YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ တိမောသေ 1:15-17

၁ တိမောသေ 1:15-17 Judson Bible (JBMLE)

ယေ​ရှု​ခ​ရစ်​သည် အ​ပြစ်​ရှိ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​ငှာ၊ ဤ​လော​က​သို့ ကြွ​လာ​တော်​မူ​သည်​ဟူ​သော​စ​ကား​သည် သ​စ္စာ​စ​ကား​ဖြစ်၏။ အ​ကြွင်း​မဲ့ ခံ​ယူ​အပ်​သော​စ​ကား​လည်း​ဖြစ်၏။ အ​ပြစ်​ရှိ​သော သူ​တို့​တွင် ငါ​သည် အ​ကြီး​ဆုံး​ဖြစ်၏။- သို့​သော်​လည်း၊ ထာ​ဝ​ရ​အ​သက်​အ​လို​ငှာ ယုံ​ကြည်​လ​တ္တံ့​သော​သူ​တို့ လိုက်​စ​ရာ​ပုံ​သက်​သေ ဖြစ်​စေ​ခြင်း​ငှာ၊ အ​ကြီး​ဆုံး​သော​အ​ပြစ်​ရှိ​သော ငါ၌၊ ယေ​ရှု​ခ​ရစ်​သည် ခပ်​သိမ်း​သော​ခ​န္တီ​တော်​ကို ပြ​တော်​မူ​မည်​အ​ကြောင်း၊ ငါ့​ကို​သ​နား​တော်​မူ​ပြီ။- လော​က​ဓာတ်​တို့၏ ဘု​ရင်​တည်း​ဟူ​သော၊ ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့် ကင်း​လွတ်​တော်​မူ​ထ​သော၊ မျက်​မြင်​မ​ရ၊ အ​ရူ​ပ​ဖြစ်​တော်​မူ​ထ​သော၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော်​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။

၁ တိမောသေ 1:15-17 Common Language Bible (BCL)

ဤ​လော​က​သို့​ခ​ရစ်​တော်​ယေ​ရှု​ကြွ​လာ​တော် မူ​သည်​မှာ​အ​ပြစ်​ကူး​သူ​တို့​အား ကယ်​တင်​ရန် ဖြစ်​၏​ဟူ​သော​စကား​သည်​သစ္စာ​စ​ကား​ဖြစ်​၍ ခြွင်း​ချက်​မ​ရှိ​လက်​ခံ​ယုံ​ကြည်​ရ​ပေ​မည်။ ငါ သည်​အ​ပြစ်​ကူး​သူ​တို့​တွင်​အ​ဆိုး​ဆုံး​ဖြစ်​၏။- သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ့​ကို​က​ရု​ဏာ ထား​တော်​မူ​၏။ ယင်း​သို့​ထား​တော်​မူ​ခြင်း​မှာ နောင်​အ​ခါ​၌​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ကာ ထာ​ဝ​ရ​အ​သက်​ရ​ရှိ​ကြ​မည့်​သူ​တို့ အ​တွက်​ပုံ​စံ​ဖြစ်​စေ​ရန် ခ​ရစ်​တော်​ယေ​ရှု သည်​ခပ်​သိမ်း​သော​ခန္တီ​တော်​ကို​အ​ပြစ်​ကူး သူ​တို့​တွင် အ​ဆိုး​ဆုံး​ဖြစ်​သူ​ငါ့​အား ပြ​တော်​မူ​သော​ကြောင့်​ပင်​ဖြစ်​သ​တည်း။- ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော်​မူ​သော၊ သင်္ခါ​ရ သ​ဘော​တ​ရား​နှင့်​ကင်း​တော်​မူ​သော၊ လူ တို့​မျက်​စိ​ဖြင့်​မ​မြင်​နိုင်​သော၊ တစ်​ဆူ​တည်း ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​ကမ္ဘာ အ​ဆက်​ဆက်​ဂုဏ်​အ​သ​ရေ​နှင့်​ဘုန်း​အာ​နု ဘော်​တော်​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။

၁ တိမောသေ 1:15-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ခရစ်တော်​ယေရှု​သည် အပြစ်သား​တို့​ကို​ကယ်တင်​ရန် ဤ​လောက​သို့​ကြွလာ​တော်မူ​၏​ဟူသော​စကား​သည် သစ္စာ​စကား​ဖြစ်​ပြီး အပြည့်အဝ​လက်ခံ​ထိုက်​သော​စကား​ဖြစ်​၏။ ထို​အပြစ်သား​များ​ထဲတွင် ငါ​သည် အဆိုးဆုံး​ဖြစ်​၏။ သို့သော် ငါ​သည် ကရုဏာ​တော်​ကို​ခံစား​ရ​သည့်​အကြောင်းမှာ ခရစ်တော်​ယေရှု​သည် အဆိုးဆုံး​ဖြစ်​သော​ငါ​၌ ခပ်သိမ်း​သော​စိတ်ရှည်​သည်းခံ​ခြင်း​ကို​ပြသ​တော်မူ​ခြင်း​အားဖြင့် ကိုယ်တော်​ကို​ယုံကြည်​၍ ထာဝရ​အသက်​ရရှိ​မည့်​သူ​များ​အတွက် ငါ့​ကို​စံနမူနာ​ဖြစ်​စေရန်​ဖြစ်​၏။ ထာဝရ​ဘုရင်၊ ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​တော်မူ​သော မ​မြင်ရ​သည့် တစ်ဆူတည်း​သော​ဘုရားသခင်​၌ ကမ္ဘာ​အဆက်ဆက် ဘုန်း​တော်​နှင့်​ဂုဏ်​တော်​ရှိ​ပါစေသော။ အာမင်။