YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ သက်သာလောနိတ် 2:1-12

၁ သက်သာလောနိတ် 2:1-12 Judson Bible (JBMLE)

ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် သင်​တို့​အ​ထဲ​သို့ ဝင်​ခြင်း​အ​မှု​သည် အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း​ကို သင်​တို့​သည် ကိုယ်​တိုင်​သိ​ကြ၏။- သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ဖိ​လိ​ပ္ပိ​မြို့၌ ဆင်း​ရဲ​ခြင်း​နှင့် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ပြီး​မှ၊ ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ကြီး​စွာ​သော တိုက်​လှန်​ခြင်း​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​အား ရဲ​ရင့်​စွာ​ဟော​ပြော​ကြ၏။- ငါ​တို့​သည် မှား​ယွင်း​ခြင်း၊ ညစ်​ညူး​ခြင်း၊ လှည့်​ဖြား​ခြင်း​အား​ဖြင့် သင်​တို့​ကို တိုက်​တွန်း​သွေး​ဆောင်​ကြ​သည် မ​ဟုတ်။- ဧ​ဝံ​ဂေ​လိ​တ​ရား​ကို စောင့်​ထိုက်​သော​သူ​ဟု ငါ​တို့​ကို ဘု​ရား​သ​ခင် လက်​ခံ​တော်​မူ​သည်​နှင့်​အ​ညီ၊ လူ​ကို နှစ်​သက်​စေ​သ​ကဲ့​သို့ မ​ဟုတ်၊ ငါ​တို့​စိတ်​နှ​လုံး​ကို စစ်​ကြော​စုံ​စမ်း​တော်​မူ​သော ဘု​ရား​သ​ခင်​ကို နှစ်​သက်​စေ​သ​ကဲ့​သို့ ဟော​ပြော​ကြ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ချော့​မော့​သော​စ​ကား​ကို တစ်​ခါ​မျှ​မ​သုံး၊ ဝှက်​ထား​သော လော​ဘ​စိတ်​အ​လျှင်း​မ​ရှိ​ကြောင်း​ကို ဘု​ရား​သ​ခင်​သည် ငါ​တို့​သက်​သေ ဖြစ်​တော်​မူ၏။- ထို​မှ​တစ်​ပါး၊ ခ​ရစ်​တော်၏​တ​မန်​တော်​ဖြစ်၍၊ လေး​သော​ဝန်​ကို တင်​ပိုင်​သော်​လည်း၊ လူ​ပေး​သော ဘုန်း​အ​သ​ရေ​ကို သင်​တို့​တွင်​မ​ရှာ၊ အ​ခြား​သူ​တို့​တွင်​လည်း မ​ရှာ​ဘဲ၊- သင်​တို့​တွင် ဖြည်း​ညင်း​စွာ​ပြု​ကြ၏။ သင်​တို့​ကို ချစ်​သော​ကြောင့် နို့​ထိန်း​သည် မိ​မိ​သူ​ငယ်​ကို ကျွေး​မွေး​ပြု​စု​သ​ကဲ့​သို့၊ ငါ​တို့​သည် သင်​တို့​ကို နှ​မြော​စုံ​မက်​ခြင်း​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို​မျှ​မ​က၊ ကိုယ်​အ​သက်​ကို​ပင် ပေး​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ကြ၏။ ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ပင်​ပန်း​စွာ လုပ်​ဆောင်၍ ကြိုး​စား​အား​ထုတ်​ကြောင်း​ကို သင်​တို့​မှတ်​မိ​ကြ၏။ သင်​တို့​တွင် တစ်​ယောက်​ကို​မျှ မ​နှောင့်​ယှက်​ခြင်း​ငှာ၊ ငါ​တို့​သည် နေ့​ည​လုပ်​ဆောင်​လျက်၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​အား ဟော​ပြော​ကြ၏။- မိ​မိ​နိုင်​ငံ​တော်​နှင့် ဘုန်း​တော်​ထဲ​သို့၊ သင်​တို့​ကို ခေါ်​သွင်း​တော်​မူ​သော ဘု​ရား​သ​ခင်​နှင့် အ​ထိုက်​အ​လျောက် သင်​တို့​သည် ကျင့်​ဆောင်​စေ​ခြင်း​ငှာ၊ အ​ဘ​သည် မိ​မိ​သား​တို့​ကို ပြု​သ​ကဲ့​သို့ ငါ​တို့​သည် သင်​တို့​ရှိ​သ​မျှ​ကို အ​ဘယ်​သို့ တိုက်​တွန်း​သွေး​ဆောင်၍ မှာ​ထား​သည်​ကို သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ယုံ​ကြည်​ခြင်း​သို့​ရောက်​သော သင်​တို့​တွင် ငါ​တို့​သည် အ​ဘယ်​သို့ သန့်​ရှင်း​ဖြောင့်​မတ်​လျက်၊ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​လျက်​နေ​ကြ​သည်​ကို သင်​တို့​သည် သက်​သေ​ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည်​လည်း သက်​သေ​ဖြစ်​တော်​မူ၏။

၁ သက်သာလောနိတ် 2:1-12 Common Language Bible (BCL)

ညီ​အစ်​ကို​တို့၊ သင်​တို့​ထံ​သို့​ငါ​လာ​ခဲ့​ခြင်း သည်​အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း သင်​တို့​ကိုယ် တိုင်​သိ​ကြ​၏။- ငါ​တို့​သည်​သင်​တို့​ရှိ​ရာ​သက်​သာ​လော​နိတ် မြို့​သို့​မ​လာ​မီ ဖိ​လိပ္ပိ​မြို့​တွင်​ညှဉ်း​ပန်း​စော် ကား​မှု​တို့​ကို​ခံ​ခဲ့​ရ​ကြောင်း​သင်​တို့​သိ​ကြ​၏။ ယင်း​သို့​အ​တိုက်​အ​ခံ​ပြု​ခြင်း​ခံ​ရ​သော်​လည်း သင်​တို့​အား​ဘု​ရား​သ​ခင်​၏​သ​တင်း​ကောင်း ကို​ကြေ​ညာ​ဟော​ပြော​နိုင်​ရန်​စွမ်း​ရည်​သတ္တိ ကို ငါ​တို့​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​၏။- သင်​တို့​အား​ငါ​တို့​၏​ဟော​ပြော​တိုက်​တွန်း ချက်​သည်​အ​မှား​အ​ယွင်း​အ​ပေါ်​၌​သော် လည်း​ကောင်း၊ မ​သ​မာ​သော​ရည်​ရွယ်​ချက် အ​ပေါ်​၌​သော်​လည်း​ကောင်း၊ မူ​တည်​သည် မ​ဟုတ်။ ငါ​တို့​သည်​မည်​သူ့​ကို​မျှ​လည်း လိမ်​လည်​လှည့်​စား​ရန်​မ​ကြိုး​စား။- ယင်း​သို့​ပြု​မည့်​အ​စား​သ​ခင်​ဘု​ရား​သည် ငါ​တို့​အား​ထိုက်​တန်​သူ​များ​အ​ဖြစ်​လက်​ခံ တော်​မူ​သ​ဖြင့် သ​တင်း​ကောင်း​ကြေ​ညာ​ရန် လွှဲ​အပ်​တော်​မူ​သည်​နှင့်​အ​ညီ​ငါ​တို့​သည် ကိုယ်​တော်​ဟော​ပြော​စေ​သည့်​အ​တိုင်း​အ​စဉ် ပင်​ဟော​ပြော​ကြ​၏။ ငါ​တို့​သည်​လူ​တို့​နှစ် သက်​မှု​ကို​ရ​ရန်​မ​ကြိုး​စား။ ငါ​တို့​စိတ် နှ​လုံး​ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​တတ် သော၊ ဘု​ရား​သ​ခင်​နှစ်​သက်​မှု​ကို​သာ လျှင်​ရ​ရန်​ကြိုး​စား​ကြ​၏။- သင်​တို့​သိ​သည်​အ​တိုင်း​ငါ​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ​မြှောက်​ပင့်​၍​မ​ပြော။ ငါ​တို့ လော​ဘ​ရှိ​၍​ဟန်​ဆောင်​သော​စိတ်​နှင့်​မ​ကြေ ညာ​မ​ဟော​ပြော​ကြောင်း​ကို ဘု​ရား​သ​ခင် သည်​ငါ​တို့​သက်​သေ​ဖြစ်​တော်​မူ​၏။- ငါ​တို့​သည်​ခ​ရစ်​တော်​၏​တ​မန်​တော်​များ အ​နေ​ဖြင့်​သင်​တို့​ထံ​တွင်​အ​ခွင့်​အ​ရေး​များ ကို​တောင်း​ဆို​နိုင်​၏။ သို့​သော်​သင်​တို့​၏​အ​ချီး အ​မွမ်း​ကို​သော်​လည်း​ကောင်း၊ အ​ခြား​သူ​တို့ ၏​အ​ချီး​အ​မွမ်း​ကို​သော်​လည်း​ကောင်း​ခံ ရ​စေ​ရန်​ငါ​တို့​မ​ကြိုး​စား။ ငါ​တို့​သည် သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က သား သ​မီး​များ​အား​ယု​ယ​စွာ​ပြု​စု​သည့် မိ​ခင်​ကဲ့​သို့​သင်​တို့​အား​ပြု​စု​ခဲ့​ကြ​၏။- ငါ​တို့​သည်​သင်​တို့​အား​လွန်​စွာ​ချစ်​မြတ်​နိုး ကြ​သည်​ဖြစ်​၍​ငါ​တို့​သည်​ဘု​ရား​သ​ခင် ၏​သ​တင်း​ကောင်း​ကို​သာ​မ​က ငါ​တို့​၏ အ​သက်​ကို​ပင်​သင်​တို့​အား​ပေး​လို​သော ဆန္ဒ​ရှိ​ကြ​၏။- ညီ​အစ်​ကို​တို့၊ ငါ​တို့​သည်​အ​ဘယ်​မျှ​ပင်​ပန်း စွာ​လုပ်​ဆောင်​ခဲ့​ကြ​သည်​ကို​သင်​တို့​သ​တိ ရ​လိမ့်​မည်။ သင်​တို့​ဝန်​မ​လေး​စေ​ရန်​ငါ​တို့ သည်​မိ​မိ​တို့​အ​သက်​မွေး​ဝမ်း​ကျောင်း​အ​လုပ် ကို နေ့​ရော​ည​ပါ​အား​ထုတ်​လုပ်​ကိုင်​လျက် ဘု​ရား​သ​ခင်​ထံ​တော်​မှ​သ​တင်း​ကောင်း​ကို ကြေ​ညာ​ဟော​ပြော​ခဲ့​ကြ​၏။ ငါ​တို့​သည်​ယုံ​ကြည်​သူ​သင်​တို့​နှင့်​ဆက်​ဆံ ရာ​တွင်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ဖြူ​စင် ဖြောင့်​မှန်​စွာ​ပြု​မူ​ကျင့်​ကြံ​ခဲ့​သည်​ကို သင် တို့​သက်​သေ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည် လည်း​သက်​သေ​ဖြစ်​တော်​မူ​၏။- ဖ​ခင်​သည်​မိ​မိ​၏​သား​သ​မီး​တို့​နှင့်​ဆက်​ဆံ သ​ကဲ့​သို့ ငါ​တို့​သည်​သင်​တို့​ရှိ​သ​မျှ​နှင့်​ဆက် ဆံ​ကြောင်း​သင်​တို့​သိ​ကြ​၏။- ငါ​တို့​သည်​သင်​တို့​ကို​အား​ပေး​စ​ကား​ပြော ကြား​ခဲ့​ကြ​၏။ စိတ်​သက်​သာ​မှု​ကို​ရ​ရှိ​စေ​ခဲ့ ကြ​၏။ ကိုယ်​တော်​၏​နိုင်​ငံ​တော်​သို့​ဝင်​ခွင့်​နှင့် ဘုန်း​အ​သ​ရေ​ကို​ခံ​ယူ​ခွင့်​ရ​နိုင်​စိမ့်​သော​ငှာ သင်​တို့​အား​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သည့်​အ​ကျင့် မျိုး​ကို​ကျင့်​ကြ​စေ​ရန်​တိုက်​တွန်း​နှိုး​ဆော်​ခဲ့ ကြ​၏။

၁ သက်သာလောနိတ် 2:1-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ညီအစ်ကို​တို့၊ သင်​တို့​ထံသို့ ငါ​တို့​ရောက်ရှိ​လာ​ခြင်း​သည် အချည်းနှီး​မ​ဖြစ်​ကြောင်း သင်​တို့​ကိုယ်တိုင်​သိ​ကြ​၏။ သင်​တို့​သိ​ကြ​သည့်​အတိုင်း ငါ​တို့​သည် ဦးစွာ ဖိလိပ္ပိ​မြို့​၌ ဒုက္ခ​ဝေဒနာ​ခံစား​ရ​လျက် နှိပ်စက်​ခြင်း​ကို​ခံရ​သော်လည်း ကြီးစွာ​သော​ဆန့်ကျင်​တိုက်ခိုက်​မှု​ထဲတွင် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို ငါ​တို့​၏​ဘုရားသခင်​အားဖြင့် သင်​တို့​အား ရဲရင့်​စွာ​ဟောပြော​ကြ​၏။ အကြောင်းမူကား ငါ​တို့​သည် မှားယွင်း​ခြင်း၊ ညစ်ညူး​ခြင်း​နှင့် ပရိယာယ်​တို့​အားဖြင့် သင်​တို့​ကို​တိုက်တွန်း​ဟောပြော​ကြ​သည်​မ​ဟုတ်။ ဘုရားသခင်​သည် ငါ​တို့​ကို​အသိအမှတ်ပြု​လျက် ကောင်းမြတ်​သော​သတင်း​ကို ငါ​တို့​၌​ယုံကြည်​အပ်နှံ​ထား​သည့်​အလျောက် ငါ​တို့​သည် လူ​တို့​ကို​နှစ်သက်​စေရန်​မ​ဟုတ်​ဘဲ ငါ​တို့​၏​စိတ်နှလုံး​ကို​စစ်ဆေး​တော်မူ​သော​ဘုရားသခင်​ကို နှစ်သက်​စေရန် ဟောပြော​ကြ​၏။ အကြောင်းမူကား သင်​တို့​သိ​ကြ​သည့်​အတိုင်း ငါ​တို့​သည် မြှောက်ပင့်​သော​စကား​ကို တစ်ကြိမ်​တစ်ခါ​မျှ​မ​သုံး၊ လောဘ​စိတ်​ဖြင့်​ဟန်ဆောင်​ခြင်း​လည်း​မ​ရှိ​ခဲ့​ပေ။ ဤ​အကြောင်းအရာ​နှင့်​ပတ်သက်၍ ဘုရားသခင်​သည် ငါ​တို့​၏​သက်သေ​ဖြစ်​တော်မူ​၏။ ငါ​တို့​သည် ခရစ်တော်​၏​တမန်တော်​များ​အနေဖြင့် ဩဇာအာဏာ​ကို​အသုံးပြု​နိုင်​သော်လည်း သင်​တို့​ထံမှ​ဖြစ်စေ၊ အခြား​သော​သူ​တို့​ထံမှ​ဖြစ်စေ လူ​တို့​ပေး​သော​ဂုဏ်ပြု​ချီးမွမ်း​ခြင်း​ကို​မ​ရှာ​ဘဲ နို့တိုက်​မိခင်​သည် မိမိ​၏​သားသမီး​များ​ကို ယုယ​ကြင်နာ​သကဲ့သို့ သင်​တို့​အလယ်​၌ နူးညံ့​သိမ်မွေ့​သော​သူ​များ​ဖြစ်​ကြ​၏။ ထိုနည်းတူ သင်​တို့​သည် ငါ​တို့​ချစ်​သော​သူ​များ​ဖြစ်လာ​ကြ​သောကြောင့် ငါ​တို့​သည် သင်​တို့​ကို​ချစ်ခင်​တွယ်တာ​လျက် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို​သာမက ငါ​တို့​၏​အသက်​ကို​ပင် ဝေမျှ​ပေး​ရန် စေတနာ​စိတ်​ရှိ​ကြ​၏။ ညီအစ်ကို​တို့၊ ငါ​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​နှင့်​ပင်ပန်း​ခက်ခဲ​မှု​တို့​ကို သင်​တို့​မှတ်မိ​ကြ​၏။ ငါ​တို့​သည် သင်​တို့​ထဲမှ မည်သူ့​အပေါ်​၌​မျှ ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​စေရန် နေ့​ရော​ည​ပါ​အလုပ်​လုပ်​လျက် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား ဟောပြော​ကြ​၏။ ငါ​တို့​သည် ယုံကြည်​သူ​ဖြစ်​သော​သင်​တို့​တွင် မည်သို့ သန့်ရှင်း​ဖြူစင်​စွာ​နှင့် ဖြောင့်မတ်​စွာ​ပြုမူ​လျက် အပြစ်တင်​စရာ​မ​ရှိ​ရ​လေ​အောင် နေထိုင်​ခဲ့​သည်​ကို သင်​တို့​နှင့်​ဘုရားသခင်​သည် ငါ​တို့​၏​သက်သေ​များ​ဖြစ်​ကြ​၏။ သင်​တို့​သိ​ကြ​သည့်​အတိုင်း ဖခင်​သည် မိမိ​သားသမီး​များ​အပေါ်​ပြု​သကဲ့သို့ ငါ​တို့​သည် သင်​တို့​အပေါ်​ပြုမူ​လျက် မိမိ​နိုင်ငံ​တော်​နှင့်​ဘုန်း​အသရေ​တော်​သို့ သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​ဘုရားသခင်​နှင့် ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် သင်​တို့​တစ်​ဦး​စီ​ကို တိုက်တွန်း​နှိုးဆော်​၍ နှစ်သိမ့်​အားပေး​ကာ သတိပေး​ခဲ့​ကြ​၏။