YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 1:18-21

၂ ကောရိန္သု 1:18-21 Judson Bible (JBMLE)

ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​ဆီ​သို့ ငါ​တို့​ပေး​လိုက်​သော စ​ကား​သည် ဟုတ်​မှန်၏ ဟူ၍​လည်း​ကောင်း၊ မ​ဟုတ်​မ​မှန် ဟူ၍​လည်း​ကောင်း၊ မ​ဆို​လို။- ငါ​မှ​စ၍ သိ​လွာ​နု​နှင့် တိ​မော​သေ​တို့​သည် သင်​တို့​အား​ဟော​ပြော​သော ဘု​ရား​သ​ခင်၏​သား​တော် ယေ​ရှု​ခ​ရစ်​သည် ဟုတ်​မှန်၏ ဟူ၍​လည်း​ကောင်း၊ မ​ဟုတ်​မ​မှန် ဟူ၍​လည်း​ကောင်း မ​ဆို​လို​ဘဲ၊ ကိုယ်​တော်​မှာ ဟုတ်​မှန်၏ ဟူ၍​သာ​ဆို​လို​သ​တည်း။- ထို​သ​ခင်​မှာ ဘု​ရား​သ​ခင်၏ က​တိ​တော်​ရှိ​သ​မျှ​တို့​သည် ငါ​တို့​အား​ဖြင့် ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​ခြင်း​အ​လို​ငှာ၊ ဟုတ်​မှန်၏ ဟူ၍​လည်း​ကောင်း၊ အာ​မင်​ဟူ၍ လည်း​ကောင်း​ဖြစ်​သ​တည်း။- သင်​တို့​နှင့် ငါ​တို့​ကို ခ​ရစ်​တော်၌​တည်​စေ၍ ဘိ​သိက်​ပေး​သော သူ​ကား၊ ဘု​ရား​သ​ခင်​ဖြစ်​သ​တည်း။

၂ ကောရိန္သု 1:18-21 Common Language Bible (BCL)

ဘု​ရား​သ​ခင်​သည်​ယုံ​ကြည်​ထိုက်​သော​အ​ရှင် ဖြစ်​တော်​မူ​သ​ကဲ့​သို့ ငါ​ပြော​သော​စ​ကား​သည် လည်း​စ​ကား​နှစ်​ခွ​မ​ဟုတ်။- သင်​တို့​အား​ငါ​မှ​စ​၍​သိ​လွာ​နု​နှင့်​တိ​မော​သေ တို့​ဟော​ပြော​ကြေ​ညာ​ခဲ့​သော​ဘု​ရား​သ​ခင်​၏ သား​တော်​ယေ​ရှု​ခ​ရစ်​သည်​တစ်​ချိန်​တည်း​မှာ​ပင် ``ဟုတ်​မှန်​သည်'' ဟူ​၍​လည်း​ကောင်း၊ ``မ​ဟုတ် မ​မှန်'' ဟူ​၍​လည်း​ကောင်း​ဖော်​ပြ​တော်​မူ​သော အ​ရှင်​မ​ဟုတ်။ စင်​စစ်​အား​ဖြင့်​ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏ ``ဟုတ်​မှန်​သည်'' ဖြစ်​တော်​မူ​ပေ သည်။- ဘု​ရား​သ​ခင်​၏​က​တိ​တော်​အ​ပေါင်း​တို့​သည် ``ဟုတ်​မှန်​သည်'' ဟု​ဖော်​ပြ​သော​အ​ရှင်​ဖြစ် တော်​မူ​၏။ ထို​ကြောင့်​ငါ​တို့​သည်​ဘု​ရား​သ​ခင် ၏​ဘုန်း​အ​သ​ရေ​တော်​ထွန်း​တောက်​စေ​ရန်​ယေ​ရှု ခ​ရစ်​ကို​အ​မှီ​ပြု​၍``အာ​မင်'' ဟု​ဆို​ခြင်း​ဖြစ်​၏။- သင်​တို့​နှင့်​ငါ​တို့​အား​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​အ​သက်​ရှင်​စေ​တော်​မူ​သော​အ​ရှင် မှာ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ဖြစ်​ပေ​သည်။ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ငါ​တို့​အား​သီး သန့်​ရွေး​ချယ်​တော်​မူ​၍၊

၂ ကောရိန္သု 1:18-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​သည်​နှင့်အညီ သင်​တို့​အား ငါ​တို့​ပြောဆို​သော​စကား​သည် တစ်ချိန်တည်း​တွင် “ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ”​ဟူ၍ ဖြစ်​သည်​မ​ဟုတ်။ အမှန်စင်စစ် ငါ​မှစ၍ သိလွာနု​နှင့် တိမောသေ​တို့​က သင်​တို့​ထဲတွင်​ဟောပြော​ခဲ့​သော ဘုရားသခင်​၏​သား​တော် ယေရှု​ခရစ်တော်​၌ တစ်ချိန်တည်း​တွင် “ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ”​ဟူ၍​မ​ရှိ​ဘဲ ကိုယ်တော်​၌ “ဟုတ်​ပါ​၏”​ဟူ၍​သာ​ရှိ​၏။ အကြောင်းမူကား ဘုရားသခင်​၏​ကတိ​တော်​ရှိသမျှ​တို့​သည် ကိုယ်တော်​၌ “ဟုတ်​ပါ​၏”​ဟူ၍ ဖြစ်​ကြ​၏။ ထို့ကြောင့် ငါ​တို့​အားဖြင့် ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​ထင်ရှား​မည့်​အကြောင်း ငါ​တို့​သည် “အာမင်”​ဟု ကိုယ်တော်​အားဖြင့်​ဆို​ကြ​၏။ ငါ​တို့​ကို သင်​တို့​နှင့်အတူ ခရစ်တော်​၌​တည်မြဲ​စေ​၍ ငါ​တို့​အား ဘိသိက်​ပေး​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။