YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 1:8-9

၂ ကောရိန္သု 1:8-9 Common Language Bible (BCL)

ညီ​အစ်​ကို​တို့၊ အာ​ရှ​ပြည်​တွင်​ငါ​တို့​ခံ​ခဲ့ ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​အ​ကြောင်း​ကို​သင်​တို့ အား​ပြန်​လည်​သ​တိ​ရ​စေ​လို​၏။ ငါ​တို့ မ​ခံ​မ​ရပ်​နိုင်​အောင်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ သ​ဖြင့် ငါ​တို့​သည်​အ​သက်​ရှင်​နိုင်​ရန်​မျှော် လင့်​ချက်​မ​ရှိ​ခဲ့​ပေ။- ငါ​တို့​သည်​သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​သူ​များ ဟု​မိ​မိ​တို့​ကိုယ်​တိုင်​ကို​ထင်​မှတ်​ကြ​၏။ သို့ ရာ​တွင်​ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ငါ​တို့ သည် မိ​မိ​တို့​ကိုယ်​ကို​အား​မ​ကိုး​ဘဲ သူ​သေ တို့​အား​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို​အား​ကိုး​ကြ​စေ​ရန်​ဖြစ် ၏။

၂ ကောရိန္သု 1:8-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ညီအစ်ကို​တို့၊ အာရှ​ပြည်​၌ ငါ​တို့​ကြုံတွေ့​ရ​သော​ဆင်းရဲ​ဒုက္ခ​အကြောင်း​ကို သင်​တို့​မ​သိ​ဘဲ မ​နေ​စေ​လို​ပါ။ ငါ​တို့​သည် မိမိ​တို့​ခံ​နိုင်​စွမ်း​ရှိ​သည်​ထက်​ပိုလွန်​သည့် အတိုင်းထက်​အလွန်​ကြီးလေး​သော​ဒုက္ခ​ကို​ခံ​ခဲ့​ရ​သဖြင့် အသက်ရှင်​ရန်​ပင် မျှော်လင့်​ချက်​ကင်း​မဲ့​ကာ သေဒဏ်​စီရင်​ခံရ​ပြီ​ဟု မိမိ​တို့​စိတ်​ထဲ၌​ခံစား​မိ​ကြ​၏။ ဤသည်ကား ငါ​တို့​သည် မိမိကိုယ်ကို​မ​ကိုးစား​ဘဲ သေ​သော​သူ​တို့​ကို​ထမြောက်​စေ​တော်မူ​သော ဘုရားသခင်​ကို​ကိုးစား​ကြ​ရန်​ဖြစ်​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။