၂ ရာဇဝင်ချုပ် 26:21
၂ ရာဇဝင်ချုပ် 26:21 Judson Bible (JBMLE)
ထိုသို့ ဩဇိမင်းကြီးသည် သေသည်တိုင်အောင် နူနာစွဲ၍၊ ခြားနားသောနန်း၌ နေရ၏။ ဗိမာန်တော်သို့ ဝင်သောအခွင့်ကို မရ။ သားတော်ယောသံသည် နန်းတော်ကိုအုပ်စိုး၍ နိုင်ငံတော်မှုကိုစီရင်ရ၏။
၂ ရာဇဝင်ချုပ် 26:21 Common Language Bible (BCL)
သြဇိမင်းသည်ထိုအချိန်မှစ၍သေသည် တိုင်အောင် ဤရောဂါကြောင့်ဘာသာရေးထုံး နည်းအရမသန့်စင်သူဖြစ်လာလေသည်။ သူသည်ဗိမာန်တော်သို့နောက်တစ်ဖန်ပြန် လည်ဝင်ရောက်ခွင့်မရတော့သဖြင့် သားတော် ယောသံအားမိမိ၏တာဝန်ဝတ္တရားများ ကိုလွှဲပြောင်းပေးအပ်လိုက်ရ၏။ တိုင်းပြည် ကိုသားတော်အုပ်စိုးလျက်နေစဉ် သူသည် မိမိ၏အိမ်တော်၌သာနေထိုင်ရလေသည်။
၂ ရာဇဝင်ချုပ် 26:21 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဤသို့ဖြင့် ဩဇိမင်းကြီးသည် သေသည်အထိ အနာကြီးရောဂါစွဲကပ်လေ၏။ ထိုသို့ အနာကြီးရောဂါစွဲသောကြောင့်လည်း သီးခြားနန်းဆောင်တွင် စံမြန်းရ၏။ ထာဝရဘုရား၏အိမ်တော်မှလည်း ဖယ်ထုတ်ခြင်းခံရ၏။ သားတော်ယောသံသည် နန်းတွင်းကိုအုပ်စိုး၍ တိုင်းသူပြည်သားလူအပေါင်းတို့ကို စီရင်အုပ်ချုပ်ရလေ၏။