YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 8:1-19

၁ ဓမ္မရာဇဝင် 8:1-19 Judson Bible (JBMLE)

ရှ​မွေ​လ​သည် အ​သက်​ကြီး​သော​အ​ခါ၊ မိ​မိ​သား​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး၌ အုပ်​စိုး​ရ​သော​အ​ခွင့်​နှင့် ခန့်​ထား၏။ သား​ဦး​အ​မည်​ကား ယော​လ၊ ဒု​တိ​ယ​သား​အ​မည်​ကား အ​ဘိ​ရ​တည်း။ ထို​သူ​တို့​သည် ဗေ​ရ​ရှေ​ဗ​မြို့၌ တ​ရား​သူ​ကြီး​လုပ်​ကြ၏။ သို့​ရာ​တွင် အ​ဘ​လမ်း​သို့​မ​လိုက်။ ငွေ​ကို​တပ်​မက်​သော​စိတ်​နှင့် လွဲ​သွား၍ တံ​စိုး​စား​လျက် တ​ရား​ကို​ဖျက်​ကြ၏။ ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် စည်း​ဝေး၍၊ ရှ​မွေ​လ​ရှိ​ရာ​အ​ရပ် ရာ​မ​မြို့​သို့​လာ​ပြီး​လျှင်၊ ကိုယ်​တော်​သည် အ​သက်​ကြီး​ပါ၏။ ကိုယ်​တော်၏​သား​တို့​သည် ကိုယ်​တော်​လမ်း​သို့ မ​လိုက်​ကြ​ပါ။ လူ​မျိုး​အ​ပေါင်း​တို့၏ ထုံး​စံ​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​ရ​သော​ရှင်​ဘု​ရင်​ကို ချီး​မြှောက်​ပါ​လော့​ဟု လျှောက်​ကြ၏။ ထို​သို့ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​ရ​သော ရှင်​ဘု​ရင်​ကို ပေး​ပါ​လော့​ဟု လျှောက်​သော​အ​မှု​ကို ရှ​မွေ​လ​သည် မ​နှစ်​သက်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​အား​ဆု​တောင်း​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင့်​အား လူ​များ​တို့​ပြော​ဆို​သ​မျှ​သော စ​ကား​ကို နား​ထောင်​လော့။ သူ​တို့​သည် သင့်​ကို​သာ​မ​ပယ်၊ ငါ​သည် သူ​တို့​ကို​မ​အုပ်​စိုး​စေ​ခြင်း​ငှာ ငါ့​ကို​လည်း​ပယ်​ကြ​ပြီ။ သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​ဆောင်​ခဲ့​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် ငါ့​ကို​စွန့်၍ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို ဝတ်​ပြု​သ​ဖြင့် ကျင့်​မိ​သ​မျှ​သော အ​ကျင့်​အ​တိုင်း သင်၌​လည်း​ပြု​ကြ၏။ ယ​ခု​မှာ သူ​တို့​စ​ကား​ကို နား​ထောင်​လော့။ သို့​ရာ​တွင် သ​တိ​ပေး၍ သူ​တို့​ကို​အုပ်​စိုး​သော ရှင်​ဘု​ရင်၏​ထုံး​စံ​ကို ပြ​လော့​ဟု မိန့်​တော်​မူ၏။ ရှ​မွေ​လ​သည်​လည်း၊ ရှင်​ဘု​ရင်​ကို တောင်း​သော​သူ​တို့​အား ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ​သ​မျှ​ကို ပြန်​ပြော၍၊ သင်​တို့​ကို အုပ်​စိုး​သော ရှင်​ဘု​ရင်၏​ထုံး​စံ​ဟူ​မူ​ကား၊ သင်​တို့​သား​များ​ကို​ယူ၍ မိ​မိ​ရ​ထား​ထိန်း၊ မြင်း​ထိန်း​အ​ရာ၌ ခန့်​ထား၍၊ အ​ချို့​တို့​သည်​လည်း သူ၏​ရ​ထား​ရှေ့​မှာ ပြေး​ရ​ကြ​မည်။ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​ရာ၌ ခန့်​ထား၍၊ လယ်​လုပ်​ခြင်း၊ စ​ပါး​ရိတ်​ခြင်း၊ စစ်​တိုက်​တန်​ဆာ၊ ရ​ထား​တန်​ဆာ​ကို​လုပ်​ခြင်း​အ​မှု​များ​ကို ဝေ​ဖန်​လိမ့်​မည်။ သင်​တို့​သ​မီး​များ​ကို​လည်း ယူ၍၊ ခဲ​ဖွယ်​စား​ဖွယ်​တို့​ကို ပြင်​ဆင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စား​တော်​ကဲ၊ မုန့်​သည် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ခန့်​ထား​လိမ့်​မည်။ သင်​တို့​လယ်​ကွက်၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ် အ​ကောင်း​ဆုံး​တို့​ကို​ယူ၍ မိ​မိ​ကျွန်​တို့​အား ပေး​လိမ့်​မည်။ သင်​တို့​မျိုး​စေ့ စ​ပျစ်​သီး ဆယ်​ဖို့​တစ်​ဖို့​ကို​ယူ၍ သူ၏​အ​ရာ​ရှိ အ​မှု​ထမ်း​တို့​အား ပေး​လိမ့်​မည်။ သင်​တို့​ကျွန်၊ ကျွန်​မ၊ အ​ကောင်း​ဆုံး​သော လု​လင်၊ မြည်း​များ​ကို​ယူ၍ သူ၏​အ​မှု​ကို လုပ်​ကိုင်​စေ​လိမ့်​မည်။ သင်​တို့​သိုး​စု ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ယူ၍ သင်​တို့​သည် သူ၏​ကျွန်​ခံ​ရ​ကြ​မည်။ သင်​တို့​ရွေး​ယူ​သော ရှင်​ဘု​ရင်​ကြောင့်၊ ထို​နေ့၌ သင်​တို့ အော်​ဟစ်​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်​တော်​မ​မူ​ဟု သ​တိ​ပေး​လေ၏။ သို့​သော်​လည်း လူ​များ​တို့​က၊ မ​ဟုတ်​ပါ။ အုပ်​စိုး​သော ရှင်​ဘု​ရင်​ကို လို​ချင်​ပါ၏။

၁ ဓမ္မရာဇဝင် 8:1-20 Common Language Bible (BCL)

ရှ​မွေ​လ​သည်​အို​မင်း​၍​လာ​သော​အ​ခါ​မိ​မိ ၏​သား​များ​အား ဣ​သ​ရေ​လ​ပြည်​တွင်​တ​ရား သူ​ကြီး​များ​အ​ဖြစ်​ခန့်​ထား​၏။- သား​ကြီး​ကား​ယော​လ၊ သား​ငယ်​ကား​အ​ဘိ ရ​ဟု​နာ​မည်​တွင်​၏။ သူ​တို့​သည်​ဗေ​ရ​ရှေ​ဗ မြို့​တွင်​တ​ရား​သူ​ကြီး​များ​အ​ဖြစ်​ဆောင် ရွက်​ကြ​၏။- သို့​ရာ​တွင်​အ​ဖ​၏​လမ်း​စဉ်​ကို​မ​လိုက်​ကြ။ ငွေ​ကြေး​ရ​ရှိ​မှု​ကို​သာ​လျှင်​စိတ်​ဝင်​စား သ​ဖြင့် တံ​စိုး​လက်​ဆောင်​ယူ​ကာ​အ​မှု​များ ကို​မ​တ​ရား​စီ​ရင်​ဆုံး​ဖြတ်​ကြ​၏။ ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​သည် စု​ဝေး​၍​ရာ​မ​မြို့ ရှိ​ရှ​မွေ​လ​ထံ​သို့​သွား​ပြီး​လျှင်၊- ``အ​ရှင်​သည်​အ​သက်​အ​ရွယ်​အို​၍​လာ​ပါ​ပြီ။ အ​ရှင့်​သား​တို့​သည်​လည်း​အ​ရှင်​၏​လမ်း​စဉ် ကို​မ​လိုက်​ကြ​ပါ။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့ အား​အုပ်​စိုး​ရန်​ဘု​ရင်​ကို​ခန့်​ပေး​ပါ။ သို့​မှ သာ​လျှင်​အ​ကျွန်ုပ်​တို့​တွင်​အ​ခြား​တိုင်း​ပြည် များ​မှာ​ကဲ့​သို့​ဘု​ရင်​ရှိ​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။- ယင်း​သို့​ဘု​ရင်​ခန့်​ထား​ပေး​ရန်​လူ​တို့​တောင်း ဆို​ကြ​သည်​ကို ရှ​မွေ​လ​မ​နှစ်​သက်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ နာ​ပြု​လေ​၏။- ထာ​ဝ​ရ​ဘု​ရား​က``လူ​တို့​သင့်​အား​ပြော သ​မျှ​စ​ကား​ကို​နား​ထောင်​လော့။ သူ​တို့​သင့် ကို​ပစ်​ပယ်​ကြ​သည်​မ​ဟုတ်၊ ငါ့​ကို​ပစ်​ပယ် ကြ​၏။ သူ​တို့​သည်​ငါ့​အား​မိ​မိ​တို့​၏ ဘု​ရင်​အ​ဖြစ်​မှ​ပစ်​ပယ်​ကြ​လေ​ပြီ။- သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ ချိန်​မှ ယ​နေ့​တိုင်​သူ​တို့​သည်​ငါ့​ကို​ကျော ခိုင်း​ကာ​အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ကြ​၏။ သူ​တို့​သည်​ငါ့​အား အ​စဉ် ပြု​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ခါ​သင့်​ကို ပြု​ကြ​ခြင်း​သာ​ဖြစ်​၏။- သို့​ဖြစ်​၍​သူ​တို့​ပြော​သော​စ​ကား​ကို​နား ထောင်​လော့။ သို့​သော်​ဘု​ရင်​အုပ်​စိုး​သော​အ​ခါ ဘု​ရင်​တို့​၏​ကျင့်​ထုံး​ကျင့်​နည်း​တို့​ကို​ပြော ပြ​၍​ကြပ်​တည်း​စွာ​သ​တိ​ပေး​လော့'' ဟု မိန့်​တော်​မူ​၏။ ရှ​မွေ​လ​သည်​ဘု​ရင်​ခန့်​ပေး​ရန် မိ​မိ​ထံ တောင်း​ဆို​သူ​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သ​မျှ​တို့​ကို​ပြန်​ကြား​လေ​၏။- သူ​က``သင်​တို့​ကို​အုပ်​စိုး​သော​ဘု​ရင်​သည် သင်​တို့​သား​များ​ကို​စစ်​မှု​ထမ်း​စေ​လိမ့်​မည်။ အ​ချို့​သော​သူ​တို့​ကို​ရ​ထား​တပ်​၌​လည်း ကောင်း၊ အ​ချို့​ကို​မြင်း​တပ်​၌​လည်း​ကောင်း၊ အ​ချို့​ကို​အ​ထူး​ထိုး​စစ်​ဆင်​ရာ​တပ်​များ ၌​လည်း​ကောင်း​အ​မှု​ထမ်း​စေ​လိမ့်​မည်။- သူ​သည်​အ​ချို့​ကို​လူ​တစ်​ထောင်​တပ်​မှူး​များ၊ အ​ချို့​ကို​လူ​ငါး​ဆယ်​တပ်​မှူး​များ​အ​ဖြစ် ခန့်​ထား​လိမ့်​မည်။ သင်​တို့​၏​သား​များ​သည် ဘု​ရင်​၏​လယ်​များ​ကို​ထွန်​၍ သူ​၏​စပါး​များ ကို​ရိတ်​သိမ်း​ရ​လိမ့်​မည်။ သူ​၏​လက်​နက်​များ၊ စစ်​ရ​ထား​တန်​ဆာ​များ​ကို​ပြု​လုပ်​ရ​ကြ လိမ့်​မည်။- သင်​တို့​၏​သ​မီး​များ​သည်​လည်း​ဘု​ရင်​အ​တွက် နံ့​သာ​အ​မွှေး​အ​ကြိုင်​အ​မျိုး​မျိုး​ဖော်​စပ်​သူ များ၊ စား​တော်​ကဲ​များ၊ မုန့်​ဖုတ်​လုပ်​သူ​များ ဖြစ်​ရ​ကြ​လိမ့်​မည်။- သူ​သည်​သင်​တို့​၏​အ​ကောင်း​ဆုံး​လယ်​ယာ များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​သံ​လွင်​ခြံ​များ ကို​သိမ်း​ယူ​ကာ မိ​မိ​၏​အ​မှု​ထမ်း​တို့​အား ပေး​အပ်​လိမ့်​မည်။- သူ​သည်​ဂျုံ​ဆန်​နှင့်​စ​ပျစ်​သီး​ဆယ်​ပုံ​တစ်​ပုံ ကို မိ​မိ​၏​နန်း​တွင်း​အ​ရာ​ရှိ​များ​နှင့်​အ​ခြား အ​မှု​ထမ်း​အ​ရာ​ထမ်း​တို့​အ​တွက်​သိမ်း​ယူ လိမ့်​မည်။- သင်​တို့​၏​အ​စေ​ခံ​များ၊ အ​ကောင်း​ဆုံး​သော နွား​များ နှင့်​မြည်း​များ​ကို​သိမ်း​ယူ​ကာ​မိ​မိ​အ​ဖို့ ခိုင်း​စေ​အ​သုံး​ပြု​လိမ့်​မည်။- သူ​သည်​သင်​တို့​သိုး​အုပ်​များ​၏​ဆယ်​ပုံ​တစ် ပုံ​ကို​သိမ်း​ယူ​လိမ့်​မည်။ သင်​တို့​ကိုယ်​တိုင်​ပင် လျှင်​သူ​၏​ထံ​၌​ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။- ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​သင်​တို့ သည် မိ​မိ​တို့​ကိုယ်​တိုင်​ရွေး​ချယ်​တင်​မြှောက် သည့်​ဘု​ရင်​ကြောင့်​ညည်း​ညူ​ကြ​လိမ့်​မည်။ သို့ သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏ ညည်း​ညူ​သံ​ကို​နား​ညောင်း​တော်​မူ​လိမ့်​မည် မ​ဟုတ်'' ဟု​သ​တိ​ပေး​လေ​၏။ လူ​တို့​သည်​ရှ​မွေ​လ​ပြော​ကြား​သည်​ကို​ပ​မာ ဏ​မ​ပြု​ဘဲ``ထို​သို့​မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​တို့ သည်​အ​ခြား​တိုင်း​ပြည်​များ​မှာ​ကဲ့​သို့​မိ​မိ တို့​အား​အုပ်​စိုး​၍ မိ​မိ​တို့​၏​စစ်​ပွဲ​များ​တွင် ရှေ့​ဆောင်​တိုက်​ခိုက်​ရန်​ဘု​ရင်​ကို​လို​ချင်​ပါ သည်'' ဟု​လျှောက်​ကြ​၏။

၁ ဓမ္မရာဇဝင် 8:1-19 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရှမွေလ​သည် အသက်ကြီး​လာ​သောအခါ အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​ရန် မိမိ​၏​သား​တို့​ကို ခန့်အပ်​ထား​၏​။ သူ​၏​သားဦး​အမည်​မှာ ယောလ​ဖြစ်​ပြီး ဒုတိယ​သား​အမည်​မှာ အဘိယ​ဖြစ်​၏​။ သူ​တို့​သည် ဗေရရှေဘ​မြို့​၌ စီရင်အုပ်ချုပ်​ရ​၏​။ သို့သော် သူ့​သား​တို့​သည် သူ​လျှောက်​သော​လမ်း​အတိုင်း မ​လိုက်​ကြ​။ မတရား​အကျိုးစီးပွား​ကို​ရှာ​ကြ​၏​။ တံစိုးလက်ဆောင်​ကို ခံယူ​ကြ​၏​။ တရားမျှတမှု​ကို လွှဲရှောင်​ကြ​၏​။ ထို့ကြောင့် အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​သည် စုဝေး​ပြီး ရာမ​မြို့​၌​နေထိုင်​သော ရှမွေလ​ထံသို့​လာ​၍ ရှမွေလ​အား “​ကြည့်ရှု​လော့​။ ယခု အရှင် အသက်ကြီး​ပြီ​။ အရှင့်​သား​တို့​သည်​လည်း အရှင်​လျှောက်​ခဲ့​သည့်​လမ်း​အတိုင်း မ​လိုက်လျှောက်​ကြ​ပါ​။ ထို့ကြောင့် လူမျိုးခြား​အပေါင်း​တို့​နည်းတူ အကျွန်ုပ်​တို့​ကို စီရင်အုပ်ချုပ်​ရန် ရှင်ဘုရင်​တစ်​ပါး​ကို အကျွန်ုပ်​တို့​အတွက် တင်မြှောက်​ပေး​ပါ​လော့​”​ဟု ဆို​ကြ​၏​။ ဤသို့ “​အကျွန်ုပ်​တို့​ကို စီရင်အုပ်ချုပ်​ရန် ရှင်ဘုရင်​တစ်ပါး​ကို တင်မြှောက်​ပေး​ပါ​လော့​”​ဟု တောင်းဆို​ကြ​သည်​ကို ရှမွေလ ဘဝင်မကျ​ပေ​။ သို့ဖြစ်၍ ရှမွေလ​သည် ထာဝရဘုရား​ထံ​ဆုတောင်း​လေ​၏​။ ထိုအခါ ထာဝရဘုရား​က ရှမွေလ​အား “​သူ​တို့​ပြော​သမျှ​ကို နားထောင်​လော့​။ သူ​တို့​သည် သင့်​ကို​သာ​စွန့်ပယ်​သည်​မ​ဟုတ်​။ ငါ့​ကို​လည်း သူ​တို့​၏​ရှင်ဘုရင်​အဖြစ်​မှ စွန့်ပယ်​ကြ​ပြီ​။ သူ​တို့​ကို အီဂျစ်​ပြည်​မှ ငါ​ထုတ်ဆောင်​ခဲ့​သည့်​နေ့​မှစ၍ ယနေ့​ချိန်​ထိ ငါ့​ကို​စွန့်ပယ်​ပြီး အခြား​ဘုရား​များ​ကို ဝတ်ပြု​ကြ​၏​။ ထိုသို့ ငါ့​ကို ပြု​သမျှ​အတိုင်း သင့်​ကို​လည်း ပြု​လေ​ပြီ​။ ယခု သူ​တို့​စကား​ကို နားထောင်​လော့​။ သို့သော် သူ​တို့​ကို အုပ်စိုး​မည့်​ရှင်ဘုရင်​သည် သူ​တို့​အပေါ် မည်သို့​စီရင်အုပ်ချုပ်​မည်​ကို သူ​တို့​အား ကြပ်ကြပ်​သတိပေး​ပြောပြ​လော့​”​ဟု မိန့်​တော်မူ​၏​။ ရှမွေလ​က​လည်း မိမိ​ထံ ရှင်ဘုရင်​တောင်းဆို​သော​ထို​သူ​တို့​အား ထာဝရဘုရား​မိန့်​တော်မူ​သမျှ​ကို ပြောပြ​လေ​၏​။ “​သင်​တို့​ကို အုပ်စိုး​မည့်​ရှင်ဘုရင်​၏​ထုံးနည်း​ကား ဤသို့​ဖြစ်​၏​။ သူ​သည် သင်​တို့​၏​သား​များ​ကို​ခေါ်​၍ သူ​၏​ရထား​မောင်းနှင်​သူ​များ​၊ မြင်းစီးသူရဲ​များ​အဖြစ် ခန့်ထား​လိမ့်မည်​။ သူ​တို့​ကို သူ့​ရထား​ရှေ့​တွင် ပြေး​စေ​လိမ့်မည်​။ သူ့​အဖို့ လူ​တစ်ထောင်အုပ်​၊ လူ​ငါးဆယ်အုပ်​များ​အဖြစ် ခန့်ထား​မည်​။ လယ်ယာ​ကို ထွန်ယက်​စေ​မည်​။ ကောက်​ရိတ်​စေ​မည်​။ စစ်​လက်နက်​များ​၊ ရထား​တန်ဆာပလာ​များ​ကို ပြုလုပ်​စေ​မည်​။ သင်​တို့​၏​သမီးပျို​များ​ကို​လည်း ခေါ်ယူ​၍ အမွှေးနံ့သာ​ဖော်စပ်​သူ​၊ ချက်ပြုတ်​သူ​၊ မုန့်ဖုတ်​သူ စသည်ဖြင့် ခိုင်းစေ​လိမ့်မည်​။ သင်​တို့​၏​လယ်ယာ​များ​၊ စပျစ်ခြံ​များ​၊ သံလွင်ခြံ​များ​ထဲမှ အကောင်းဆုံး​သီးနှံ​များ​ကို သိမ်းယူ​ပြီး သူ​၏​အမှုထမ်း​တို့​အား ပေး​လိမ့်မည်​။ သင်​တို့​၏​ကောက်ပဲသီးနှံ​များ​၊ စပျစ်သီး​များ​ထဲမှ ဆယ်ဖို့တစ်ဖို့​ကို​သိမ်းယူ​၍ သူ​၏​မှူးမတ်​များ​၊ အစေအပါး​များ​ကို ပေး​လိမ့်မည်​။ သင်​တို့​၏​ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​၊ သန်မာထွားကျိုင်း​သော​လုလင်ပျို​များ​အပါအဝင် မြည်း​များ​ကို​ပါ သိမ်းယူ​၍ သူ့​လုပ်ငန်း​တွင် ခိုင်းစေ​လိမ့်မည်​။ သင်​တို့​၏​သိုးအုပ်​ထဲမှ သိုး​ဆယ်ပုံတစ်ပုံ​ကို ယူ​လိမ့်မည်​။ သင်​တို့​သည်​လည်း သူ​၏​အစေအပါး ဖြစ်​ရ​လိမ့်မည်​။ သင်​တို့​ရွေးချယ်​လိုက်​သော​ရှင်ဘုရင်​ကြောင့် ထို​နေ့​၌ သင်​တို့​အော်ဟစ်​ရ​လိမ့်မည်​။ သို့သော် ထို​နေ့​၌ ထာဝရဘုရား​သည် သင်​တို့​ကို လှည့်ကြည့်​တော်မူ​မည်​မ​ဟုတ်​”​ဟု ဆို​လေ​၏​။ သို့သော် သူ​တို့​သည် ရှမွေလ​စကား​ကို နားမထောင်​ဘဲ “​ထိုသို့​မ​ဟုတ်​ပါ​။ မည်သို့ပင်​ဖြစ်စေ အကျွန်ုပ်​တို့​ကို​အုပ်စိုး​သော​ရှင်ဘုရင် ရှိ​ရ​မည်​။