ဤစကားများကို သင်သည် ညီအစ်ကိုတို့အား ကြားပြောလျှင်၊ ယုံကြည်ချက်စကား၊ ကိုယ်တိုင် ရှာဖွေလေ့ကျက်သော သမ္မာဩဝါဒစကားနှင့် မွေးမြူခြင်းကို ခံသော ယေရှုခရစ်၏ ဓမ္မဆရာကောင်းဖြစ်လိမ့်မည်။- မိန်းမအိုပြောတတ်သော တရားမဲ့ဖြစ်သော ဒဏ္ဍာရီစကားကို ပယ်ရှား၍ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့် ကိုယ်ကိုကိုယ်ဆုံးမလော့။- ကိုယ်ကာယကိုဆုံးမခြင်းသည် များစွာသော အကျိုးကို မပေးတတ်။ ဘုရားဝတ်၌ မွေ့လျော်ခြင်းမူကား၊ ယခုဘဝ၊ နောင်ဘဝနှင့် စပ်ဆိုင်သောကတိတော်ကို ရသည်ဖြစ်၍၊- အရာရာ၌ အကျိုးကိုပေးတတ်သည်ဟူသော စကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သော စကားလည်းဖြစ်၏။- ထိုကြောင့်၊ အသက်ရှင်တော်မူထသော၊ လူအပေါင်းတို့ကိုကယ်မတော်မူ၍၊ ယုံကြည်သောသူတို့ကို အထူးသဖြင့် ကယ်မတော်မူသော ဘုရားသခင်၌ ငါတို့သည်ကိုးစားသည်နှင့်အညီ၊ ပင်ပန်းစွာ အမှုဆောင်ရွက်ကြ၏။ ကဲ့ရဲ့ခြင်းကိုလည်း ခံရကြ၏။
၁ တိမောသေ 4 ကိုဖတ်ပါ။
နားထောင်ပါ။ ၁ တိမောသေ 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ တိမောသေ 4:6-10
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ