YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 5:1-12

၁ ဓမ္မရာဇဝင် 5:1-12 Judson Bible (JBMLE)

ဖိ​လိ​တ္တိ​လူ​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို​ယူ၍ ဧ​ဗ​နေ​ဇာ​မြို့​မှ အာ​ဇုတ်​မြို့​သို့ ဆောင်​သွား​ကြ၏။ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ဒါ​ဂုန်​ကျောင်း​ထဲ​သို့​သွင်း၍ ဒါ​ဂုန်​အ​နား​မှာ ထား​ကြ၏။ အာ​ဇုတ်​မြို့​သား​တို့​သည် နံ​နက်​စော​စော​ထ​ကြ​သော​အ​ခါ၊ ဒါ​ဂုန်​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ရှေ့၌ မြေ​ပေါ်​မှာ​လဲ၍ ပျပ်​ဝပ်​လျက်​ရှိ​သည်​ကို တွေ့​သ​ဖြင့်၊ သူ့​ကို​ယူ၍ သူ၏​နေ​ရာ၌ တင်​ထား​ပြန်​ကြ၏။ တစ်​ဖန် နက်​ဖြန်​နံ​နက်​စော​စော​ထ​ကြ​သော​အ​ခါ၊ ဒါ​ဂုန်​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ရှေ့၌ မြေ​ပေါ်​မှာ​လဲ၍ ပျပ်​ဝပ်​လျက်၊ ခေါင်း​နှင့် လက်​ဝါး​နှစ်​ဖက်​ပြတ်၍ တံ​ခါး​ခုံ​ပေါ်​မှာ​တင်​လျက်၊ ဒါ​ဂုန်၌ ကိုယ်​တိ​တိ​ရှိ​သည်​ကို တွေ့​ကြ၏။ ထို​ကြောင့် ဒါ​ဂုန်၏​ယဇ်​ပု​ရော​ဟိတ်​များ၊ ဒါ​ဂုန်​ကျောင်း​သို့ ဝင်​သော​သူ​များ​တို့​သည်၊ အာ​ဇုတ်​မြို့၌​ရှိ​သော ဒါ​ဂုန်​ကျောင်း​တံ​ခါး​ခုံ​ကို ယ​နေ့​တိုင်​အောင် ကျော်​နင်း​လေ့​မ​ရှိ​ကြ။ အာ​ဇုတ်​မြို့​နှင့် မြို့​နယ်၌​နေ​သော​သူ​တို့​အ​ပေါ်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် လေး​သော​လက်​တော်​နှင့် ဖျက်​တော်​မူ၏။ မြင်း​သ​ရိုက်​အ​နာ​နှင့်​လည်း ဒဏ်​ခတ်​တော်​မူ၏။ အာ​ဇုတ်​မြို့​သား​တို့​သည် ထို​အ​မှု​ကို​မြင်​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​နှင့် ငါ​တို့​ဘု​ရား​ဒါ​ဂုန်​အ​ပေါ်​မှာ လေး​သော​လက်​တော်​ကို တင်​တော်​မူ​သည်​ဖြစ်၍၊ ထို​ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ငါ​တို့​တွင်​မ​ရှိ​စေ​ရ​ဟု​ဆို​လျက်၊ လူ​ကို​စေ​လွှတ်၍ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့် သေ​တ္တာ​တော်​ကို အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​ကြ၏။ မင်း​များ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို ဂါ​သ​မြို့​သို့ ဆောင်​သွား​စေ​ဟု စီ​ရင်​သည်​အ​တိုင်း ဆောင်​သွား​ကြ၏။ ထို​မြို့​သို့​ဆောင်​သွား​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ထို​မြို့၌ ကြီး​စွာ​သော​ဖျက်​ဆီး​ခြင်း​ကို​ပြု၍၊ မြို့​သူ​မြို့​သား အ​ကြီး​အ​ငယ်​တို့​ကို ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ ကိုယ်​အ​တွင်း၌ မြင်း​သ​ရိုက်​အ​နာ​ကို ခံ​ရ​ကြ၏။ တစ်​ဖန် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို ဧ​ကြုန်​မြို့​သို့ ပို့​လိုက်​သ​ဖြင့်၊ ထို​မြို့​သို့​ရောက်​သော​အ​ခါ၊ မြို့​သူ​မြို့​သား​တို့​က၊ ငါ​တို့​နှင့် ငါ​တို့​လူ​များ​ကို​သတ်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ပါ​သည်​တ​ကား​ဟု ဟစ်​ကြော်​လျက်၊ လူ​ကို​စေ​လွှတ်၍ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့် သေ​တ္တာ​တော်​သည် ငါ​တို့​နှင့်​ငါ​တို့​လူ​များ​ကို မ​သတ်​စေ​ခြင်း​ငှာ လွှတ်​လိုက်​ကြ​ကုန်​အံ့၊ မိ​မိ​နေ​ရင်း​အ​ရပ်​သို့ သွား​ပါ​လေ​စေ​ဟု ဆို​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လွန်​လေး​သော လက်​တော်​ကို တင်​တော်​မူ​သ​ဖြင့်၊ တစ်​မြို့​လုံး​သေ​စေ​တတ်​သော အ​နာ​ရော​ဂါ နှံ့​ပြား​လေ၏။ သေ​ဘေး​နှင့်​လွတ်​သော်​လည်း မြင်း​သ​ရိုက်​နာ​ဖြင့် ဒဏ်​ခတ်​ခြင်း​ကို​ခံ​ရ၍၊ ထို​မြို့​အော်​ဟစ်​သော​အ​သံ​သည် မိုး​ကောင်း​ကင်​သို့ တက်​လေ၏။

၁ ဓမ္မရာဇဝင် 5:1-12 Common Language Bible (BCL)

ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​သိမ်း​ယူ​ကြ​ပြီး​လျှင် ဧ​ဗ​နေ​ဇာ​မြို့ မှ​မိ​မိ​တို့​နေ​ထိုင်​ရာ​အာ​ဇုတ်​မြို့​သို့​ပင့်​ဆောင် ကာ၊- ဒါ​ဂုန်​ဘု​ရား​ကျောင်း​အ​တွင်း​ရှိ​ဒါ​ဂုန်​ရုပ်​တု အ​နီး​တွင်​ထား​ကြ​၏။- နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​ဒါ​ဂုန်​ရုပ်​တု သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ရှေ့​တွင် မှောက်​လျက်​လဲ​ကျ​နေ​သည်​ကို​အာ​ဇုတ် မြို့​သား​တို့​မြင်​ရ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် ထို​ရုပ်​တု​ကို​ထူ​ပြီး​လျှင်​တစ်​ဖန်​မူ​ရင်း​နေ ရာ​တွင်​ပြန်​ထား​ကြ​၏။- နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​ထို​ရုပ်​တု​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏​ရှေ့​တွင်​တစ်​ဖန်​မှောက် လျက်​လဲ​ကျ​နေ​သည်​ကို​မြင်​ရ​ကြ​ပြန်​၏။ ယ​ခု​အ​ကြိမ်​၌​မူ​ရုပ်​တု​၏​ဦး​ခေါင်း​နှင့် လက်​နှစ်​ဖက်​စ​လုံး​ပင်​ပြတ်​၍ တံ​ခါး​ဝ အ​နီး​သို့​ရောက်​ရှိ​နေ​လေ​သည်။ ရုပ်​တု​၏ ကိုယ်​လုံး​သာ​လျှင်​ကျန်​ရစ်​ခဲ့​၏။- (ထို့​ကြောင့်​ဒါ​ဂုန်​ဘု​ရား​ယဇ်​ပု​ရော​ဟိတ် များ၊ ဒါ​ဂုန်​ဘု​ရား​ကျောင်း​ကို​ဝင်​ထွက်​ကြ သော​အာ​ဇုတ်​မြို့​သား​များ​သည် ကျောင်း​တံ​ခါး ခုံ​ကို​ယ​နေ့​တိုင်​အောင်​မ​နင်း​ဘဲ​ကျော်​၍ သွား​ကြ​၏။) ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဇုတ်​မြို့​သား​တို့ အား ပြင်း​စွာ​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်​ကြောက် လန့်​တုန်​လှုပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​သည် ထို​မြို့​သား​တို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့ အား​အ​နာ​စိမ်း​များ​ပေါက်​စေ​ခြင်း​အား ဖြင့်​ဒဏ်​ခတ်​တော်​မူ​၏။- သူ​တို့​သည်​ထို​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင် ကြ​သော​အ​ခါ``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကိုး​ကွယ်​သော​ဘု​ရား​သည်​ငါ​တို့​နှင့် ငါ​တို့​၏​ဒါ​ဂုန်​ဘု​ရား​အား​ဒဏ်​ခတ်​တော်​မူ လေ​ပြီ။ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ဤ​အ​ရပ် တွင်​ငါ​တို့​ဆက်​လက်​ထား​ရှိ​၍​ဖြစ်​တော့ မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။- ထို့​ကြောင့်​သူ​တို့​သည်​ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး တို့​ထံ​စေ​တ​မန်​များ​လွှတ်​၍​ဖိတ်​ခေါ်​ပြီး လျှင်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ် သော​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ငါ တို့​အ​ဘယ်​သို့​ပြု​ရ​ကြ​မည်​နည်း'' ဟု​မေး ကြ​၏။ ဘု​ရင်​တို့​က``ဂါ​သ​မြို့​သို့​ပင့်​ဆောင်​သွား ကြ​လော့'' ဟု​ဆို​သ​ဖြင့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​အ​ခြား​ဖိ​လိတ္တိ​မြို့​တစ်​မြို့​ဖြစ် သော​ဂါ​သ​မြို့​သို့​ပင့်​ဆောင်​သွား​ကြ​၏။- သို့​ရာ​တွင်​ထို​အ​ရပ်​သို့​သေတ္တာ​တော်​ရောက်​ရှိ ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​ကို​လည်း ဒဏ်​ခတ်​တော်​မူ​ပြန်​သ​ဖြင့် လူ​တို့​သည်​ထိတ်​လန့် ကြ​ကုန်​၏။ ကိုယ်​တော်​သည်​ကြီး​ငယ်​မ​ရွေး​မြို့ သူ​မြို့​သား​အ​ပေါင်း​တို့​အား​အ​နာ​စိမ်း​များ ပေါက်​စေ​ခြင်း​အား​ဖြင့်​ဒဏ်​ခတ်​တော်​မူ​၏။- သို့​ဖြစ်​၍​သူ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို အ​ခြား​ဖိ​လိတ္တိ​မြို့​တစ်​မြို့​ဖြစ်​သော​ဧ​ကြုန်​မြို့ သို့​ပို့​လိုက်​ကြ​၏။ ထို​မြို့​သို့​သေတ္တာ​တော်​ရောက် ရှိ​သော​အ​ခါ​လူ​တို့​က``သူ​တို့​သည်​ငါ​တို့ ရှိ​သ​မျှ​ကို​သတ်​ရန်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကိုး​ကွယ်​သည့်​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ငါ​တို့​ထံ​သို့​ပင့်​ဆောင်​လာ​ကြ​လေ ပြီ'' ဟု​ဟစ်​အော်​ကြ​ကုန်​၏။- ထို့​ကြောင့်​သူ​တို့​သည်​ဖိ​လိတ္တိ​ဘု​ရင်​အ​ပေါင်း တို့​အား တစ်​ဖန်​ဖိတ်​ခေါ်​ပြီး​လျှင်``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ယင်း​၏​မူ​ရင်း​အ​ရပ်​သို့​ပြန်​ပို့​လိုက်​ကြ​ပါ။ သို့​မှ​သာ​လျှင်​ငါ​တို့​နှင့်​တ​ကွ​ငါ​တို့​၏​အိမ် ထောင်​စု​သား​များ​သည်​သေ​ဘေး​မှ​ကင်း​လွတ် ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။ ဘု​ရား​သ​ခင် သည်​သူ​တို့​အား​ပြင်း​ထန်​စွာ​ဒဏ်​ခတ်​တော် မူ​သည်​ဖြစ်​၍​တစ်​မြို့​လုံး​ပင်​ကြောက်​လန့် တုန်​လှုပ်​လျက်​နေ​ကြ​၏။- သေ​ဘေး​နှင့်​လွတ်​သော​သူ​များ​ပင်​လျှင် အ​နာ​စိမ်း​များ​ပေါက်​ကြ​သ​ဖြင့် လူ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​များ​အား​ကူ​မ​ရန်​ဟစ် အော်​လျှောက်​ထား​ကြ​၏။

၁ ဓမ္မရာဇဝင် 5:1-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဖိလိတ္တိ​လူမျိုး​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို သိမ်းယူ​၍ ဧဗနေဇာ​မြို့​မှ အာဇုတ်​မြို့​သို့​သယ်ဆောင်​သွား​ကြ​၏​။ ထိုသို့ ဖိလိတ္တိ​လူမျိုး​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို သယ်ဆောင်​သွား​ပြီး ဒါဂုန်​ဝတ်ကျောင်း​သို့ ယူသွား​၍ ဒါဂုန်​ဘုရား​ဘေး​၌ ထား​ကြ​၏​။ နောက်တစ်နေ့​တွင် အာဇုတ်​မြို့သား​တို့​သည် နံနက်​စောစောထ​ကြ​သောအခါ ဒါဂုန်​ဘုရား​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​တွင် မြေ​ပေါ်​မှောက်​လျက်​လဲ​နေ​သည်​ကို တွေ့​သဖြင့် သူ​တို့​သည် ဒါဂုန်​ဘုရား​ကို​ယူ​၍ သူ့​နေရာ​၌ ပြန်ထား​ကြ​၏​။ နောက်တစ်နေ့​နံနက်​စောစောထ​ကြ​သောအခါ​တွင်​လည်း ဒါဂုန်​ဘုရား​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​တွင် မြေ​ပေါ်​မှောက်​လျက်​လဲကျ​နေ​၏​။ ဒါဂုန်​ဘုရား​၏​ဦးခေါင်း​နှင့်​လက်ဖဝါး​နှစ်​ဖက်​မှာ တံခါးခုံ​ပေါ်တွင် ပြတ်ကျ​နေ​ပြီး ဒါဂုန်​ဘုရား​သည် ကိုယ်ထည်ကြီး​သာ ကျန်ရှိ​နေ​သည်​ကို တွေ့ရှိ​ကြ​လေ​၏​။ ထိုအကြောင်းကြောင့် အာဇုတ်​မြို့​တွင် ယနေ့​တိုင်အောင် ဒါဂုန်​၏​ယဇ်ပုရောဟိတ်​များ​နှင့် ဒါဂုန်​ဝတ်ကျောင်း​ထဲသို့ ဝင်​သော​သူ​တိုင်း ဒါဂုန်​တံခါးခုံ​ကို မ​နင်း​ဘဲ ကျော်သွား​ကြ​၏​။ ထာဝရဘုရား​၏​လက်​တော်​သည် အာဇုတ်​မြို့သား​တို့​ကို ပြင်းထန်​စွာ​ဒဏ်ခတ်​တော်မူ​၏​။ အာဇုတ်​မြို့​နှင့် ဝန်းကျင်​တစ်​ဝိုက်​ကို ပလိပ်ရောဂါ​ဖြင့် ဖျက်ဆီးသတ်ဖြတ်​တော်မူ​၏​။ ထို​အခြင်းအရာ​ကို​မြင်​လျှင် အာဇုတ်​မြို့သား​တို့​က “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​လက်​တော်​သည် ငါ​တို့​နှင့် ငါ​တို့​၏​ဘုရား​ဒါဂုန်​ကို ပြင်းထန်​စွာ​ဒဏ်ခတ်​တော်မူ​ပြီ​။ ထို​ဘုရား​၏​သေတ္တာ​တော်​ကို ငါ​တို့​နှင့်အတူ မ​ထား​သင့်​”​ဟု ဆို​ကြ​၏​။ ထို့ကြောင့် သူ​တို့​သည် လူ​လွှတ်​၍ ဖိလိတ္တိ​မင်း​အပေါင်း​တို့​ကို ခေါ်ယူ​စုဝေး​စေ​ပြီးလျှင် “​အကျွန်ုပ်​တို့​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို မည်သို့​ပြု​ရ​ပါ​မည်နည်း​”​ဟု မေး​ကြ​၏​။ ထိုအခါ သူ​တို့​က “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို ဂါသ​မြို့​သို့ ပို့လိုက်​ပါ​”​ဟု ဆို​ကြ​၏​။ ထို့ကြောင့် သူ​တို့​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို ပို့လိုက်​ကြ​၏​။ သေတ္တာ​တော်​ကို သယ်ဆောင်​သွား​ကြ​ရာ ထို​မြို့​ကို​လည်း ထာဝရဘုရား​၏​လက်​တော်​သည် ဒဏ်ခတ်​တော်မူ​သဖြင့် အလွန်​တုန်လှုပ်ချောက်ချား​ကြ​ကုန်​၏​။ ထို​မြို့​ရှိ​မြို့သား​တို့​ကို​လည်း အငယ်ဆုံး​မှ အကြီးဆုံး​တိုင်အောင် ပလိပ်ရောဂါ​ဖြင့် ဒဏ်ခတ်​တော်မူ​၏​။ ထို့ကြောင့် ဘုရားသခင်​၏​သေတ္တာ​တော်​ကို ဧကြုန်​မြို့​သို့​ပို့လိုက်​ပြန်​၏​။ ထိုသို့ ဘုရားသခင်​၏​သေတ္တာ​တော်​သည် ဧကြုန်​မြို့​သို့ ရောက်လာ​သောအခါ ဧကြုန်​မြို့သား​တို့​က “​ငါ​တို့​နှင့် ငါ​တို့​လူမျိုး​ကို​သတ်ဖြတ်​ရန် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို ငါ​တို့​ထံ ပို့လိုက်​လေ​ပြီ​တကား​”​ဟု အော်ဟစ်​ကြ​၏​။ ထို့ကြောင့် သူ​တို့​သည် လူ​လွှတ်​၍ ဖိလိတ္တိ​မင်း​အပေါင်း​တို့​ကို ခေါ်ယူ​စုဝေး​စေ​ပြီးလျှင် “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို အဝေး​သို့​ပို့​လိုက်​ပါ​လော့​။ သူ့​နေရာ သူ​ပြန်ရောက်​ပါစေ​။ သို့မဟုတ်လျှင် ငါ​တို့​နှင့် ငါ​တို့​လူမျိုး​ကို​သတ်ဖြတ်​လိမ့်မည်​”​ဟု ဆို​ကြ​၏​။ အကြောင်းမူကား ဘုရားသခင်​လက်​တော်​သည် ထို​မြို့​ကို ပြင်းထန်​စွာ​ဒဏ်ခတ်​သဖြင့် တစ်မြို့လုံး​သည် သေ​ရ​မည်​ကို ကြောက်လန့်​နေ​ကြ​၏​။ အသက်​မ​သေ​ဘဲ ကျန်ရစ်​သူ​တို့​မှာ ပလိပ်ရောဂါ​ဖြင့် ဒဏ်ခတ်​ခံရ​သောကြောင့် တစ်မြို့လုံး​၏​အော်ဟစ်သံ​သည် မိုးကောင်းကင်​အထိ ရောက်​လေ​၏​။