YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ သက်သာလောနိတ် 5:12-26

၁ သက်သာလောနိတ် 5:12-26 Judson Bible (JBMLE)

ထို​မှ​တစ်​ပါး၊ ညီ​အစ်​ကို​တို့၊ သင်​တို့​တွင် အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း၊ သ​ခင်​ဘု​ရား​အ​ခွင့်​နှင့် အုပ်​စိုး​ခြင်း၊ သ​တိ​ပေး​ခြင်း အ​မှု​ကို​ပြု​သော​သူ​တို့​ကို သိ​မှတ်၍၊- သူ​တို့​ပြု​သော​အ​မှု​ကြောင့် မေ​တ္တာ​စိတ်​နှင့် အ​လွန်​ချစ်​ခင်​လေး​မြတ်​မည်​အ​ကြောင်း၊ ငါ​တို့​သည် တောင်း​ပန်​ကြ၏။ အ​ချင်း​ချင်း အ​သင့်​အ​တင့်​နေ​ကြ​လော့။ တစ်​ဖန်​တုံ၊ ညီ​အစ်​ကို​တို့၊ မ​တ​ရား​စွာ​ပြု​သော​သူ​တို့​ကို သ​တိ​ပေး​ကြ​လော့။ စိတ်​ငယ်​သော​သူ​တို့​ကို အား​ပေး​ကြ​လော့။ အား​နည်း​သော သူ​တို့​ကို ထောက်​မ​ကြ​လော့။ ခပ်​သိမ်း​သော​သူ​တို့​အား ရှည်​သော​စိတ် ရှိ​စေ​ကြ​လော့။- သူ​တစ်​ပါး၌ အ​ဘယ်​သူ​မျှ ရန်​တုံ့​မ​မူ​စေ​ခြင်း​ငှာ သ​တိ​ပြု၍၊ အ​ချင်း​ချင်း​တို့၌​လည်း​ကောင်း၊ ခပ်​သိမ်း​သော​သူ​တို့၌ လည်း​ကောင်း၊ ကာ​လ​အ​စဉ်​ကြိုး​စား၍ ကျေး​ဇူး​ပြု​ကြ​လော့။- အ​စဉ်​မ​ပြတ် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။- မ​ခြား​မ​လပ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​လော့။- အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထို​သို့​ကျင့်​စေ​ခြင်း​ငှာ၊ ယေ​ရှု​ခ​ရစ်၌ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ၏။- ဝိ​ညာဉ်​တော်၏​အ​ရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။- ပ​ရော​ဖက်​ပြု​ခြင်း​ကို မ​ထီ​မဲ့​မြင်​မ​မှတ်​ကြ​နှင့်။- ခပ်​သိမ်း​သော​အ​ရာ​ကို စုံ​စမ်း၍၊ ကောင်း​သော​အ​ရာ​ကို အ​မြဲ​ကိုင်​စွဲ​ကြ​လော့။- မ​ကောင်း​သော​အ​မှု အ​မျိုး​မျိုး​ရှိ​သ​မျှ​ကို ရှောင်​ကြ​လော့။- ငြိမ်​သက်​ခြင်း၏​အ​ရှင် ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​လည်း၊ သင်​တို့​ကို အ​ကုန်​အ​စင် သန့်​ရှင်း​စေ​တော်​မူ ပါ​စေ​သော။ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ၊ သင်​တို့၏ ကိုယ်​ခ​န္ဓာ၊ စိတ်၊ ဝိ​ညာဉ်​အ​ပေါင်း​ကို အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​ပါ​စေ​သော။- သင်​တို့​ကို​ခေါ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ထို​သို့​ပြု​တော်​မူ​လိမ့်​မည်။ ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။- ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို သန့်​ရှင်း​သော​နမ်း​ခြင်း​နှင့် နှုတ်​ဆက်​ကြ​လော့။

၁ သက်သာလောနိတ် 5:12-26 Common Language Bible (BCL)

ညီ​အစ်​ကို​တို့၊ သင်​တို့​ထံ​တွင်​အ​မှု​တော်​ကို ဆောင်​ရွက်​နေ​သော၊ သင်​တို့​အား​လမ်း​ပြ​သွန် သင်​ရန် သ​ခင်​ဘု​ရား​ခန့်​ထား​တော်​မူ​သော သူ​များ​ကို​ကြည်​ညို​လေး​စား​ကြ​ရန်​ငါ​တို့ တိုက်​တွန်း​၏။- သူ​တို့​ဆောင်​ရွက်​ကြ​သည့်​အ​မှု​တော်​ကို​ထောက် ၍ သူ​တို့​အား​အ​ထူး​ရို​သေ​ချစ်​ခင်​ကြ​လော့။ သင်​တို့​အ​ချင်း​ချင်း​သင့်​မြတ်​စွာ​နေ​ကြ​လော့။ ညီ​အစ်​ကို​တို့၊ အ​ပျင်း​ကြီး​သူ​တို့​ကို​သ​တိ​ပေး ကြ​လော့။ ကြောက်​တတ်​သူ​တို့​ကို​အား​ပေး​ကြ လော့။ အား​နည်း​သူ​တို့​ကို​ကူ​ညီ​ကြ​လော့။ လူ ခပ်​သိမ်း​တို့​အ​ပေါ်​တွင်​စိတ်​ရှည်​ကြ​လော့။- အ​ဘယ်​သူ​မျှ​ရန်​တုံ့​မ​မူ​စေ​နှင့်။ အ​ချင်း​ချင်း တို့​၏​ကောင်း​ကျိုး​နှင့်​လူ​ခပ်​သိမ်း​တို့​၏​ကောင်း ကျိုး​ကို အ​စဉ်​အ​မြဲ​ရှာ​ရန်​ကြိုး​စား​အား ထုတ်​လော့။ အ​စဉ်​မ​ပြတ်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။- အ​ခါ​မ​လပ်​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။- အ​ဘယ်​အ​ခြေ​အ​နေ​နှင့်​ရင်​ဆိုင်​ရ​သည်​မ​ဆို ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ သင်​တို့​သည် ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ် လျက် ဤ​သို့​ပြု​ကျင့်​ကြ​စေ​ရန်​ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ​၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​မ​ဆီး​တား​ကြ​နှင့်။- ဝိ​ညာဉ်​တော်​နှိုး​ဆော်​ခြင်း​အား​ဖြင့်​ဟော​ပြော သည့်​တ​ရား​ဒေ​သ​နာ​များ​ကို အ​ဘယ်​အ​ခါ ၌​မျှ​မ​ထီ​မဲ့​မြင်​မ​ပြု​ကြ​နှင့်။- အ​ရာ​ခပ်​သိမ်း​တို့​ကို​စစ်​ဆေး​ပြီး​လျှင် ကောင်း သည့်​အ​ရာ​တို့​ကို​ခံ​ယူ​၍၊- မ​ကောင်း​သည့်​အ​ရာ​မှန်​သ​မျှ​ကို​ရှောင်​ကြ​လော့။ ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အား​အ​ကုန်​အ​စင်​သန့်​ရှင်း​ဖြူ​စင်​စေ တော်​မူ​ပါ​စေ​သော။ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ သင်​တို့ သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ကြ​စေ​ရန်​ဘု​ရား သ​ခင်​သည် သင်​တို့​၏​ကိုယ်​စိတ်​ဝိ​ညာဉ်​ကို ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​ပါ​စေ​သော။- သင်​တို့​အား​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော အ​ရှင်​သည်​သစ္စာ​ရှိ​တော်​မူ​သည်​ဖြစ်​၍​ဤ​သို့ ပြု​တော်​မူ​လိမ့်​မည်။ ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ဖို့​လည်း​ဆု​တောင်း​ကြ လော့။ ယုံ​ကြည်​သူ​အ​ပေါင်း​တို့​အား​သန့်​ရှင်း​သော နမ်း​ခြင်း​ဖြင့်​နှုတ်​ဆက်​ကြ​လော့။

၁ သက်သာလောနိတ် 5:12-26 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ညီအစ်ကို​တို့၊ သင်​တို့​ထဲတွင် အားထုတ်​လုပ်ဆောင်​လျက်​၊ သခင်​ဘုရား​၌ သင်​တို့​ကို စီမံ​အုပ်ချုပ်​လျက် သင်​တို့​ကို​သတိပေး​ဆုံးမ​နေ​ကြ​သော​သူ​များ​ကို ကြည်ညို​လေးစား​ကြ​ရန်​လည်းကောင်း၊ သူ​တို့​လုပ်ဆောင်​သော​အမှု​အတွက် မေတ္တာ​စိတ်​နှင့် သူ​တို့​ကို​အထူး​တန်ဖိုးထား​ကြ​ရန်​လည်းကောင်း သင်​တို့​အား ငါ​တို့​တောင်းပန်​ကြ​၏။ သင်​တို့​အချင်းချင်း​သင့်မြတ်​စွာ​နေ​ကြ​လော့။ ညီအစ်ကို​တို့၊ သင်​တို့​အား ငါ​တို့​တိုက်တွန်း​နှိုးဆော်​သည်​ကား စည်းမဲ့​ကမ်းမဲ့​နေ​သော​သူ​တို့​ကို သတိပေး​ဆုံးမ​ကြ​လော့။ စိတ်အားငယ်​သော​သူ​တို့​ကို နှစ်သိမ့်​ကြ​လော့။ အားနည်း​သော​သူ​တို့​ကို ထောက်မ​ကြ​လော့။ လူ​အပေါင်း​တို့​အပေါ် စိတ်ရှည်​သည်းခံ​ကြ​လော့။ မည်သူမျှ သူတစ်ပါး​အပေါ် အဆိုး​ကို​အဆိုး​ဖြင့်​မ​တုံ့ပြန်​ကြ​စေရန် သတိပြု​ကြ​လော့။ အချင်းချင်း​အတွက်​လည်းကောင်း၊ လူ​အပေါင်း​တို့​အတွက်​လည်းကောင်း ကောင်းကျိုး​ကို​သာ အစဉ်​ကြိုးစား​ပြု​ကြ​လော့။ အစဉ်​ဝမ်းမြောက်​ကြ​လော့​။ အမြဲမပြတ် ဆုတောင်း​ကြ​လော့​။ အရာရာ​၌ ကျေးဇူး​တော်​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား သင်​တို့​သည် ထိုသို့​ပြု​ကြ​ရန် ခရစ်တော်​ယေရှု​၌ ဘုရားသခင်​အလို​ရှိ​တော်မူ​၏​။ ဝိညာဉ်​တော်​၏​အရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။ ပရောဖက်ပြု​ဟောပြော​ခြင်း​ကို မထီမဲ့မြင်​မ​ပြု​ကြ​နှင့်။ သို့သော် အရာ​ခပ်သိမ်း​တို့​ကို​စစ်ဆေး​၍ ကောင်း​သော​အရာ​ကို စွဲကိုင်​ထား​ကြ​လော့။ မကောင်း​မှု​အမျိုးစုံ​တို့​ကို ရှောင်ကြဉ်​ကြ​လော့။ ငြိမ်သက်​ခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်​တိုင် သင်​တို့​ကို အကုန်အစင်​သန့်ရှင်း​စေ​တော်မူ​ပါစေသော။ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကြွလာ​တော်မူ​သောအခါ သင်​တို့​၏​ဝိညာဉ်၊ စိတ်နှလုံး၊ ကိုယ်ခန္ဓာ​ကို အပြစ်တင်​စရာ​မ​ရှိ​စေရန် စောင့်ရှောက်​တော်မူ​ပါစေသော။ သင်​တို့​ကို ခေါ်ယူ​တော်မူ​သော​အရှင်​သည် သစ္စာ​နှင့်​ပြည့်စုံ​သည်​ဖြစ်၍ ထိုသို့​ပြု​တော်မူ​လိမ့်မည်။ ညီအစ်ကို​တို့၊ ငါ​တို့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။ ညီအစ်ကို​အားလုံး​တို့​ကို သန့်ရှင်း​သော​အနမ်း​ဖြင့် နှုတ်ဆက်​ကြ​လော့။