YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 5:13-14

၂ ရာဇဝင်ချုပ် 5:13-14 Judson Bible (JBMLE)

သီ​ချင်း​ဆို​သော​သူ​တို့​နှင့် ဝိုင်း​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း၍ ထော​မ​နာ​ပြု​ခြင်း​ငှာ၊ တ​ညီ​တ​ညွတ်​တည်း အ​သံ​ပြိုင်​လျက်၊ ကောင်း​မြတ်​တော်​မူ​သည်။ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ​တည်​သည်​ဟု တံ​ပိုး​ခွက်​ကွင်း​အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​နှင့်​တ​ကွ၊ အ​သံ​ကို​လွှင့်၍ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သည် မိုး​တိမ်​နှင့်​ပြည့်၏။ ထို​သို့ ဘု​ရား​သ​ခင်၏​အိမ်​တော်​သည် ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​နှင့်​ပြည့်​လျက်၊ မိုး​တိမ်​တော်​ကြောင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​မှု​တော်​ကို ဆောင်​ရွက်​လျက် ရပ်၍​မ​နေ​နိုင်​ကြ။

၂ ရာဇဝင်ချုပ် 5:11-14 Common Language Bible (BCL)

ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​သည်​မည်​သည့် အ​ဖွဲ့​တွင်​ပါ​ဝင်​သည်​မ​ဆို မိ​မိ​တို့​ကိုယ် ကို​ဆက်​ကပ်​ပြီး​ဖြစ်​ကြ​၏။ လေ​ဝိ​အ​နွယ် ဝင်​ဂီ​တ​ဆ​ရာ​များ​ဖြစ်​ကြ​သော​အာ​သပ်၊ ဟေ​မန်၊ ယေ​ဒု​သုန်​နှင့်​သူ​တို့​၏​တပည့်​အ​ပေါင်း တို့​သည်​ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​၍​လင်း ကွင်း​များ၊ စောင်း​များ​ကို​ကိုင်​လျက်​တံ​ပိုး ခရာ​မှုတ်​သူ​ယဇ်​ပု​ရော​ဟိတ်​ပေါင်း​တစ်​ရာ့ နှစ်​ဆယ်​တို့​သည်​သူ​တို့​နှင့်​အ​တူ​ယဇ်​ပလ္လင် ၏​အ​ရှေ့​ဘက်​တွင်​ရပ်​နေ​ကြ​လေ​သည်။ သီ ဆို​သူ​တို့​သည်​တံ​ပိုး​ခ​ရာ​သံ၊ လင်း​ကွင်း သံ​နှင့်​အ​ခြား​တူ​ရိ​ယာ​သံ​များ​နှင့်​စည်း လိုက်​ဝါး​လိုက်​ညီ​ညာ​စွာ​ထာ​ဝ​ရ​ဘု​ရား အား​သီ​ဆို​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ သည်​ဖြစ်​၍​ကိုယ်​တော်​အား​ထော​မ​နာ​ပြု ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည် သ​တည်း'' ဟု​သီ​ဆို​ကြ​လေ​သည်။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဗိ​မာန်​တော်​မှ​ထွက်​လာ စဉ်​ဗိ​မာန်​တော်​သည်​ရုတ်​တ​ရက်​မိုး​တိမ်​ဖြင့် ပြည့်​လာ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ ရေ​တော်​ထွန်း​တောက်​သည်​ဖြစ်​၍​သူ​တို့​သည်​ဝတ် ပြု​ကိုး​ကွယ်​ခြင်း​ကို​ဆက်​လက်​၍​မ​ပြု​နိုင်​ကြ ချေ။

၂ ရာဇဝင်ချုပ် 5:13-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တံပိုးမှုတ်​သူ​များ​နှင့် သီချင်းဆို​သူ​များ​သည် စည်းဝါးညီညီ​တစ်သံတည်း​ဖြင့် ထာဝရဘုရား​ထံ ဂုဏ်တော်​ချီးမွမ်း​သီဆို​ကြ​၏​။ တံပိုးသံ​၊ လင်းကွင်းသံ စသော​တူရိယာသံ​များ​နှင့်တကွ ထာဝရဘုရား​ထံ “​ကိုယ်တော်​ကောင်းမြတ်​တော်မူ​၏​။ မေတ္တာကရုဏာ​တော် အစဉ်အမြဲ​တည်​၏​”​ဟု အသံ​ကို​လွှင့်​၍ ချီးမွမ်းသီဆို​ကြ​သောအခါ ထာဝရဘုရား​၏​အိမ်​တော်​တစ်ခုလုံး မိုးတိမ်​များ​ဖုံးလွှမ်း​သွား​လေ​၏​။ ထို​မိုးတိမ်​များ​ကြောင့် ယဇ်ပုရောဟိတ်​တို့​သည် အမှု​တော်​ဆောင်​၍​ပင် မ​ရ​ကြ​တော့​ပေ​။ ဤသို့ဖြင့် ထာဝရဘုရား​၏​ဘုန်း​တော်​သည် ဘုရားသခင်​၏​အိမ်​တော်​ကို ဖုံးလွှမ်း​လျက်​ရှိ​၏​။