ဤအချက်ကို အရာရာ၌ နည်းအမျိုးမျိုးဖြင့် သင်တို့ထံ ထင်ရှားစေခဲ့ပြီ။ သင်တို့ချီးမြှောက်ခြင်းခံရဖို့ရန် ငါသည် မိမိကိုယ်ကိုနှိမ့်ချလျက် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို သင်တို့အား အခမဲ့ဟောပြောခြင်းဖြင့် အပြစ်ကျူးလွန်ခဲ့သလော။ ငါသည် သင်တို့အမှုကိုဆောင်ရွက်ရန် အခြားသောအသင်းတော်များထံမှ စရိတ်တောင်းယူခြင်းအားဖြင့် သူတို့ကိုလုယူခဲ့၏။ မာကေဒေါနိပြည်မှလာသော ညီအစ်ကိုများသည် ငါလိုအပ်သည့်အရာကို ဖြည့်ဆည်းပေးခဲ့သည်ဖြစ်၍ ငါသည် သင်တို့နှင့်အတူရှိစဉ် လိုအပ်ချက်ရှိသည့်အခါ မည်သူ့အတွက်မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်ခဲ့ပေ။ ငါသည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မိမိကိုယ်ကို အရာရာ၌စောင့်စည်းခဲ့သည့်နည်းတူ နောင်၌လည်း စောင့်စည်းဦးမည်။ ခရစ်တော်၏သမ္မာတရားသည် ငါ၌ရှိသည်နှင့်အညီ ငါ၌ရှိသည့် ဤဂုဏ်ယူဝါကြွားခြင်းကို အခါယပြည်တစ်လျှောက်၌ မည်သူမျှ ပိတ်ပင်၍ရမည်မဟုတ်။ အဘယ်ကြောင့်နည်း။ ငါသည် သင်တို့ကိုမချစ်သောကြောင့်လော။ ငါချစ်ကြောင်း ဘုရားသခင်သိတော်မူ၏။ သို့ရာတွင် ငါတို့ကဲ့သို့ ဝါကြွားစရာအကြောင်းရှိစေမည့်အခွင့်ကို ရယူလိုသောသူတို့ထံမှ ထိုအခွင့်ကိုဖြတ်တောက်ရန် ငါပြုနေသည့်အရာကို ဆက်၍ပြုဦးမည်။ အကြောင်းမူကား ထိုသူတို့သည် ခရစ်တော်၏တမန်တော်များအဖြစ် ယောင်ဆောင်နေကြသည့် တမန်တော်အတုအယောင်များ၊ လှည့်ဖြားတတ်သောလုပ်သားများဖြစ်ကြ၏။ ဤသည်ကား အံ့ဩစရာမဟုတ်။ အဘယ်ကြောင့်ဆိုသော် စာတန်ပင်လျှင် အလင်း၏ကောင်းကင်တမန်အဖြစ် ယောင်ဆောင်တတ်၏။ သို့ဖြစ်၍ စာတန်၏အမှုဆောင်တို့သည်လည်း ဖြောင့်မတ်ခြင်း၏အမှုဆောင်အဖြစ် ယောင်ဆောင်ကြလျှင် အံ့ဩစရာမဟုတ်။ ထိုသူတို့၏နိဂုံးသည် မိမိတို့ပြုသောအမှုများအတိုင်းဖြစ်လိမ့်မည်။ တစ်ဖန် ငါဆိုသည်ကား ငါ့ကို မိုက်မဲသောသူဖြစ်သည်ဟု မည်သူမျှ မထင်မှတ်စေနှင့်။ သို့သော် သင်တို့သည် ထိုသို့ထင်မှတ်ခဲ့လျှင် ငါ၌ ဝါကြွားစရာအခွင့်အနည်းငယ်ရှိစေရန် ငါ့ကို မိုက်မဲသောသူအဖြစ်ပင် လက်ခံကြလော့။ ငါသည် ဤကဲ့သို့ ရဲရင့်စွာဝါကြွားပြောဆိုခြင်းမှာ သခင်ဘုရားအားဖြင့် ပြောဆိုသည်မဟုတ်ဘဲ မိုက်မဲသောသူကဲ့သို့ ပြောဆိုခြင်းဖြစ်၏။ လူများစွာတို့သည် ဇာတိသဘောဖြင့် ဝါကြွားကြသည်ဖြစ်၍ ငါသည်လည်း ဝါကြွားမည်။ အမှန်စင်စစ် သင်တို့သည် ပညာသတိရှိသောသူများဖြစ်သောကြောင့် မိုက်မဲသောသူတို့ကို ဝမ်းမြောက်စွာသည်းခံကြ၏။ တစ်စုံတစ်ယောက်သည် သင်တို့ကို ကျွန်ပြုသည်ဖြစ်စေ၊ အခွင့်ကောင်းယူသည်ဖြစ်စေ၊ လုယူသည်ဖြစ်စေ၊ အထင်အမြင်သေးသည်ဖြစ်စေ၊ ပါးရိုက်သည်ဖြစ်စေ သင်တို့သည် သည်းခံကြ၏။ ငါတို့သည် ထိုသို့ပြုရန် အားနည်းခဲ့ကြောင်း ရှက်ရွံ့စွာပင် ငါဝန်ခံ၏။ သို့သော် တစ်ဦးတစ်ယောက်သည် တစ်စုံတစ်ခုသောအရာ၌ ဝါကြွားဝံ့သည်ဆိုလျှင် ငါလည်းဝါကြွားဝံ့သည်ဟု မိုက်မဲစွာငါပြော၏။ သူတို့သည် ဟေဗြဲလူမျိုးဖြစ်ကြသလော။ ငါလည်းဖြစ်၏။ သူတို့သည် အစ္စရေးလူမျိုးဖြစ်ကြသလော။ ငါလည်းဖြစ်၏။ သူတို့သည် အာဗြဟံအမျိုးအနွယ်ဖြစ်ကြသလော။ ငါလည်းဖြစ်၏။ သူတို့သည် ခရစ်တော်၏အစေခံဖြစ်ကြသလော။ ငါသည် ပို၍ပင်ဖြစ်၏ဟု ရူးသွပ်နေသူတစ်ဦးကဲ့သို့ ငါဆို၏။ ငါသည် ပို၍ကြိုးပမ်းအားထုတ်လျက် အကြိမ်ပေါင်းများစွာအကျဉ်းချခံရလျက် ပို၍များစွာရိုက်နှက်ခြင်းခံရလျက် သေဘေးနှင့် မကြာခဏရင်ဆိုင်ရ၏။ ငါသည် ဂျူးလူမျိုးတို့၏အချက်လေးဆယ် တစ်ချက်လျော့ ရိုက်နှက်ခြင်းကို ငါးကြိမ်ခံခဲ့ရ၏။ ကြိမ်လုံးနှင့်ရိုက်နှက်ခြင်းကို သုံးကြိမ်၊ ခဲနှင့်ပေါက်ခြင်းကို တစ်ကြိမ် ခံခဲ့ရ၏။ သင်္ဘောပျက်စီးရာ၌ သုံးကြိမ်ပါ၍ ပင်လယ်ပြင်တွင် တစ်နေ့နှင့်တစ်ည မျောခဲ့ရ၏။ မကြာခဏ ခရီးထွက်၍ မြစ်ချောင်းတို့၌ကြုံရသောဘေး၊ ဓားပြတို့၏ဘေး၊ ကိုယ့်လူမျိုးတို့ပြုသောဘေး၊ လူမျိုးခြားတို့ပြုသောဘေး၊ မြို့တွင်း၌ကြုံရသောဘေး၊ တောကန္တာရ၌ကြုံရသောဘေး၊ ပင်လယ်ထဲ၌ကြုံရသောဘေး၊ ညီအစ်ကိုအတုအယောင်များပြုသောဘေး စသည်တို့နှင့် ရင်ဆိုင်ခဲ့ရ၏။ ကြိုးပမ်းအားထုတ်ခြင်းနှင့် ပင်ပန်းခက်ခဲခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ အစာငတ်ခြင်းနှင့် ရေငတ်ခြင်း၊ မကြာခဏ အစာပြတ်လပ်ခြင်း၊ ချမ်းအေးဒဏ်ခံရခြင်းနှင့် အဝတ်အချည်းစည်းနေရခြင်းတို့ကိုလည်း ကြုံတွေ့ခဲ့ရ၏။ ဤပြင်ပမှ ဘေးဒုက္ခများအပြင် အသင်းတော်အားလုံးအတွက် စိုးရိမ်ပူပန်ခြင်းသည်လည်း နေ့စဉ်နှင့်အမျှ ငါ့ကိုဖိစီးနေ၏။ တစ်စုံတစ်ဦးအားနည်းသည့်အခါ ငါသည် အားမနည်းဘဲ နေနိုင်မည်လော။ တစ်စုံတစ်ဦးမှားယွင်းသည့်အခါ ငါသည် ပူပန်ခြင်းမရှိဘဲ နေနိုင်မည်လော။ ငါသည် ဝါကြွားရမည်ဆိုလျှင် ငါ၏အားနည်းခြင်းနှင့်ပတ်သက်သောအရာများကို ငါဝါကြွားမည်။ ငါမုသားမသုံးကြောင်း သခင်ယေရှု၏ခမည်းတော်ဖြစ်တော်မူသော ကာလအစဉ်အဆက်မင်္ဂလာရှိသည့် ဘုရားသခင်သိတော်မူ၏။ ဒမတ်စကပ်မြို့တွင် အရေတမင်းကြီးခန့်ထားသောမြို့ဝန်သည် ငါ့ကိုဖမ်းဆီးရန်အတွက် ဒမတ်စကပ်မြို့ကို ပိတ်ဆို့စောင့်ကြပ်ထားခဲ့၏။ သို့သော် ငါ့ကို တောင်းထဲထည့်၍ ပြတင်းပေါက်မှတစ်ဆင့် မြို့ရိုးပေါ်မှလျှောချခဲ့ကြသောကြောင့် ငါသည် သူ၏လက်မှ လွတ်မြောက်ခဲ့ရ၏။