YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ တိမောသေ 4:6-10

၁ တိမောသေ 4:6-10 Judson Bible (JBMLE)

ဤ​စ​ကား​များ​ကို သင်​သည် ညီ​အစ်​ကို​တို့​အား ကြား​ပြော​လျှင်၊ ယုံ​ကြည်​ချက်​စ​ကား၊ ကိုယ်​တိုင် ရှာ​ဖွေ​လေ့​ကျက်​သော သ​မ္မာ​ဩ​ဝါ​ဒ​စ​ကား​နှင့် မွေး​မြူ​ခြင်း​ကို ခံ​သော ယေ​ရှု​ခ​ရစ်၏ ဓ​မ္မ​ဆ​ရာ​ကောင်း​ဖြစ်​လိမ့်​မည်။- မိန်း​မ​အို​ပြော​တတ်​သော တ​ရား​မဲ့​ဖြစ်​သော ဒ​ဏ္ဍာ​ရီ​စ​ကား​ကို ပယ်​ရှား၍ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​အား​ဖြင့် ကိုယ်​ကို​ကိုယ်​ဆုံး​မ​လော့။- ကိုယ်​ကာ​ယ​ကို​ဆုံး​မ​ခြင်း​သည် များ​စွာ​သော အ​ကျိုး​ကို မ​ပေး​တတ်။ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​မူ​ကား၊ ယ​ခု​ဘ​ဝ၊ နောင်​ဘ​ဝ​နှင့် စပ်​ဆိုင်​သော​က​တိ​တော်​ကို ရ​သည်​ဖြစ်၍၊- အ​ရာ​ရာ၌ အ​ကျိုး​ကို​ပေး​တတ်​သည်​ဟူ​သော စ​ကား​သည် သ​စ္စာ​စ​ကား​ဖြစ်၏။ အ​ကြွင်း​မဲ့​ခံ​ယူ​အပ်​သော စ​ကား​လည်း​ဖြစ်၏။- ထို​ကြောင့်၊ အ​သက်​ရှင်​တော်​မူ​ထ​သော၊ လူ​အ​ပေါင်း​တို့​ကိုကယ်မတော်မူ၍၊ ယုံကြည်သောသူတို့ကို အ​ထူး​သ​ဖြင့် ကယ်​မ​တော်​မူ​သော ဘု​ရား​သ​ခင်၌ ငါ​တို့​သည်​ကိုး​စား​သည်​နှင့်​အ​ညီ၊ ပင်​ပန်း​စွာ အ​မှု​ဆောင်​ရွက်​ကြ၏။ ကဲ့​ရဲ့​ခြင်း​ကို​လည်း ခံ​ရ​ကြ၏။

၁ တိမောသေ 4:6-10 Common Language Bible (BCL)

ဤ​ညွှန်​ကြား​ချက်​များ​ကို​ညီ​အစ်​ကို​တို့​အား ပေး​အပ်​မည်​ဆို​ပါ​မူ သင်​သည်​မိ​မိ​လိုက်​နာ သည့်​ယုံ​ကြည်​ချက်​နှင့်​မှန်​ကန်​သည့်​အ​ယူ ဝါ​ဒ​ကို​မှီ​ဝဲ​ကျင့်​သုံး​လျက် ခ​ရစ်​တော် ယေ​ရှု​၏​အ​စေ​ခံ​ကောင်း​ဖြစ်​လိမ့်​မည်။- တ​ရား​မဲ့​ဖြစ်​၍​ပြော​ကြား​ရန်​ပင်​မ​သင့်​လျော် သည့်​ဒဏ္ဍာ​ရီ​များ​ကို​ရှောင်​လော့။ ဘု​ရား​ဝတ်​၌ မွေ့​လျော်​တတ်​ရန်​မိ​မိ​ကိုယ်​ကို​လေ့​ကျင့်​ပေး လော့။- ကာ​ယ​ဆိုင်​ရာ​လေ့​ကျင့်​မှု​သည်​အ​ကျိုး​ပေး​သင့် သ​လောက်​ပေး​၏။ ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​လေ့​ကျင့်​မှု သည်​ကား​ယ​ခု​ဘ​ဝ​နောင်​ဘ​ဝ​အ​တွက်​အ​ရာ ရာ​၌​အ​ကျိုး​ကို​ပေး​၏။- ဤ​စ​ကား​သည်​သစ္စာ​စ​ကား​ဖြစ်​သ​ဖြင့် အ​ကြွင်း​မဲ့​လက်​ခံ​ယုံ​ကြည်​ရ​ပေ​မည်။- ငါ​တို့​သည်​ကြိုး​စား​အား​ထုတ်​လုပ်​ဆောင်​လျက် နေ​ကြ​ခြင်း​မှာ လူ​အ​ပေါင်း​တို့​၏​ကယ်​တင်​ရှင် အ​ထူး​သ​ဖြင့်​ယုံ​ကြည်​သူ​တို့​၏​ကယ်​တင်​ရှင် ဖြစ်​တော်​မူ​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​ကို​ကိုး​စား​ကြ​သော​ကြောင့်​ဖြစ်​၏။

၁ တိမောသေ 4:6-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤ​အကြောင်းအရာ​များ​ကို ညီအစ်ကို​တို့​အား​ညွှန်ပြ​လျှင် သင်​သည် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​တရား​စကား​နှင့် သင်​လိုက်လျှောက်​သည့် ကောင်း​သော​သွန်သင်​ချက်​၏​တရား​စကား​တို့​ဖြင့် ပြုစု​ပျိုးထောင်​ခြင်း​ကို​ခံရ​လျက် ခရစ်တော်​ယေရှု​၏​ကောင်း​သော​အစေခံ​ဖြစ်​လိမ့်မည်။ သို့သော် ဘုရား​တရား​နှင့်​မ​ဆိုင်​သည့် အနှစ်သာရ​ကင်းမဲ့​သော ဒဏ္ဍာရီ​များ​ကို​ရှောင်ရှား​၍ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​အတွက် သင့်ကိုယ်သင်​လေ့ကျင့်​ပေး​လော့။ အကြောင်းမူကား ကိုယ်ခန္ဓာ​နှင့်ဆိုင်သော​လေ့ကျင့်​မှု​သည် အနည်း​အကျဉ်း​အကျိုး​ရှိ​သော်လည်း ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​မူကား ယခု​ဘဝ၊ နောင်​ဘဝ​နှင့်ဆိုင်သော ကတိ​တော်​ပါ​ရှိ​သည်​ဖြစ်၍ အလုံးစုံ​တို့​အတွက် အကျိုး​ရှိ​၏။ ဤ​စကား​သည် သစ္စာ​စကား​ဖြစ်​ပြီး အပြည့်အဝ​လက်ခံ​ထိုက်​သော​စကား​ဖြစ်​၏။ ထို့ကြောင့် ငါ​တို့​သည် ထို​အကျိုး​အတွက် အားထုတ်​လုပ်ဆောင်​၍ ကြိုးစား​ကြ​၏။ အကြောင်းမူကား လူ​အပေါင်း​တို့​၏​ကယ်တင်ရှင်​၊ အထူးသဖြင့် ယုံကြည်​သူ​တို့​၏​ကယ်တင်ရှင်​ဖြစ်​သော အသက်ရှင်​တော်မူ​သည့်​ဘုရားသခင်​ကို ငါ​တို့​မျှော်လင့်​အားထား​ကြ​၏။