YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 1:3-10

၂ ကောရိန္သု 1:3-10 Judson Bible (JBMLE)

သ​နား​ခြင်း​က​ရု​ဏာ၏​အ​ဘ၊ သက်​သာ​ခြင်း အ​မျိုး​မျိုး​တို့၏​အ​ရှင်​တည်း​ဟူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​တည်း။- ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် ကိုယ်​တိုင် သက်​သာ​ခြင်း​ရှိ​သ​ကဲ့​သို့၊ ဆင်း​ရဲ​ခြင်း အ​မျိုး​မျိုး​ကို ခံ​ရ​သော​သူ​တို့​အား သက်​သာ​စေ​နိုင်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​ခြင်း​အ​မျိုး​မျိုး​တို့၌ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား သက်​သာ​စေ​တော်​မူ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ခ​ရစ်​တော်​ကြောင့် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​သည် အ​လွန်​များ​ပြား​သည်​နည်း​တူ၊ ခ​ရစ်​တော်၏ ကျေး​ဇူး​အား​ဖြင့် ငါ​တို့​ခံ​ရ​သော သက်​သာ​ခြင်း​သည် အ​လွန်​များ​ပြား၏။- သို့​ဖြစ်၍ ငါ​တို့​သည် ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သော်​လည်း​ကောင်း၊ သက်​သာ​ခြင်း​သို့ ရောက်​သော်​လည်း​ကောင်း၊ သင်​တို့၏ သက်​သာ​ခြင်း​နှင့် ကယ်​တင်​ခြင်း အ​ကျိုး​အ​လို​ငှာ​ဖြစ်၏။ ငါ​တို့​သည် ဆင်း​ရဲ​ခြင်း​ကို​ခံ​ရ​သ​ကဲ့​သို့ သင်​တို့​သည် သည်း​ခံ​သော​စိတ်​နှင့် ခံ​ရ​သော​အား​ဖြင့်၊ ထို​သက်​သာ​ခြင်း​နှင့် ကယ်​တင်​ခြင်း​သည် ပြည့်​စုံ​တတ်၏။- သင်​တို့​အ​တွက်​ကြောင့် ငါ​တို့​သည် မ​ရွေ့​နိုင်​သော မျှော်​လ​င့်​ခြင်း​ရှိ၏။ သင်​တို့​သည် ဆင်း​ရဲ​ခြင်း​ကို​ဆက်​ဆံ​သ​ကဲ့​သို့၊ ထို​နည်း​တူ သက်​သာ​ခြင်း​ကို ဆက်​ဆံ​ကြ၏​ဟု ငါ​တို့​သည်​သိ​ကြ၏။ ညီ​အစ်​ကို​တို့၊ အာ​ရှိ​ပြည်၌​ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​တည်း​ဟူ​သော အ​သက်​မ​လွတ်​နိုင်​ဟု ထင်​ရ၍၊ မ​ခံ​နိုင်​အောင် အ​တိုင်း​ထက် အ​လွန်​လေး​သော ဆင်း​ရဲ​ခံ​ရ​ကြောင်း​ကို သင်​တို့​မ​သိ​ဘဲ နေ​စေ​ခြင်း​ငှာ ငါ​တို့ အ​လို​မ​ရှိ။- ငါ​တို့​သည် မိ​မိ​ကိုယ်​ကို အ​စဉ်​မ​ကိုး​စား​ဘဲ၊ သေ​သော​သူ​တို့​ကို ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​မည်​အ​ကြောင်း သေ​စေ​ဟု​စီ​ရင်​ခြင်း​ကို ကိုယ်​တိုင်​ခံ​ရ​သ​ကဲ့​သို့ ဖြစ်၏။- ထို​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ထို​မျှ​လောက် ကြီး​စွာ​သော သေ​ဘေး​မှ ကယ်​လွှတ်​တော်​မူ​ပြီ။ ယ​ခု၌​လည်း ကယ်​လွှတ်​တော်​မူ​သေး၏။

၂ ကောရိန္သု 1:3-11 Common Language Bible (BCL)

နှစ်​သိမ့်​မှု​၏​အ​ရှင်၊ က​ရု​ဏာ​တော်​နှင့်​ပြည့်​စုံ ကြွယ်​ဝ​တော်​မူ​သော​အ​ဖ၊ ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ငါ​တို့​ချီး​မွမ်း​ကြ ကုန်​စို့။- ငါ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး​မျိုး​ခံ​ရ​ကြ သော​အ​ခါ ကိုယ်​တော်​သည်​ငါ​တို့​အား​နှစ်​သိမ့် မှု​ကို​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍​ငါ​တို့​သည်​လည်း ဘု​ရား​သ​ခင်​ထံ​တော်​မှ​ယင်း​သို့​ရ​ရှိ​သည့် နှစ်​သိမ့်​မှု​ဖြင့်​ပင်​လျှင် ဒုက္ခ​ဆင်း​ရဲ​အ​မျိုး​မျိုး ခံ​ရ​ကြ​သူ​တို့​အား​နှစ်​သိမ့်​စေ​နိုင်​ကြ​ပေ သည်။- ငါ​တို့​သည်​ခ​ရစ်​တော်​ခံ​စား​ရ​သော​များ​ပြား သည့်​ဒုက္ခ​ဆင်း​ရဲ​တို့​ကို​ပါ​ဝင်​ခံ​စား​ရ​ကြ သည့်​နည်း​တူ ခ​ရစ်​တော်​အား​ဖြင့်​ဘု​ရား​သ​ခင် ပေး​တော်​မူ​သော​နှစ်​သိမ့်​မှု​ကို​လည်း​ခံ​ယူ​ရ ရှိ​ကြ​၏။- ငါ​တို့​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​ကြ​လျှင်​သင်​တို့​နှစ် သိမ့်​မှု​နှင့် ကယ်​တင်​ခြင်း​ကို​ခံ​ယူ​ရ​ရှိ​ကြ​စေ ရန်​အ​တွက်​ဖြစ်​၏။ နှစ်​သိမ့်​မှု​ကို​ငါ​တို့​ရ​ရှိ ကြ​ပါ​လျှင် သင်​တို့​သည်​လည်း​ငါ​တို့​နည်း တူ​နှစ်​သိမ့်​မှု​ကို​ရ​ရှိ​လျက် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို​သည်း​ခံ​သော​စိတ်​နှင့် ခံ​နိုင်​သော​ခွန်​အား​ရ​ရှိ​ကြ​၏။- သို့​ဖြစ်​၍​သင်​တို့​အ​တွက်​မ​ယိမ်း​မ​ယိုင်​သော မျှော်​လင့်​ခြင်း​ငါ​တို့​၌​ရှိ​၏။ သင်​တို့​သည်​ငါ တို့​ခံ​ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို​ခံ​ရ​ကြ သည့်​နည်း​တူ​ငါ​တို့​ရ​ရှိ​သည့်​နှစ်​သိမ့်​မှု​မျိုး ကို​လည်း​ရ​ရှိ​ကြ​ကြောင်း​ငါ​တို့​သိ​ကြ​၏။ ညီ​အစ်​ကို​တို့၊ အာ​ရှ​ပြည်​တွင်​ငါ​တို့​ခံ​ခဲ့ ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​အ​ကြောင်း​ကို​သင်​တို့ အား​ပြန်​လည်​သ​တိ​ရ​စေ​လို​၏။ ငါ​တို့ မ​ခံ​မ​ရပ်​နိုင်​အောင်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ သ​ဖြင့် ငါ​တို့​သည်​အ​သက်​ရှင်​နိုင်​ရန်​မျှော် လင့်​ချက်​မ​ရှိ​ခဲ့​ပေ။- ငါ​တို့​သည်​သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​သူ​များ ဟု​မိ​မိ​တို့​ကိုယ်​တိုင်​ကို​ထင်​မှတ်​ကြ​၏။ သို့ ရာ​တွင်​ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ငါ​တို့ သည် မိ​မိ​တို့​ကိုယ်​ကို​အား​မ​ကိုး​ဘဲ သူ​သေ တို့​အား​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို​အား​ကိုး​ကြ​စေ​ရန်​ဖြစ် ၏။- သင်​တို့​သည်​ငါ​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ နာ​ပြု​ခြင်း​အား​ဖြင့်​ကူ​ညီ​ကြ​သည်​နှင့် အ​ညီ ကိုယ်​တော်​သည်​ဤ​သို့​ကြောက်​မက် ဖွယ်​ကောင်း​သော​သေ​ဘေး​မှ​ငါ​တို့​အား ကယ်​တင်​တော်​မူ​၏။ နောင်​အ​ခါ​၌​လည်း ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် ငါ​တို့​အား​တစ်​ဖန်​ကယ်​တင်​တော်​မူ​ဦး မည်​ဟု​ငါ​တို့​ယုံ​ကြည်​မျှော်​လင့်​ကြ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင်​တို့ တောင်း​လျှောက်​သည့်​ဆု​တောင်း​ပတ္ထနာ​များ ကို​နား​ညောင်း​တော်​မူ​၍ ငါ​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​လိမ့်​မည်။ လူ​အ​မြောက် အ​မြား​ပင်​လျှင်​ငါ​တို့​အ​တွက်​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​ကြ​လိမ့်​မည်။

၂ ကောရိန္သု 1:3-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဘုရားသခင်၊ သက်ညှာ​ခြင်း​နှင့်​ပြည့်စုံ​တော်မူ​သော​အဖ​တည်းဟူသော နှစ်သိမ့်​ခြင်း​အလုံးစုံ​တို့​ကို​ပေး​တော်မူ​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။ ဘုရားသခင်​သည် ငါ​တို့​ခံရ​သော​ဆင်းရဲ​ဒုက္ခ​အမျိုးမျိုး​တို့​၌ ငါ​တို့​ကို​နှစ်သိမ့်​ပေး​တော်မူ​၏။ ဤသည်ကား ဘုရားသခင်​ထံမှ ငါ​တို့​ရရှိ​သော​နှစ်သိမ့်​ခြင်း​အားဖြင့် ဆင်းရဲ​ဒုက္ခ​အမျိုးမျိုး​ကို​ခံ​နေ​ရ​သော​သူ​တို့​အား ငါ​တို့​နှစ်သိမ့်​ပေး​နိုင်​ရန်​အတွက်​ဖြစ်​၏။ အကြောင်းမူကား ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​သည် ငါ​တို့​၌​များပြား​လှ​သကဲ့သို့ ခရစ်တော်​အားဖြင့် ငါ​တို့​ခံစား​ရ​သော​နှစ်သိမ့်​ခြင်း​သည်​လည်း များပြား​လှ​ပေ​၏။ ငါ​တို့​သည် ဆင်းရဲ​ဒုက္ခ​ခံရ​လျှင် ၎င်း​သည် သင်​တို့​၏​နှစ်သိမ့်​ခြင်း​နှင့်​ကယ်တင်​ခြင်း​အတွက်​ဖြစ်​၏။ ငါ​တို့​သည် နှစ်သိမ့်​ခြင်း​ကို​ခံစားရ​လျှင်​လည်း ၎င်း​သည် သင်​တို့​၏​နှစ်သိမ့်​ခြင်း​အတွက်​ဖြစ်​ပြီး ထို​နှစ်သိမ့်​ခြင်း​သည် ငါ​တို့​ခံရ​သော​ဒုက္ခ​ဝေဒနာ​မျိုး​၌ သင်​တို့​သည်းခံ​နိုင်​သည့်​ခွန်အား​ကို​ဖြစ်​စေ​၏။ သင်​တို့​အတွက် ငါ​တို့​၏​မျှော်လင့်​ခြင်း​သည်​လည်း ခိုင်မြဲ​လျက်​ရှိ​၏။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ဒုက္ခ​ဝေဒနာ​ကို မျှဝေ​ခံစား​ရ​သကဲ့သို့ နှစ်သိမ့်​ခြင်း​ကို​လည်း မျှဝေ​ခံစား​ရ​မည်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ ညီအစ်ကို​တို့၊ အာရှ​ပြည်​၌ ငါ​တို့​ကြုံတွေ့​ရ​သော​ဆင်းရဲ​ဒုက္ခ​အကြောင်း​ကို သင်​တို့​မ​သိ​ဘဲ မ​နေ​စေ​လို​ပါ။ ငါ​တို့​သည် မိမိ​တို့​ခံ​နိုင်​စွမ်း​ရှိ​သည်​ထက်​ပိုလွန်​သည့် အတိုင်းထက်​အလွန်​ကြီးလေး​သော​ဒုက္ခ​ကို​ခံ​ခဲ့​ရ​သဖြင့် အသက်ရှင်​ရန်​ပင် မျှော်လင့်​ချက်​ကင်း​မဲ့​ကာ သေဒဏ်​စီရင်​ခံရ​ပြီ​ဟု မိမိ​တို့​စိတ်​ထဲ၌​ခံစား​မိ​ကြ​၏။ ဤသည်ကား ငါ​တို့​သည် မိမိကိုယ်ကို​မ​ကိုးစား​ဘဲ သေ​သော​သူ​တို့​ကို​ထမြောက်​စေ​တော်မူ​သော ဘုရားသခင်​ကို​ကိုးစား​ကြ​ရန်​ဖြစ်​၏။ ဘုရားသခင်​သည် ဤမျှလောက်​ကြီးမား​သော​သေဘေး​မှ ငါ​တို့​ကို​ကယ်နုတ်​တော်မူ​ပြီ။ နောင်တွင်​လည်း ကယ်နုတ်​တော်မူ​လိမ့်မည်။ ဆက်၍​လည်း ကယ်နုတ်​တော်မူ​ဦး​မည်​ဟု ကိုယ်တော်​၌ ငါ​တို့​မျှော်လင့်​ကြ​၏။