YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ တိမောသေ 1:9-10

၁ တိမောသေ 1:8-10 Judson Bible (JBMLE)

ပ​ညတ်​တ​ရား​ကို တ​ရား​သ​ဖြင့် ကျင့်​သော​သူ​အ​ဖို့ မ​ထား၊ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ၊ နား​မ​ထောင်​သော​သူ၊ ဘု​ရား​ကို မ​ကိုး​ကွယ်​သော​သူ၊ အ​ပြစ်​ထင်​ရှား​သော​သူ၊ မ​သန့်​ရှင်း​သော​သူ၊ ဘု​ရား​တ​ရား​ကို မ​ရို​မ​သေ​ပြု​သော​သူ၊ မိ​ဘ​ကို​ညှဉ်း​ဆဲ​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ယောက်ျား​ချင်း မေ​ထုန်​ကို​ပြု​သော​သူ၊ လူ​ကို ခိုး​သွား​သော​သူ၊ မု​သား​စ​ကား​ကို သုံး​သော​သူ၊ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​သော​သူ​မှ​စ၍၊ စင်​ကြယ်​သော​ဩ​ဝါ​ဒ​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သ​မျှ​တို့​အ​ဖို့ ပ​ညတ်​တ​ရား​ကို ထား​သည်​ဟု သိ​မှတ်၍၊ ထို​တ​ရား​ကို တ​ရား​သ​ဖြင့်​သုံး​သော​သူ၌ ပ​ညတ်​တ​ရား​သည် အ​ကျိုး​ကို​ပေး​တတ်​သည်​ဟု ငါ​တို့ သိ​ကြ၏။

၁ တိမောသေ 1:9-10 Common Language Bible (BCL)

သို့​ရာ​တွင်​တ​ရား​ဥ​ပ​ဒေ​များ​ကို​လူ​ကောင်း တို့​အ​တွက်​မ​ဟုတ်။ တ​ရား​လက်​လွတ်​စည်း​မဲ့ ကမ်း​မဲ့​ကျင့်​ကြံ​သူ​များ၊ ပြစ်​မှု​ကူး​လွန်​သူ များ၊ ဘု​ရား​ကို​မ​ကြည်​ညို​သူ​များ၊ အ​ပြစ် ကူး​သူ​များ၊ ဘာ​သာ​တ​ရား​ကိုင်း​ရှိုင်း​မှု မ​ရှိ​သူ​များ၊ အ​ဖ​ကို​သတ်​သူ​များ​နှင့် အ​မိ​ကို​သတ်​သူ​များ၊ သူ​သတ်​သ​မား​များ၊- အ​ကျင့်​စာ​ရိတ္တ​ပျက်​ပြား​သူ​များ၊ လိင်​တူ ချင်း​ကာ​မ​ဆက်​ဆံ​တတ်​သူ​များ၊ ပြန်​ပေး ဆွဲ​သူ​များ၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​များ၊ မ​မှန်​သော​သက်​သေ​ကို​ခံ​တတ်​သူ​များ​နှင့် မှန်​ကန်​သော​အ​ယူ​ဝါ​ဒ​နှင့် ဆန့်​ကျင်​၍​ပြု လုပ်​တတ်​သူ​များ​အ​တွက်​သာ​လျှင် ပြ​ဋ္ဌာန်း ထား​ခြင်း​ဖြစ်​ကြောင်း​ငါ​တို့​သိ​မှတ်​ရ​ကြ ပေ​မည်။

၁ တိမောသေ 1:9-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်နည်းအားဖြင့် ပညတ်​တရား​သည် ဖြောင့်မတ်​သော​သူ​အတွက်​ရှိ​သည်​မ​ဟုတ်​ဘဲ တရားမဲ့​သော​သူ​များ​နှင့်​နာခံ​မှု​မ​ရှိ​သော​သူ​များ၊ ဘုရား​တရား​မဲ့​သော​သူ​များ​နှင့်​အပြစ်သား​များ၊ မ​သန့်ရှင်း​သော​သူ​များ​နှင့်​ဘုရား​တရား​ကို​မထီမဲ့မြင်​ပြု​သော​သူ​များ၊ ဖခင်​ကို​သတ်​သော​သူ​များ​နှင့်​မိခင်​ကို​သတ်​သော​သူ​များ၊ လူသတ်သမား​များ၊ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လိင်တူ​ဆက်ဆံ​သူ​များ၊ လူ​ကုန်ကူး​သူ​များ၊ လိမ်လည်​သော​သူ​များ၊ မမှန်မကန်​သက်သေ​ထွက်ဆို​သော​သူ​များ​နှင့် မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​ကို​ဆန့်ကျင်​သည့် အခြား​အရာ​အားလုံး​တို့​အတွက်​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။