YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 31:4-5

၁ ဓမ္မရာဇဝင် 31:4-5 Judson Bible (JBMLE)

လက်​နက်​ဆောင်​လု​လင်​ကို ခေါ်​ပြီး​လျှင် သင့်​ဓား​ကို​ထုတ်၍ ငါ့​ကို​ထိုး​လော့။ သို့​မ​ဟုတ် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​သည် လာ၍ ငါ့​ကို​ထိုး​ပြီး​မှ မ​ရို​မ​သေ ညှဉ်း​ဆဲ​ကြ​လိမ့်​မည်​ဟု ဆို​သော်​လည်း၊ လက်​နက်​ဆောင်​လု​လင်​သည် အ​လွန်​ကြောက်၍ မ​ပြု​ဘဲ​နေ​သော​ကြောင့်၊ ရှော​လု​သည် ထို​ဓား​ကို​ယူ၍ ထောင်​ပြီး​လျှင်၊ ဓား​ဖျား​ပေါ်​မှာ​လှဲ၍ သေ​လေ၏။ ရှော​လု​သေ​သည်​ကို လက်​နက်​ဆောင်​လု​လင် မြင်​လျှင်၊ သူ​သည်​လည်း ထို​ဓား​ကို​ထောင်၍ ရှော​လု​နှင့်​အ​တူ ဓား​ဖျား​ပေါ်​မှာ​လှဲ၍ သေ၏။

၁ ဓမ္မရာဇဝင် 31:4-5 Common Language Bible (BCL)

မင်း​ကြီး​သည်​လက်​နက်​ဆောင်​လူ​ငယ်​အား``ဤ ဘု​ရား​မဲ့​သူ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​နှစ် ထောင်း​အား​ရ​ဖြစ်​လျက် ငါ့​ကို​ညှင်း​ဆဲ​သတ် ဖြတ်​မှု​မ​ပြု​နိုင်​စေ​ရန် သင်​သည်​မိ​မိ​၏​ဋ္ဌား ကို​ထုတ်​၍​ငါ့​အား​သတ်​ပါ​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​လူ​ငယ်​သည်​ကြောက်​အား​ကြီး သ​ဖြင့် မ​သတ်​ရဲ​သော​ကြောင့်​ရှော​လု​သည် မိ​မိ​၏​ဋ္ဌား​ကို​ယူ​၍​ထောင်​ပြီး​လျှင် ထို ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​လျက်​သေ​လေ​သည်။- ရှော​လု​သေ​သွား​သည်​ကို​မြင်​လျှင် လူ​ငယ်​သည် မိ​မိ​ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ​ရှော​လု​နှင့်​အ​တူ သေ​လေ​၏။

၁ ဓမ္မရာဇဝင် 31:4-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ရှောလု​မင်းကြီး​က သူ​၏​လက်နက်ကိုင်​လုလင်​အား “​သင့်​ဓား​ကို ထုတ်​ပြီး ငါ့​ကို ထိုးသတ်​လိုက်​ပါ​။ သို့မဟုတ်လျှင် အရေဖျားလှီး​ခြင်း​ကို​မ​ခံ​သော​ထို​သူ​တို့​သည် လာ​၍ ငါ့​ကို ထိုးသတ်​ပြီး ညှဉ်းဆဲ​ကြ​လိမ့်မည်​”​ဟု ဆို​၏​။ သို့သော် လက်နက်ကိုင်​လုလင်​က အလွန်​ကြောက်ရွံ့​၍ မ​ထိုးရဲ​ဘဲ​နေ​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဓား​ကို​ယူ​ပြီးလျှင် ထို​ဓား​ပေါ်တွင် လှဲချ​လိုက်​လေ​၏​။ ရှောလု​မင်းကြီး အနိစ္စ​ရောက်သွား​သည်​ကို​မြင်​လျှင် သူ​၏​လက်နက်ကိုင်​လုလင်​လည်း သူ့​ဓား​ပေါ်​လှဲချ​ပြီး ရှောလု​နှင့်အတူ သေ​လေ​၏​။