YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ တိမောသေ 6:3-21

၁ တိမောသေ 6:3-21 Judson Bible (JBMLE)

ခြား​နား​သော​ဩ​ဝါ​ဒ​ကို သင်​ပေး၍၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏​စ​ကား​တည်း​ဟူ​သော စင်​ကြယ်​သော စ​ကား​ကို​လည်း​ကောင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​နှင့်​အ​ညီ ဖြစ်​သော ဩ​ဝါ​ဒ​ကို​လည်း​ကောင်း ဝန်​မ​ခံ​သော​သူ​မည်​သည်​ကား၊- မာ​န​နှင့်​ယစ်​မူး၍ အ​လျှင်း​နား​မ​လည်​ဘဲ၊ ပု​စ္ဆာ​အ​မေး​ကို ဆွေး​နွေး၍ စ​ကား​ကြောင့်​သာ ငြင်း​ခုံ​သော​အား​ဖြင့် စိတ်​ပေါ့​သော​သူ​ဖြစ်၏။ ထို​သို့​ပြု​လျှင်၊ ငြူ​စူ​ခြင်း၊ ရန်​တွေ့​ခြင်း၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​ခြင်း၊ မ​နာ​လို​သော ကြံ​စည်​ခြင်း၊- စိတ်​နှ​လုံး​ယို​ယွင်း၍၊ သ​မ္မာ​တ​ရား​နှင့်​ကင်း​သော သူ​တို့၏ အ​ချည်း​နှီး​ဆွေး​နွေး​ခြင်း ဖြစ်​တတ်၏။ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​သည် အ​ကျိုး​စီး​ပွား​ဖြစ်​သည်​ဟု သူ​တို့​သည် စိတ်​ထင်​ကြ၏။ ထို​သို့​သော​သူ​တို့​ကို ရှောင်​လော့။- ရောင့်​ရဲ​သော​စိတ်​ပါ​လျှင်၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​သည် ကြီး​စွာ​သော အ​ကျိုး​စီး​ပွား​မှန်၏။- အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ဤ​လော​က​ထဲ​သို့ အ​ဘယ်​အ​ရာ​မျှ​မ​ပါ​ဘဲ လာ​သည်​ဖြစ်၍၊ ထွက်​သွား​လျှင်​လည်း၊ အ​ဘယ်​အ​ရာ​ကို​မျှ ယူ၍ မ​သွား​နိုင်​ဟု ထင်​ရှား​လျက်​ရှိ၏။- သို့​ဖြစ်၍၊ စား​ရန်၊ ဝတ်​ရန်​ရှိ​သ​မျှ​နှင့် ရောင့်​ရဲ​လျက်​နေ​ကြ​ကုန်​အံ့။- ငွေ​ရ​တတ်​ခြင်း​ငှာ အ​လို​ရှိ​သော​သူ​တို့​သည် အ​ပြစ်​သွေး​ဆောင်​ခြင်း၊ ဖမ်း​မိ​ခြင်း၊ မိုက်​မဲ​ဖျက်​ဆီး​တတ်​သော တပ်​မက်​ခြင်း​များ​ထဲ​သို့ ကျ​ရောက်​တတ်​ကြ၏။ ထို​သို့​သော​အား​ဖြင့် လူ​တို့​သည် အ​ကျိုး​နည်း​ခြင်း၊ ပျက်​စီး​ခြင်း၌ နစ်​မွန်း​တတ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ ငွေ​ကို​တပ်​မက်​ခြင်း​သည် မ​ကောင်း​သော အ​မှု​အ​ပေါင်း​တို့​တွင် မူ​လ​အ​မြစ်​ဖြစ်​သ​တည်း။ လူ​အ​ချို့​တို့​သည် ငွေ​ကို တပ်​မက်​သော​ကြောင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွှဲ​သွား၍၊ ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​များ​နှင့် ကိုယ်​ကို​ကိုယ် ထုတ်​ချင်း​ခပ်​အောင် ထိုး​ကြ​ပြီ။ သို့​ဖြစ်၍၊ အို ဘု​ရား​သ​ခင်၏​လူ၊ သင်​သည် ထို​အ​ပြစ်​များ​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​စွာ ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။- ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်၍ ကောင်း​စွာ​သော တိုက်​လှန်​ခြင်း​ကို ပြု​လော့။ ထာ​ဝ​ရ​အ​သက်​ကို ကိုင်​ယူ​လော့။ ထို​အ​သက်​ကို​ရ​မည်​အ​ကြောင်း၊ သင်​သည် ခေါ်​တော်​မူ​ခြင်း​ကို​ခံ​ရ၍၊ သက်​သေ​အ​များ​တို့ ရှေ့၌ ကောင်း​မွန်​စွာ​ဝန်​ခံ​ပြီ။- ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သည်​တိုင်​အောင်၊ သင်​သည်​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်၍ အ​ပြစ်​တင်​ခွင့် မ​ရှိ​ဘဲ​လျက်၊ ပ​ညတ်​တော်​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊- အ​လုံး​စုံ​တို့​ကို အ​သက်​ရှင်​စေ​တော်​မူ​သော ဘု​ရား​သ​ခင့်​ရှေ့​မှာ​လည်း​ကောင်း၊ ပု​န္တိ​ပိ​လတ်​မင်း​ထံ ကောင်း​သော​ဝန်​ခံ​ခြင်း​ဘက်၌ သက်​သေ​ခံ​တော်​မူ​သော ယေ​ရှု​ခ​ရစ် ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို​ပ​ညတ်​ထား၏။- မ​ရ​ဏ​နှင့်​ကင်း​လွတ်​သော​သူ တစ်​ပါး​တည်း​ဖြစ်​တော်​မူ​ထ​သော၊ အ​ဘယ်​သူ​မျှ မ​ချဉ်း​ကပ်​နိုင်​သော အ​လင်း​ထဲ၌​နေ​တော်​မူ​ထ​သော အ​ဘယ်​သူ​မျှ မ​မြင်​ဖူး​ရာ၊ မ​မြင်​နိုင်​ရာ ဖြစ်​တော်​မူ​ထ​သော၊ မင်္ဂ​လာ​ရှိ​သော တစ်​ပါး​တည်း​သော အ​ရှင်​ဖြစ်​တော်​မူ​ထ​သော၊ ဘု​ရင်​တ​ကာ​တို့၏ ဘု​ရင်၊ သ​ခင်​တ​ကာ​တို့၏​သ​ခင်​သည်၊ ကာ​လ​အ​ချိန်​ရောက်​သော​အ​ခါ၊ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ထင်​ရှား​ပေါ်​ထွန်း​ခြင်း​ကို ပြ​တော်​မူ​လိမ့်​မည်။ ထို​ဘု​ရား​သ​ခင်​သည် ထာ​ဝ​ရ​ဂုဏ်​အ​သ​ရေ အ​စွမ်း​သ​တ္တိ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​နှင့်၊- သူ​တစ်​ပါး​အား​ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​သော​အ​ကျင့်၌ ကြွယ်​ဝ​ပြည့်​စုံ​ခြင်း၊ စွန့်​ကြဲ​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ခြင်း၊ အ​ချင်း​ချင်း ဆက်​ဆံ​ခြင်း၊- မှန်​သော​အ​သက်​ကို ဝင်​စား​လို​သော​ငှာ၊ နောင်​ဘ​ဝ၌ ကောင်း​သော​ဘ​ဏ္ဍာ​ကို မိ​မိ​တို့​အ​ဖို့ ဆည်း​ပူးခြင်း​တို့​ကို ပြု​ရ​မည်​အ​ကြောင်း ပ​ညတ်​ထား​လော့။ အို တိ​မော​သေ၊ သင်၌​အပ်​ထား​သော အ​ရာ​ကို စောင့်​ရှောက်​လော့။ တ​ရား​မဲ့​ဖြစ်​သော အ​ချည်း​နှီး စ​ကား​ပြော​ခြင်း​ကို​လည်း​ကောင်း၊ သိ​ပ္ပံ​အ​တတ်​ဟူ၍ အ​လွဲ​ခေါ်​ဝေါ်​သော သိ​ပ္ပံ​အ​တတ် ဆီး​တား​နှောင့်​ယှက်​ခြင်း​ကို​လည်း​ကောင်း ရှောင်​လော့။- ထို​သိ​ပ္ပံ​အ​တတ်​ကို လူ​အ​ချို့​တို့​သည် ဝန်​ခံ​ပြု​စု​သော​အား​ဖြင့်၊ ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွဲ​ကြ​ပြီ။ သင်၌​ကျေး​ဇူး​တော် ရှိ​စေ​သ​တည်း။ အာ​မင်။ တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး၏။

၁ တိမောသေ 6:3-21 Common Language Bible (BCL)

ကွဲ​လွဲ​သည့်​အ​ယူ​ဝါ​ဒ​ကို​ဟော​ပြော​သွန်​သင် ၍ ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​ဟုတ်​မှန်​သည့် စ​ကား​ကို​လည်း​ကောင်း၊ ငါ​တို့​ဘာ​သာ​တ​ရား တော်​ကို​လည်း​ကောင်း​ဝန်​မ​ခံ​သူ​သည်​ကား၊- မာ​န​ကြီး​လျက်​အ​ဘယ်​အ​မှု​အ​ရာ​ကို မျှ​မ​သိ​သူ​တည်း။ သူ​သည်​စ​ကား​အ​သုံး အ​နှုန်း​နှင့်​စပ်​လျဉ်း​၍ ငြင်း​ခုံ​ခြင်း​ဝါ​သ​နာ ထုံ​သော​သူ​ဖြစ်​သည်။ ထို​အ​ပြု​အ​မူ​သည် မ​နာ​လို​မှု၊ အ​ငြင်း​ပွား​မှု၊ စော်​ကား​မှု၊ ဆိုး​ရွား​သော​မ​ယုံ​သင်္ကာ​ရှိ​မှု၊- အ​စဉ်​မ​ပြတ်​အ​ငြင်း​ပွား​မှု​တို့​ကို​ပေါ် ပေါက်​စေ​၏။ ဤ​အ​မှု​များ​ကို​ပြု​ကျင့်​တတ် သူ​တို့​သည်​ကား စိတ်​မ​မှန်​၍​သမ္မာ​တ​ရား ကို​မ​သိ​သူ​များ​ဖြစ်​ပေ​သည်။ ဘာ​သာ​ရေး မှ​စီး​ပွား​ရေး​အ​မြတ်​အ​စွန်း​ရ​ရှိ​သည် ဟု​သူ​တို့​ထင်​မှတ်​ကြ​၏။ ငါ​တို့​သည်​ရှိ​သ​မျှ​ဖြင့်​တင်း​တိမ်​ရောင့်​ရဲ တတ်​ကြ​ပါ​မူ ဘာ​သာ​ရေး​မှ​ကြီး​မား​သော အ​မြတ်​အ​စွန်း​ကို​အ​မှန်​ပင်​ရ​ရှိ​နိုင်​ကြ ပေ​သည်။- လော​က​ထဲ​သို့​လာ​စဉ်​အ​ခါ​က​ငါ​တို့​သည် အ​ဘယ်​အ​ရာ​ကို​မျှ​ယူ​ဆောင်​၍​မ​လာ​ခဲ့ ကြ။ လော​က​မှ​ထွက်​ခွာ​သွား​ကြ​သော​အ​ခါ ၌​လည်း​အ​ဘယ်​အ​ရာ​ကို​မျှ​ယူ​၍​မ​သွား နိုင်။- သို့​ဖြစ်​၍​ငါ​တို့​တွင်​စား​စ​ရာ​ဝတ်​စ​ရာ​ရှိ လျှင်​ရောင့်​ရဲ​ကြ​ကုန်​အံ့။- ချမ်း​သာ​ကြွယ်​ဝ​လို​သူ​တို့​သည်​အ​ပြစ်​သွေး ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​၏။ သူ​တို့​သည်​မိုက်​မဲ ၍​အ​ကျိုး​ယုတ်​စေ​တတ်​သည့်​စွဲ​လမ်း​တပ်​မက် မှု​တို့​ဖြင့်​ကျော့​မိ​ကြ​၏။ ထို​စွဲ​လမ်း​တပ်​မက်​မှု များ​သည်​သူ​တို့​အား​ပျက်​စီး​ဆုံး​ရှုံး​စေ တတ်​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ငွေ​ကို​စွဲ​လမ်း​တပ် မက်​ခြင်း​သည်​မ​ကောင်း​မှု​အ​မျိုး​မျိုး​တို့​၏ မူ​လ​အ​ခြေ​အ​မြစ်​ဖြစ်​သော​ကြောင့်​တည်း။ အ​ချို့​သော​သူ​တို့​သည်​ငွေ​ကို​ခုံ​မင်​လှ သ​ဖြင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ​လွဲ သွား​၍ ပူ​ဆွေး​လျက်​ဝမ်း​နည်း​ပက်​လက် ဖြစ်​ရ​ကြ​၏။ အို ဘု​ရား​သ​ခင်​၏​အ​စေ​ခံ၊ သင်​မူ​ကား ထို​မ​ကောင်း​မှု​အ​ပေါင်း​ကို​ရှောင်​ကြဉ်​လော့။ ဖြောင့်​မတ်​ခြင်း၊ ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့ သိမ်​မွေ့​ခြင်း​စ​သည့်​ပါ​ရ​မီ​များ​နှင့် ပြည့်​ဝ​စေ​ရန်​ကြိုး​စား​အား​ထုတ်​လော့။- ယုံ​ကြည်​ခြင်း​ဆိုင်​ရာ​ပြေး​ပွဲ​တွင်​အ​စွမ်း ကုန်​ပြေး​၍​ထာ​ဝ​ရ​အ​သက်​တည်း​ဟူ​သော အောင်​ဆု​ကို​သင်​ရ​ရှိ​စေ​ရန် သင့်​အား​ဘု​ရား သ​ခင်​ခေါ်​ယူ​တော်​မူ​သော​အ​ခါ​၌ သင် သည်​များ​စွာ​သော​အ​သိ​သက်​သေ​တို့​ရှေ့ တွင်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ခိုင်​မာ​စွာ ဝန်​ခံ​ခဲ့​ပေ​သည်။- အ​ရာ​ခပ်​သိမ်း​တို့​ကို​အ​သက်​ရှင်​စေ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌ လည်း​ကောင်း၊ ပုန္တိ​ပိ​လတ်​မင်း​၏​ရှေ့​တွင်​မိ​မိ ၏​ယုံ​ကြည်​ချက်​ကို​ခိုင်​မာ​စွာ​ဖော်​ပြ​တော် မူ​သော ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​မှောက် ၌​လည်း​ကောင်း သင့်​အား​ဤ​အ​လုပ်​တာ​ဝန် ကို​ဆောင်​ရွက်​ရန်​ငါ​ပညတ်​၏။- သင့်​အား​အပ်​နှင်း​ထား​သည့်​တာ​ဝန်​ကို ဆောင်​ရွက်​လော့။ ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ် ကြွ​လာ​တော်​မူ​သည်​အ​ထိ​ဤ​အ​လုပ် တာဝန်​ကို​သစ္စာ​နှင့်​ထမ်း​ဆောင်​လော့။- မင်္ဂ​လာ​ရှိ​တော်​မူ​သော​တစ်​ဆူ​တည်း​သော အ​ရှင်၊ ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်၊ အ​ရှင် တ​ကာ​တို့​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကာ​လ​အ​ချိန်​ရောက်​သော​အ​ခါ​ကိုယ်​တော် အား​ထင်​ရှား​ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။- ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ​လျှင်​နိစ္စ ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​အ​ဘယ်​သူ​မျှ မ​ချဉ်း​ကပ်​နိုင်​သည့်​အ​လင်း​ရောင်​တွင်​ကျိန်း ဝပ်​တော်​မူ​၏။ ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ မ​ဖူး​မ​မြင်​စ​ဖူး။ အ​ဘယ်​သူ​မျှ​လည်း မ​ဖူး​မ​မြင်​နိုင်။ ကိုယ်​တော်​၌​ဂုဏ်​အ​သ​ရေ တော်​နှင့်​ထာ​ဝ​ရ​ဘုန်း​အာ​နု​ဘော်​တော် ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​တို့​အား မာန်​မာ​န​မ​ထား​ကြ​ရန်​သ​တိ​ပေး​လော့။ သူ​တို့​သည်​မ​တည်​မြဲ​သည့်​စည်း​စိမ်​ချမ်း သာ​ကို​မ​မျှော်​ကိုး​ဘဲ၊ ငါ​တို့​ခံ​စား​နိုင်​စေ ရန်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ရက်​ရော​စွာ ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​မျှော် ကိုး​ရ​ကြ​မည်။- သူ​တစ်​ပါး​တို့​အား​ကျေး​ဇူး​ပြု​တတ်​ကြ စေ​ရန်​လည်း​ကောင်း၊ အ​ကျင့်​ကောင်း​များ​နှင့် ကြွယ်​ဝ​ပြည့်​စုံ​၍​ရက်​ရော​စွာ​ဝေ​ငှ​ပေး ကမ်း​တတ်​ကြ​စေ​ရန်​လည်း​ကောင်း​သူ​တို့ အား​ဆုံး​မ​သွန်​သင်​လော့။- ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​အ​နာ​ဂတ် အ​တွက်​ခိုင်​ခံ့​သည့်​အုတ်​မြစ်​တည်း​ဟူ​သော ဘဏ္ဍာ​ကို​စု​ဆောင်း​ရာ​ရောက်​၍ စစ်​မှန်​သော အ​သက်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ တိ​မော​သေ၊ သင့်​အား​ပေး​အပ်​ထား​သည့်​အ​ရာ ကို​စောင့်​ထိန်း​လော့။ သိမ်​ဖျင်း​သော​စ​ကား​နှင့် အ​ကျိုး​မဲ့​သော​စ​ကား​ကို​လည်း​ကောင်း၊ လူ အ​ချို့​တို့​မှား​ယွင်း​စွာ ခေါ်​ဆို​သည့်``အသိ​ပညာ'' အ​ကြောင်း​နှင့်​ပတ်​သက်​၍​အ​ငြင်း​ပွား​မှု တို့​ကို​လည်း​ကောင်း​ရှောင်​ရှား​လော့။- လူ​အ​ချို့​တို့​သည်​အ​သိ​ပ​ညာ​ကို​ရ​ရှိ​ပြီ ဟု​ဆို​ကာ​ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ​လွဲ သွား​ကြ​ပြီ။ သင်​တို့​အ​ပေါင်း​သည်​ဘု​ရား​သ​ခင်​ထံ​တော် မှ​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။ တိ​မော​သေ​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး​၏။

၁ တိမောသေ 6:3-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်စုံတစ်ယောက်​သည် ခြားနား​သော​ဩဝါဒ​ကို​သွန်သင်​လျက် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​မှန်ကန်​ပြည့်စုံ​သော​တရား​စကား​နှင့် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​နှင့်​ညီ​သော​ဩဝါဒ​တို့​ကို မ​လိုက်နာ​လျှင် ထို​သူ​သည် ဘဝင်မြင့်​၍ မည်သည့်​အရာ​ကို​မျှ​မ​သိ​ဘဲ အငြင်းပွား​မှု​နှင့် စကားလုံး​အသုံးအနှုန်း​အပေါ်​ငြင်းခုံ​ခြင်း​တို့​၌​သာ စွဲလမ်း​နေ​သူ​ဖြစ်​၏။ ထို​အရာ​များ​ကြောင့် မလိုမုန်းထား​ခြင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ စော်ကား​ပြောဆို​ခြင်း​နှင့် ဆိုးညစ်​သော​သံသယ​စိတ်​ရှိ​ခြင်း​စသည်​တို့​ဖြစ်ပေါ်​လာ​တတ်​၏။ ထိုသို့ အသိစိတ်​ပျက်ပြား​လျက် သမ္မာတရား​ဆုံးရှုံး​ကာ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​သည် အကျိုးစီးပွား​ဖြစ်​သည်​ဟု ထင်မှတ်​သော​လူ​တို့​ကြား​၌ မ​ဆုံး​နိုင်​သော​အငြင်းပွား​မှု​ရှိ​တတ်​၏။ သို့သော် ကျေနပ်​တင်းတိမ်​မှု​ဖြင့် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​သည် ကြီးစွာ​သော​အကျိုးစီးပွား​ပင်​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် ဤ​လောက​ထဲသို့ မည်သည့်​အရာ​ကို​မျှ မ​ယူလာ​သကဲ့သို့ မည်သည့်​အရာ​ကို​မျှ​လည်း ယူသွား​နိုင်​ကြ​မည်​မ​ဟုတ်။ သို့ဖြစ်၍ စားစရာ​နှင့်​ဝတ်စရာ​ရှိ​လျှင် ထို​အရာ​တို့​နှင့်​ကျေနပ်​ကြ​ရ​မည်။ ချမ်းသာ​လို​သော​သူ​တို့​သည် ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့​လည်းကောင်း၊ ထောင်ချောက်​ထဲသို့​လည်းကောင်း၊ လူ​တို့​ကို ပျက်စီး​ခြင်း​နှင့်​ဆုံးရှုံး​ခြင်း​တွင် နစ်မွန်း​စေ​တတ်​သော မိုက်မဲ​၍​အန္တရာယ်​ရှိ​သည့် တပ်မက်​ခြင်း​အမျိုးမျိုး​ထဲသို့​လည်းကောင်း ကျရောက်​တတ်​ကြ​၏။ အကြောင်းမူကား ငွေ​ကို​တပ်မက်​ခြင်း​သည် မကောင်းမှု​အလုံးစုံ​တို့​၏​အရင်းအမြစ်​ဖြစ်​၏။ လူ​အချို့​တို့​သည် ငွေ​ကို​အလွန်​တပ်မက်​သဖြင့် ယုံကြည်​ခြင်း​လမ်း​မှ လွဲချော်​သွား​၍ များစွာ​သော​ပူပန်​ခြင်း​ဝေဒနာ​ဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်​နာကျင်​စေ​ကြ​ပြီ။ အို ဘုရားသခင်​၏​လူ၊ သင်​မူကား ထို​အရာ​များ​ကို​ရှောင်​၍ ဖြောင့်မတ်​ခြင်း၊ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း၊ ယုံကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်းခံ​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​တို့​ကို လက်ကိုင်ပြု​လော့။ ယုံကြည်​ခြင်း​နှင့်ဆိုင်သည့် ကောင်း​သော​တိုက်ပွဲ​ကို​တိုက်​၍ ထာဝရ​အသက်​ကို ရယူ​ပိုင်ဆိုင်​လော့။ သင်​သည် ထို​အသက်​အတွက် ခေါ်ယူ​တော်မူ​ခြင်း​ကို​ခံရ​၍ များစွာ​သော​သက်သေ​တို့​ရှေ့​တွင် ကောင်း​သော​ဝန်ခံ​ချက်​ကို​ပေး​လေ​ပြီ။ ခပ်သိမ်း​သော​အရာ​တို့​အား အသက်​ကို​ပေး​တော်မူ​သော ဘုရားသခင်​၏​ရှေ့​တော်​၌​လည်းကောင်း၊ ပုန္တိ​ပိလတ်​ရှေ့တွင် သက်သေခံ​သောအခါ ကောင်း​သော​ဝန်ခံ​ချက်​ကို​ပေး​တော်မူ​သော ခရစ်တော်​ယေရှု​၏​ရှေ့​တော်​၌​လည်းကောင်း သင့်​အား ငါ​ညွှန်ကြား​သည်​ကား သင်​သည် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​ပေါ်ထွန်း​တော်မူ​သည့်​တိုင်အောင် ဤ​ပညတ်​ချက်​ကို အစွန်းအထင်း​ကင်း​၍ အပြစ်တင်​စရာ​မ​ရှိ​အောင် စောင့်ထိန်း​လော့။ အချိန်တန်​သောအခါ ဘုရားသခင်​သည် ခရစ်တော်​ကို​ပေါ်ထွန်း​စေ​တော်မူ​လိမ့်မည်။ ဘုရားသခင်​သည် မင်္ဂလာရှိ​တော်မူ​၍ တစ်ပါးတည်း​အုပ်စိုး​တော်မူ​သော​အရှင်၊ ဘုရင်​တကာ​တို့​၏​ဘုရင်၊ အရှင်​တကာ​တို့​၏​အရှင်​ဖြစ်​တော်မူ​၏။ ကိုယ်တော်​တစ်ပါးတည်း​သာလျှင် သေ​ခြင်း​နှင့်​ကင်း​သော​အဖြစ်​၌​ရှိ​လျက် ချဉ်းကပ်​၍​မ​ရ​သော​အလင်း​၌ ကိန်းဝပ်​တော်မူ​၏။ လူ​တို့​တွင် မည်သူ​တစ်ဦးတစ်ယောက်​မျှ ကိုယ်တော်​ကို​မ​မြင်​ဖူး​သကဲ့သို့ မြင်​လည်း​မ​မြင်​နိုင်​ပေ။ ထို​ဘုရားသခင်​၌ ဂုဏ်သရေ​နှင့်​ထာဝရ​တန်ခိုး​အရှိန်အဝါ​ရှိ​တော်မူ​ပါစေသော။ အာမင်။ ဤ​လောက​၌ ချမ်းသာ​သော​သူ​တို့​သည် စိတ်နေမြင့်​ခြင်း၊ မ​မြဲ​သော​စည်းစိမ်​များ​အပေါ်၌ မျှော်လင့်​အားထား​ခြင်း​မ​ရှိ​ဘဲ ပျော်ရွှင်​မှု​အတွက် အလုံးစုံ​တို့​ကို ငါ​တို့​အား ကြွယ်ဝ​စွာ​ပေး​သနား​တော်မူ​သော ဘုရားသခင်​အပေါ်၌ မျှော်လင့်​အားထား​ကြ​ရန်​လည်းကောင်း၊ ကောင်း​သော​အမှု​ကို​ပြု​လျက် ကောင်း​သော​အကျင့်​များ​ဖြင့်​ကြွယ်ဝ​ကာ ရက်ရော​စွာ​ဝေမျှ​ပေးကမ်း​တတ်​သော​သူ​များ​ဖြစ်​ကြ​၍ စစ်မှန်​သော​အသက်​ကို​ရယူ​ပိုင်ဆိုင်​နိုင်​ဖို့​ရန် နောင်​ဘဝ​အတွက် ကောင်း​သော​အုတ်မြစ်​ကို မိမိ​တို့​အတွက်​ချထား​ကြ​ရန်​လည်းကောင်း ညွှန်ကြား​လော့။ အို တိမောသေ၊ သင်​၌​အပ်​ထား​သည့်​အရာ​ကို စောင့်ရှောက်​လော့။ ဘုရား​တရား​နှင့်​မ​ဆိုင်​သည့် အကျိုးမဲ့​သော​စကား​များ​နှင့် အသိပညာ​ဟု လွဲမှား​စွာ​ခေါ်ဝေါ်​ကြ​သည့် ကွဲလွဲ​ဆန့်ကျင်​သော​အရာ​များ​ကို ရှောင်ရှား​လော့။ လူ​အချို့​တို့​သည် ထို​အရာ​တို့​နောက်သို့​လိုက်​၍ ယုံကြည်​ခြင်း​လမ်း​မှ​လွဲချော်​သွား​ကြ​ပြီ။ ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။