YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 20:5-13

၂ ရာဇဝင်ချုပ် 20:5-13 Judson Bible (JBMLE)

ယော​ရှ​ဖတ်​သည် ဗိ​မာန်​တော်​တံ​တိုင်း​သစ်​ရှေ့၊ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​စည်း​ဝေး​ရာ ပ​ရိ​သတ်​အ​လယ်၌​ရပ်​လျက်၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည် မ​ဟုတ်​လော။ တစ်​ပါး​အ​မျိုး​သား​နေ​ရာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို အ​စိုး​ရ​တော်​မူ​သည် မ​ဟုတ်​လော။ အ​ဘယ်​သူ​မျှ မ​ဆီး​တား​နိုင်​အောင် ခွန်​အား​တန်​ခိုး ကြီး​တော်​မူ​သည် မ​ဟုတ်​လော။ ဤ​ပြည်၌​နေ​ဖူး​သော သူ​တို့​ကို ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှ နှင်​ထုတ်၍၊ ကိုယ်​တော်​အ​ဆွေ အာ​ဗြ​ဟံ၏​သား​မြေး​တို့​အား၊ ဤ​ပြည်​ကို အ​စဉ်​ပေး​တော်​မူ​သော အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည် မ​ဟုတ်​လော။ သူ​တို့​သည် နေ​ရာ​ကျ၍၊ နာ​မ​တော်​အ​ဖို့ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို တည်​ဆောက်​ကြ​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ဓား​ဘေး၊ ဒဏ်​ခတ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​တစ်​စုံ​တစ်​ခု​ရောက်၍၊ နာ​မ​တော်​ဖြင့်​သ​မုတ်​သော ဤ​အိမ်​တော်၊ အ​ထံ​တော်​သို့ အ​ကျွန်ုပ်​တို့​သည် ချဉ်း​ကပ်၍၊ ဆင်း​ရဲ​ဒု​က္ခ​ကြောင့် အော်​ဟစ်​ကြ​သော​အ​ခါ၊ နား​ထောင်၍​ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ​ပါ​ပြီ။ ယ​ခု​တွင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ တိုက်​ရ​သော​အ​ခွင့် ပေး​တော်​မ​မူ။ လွှဲ​ရှောင်၍ မ​ဖျက်​ဆီး​ဘဲ​ထား​ခဲ့​သော အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား၊ စိ​ရ​တောင်​သား​တို့​သည်၊ အ​ကျွန်ုပ်​တို့​အား အ​ပိုင်​ပေး​တော်​မူ​သော အ​မွေ​ခံ​ရာ​မြေ​ထဲ​က၊ အ​ကျွန်ုပ်​တို့​ကို နှင်​ထုတ်​ခြင်း​ငှာ​လာ၍၊ အ​ဘယ်​သို့ ကျေး​ဇူး​ဆပ်​ကြ​ပါ​သည်​ကို ကြည့်​ရှု​တော်​မူ​ပါ။ အို​အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်၊ သူ​တို့​ကို မ​စီ​ရင်​ဘဲ​နေ​တော်​မူ​မည်​လော။ အ​ကျွန်ုပ်​တို့​ကို တိုက်​အံ့​သော​ငှာ လာ​သော ဤ​အ​လုံး​အ​ရင်း​ကြီး​ကို၊ အ​ကျွန်ုပ်​တို့​သည် ဆီး​တား​ခြင်​ငှာ မ​တတ်​နိုင်​ပါ။ အ​ဘယ်​သို့​ပြု​ရ​မည်​ကို မ​သိ​ပါ။ ကိုယ်​တော်​ကို​သာ မျှော်​ကြည့်​လျက်​နေ​ကြ​ပါ​သည်​ဟု ဆု​တောင်း၍၊ ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သား​မ​ယား သူ​ငယ်​တို့​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ၏။

၂ ရာဇဝင်ချုပ် 20:5-13 Common Language Bible (BCL)

ထို​နောက်​သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​များ​နှင့်​အ​တူ ဗိ​မာန်​တော်​တံ​တိုင်း​သစ် တွင်​စု​ဝေး​ကြ​၏။ ယော​ရှ​ဖတ်​မင်း​သည်​သူ တို့​၏​ရှေ့​သို့​လာ​၍​ရပ်​ပြီး​လျှင်၊- ``အို အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ တွင်​စံ​တော်​မူ​၍ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့ ကို​အုပ်​စိုး​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​တန်​ခိုး အာ​နု​ဘော်​ပြည့်​စုံ​တော်​မူ​သ​ဖြင့်​အ​ဘယ် သူ​မျှ​ကိုယ်​တော်​အား​အ​တိုက်​အ​ခံ​မ​ပြု နိုင်​ပါ။- ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​ဖြစ် တော်​မူ​ပါ​၏။ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​ပြည်​တော်​သို့ ဝင်​ရောက်​လာ​ချိန်​၌​ကိုယ်​တော်​သည်​မူ​လ​နေ ထိုင်​သော​ပြည်​သား​တို့​ကို​နှင်​ထုတ်​၍ ပြည် တော်​ကို​ကိုယ်​တော်​၏​အ​ဆွေ​တော်​အာ​ဗြ​ဟံ ၏​သား​မြေး​တို့​အား​ထာ​ဝ​စဉ်​အ​ပိုင်​ပေး သ​နား​တော်​မူ​ပါ​၏။- သူ​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​လျက်​ကိုယ်​တော် ၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​ဗိ​မာန်​တော်​ကို​တည် ဆောက်​ကြ​ပါ​၏။- စစ်​မက်​ဘေး၊ ကူး​စက်​တတ်​သော​ရော​ဂါ​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​အ​စ​ရှိ​သော ကြီး​မား​သည့် အ​ဘယ်​ဘေး​အန္တ​ရာယ်​မ​ဆို ကျ​ရောက်​လာ​ချိန်​၌ သူ​တို့​သည်​ကိုယ်​တော်​အား ကိုး​ကွယ်​ဝတ်​ပြု​ရာ ဤ​ဗိ​မာန်​တော်​ရှေ့​သို့​လာ ၍​ရပ်​လျက်​ပတ္ထနာ​ပြု​သော​အ​ခါ ကိုယ်​တော် သည်​နား​ညောင်း​၍​သူ​တို့​အား​ကယ်​ဆယ် တော်​မူ​မည်​ဟု​ယုံ​ကြည်​ကြ​ပါ​၏။'' ``ယ​ခု​အ​ခါ​အမ္မုန်​ပြည်​သား၊ မော​ဘ​ပြည်​သား နှင့်​ဧ​ဒုံ​ပြည်​သား​တို့​သည်​အ​ကျွန်ုပ်​အား​တိုက် ခိုက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​စဉ်​အ​ခါ​က ဘိုး​ဘေး​တို့​သည်​ထို​ပြည်​များ​သို့​ဝင်​ရောက် ခွင့်​ကို​ကိုယ်​တော်​ပေး​တော်​မ​မူ​ပါ။ သို့​ဖြစ် ၍​သူ​တို့​သည်​ထို​ပြည်​များ​ကို​ရှောင်​ကွင်း ပြီး​လျှင်​မ​ဖျက်​မ​ဆီး​ဘဲ​ထား​ခဲ့​ကြ ပါ​၏။- ဤ​သို့​ပြု​သည့်​အ​တွက်​ကျေး​ဇူး​ဆပ်​သည့် အ​နေ​ဖြင့်​သူ​တို့​သည် အ​ကျွန်ုပ်​တို့​အား ကိုယ်​တော်​ပေး​သနား​တော်​မူ​သည့်​ပြည်​တော် မှ​နှင်​ထုတ်​ရန်​ရောက်​ရှိ​လာ​ကြ​ပါ​၏။- ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘုရား​ဖြစ်​တော်​မူ ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​ယ​ခု​တိုက်​ခိုက်​ရန်​ရောက် ရှိ​လာ​သော​တပ်​မ​တော်​ကြီး​၏​ရှေ့​တွင်​ခို​ကိုး​ရာ မဲ့​ဖြစ်​လျက်​နေ​ကြ​ပါ​၏။ အ​ဘယ်​သို့​ပြု​ရ​မည် ကို​အ​ကျွန်ုပ်​တို့​မ​သိ​ကြ​ပါ။ သို့​ရာ​တွင်​ကူ​မ တော်​မူ​ရန်​အ​ထံ​တော်​သို့​မျှော်​ကြည့်​ကြ​ပါ​၏'' ဟု​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​တော် မူ​၏။ ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​သား မယား​များ​နှင့်​အ​တူ​ဗိ​မာန်​တော်​ရှေ့​တွင် ရပ်​လျက်​နေ​ကြ​၏။

၂ ရာဇဝင်ချုပ် 20:5-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ယောရှဖတ်​မင်းကြီး​က ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား လူအစုအဝေး​တို့​ရှေ့​၊ ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အသစ်​ရှေ့​တွင် ရပ်​လျက် “​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကောင်းကင်ဘုံ​တွင်​စံမြန်း​၍ လူမျိုးတကာ​တို့​နေထိုင်​ရာ​တိုင်းနိုင်ငံ​အလုံးစုံ​ကို အုပ်စိုး​ပိုင်သ​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​၏​လက်​တော်​၌ အစွမ်းသတ္တိ​တန်ခိုး ရှိ​တော်မူ​သည်​ဖြစ်​၍ ကိုယ်တော်​နှင့်​ဆန့်ကျင်​လျှင် မည်သူ​မျှ​မ​ခံ​မ​ရပ်​နိုင်​ပါ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ဤ​ပြည်​၌​နေထိုင်​သော​လူမျိုး​တို့​ကို ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​ရှေ့​မှ​နှင်ထုတ်​တော်မူ​၍ ကိုယ်တော်​၏​မိတ်ဆွေ​ဖြစ်​တော်မူ​သော​အာဗြဟံ​၏​သားစဉ်မြေးဆက်​ကို ထာဝရ​နေထိုင်​စေ​တော်မူ​သည်​မ​ဟုတ်​လော​။ သူ​တို့​သည် ထို​ပြည်​တွင်​နေထိုင်​၍ ကိုယ်တော်​၏​နာမ​တော်​အဖို့ သန့်ရှင်းရာဌာန​တော်​ကို တည်​ကြ​ပါ​၏​။ သူ​တို့​က ‘အကျွန်ုပ်​တို့​သည် ဓားဘေး​၊ အပြစ်ဒဏ်​ဘေး​၊ ကပ်ရောဂါ​ဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး စသည့်​ဘေးအန္တရာယ်​တို့​နှင့် ကြုံ​ရ​လျှင် ဤ​အိမ်​တော်​၌​နာမ​တော်​တည်​သောကြောင့် ဤ​အိမ်​တော်​ရှေ့​၊ ကိုယ်တော့်​ရှေ့​တွင် ရပ်​လျက် အကျွန်ုပ်​တို့​ကြုံ​ရ​သော​ဆင်းရဲဒုက္ခ​အတွက် ကိုယ်တော့်​ထံ​အော်ဟစ်​သောအခါ ကိုယ်တော်​သည် နားညောင်း​၍ ကယ်မ​တော်မူ​မည်’​ဟု ဆို​ကြ​ပါ​၏​။ အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ခဲ့​စဉ်က ကိုယ်တော်​သည် အမ္မုန်​အမျိုးသား​၊ မောဘ​အမျိုးသား​၊ စိရ​တောင်ပေါ်သား​တို့​၏​နယ်မြေ​ကို အစ္စရေး​လူမျိုး​တို့​အား ကျူးကျော်​ခွင့်​မ​ပေး​။ ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​သည် သူ​တို့​ပြည်​ကို မ​ဖျက်ဆီး​ဘဲ ရှောင်သွား​ခဲ့​ပါ​၏​။ သို့သော် ယခုမှာ ကြည့်ရှု​တော်မူ​ပါ​။ သူ​တို့​သည် အကျွန်ုပ်​တို့​အား ကျေးဇူးဆပ်​သော​အားဖြင့် ကိုယ်တော်​အမွေပေး​တော်မူ​သော​ပြည်​မှ အကျွန်ုပ်​တို့​ကို နှင်ထုတ်​ရန် လာ​နေ​ပါ​ပြီ​။ အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​သည် သူ​တို့​ကို စီရင်​တော်မူ​မည်​မ​ဟုတ်​လော​။ အကျွန်ုပ်​တို့​ကို တိုက်ခိုက်​လာ​သော​ဤ​စစ်တပ်ကြီး​ကို ရင်ဆိုင်​ဖို့ အကျွန်ုပ်​တို့​၌ အင်အား​မ​ရှိ​ပါ​။ အကျွန်ုပ်​တို့ မည်သို့​ပြု​ရ​မည်​ကို မ​သိ​သောကြောင့် ကိုယ်တော်​ကို​သာ မျှော်ကြည့်​နေ​ကြ​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။ ထိုစဉ် ယုဒ​ပြည်သား​အားလုံး​နှင့်တကွ သူ​တို့​၏​ကလေးငယ်​များ​၊ မယား​များ​၊ သားသမီး​များ​ပါ ထာဝရဘုရား​ရှေ့​တော်​တွင် ရပ်​လျက်​နေ​ကြ​၏​။