YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 20:1-42

၁ ဓမ္မရာဇဝင် 20:1-42 Judson Bible (JBMLE)

ဒါ​ဝိဒ်​သည် ရာ​မ​မြို့၊ နာ​ယုတ်​ရွာ​မှ​ပြေး၍ ယော​န​သန်​ထံ​သို့​ရောက်​ပြီး​လျှင်၊ ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ဘိ​သ​နည်း။ အ​ဘယ်​အ​ပြစ် ရှိ​သ​နည်း။ ခ​မည်း​တော်​သည် ကျွန်ုပ်​အ​သက်​ကို​ရှာ​မည်​အ​ကြောင်း၊ ကျွန်ုပ်​သည် အ​ဘယ်​ဒု​စ​ရိုက်​ကို ပြု​ဘိ​သ​နည်း​ဟု​မေး​သော်၊ ယော​န​သန်​က၊ ဤ​အ​မှု​ဝေး​ပါ​စေ​သော။ သင်​သည် မ​သေ​ရ။ ကျွန်ုပ်​အ​ဘ​သည် ကျွန်ုပ်​အား​မ​ပြော​ဘဲ အ​မှု​အ​ကြီး​အ​ငယ် တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​တတ်။ ဤ​အ​မှု​မှန်​လျှင် ကျွန်ုပ်​မ​သိ​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် ဝှက်​ထား​မည်​နည်း။ ဤ​အ​မှု​မ​မှန်​ဘူး​ဟု ပြန်​ပြော၏။ ဒါ​ဝိဒ်​က​လည်း၊ ကျွန်ုပ်​သည် သင်၏​မိတ်​ဆွေ​ဖြစ်​ကြောင်း​ကို သင်၏​အ​ဘ​သည် အ​မှန်​သိ​သ​ဖြင့်၊ ယော​န​သန်​စိတ်​မ​သာ ရှိ​မည်​စိုး​ရိမ်၍ သူ​သည် ဤ​အ​မှု​ကို မ​သိ​စေ​နှင့်​ဟု ပြော​ဆို​ပါ​ပြီ။ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သင့်​အ​သက်​လည်း ရှင်​သည်​အ​တိုင်း၊ ကျွန်ုပ်​နှင့် သေ​ဘေး​စပ်​ကြား​မှာ အ​သွား​တစ်​လှမ်း​သာ​ရှိ​ပါ​သည်​ဟု အ​ကျိန်​နှင့်​ဆို၏။ ယော​န​သန်​က​လည်း၊ သင့်​စိတ်​နှ​လုံး အ​လို​ရှိ​သည်​အ​တိုင်း ကျွန်ုပ်​ပြု​ပါ​မည်​ဟု ဒါ​ဝိဒ်​အား​ဆို​လျှင်၊ ဒါ​ဝိဒ်​က၊ နက်​ဖြန်​နေ့​သည် လ​ဆန်း​နေ့​ဖြစ်၍၊ ကျွန်ုပ်​သည် ရှင်​ဘု​ရင်​နှင့်​အ​တူ စား​တော်​ပွဲ​နား​မှာ မ​ထိုင်​ဘဲ​မ​နေ​သင့်။ သို့​သော်​လည်း ကျွန်ုပ်​သွား၍ သုံး​ရက်​နေ့​ညဉ့်​ဦး​တိုင်​အောင် တော၌ ပုန်း​ရှောင်​လျက် နေ​ပါ​ရ​စေ။ သင်၏​အ​ဘ​သည် ကျွန်ုပ်​မ​ရှိ​သည်​ကို မှတ်​မိ​လျှင်၊ ဒါ​ဝိဒ်၏ အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​သည် နှစ်​စဉ်​ပွဲ​ခံ​ချိန်​ရှိ​သော​ကြောင့်၊ မိ​မိ​နေ​ရာ ဗက်​လင်​မြို့​သို့ သွား​ရ​မည်​အ​ကြောင်း၊ ကျပ်​ကျပ်​အ​ခွင့်​ပန်​ပါ၏​ဟု​လျှောက်​ပါ။ အ​ဘ​က ကောင်း​ပြီ​ဟု​ဆို​လျှင်၊ ကိုယ်​တော်​ကျွန်​သည် ချမ်း​သာ​ရ​ပြီ။ သို့​မ​ဟုတ် အ​လွန်​စိတ်​ဆိုး​လျှင်၊ ဘေး​ပြု​မည် အ​ကြံ​ရှိ​သည်​ကို သ​ဘော​ကျ​ပါ။ ကိုယ်​တော်​ကျွန်၌ ကျေး​ဇူး​ပြု​ပါ။ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​ကို ကိုယ်​တော်​ကျွန်​နှင့် ဖွဲ့​ပါ​ပြီ။ သို့​သော်​လည်း ကျွန်ုပ်၌​အ​ပြစ်​ရှိ​လျှင် ကိုယ်​တော်​တိုင်​သတ်​ပါ။ အ​ဘယ်​ကြောင့် အ​ဘ​ထံ​သို့ ဆောင်​သွား​ရ​ပါ​မည်​နည်း​ဟု ယော​န​သန်​အား​ဆို၏။ ယော​န​သန်​က ထို​သို့​သော​အ​မှု ဝေး​ပါ​စေ​သော။ ကျွန်ုပ်​အ​ဘ​သည် သင်၌​ဘေး​ပြု​မည်​ဟု အ​ကြံ​ရှိ​သည်​ကို ကျွန်ုပ်​သည် အ​မှန်​သိ​လျှင် သင့်​အား​မ​ပြော​ဘဲ နေ​လိမ့်​မည်​လော​ဟု ဆို၏။ ဒါ​ဝိဒ်​က​လည်း၊ ခ​မည်း​တော်​သည် ကြမ်း​တမ်း​စွာ​ပြန်​ပြော​လျှင်၊ ကျွန်ုပ်​အား အ​ဘယ်​သူ ကြား​ပြော​လိမ့်​မည်​နည်း​ဟု ယော​န​သန်​အား​မေး​သော်၊ ယော​န​သန်​က၊ ငါ​တို့​သည် တော​သို့​သွား​ကြ​ကုန်​အံ့​ဟု ဒါ​ဝိဒ်​အား​ဆို​လျက်၊ နှစ်​ယောက်​တို့​သည် တော​သို့​ထွက်​သွား​ကြ၏။ ယော​န​သန်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ နက်​ဖြန်​နေ့၊ သ​ဘက်​နေ့၌ ကျွန်ုပ်​အ​ဘ​ကို​စုံ​စမ်း​သော​အ​ခါ သူ​သည် ဒါ​ဝိဒ်၌ ကောင်း​သော​အ​ကြံ​ရှိ၍ သင့်​ကို​ကျွန်ုပ်​မ​ကြား​လိုက်​ဘဲ နေ​သော်​လည်း​ကောင်း၊ သို့​မ​ဟုတ် ကျွန်ုပ်​အ​ဘ​သည် ဘေး​ပြု​ခြင်း​ငှာ အ​လို​ရှိ၍ သင်​သည် ငြိမ်​ဝပ်​စွာ​သွား​ရ​မည်​အ​ကြောင်း၊ ကျွန်ုပ် သ​တိ​မ​ပေး မ​လွှတ်​လိုက်​ဘဲ နေ​သော်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​မျှ​မ​က ယော​န​သန်​ကို ပြု​တော်​မူ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်ုပ်​အ​ဘ​နှင့် အ​တူ​ရှိ​ခဲ့​ပြီး​သ​ကဲ့​သို့ သင်​နှင့်​အ​တူ ရှိ​ပါ​စေ​သော။ သင်​သည် ကျွန်ုပ်​အ​သက်​ရှင်​စဉ်​အ​ခါ၌​သာ အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား အ​လို​တော်​အ​တိုင်း ကျေး​ဇူး​ပြု​ရ​မည်​မ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်၏​ရန်​သူ​အ​ပေါင်း​တို့​ကို မြေ​ကြီး​ပေါ်​က ပယ်​ရှင်း​တော်​မူ​သော နောက်​မှာ​လည်း၊ ကျွန်ုပ်​အ​မျိုး​အ​နွယ်၌ အ​စဉ်​အ​မြဲ ကျေး​ဇူး​ပြု​ရ​မည်​ဟု ဒါ​ဝိဒ်​အား​ဆို​သ​ဖြင့်​လည်း​ကောင်း၊ သ​စ္စာ​ပျက်​လျှင် ဒါ​ဝိဒ်၏​ရန်​သူ​တို့​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​ပေး​တော်​မူ​စေ​သ​တည်း​ဟု ဒါ​ဝိဒ်၏ အ​မျိုး​အ​နွယ်​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​သ​ဖြင့်​လည်း​ကောင်း၊ ကိုယ်​ဝိ​ညာဉ်​ကို ချစ်​သ​ကဲ့​သို့ ဒါ​ဝိဒ်​ကို​ချစ်​သော​ကြောင့်၊ ချစ်​သော​စိတ်​အား​ကြီး၍ ဒါ​ဝိဒ်​အား အ​ထပ်​ထပ်​ကျိန်​ဆို၏။ တစ်​ဖန် ယော​န​သန်​က၊ နက်​ဖြန်​နေ့​သည် လ​ဆန်း​နေ့​ဖြစ်၍၊ သင်​ထိုင်​ရာ​အ​ရပ်​လပ်​လျှင် သင်​မ​ရှိ​ကြောင်း ထင်​ရှား​လိမ့်​မည်။ သင်​သည် သုံး​ရက်​နေ​ပြီး​မှ အ​လျင်​အ​မြန် ဆင်း​လာ​သ​ဖြင့်၊ အ​ရင်​အ​မှု​ရှိ​စဉ် ပုန်း​ရှောင်၍ နေ​ရာ​အ​ရပ်​သို့​ရောက်​လျှင်၊ ဧ​ဇေ​လ​ကျောက်​နား​မှာ နေ​ရ​မည်။ ကျွန်ုပ်​သည်​လည်း၊ စက်​ကို​ပစ်​ဟန်​ပြု၍၊ ထို​ကျောက်​နား​သို့ မြား​သုံး​စင်း​ပစ်​မည်။ မြား​တို့​ကို သွား၍​ရှာ​ချေ​ဟု လူ​က​လေး​ကို စေ​ခိုင်း​သော​အ​ခါ၊ မြား​တို့​သည် နင့်​အ​နား​မှာ​ရှိ၏။ ကောက်​တော့​ဟု သေ​ချာ​စွာ​ပြော​လျှင် လာ​ခဲ့​ပါ။ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ဘေး​မ​ရှိ၊ ချမ်း​သာ​ရ​ပြီ။ သို့​မ​ဟုတ်၊ မြား​တို့​သည် နင့်​ကို​လွန်​ပြီ​ဟု လု​လင်​အား​ဆို​လျှင် သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို လွှတ်​လိုက်​တော်​မူ၏။ ယ​ခု ငါ​တို့​နှစ်​ယောက် ပြော​သော​အ​မှု​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့် ကျွန်ုပ်​စပ်​ကြား​မှာ အ​စဉ်​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ဒါ​ဝိဒ်​အား ပြော​ဆို​လေ၏။ ဒါ​ဝိဒ်​သည် တော၌ ပုန်း​ရှောင်၍​နေ၏။ လ​ဆန်း​နေ့​ရောက်​မှ ရှင်​ဘု​ရင်​သည် စား​တော်​ခေါ်​ခြင်း​ငှာ ထိုင်၏။ ထုံး​စံ​အ​တိုင်း ထ​ရံ​နား​မှာ ရှင်​ဘု​ရင်​ထိုင်​လျှင်၊ ယော​န​သန်​ထ၍ အာ​ဗ​နာ​သည် ရှော​လု​အ​နား​မှာ​ထိုင်၏။ ဒါ​ဝိဒ်၏ နေ​ရာ​ထိုင်​ရာ​သည် လပ်၏။ သို့​ရာ​တွင် ရှော​လု​က အ​ကြောင်း​တစ်​စုံ​တစ်​ခု ရှိ​လိမ့်​မည်။ သူ​သည် မ​စင်​ကြယ်။ အ​ကယ်၍ သူ​သည်​မ​စင်​ကြယ်​ဟု ထင်​မှတ်၍ ထို​နေ့၌ တိတ်​ဆိတ်​စွာ​နေ၏။ နက်​ဖြန်​နေ့ လ​ဆန်း​နှစ်​ရက်​နေ့၌ ဒါ​ဝိဒ်၏ နေ​ရာ​ထိုင်​ရာ​သည် လပ်​သော​ကြောင့် ရှော​လု​က၊ ယေ​ရှဲ​သား​သည် စား​ပွဲ​တော်​သို့ မ​နေ့​က​မ​လာ၊ ယ​နေ့​လည်း မ​လာ​ဘဲ အ​ဘယ်​ကြောင့်​နေ​သ​နည်း​ဟု သား​တော်​ယော​န​သန်​အား မေး​လျှင်၊ ယော​န​သန်​က၊ ဒါ​ဝိဒ်​သည် ဗက်​လင်​မြို့​သို့ သွား​ရ​မည်​အ​ကြောင်း ကျပ်​ကျပ်​အ​ခွင့်​ပန်​လျက်၊ အ​ကျွန်ုပ် သွား​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့။ အ​ကျွန်ုပ် အ​ဆွေ​အ​မျိုး​တို့​သည် ထို​မြို့၌ ယဇ်​ပွဲ​ကို​ဆောင်​ကြ​ပါ၏။ အ​ကျွန်ုပ်​အစ်​ကို​လည်း မှာ​လိုက်​ပါ​ပြီ။ စိတ်​တော်​နှင့် တွေ့​သည်​မှန်​လျှင် အ​ကျွန်ုပ်​သွား၍ အစ်​ကို​တို့​ကို မြင်​ရ​မည်​အ​ကြောင်း အ​ခွင့်​ပေး​ပါ​လော့​ဟု တောင်း​ပန်​ပါ၏။ ထို​ကြောင့် စား​ပွဲ​တော်​သို့ မ​လာ​ပါ​ဟု ရှော​လု​အား လျှောက်​လေ၏။ ထို​အ​ခါ ရှော​လု​သည် ယော​န​သန်​ကို အ​မျက်​ထွက်၍၊ မျောက်​မ​ထား​သော မိန်း​မ၏​သား၊ သင်​သည် ကိုယ်​တိုင် အ​ရှက်​ကွဲ​သည်​တိုင်​အောင်​လည်း​ကောင်း၊ သင့်​အ​မိ​အ​ဝတ်​ကျွတ်၍ အ​ရှက်​ကွဲ​သည်​တိုင်​အောင်​လည်း​ကောင်း၊ ယေ​ရှဲ၏​သား​ဘက်၌ နေ​သည်​ကို ငါ​မ​သိ​သ​လော။ ယေ​ရှဲ၏​သား​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သည်​ကာ​လ​ပတ်​လုံး သင်​နှင့်​သင်၏​နိုင်​ငံ မ​တည်​ရ။ ယ​ခု​စေ​လွှတ်၍ သူ​ကို​ခေါ်​ခဲ့။ သူ​သည် အ​သေ​ခံ​ရ​မည်​ဟု​ဆို​လျှင်၊ ယော​န​သန်​က၊ ဒါ​ဝိဒ်​သည် အ​ဘယ်​ကြောင့် အ​သေ​ခံ​ရ​မည်​နည်း။ အ​ဘယ်​သို့​ပြု​ဘိ​သ​နည်း​ဟု အ​ဘ​ရှော​လု​အား မေး​လေ​သော်၊ ရှော​လု​သည် ယော​န​သန်​ကို​မှန်​စေ​ခြင်း​ငှာ လှံ​တို​ကို လက်​လွှတ်၍ ထိုး​လေ၏။ သို့​ဖြစ်၍ အ​ဘ​သည် ဒါ​ဝိဒ်​ကို သတ်​မည်​အ​ကြံ​ရှိ​သည်​ကို ယော​န​သန်​သည်​သိ​သ​ဖြင့်၊ အ​မျက်​ထွက်၍၊ ထို​လ​ဆန်း​နှစ်​ရက်​နေ့၌ အ​စာ​မ​စား​ဘဲ ထ​သွား၏။ မိ​မိ​အ​ဘ​သည် ဒါ​ဝိဒ်​ကို အ​ရှက်​ခွဲ​သော​ကြောင့် ဒါ​ဝိဒ်​အ​တွက် ညှိုး​ငယ်​သော​စိတ်​ရှိ၏။ နံ​နက်​ရောက်​မှ ဒါ​ဝိဒ်​နှင့် ချိန်း​ချက်​သော​အ​ချိန်၌၊ ယော​န​သန်​သည် လူ​က​လေး​ကို​ခေါ်၍ တော​သို့​သွား၏။ လူ​က​လေး​အား​လည်း ပြေး​တော့။ ငါ​ပစ်​သော မြား​တို့​ကို ရှာ​တော့​ဟု​ဆို၍ လူ​က​လေး​သည်​ပြေး​သော​အ​ခါ သူ့​ကို​လွန်​အောင် မြား​တစ်​စင်း​ကို ပစ်​လေ၏။ ယော​န​သန်​ပစ်​သော မြား​ကျ​ရာ​အ​ရပ်​သို့ လူ​က​လေး​ရောက်​သော​အ​ခါ၊ ယော​န​သန်​က၊ မြား​တစ်​စင်း​သည် နင့်​ကို​လွန်​ပြီ​မ​ဟုတ်​လော။ ကြိုး​စား၍ အ​လျင်​အ​မြန်​ပြေး​တော့။ မ​နေ​နှင့်​ဟု လူ​က​လေး​နောက်​မှာ ဟစ်​လေ၏။ လူ​က​လေး​သည်​လည်း မြား​တို့​ကို​ကောက်၍ မိ​မိ​သ​ခင့်​ထံ​သို့ ပြန်​လာ၏။ သို့​ရာ​တွင် လူ​က​လေး​သည် ထို​အ​မှု​ကို​နား​မ​လည်။ ယော​န​သန်​နှင့် ဒါ​ဝိဒ်​သာ နား​လည်​ကြ၏။ ယော​န​သန်​သည် မိ​မိ​လက်​နက်​တို့​ကို လူ​က​လေး၌​အပ်၍ မြို့​ထဲ​သို့​ယူ​သွား​တော့​ဟု ဆို၏။ လူ​က​လေး​သွား​သော​နောက်၊ ဒါ​ဝိဒ်​သည် တောင်​မျက်​နှာ​အ​ရပ်​က ထ၍ မြေ​ပေါ်​မှာ​ပျပ်​ဝပ်​လျက် သုံး​ကြိမ်​တိုင်​အောင် ဦး​ညွှတ်​ပြီး​လျှင်၊ သူ​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက်​နမ်း​လျက် မျက်​ရည်​ကျ​လျက်၊ ဒါ​ဝိဒ်​သည်​သာ၍ ပြု​သည်​တိုင်​အောင် ပြု​ကြ၏။ ယော​န​သန်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​ကျွန်ုပ်​စပ်​ကြား၊ သင့်​အ​မျိုး​အ​နွယ်​နှင့် ကျွန်ုပ်​အ​မျိုး​အ​နွယ် စပ်​ကြား​မှာ အ​စဉ်​အ​မြဲ​ရှိ​တော်​မူ​စေ​သ​တည်း​ဟူ၍ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို တိုင်​တည်​သ​ဖြင့်၊ ငါ​တို့​နှစ်​ယောက်​သည် ကျိန်​ဆို​ကြ​သည်​ကို​ထောက်၍၊ ငြိမ်​ဝပ်​စွာ သွား​တော့​ဟု ဒါ​ဝိဒ်​အား​ဆို​လျှင်၊ ဒါ​ဝိဒ်​သည် ထ​သွား၍ ယော​န​သန်​လည်း မြို့​ထဲ​သို့ ဝင်​လေ၏။

၁ ဓမ္မရာဇဝင် 20:1-42 Common Language Bible (BCL)

ထို​နောက်​ဒါ​ဝိဒ်​သည်​ရာ​မ​မြို့​အ​ပိုင်​နာ​ယုတ် ရွာ​မှ​ထွက်​ပြေး​ပြီး​လျှင် ယော​န​သန်​ထံ​သို့ သွား​၍``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှု​ကို​ပြု မိ​ပါ​သ​နည်း။ အ​ဘယ်​ရာ​ဇ​ဝတ်​မှု​ကူး​လွန် မိ​ပါ​သ​နည်း။ အ​ကျွန်ုပ်​ကို​သတ်​ချင်​ရ​အောင် သင့်​ခ​မည်း​တော်​အား​ကျွန်ုပ်​သည်​အ​ဘယ် သို့​ပြစ်​မှား​မိ​ပါ​သ​နည်း'' ဟု​မေး​၏။ ယော​န​သန်​က``ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်။ သင် သည်​မ​သေ​ရ​ပါ။ ကျွန်ုပ်​၏​ခ​မည်း​တော်​သည် အ​မှု​ကြီး​ငယ်​မှန်​သ​မျှ​ကို​မ​ပြု​မီ​ကျွန်ုပ် အား​ပြော​ပြ​တတ်​ပါ​၏။ ကျွန်ုပ်​ထံ​မှ​အ​ဘယ် အ​ရာ​ကို​မျှ​ဖုံး​ကွယ်​ထား​လေ့​မ​ရှိ​ပါ။ သင့် ကို​သတ်​မည်​ဆို​သည်​မှာ​မ​ဖြစ်​နိုင်​ပါ'' ဟု ဆို​၏။ သို့​ရာ​တွင်​ဒါ​ဝိဒ်​က``သင်​ကျွန်ုပ်​အား​အ​ဘယ် မျှ​ခင်​မင်​သည်​ကို သင်​၏​ခ​မည်း​တော်​ကောင်း စွာ​သိ​ပါ​၏။ သင်​သည်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​မည်​စိုး​သ​ဖြင့် သူ​သည်​မိ​မိ​၏​အ​ကြံ အ​စည်​ကို​သင့်​အား​မ​ပြော​ကြား​ဘဲ​နေ လေ​ပြီ။ ကျွန်ုပ်​သည်​သေ​ဘေး​နှင့်​ခြေ​တစ် လှမ်း​မျှ​သာ​ကွာ​တော့​ကြောင်း အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင် တည်​၍​သင့်​အား​ကျိန်​ဆို​ဖော်​ပြ​ပါ​၏'' ဟု​ပြန်​ပြော​၏။ ယော​န​သန်​က``သင်​အ​လို​ရှိ​သည်​အ​တိုင်း ကျွန်ုပ်​ပြု​ပါ​မည်'' ဟု​ဆို​လျှင်၊ ဒါ​ဝိဒ်​က``နက်​ဖြန်​နေ့​သည်​လ​ဆန်း​နေ့​ပွဲ တော်​ဖြစ်​၍​ကျွန်ုပ်​သည်​မင်း​ကြီး​နှင့်​အ​တူ စား​သောက်​သင့်​သည့်​အ​ချိန်​ဖြစ်​ပါ​၏။ သို့ ရာ​တွင်​သင်​ကန့်​ကွက်​ရန်​မ​ရှိ​ပါ​လျှင် ကျွန်ုပ် သည်​ကွင်း​ထဲ​သို့​သွား​၍​သန်​ဘက်​ခါ ည​နေ​အ​ထိ​ပုန်း​အောင်း​နေ​ပါ​မည်။- အ​ကယ်​၍​စား​ပွဲ​တွင်​ကျွန်ုပ်​မ​ရှိ​ကြောင်း သင့်​ခ​မည်း​တော်​မြင်​သွား​ခဲ့​သော် ယ​ခု အ​ချိန်​သည်​ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တို့ နှစ်​ပတ်​လည်​ယဇ်​ပူ​ဇော်​ရာ​ကာ​လ​ဖြစ် သ​ဖြင့် သင့်​ထံ​တွင်​ကျွန်ုပ်​အ​ခွင့်​ပန်​သွား ကြောင်း​လျှောက်​ထား​ပေး​ပါ။- အ​ကယ်​၍​မင်း​ကြီး​က`ကောင်း​ပြီ' ဟု​ဆို​ပါ က​ကျွန်ုပ်​အ​သက်​ချမ်း​သာ​ခွင့်​ရ​ပါ​လိမ့်​မည်။ သို့​ရာ​တွင်​အ​ကယ်​၍​အမျက်​တော်​ထွက်​လျှင် မူ​ကား​မင်း​ကြီး​သည် ကျွန်ုပ်​အား​ဘေး​အန္တ​ရာယ် ပြု​ရန်​အ​ကြံ​ရှိ​ကြောင်း​သင်​သိ​ရှိ​နိုင်​ပါ လိမ့်​မည်။- ကျွန်ုပ်​အား​ကျေး​ဇူး​ပြု​ပါ။ သင်​နှင့်​ကျွန်ုပ်​ပြု ထား​ကြ​သည့်​သစ္စာ​က​တိ​ကို​လည်း​တည်​မြဲ စေ​ပါ။ သို့​ရာ​တွင်​အ​ကယ်​၍​ကျွန်ုပ်​မှာ​အပြစ် ရှိ​ခဲ့​သော် သင်​ကိုယ်​တိုင်​ပင်​ကျွန်ုပ်​အား​သတ် ပါ​လော့။ အ​ဘယ်​ကြောင့်​သင့်​ခ​မည်း​တော် လက်​သို့​အပ်​ပါ​တော့​မည်​နည်း'' ဟု​ဆို​၏။ ယော​န​သန်​က``ထို​သို့​မ​စဉ်း​စား​ပါ​နှင့်။ အ​ကယ်​၍​ကျွန်ုပ်​၏​ခ​မည်း​တော်​သည်​သင့် အား​ဘေး​အန္တ​ရာယ်​ပြု​ရန် စိတ်​ပိုင်း​ဖြတ် ထား​သည်​ကို​ကျွန်ုပ်​သိ​ပါ​မူ​သင့်​ကို မ​ပြော​ဘဲ​နေ​မည်​လော'' ဟု​ဆို​၏။ ထို​အ​ခါ​ဒါ​ဝိဒ်​က``အ​ကယ်​၍​သင်​၏ ခ​မည်း​တော်​သည်​သင့်​အား​အ​မျက်​ထွက်​၍ ပြန်​လည်​ဖြေ​ကြား​ပါ​က ကျွန်ုပ်​အား​အ​ဘယ် သူ​လာ​၍​အ​သိ​ပေး​ပါ​မည်​နည်း'' ဟု​မေး ၏။ ယော​န​သန်​က``ကွင်း​ထဲ​သို့​ငါ​တို့​သွား​ကြ စို့'' ဟု​ဆို​ပြီး​လျှင်​သူ​တို့​နှစ်​ယောက်​သွား ကြ​၏။- ထို​နောက်​ယော​န​သန်​သည်​ဒါ​ဝိဒ်​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​ကျွန်ုပ်​က​တိ​ပြု ပါ​၏။ ကျွန်ုပ်​သည်​နက်​ဖြန်​ခါ​နှင့်​သန်​ဘက်​ခါ ဤ​အ​ချိန်​တွင်​ခ​မည်း​တော်​အား​စုံ​စမ်း​မေး မြန်း​ပါ​မည်။ သင့်​အ​ပေါ်​တွင်​သူ​၏​စိတ်​နေ စိတ်​ထား​ကောင်း​မွန်​ပါ​က သင့်​ထံ​သို့ အ​ကြောင်း​ကြား​ပါ​မည်။- သူ​သည်​သင့်​ကို​ဘေး​အန္တ​ရာယ်​ပြု​ရန်​ကြံ​စည် ပါ​မူ ကျွန်ုပ်​သည်​သင့်​အား​ဘေး​လွတ်​လုံ​ခြုံ​ရာ သို့​ထွက်​ခွာ​သွား​နိုင်​ရန်​အ​ကြောင်း​မ​ကြား​ဘဲ နေ​ခဲ့​သော် ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်ုပ်​အား အ​ဆုံး​စီ​ရင်​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​၏​ခ​မည်း​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ခဲ့​သည်​နည်း​တူ သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။- သင်​သည်​ကျွန်ုပ်​အ​သက်​ရှင်​စဉ်​အ​ခါ​၌​မိ​မိ ကျိန်​ဆို​က​တိ​ပြု​ခဲ့​သည်​အ​တိုင်း ကျွန်ုပ်​အား သစ္စာ​စောင့်​ရ​မည်​သာ​မ​က၊ ကျွန်ုပ်​သေ​ဆုံး​ပြီး နောက်၊- သင်​၏​ရန်​သူ​အ​ပေါင်း​ကို​ထာ​ဝ​ရ​ဘု​ရား သုတ်​သင်​ပယ်​ရှင်း​တော်​မူ​သော​အ​ခါ​၌ လည်း ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တို့​အ​ပေါ် တွင်​အ​စဉ်​အ​မြဲ​သစ္စာ​စောင့်​ပါ​လော့။- ကျွန်ုပ်​တို့​နှစ်​ဦး​ထား​ရှိ​ကြ​သည့်​က​တိ သစ္စာ​မ​ပျက်​မ​ပြယ်​တည်​မြဲ​ပါ​စေ​သ​တည်း။ အ​ကယ်​၍​ထို​ကတိ​သစ္စာ​ကို​ဖျက်​ခဲ့​သော် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​ပါ​စေ​သော''ဟု​ဆို​၏။ ယော​န​သန်​သည်​ဒါ​ဝိဒ်​အား​ကိုယ်​နှင့်​အ​မျှ ချစ်​သ​ဖြင့် မိ​မိ​ကို​လည်း​ချစ်​ရန်​က​တိ​ပြု စေ​၏။- ထို​နောက်​ယော​န​သန်​က``နက်​ဖြန်​နေ့​သည် လ​ဆန်း​ပွဲ​တော်​အ​ခါ​ဖြစ်​သ​ဖြင့် ပွဲ​တော် သို့​သင်​မ​တက်​ရောက်​ပါ​မူ သင်​၏​နေ​ရာ လစ်​လပ်​လျက်​နေ​သည်​ကို​တွေ့​ရှိ​ကြ​လိမ့် မည်။- သန်​ဘက်​ခါ​၌​လည်း​ယင်း​သို့​ပင်​သင်​မ​ရှိ ကြောင်း​တွေ့​ရှိ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​ယခင်​က သင်​ပုန်း​အောင်း​နေ​ခဲ့​ဖူး​သည့်​အ​ရပ်​သို့​သွား ၍​ကျောက်​ပုံ နောက်​တွင်​ပုန်း​ကွယ်​လျက်​နေ​လော့။- ထို​အ​ခါ​ကျွန်ုပ်​၏​သည်​ကျောက်​ပုံ​ကို​ပစ် မှတ်​သ​ဖွယ်​ပြု​၍ မြား​သုံး​စင်း​ပစ်​လွှတ် လိုက်​မည်။- ထို​နောက်​ကျွန်ုပ်​၏​အ​စေ​ခံ​အား​မြား​တို့ ကို​သွား​၍​ရှာ​စေ​မည်။ ကျွန်ုပ်​သည်​သူ့​အား`မြား တို့​သည်​ဤ​ဘက်​မှာ​ရှိ​သည်၊ သွား​၍​ယူ​ချေ' ဟု ဆို​လျှင်​သင့်​မှာ​ဘေး​အန္တ​ရာယ်​မ​ရှိ​တော့​သ​ဖြင့် ထွက်​၍​လာ​နိုင်​ပြီ​ဟု​ဆို​လို​ကြောင်း​သိ​မှတ် ပါ​လော့။- အကယ်​၍​ကျွန်ုပ်​က`မြား​တို့​သည်​ဟို​ဘက်​မှာ တွင်​ရှိ​သည်၊ သွား​၍​ယူ​ချေ' ဟု​ဆို​လျှင်​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ထွက်​ခွာ​သွား စေ​တော်​မူ​ပြီ​ဖြစ်​၍​သင်​သည်​ထွက်​ခွာ​သွား ပါ​လော့။- ကျွန်ုပ်​တို့​နှစ်​ဦး​အ​ချင်း​ချင်း​ပြု​ခဲ့​ကြ​သည့် က​တိ​သစ္စာ​ကို ထာ​ဝ​စဉ်​မ​ပျက်​မ​ကွက်​စောင့် ထိန်း​နိုင်​ကြ​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​သည် စီ​မံ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။ ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ကွင်း​ထဲ​တွင်​ပုန်း​အောင်း လျက်​နေ​၏။ လ​ဆန်း​ပွဲ​တော်​နေ့​၌​ရှော​လု မင်း​သည်​စား​တော်​ခေါ်​ရန်​ကြွ​လာ​တော် မူ​၍၊- နံ​ရံ​အ​နီး​မိ​မိ​ထိုင်​နေ​ကျ​နေ​ရာ​တွင်​ထိုင် တော်​မူ​၏။ အာ​ဗ​နာ​သည်​မင်း​ကြီး​၏​နံ​ဘေး တွင်​လည်း​ကောင်း၊ ယော​န​သန်​သည်​မင်း​ကြီး ၏​ရှေ့​တွင်​လည်း​ကောင်း​ထိုင်​၏။ ဒါ​ဝိဒ်​၏ နေ​ရာ​မူ​ကား​လပ်​၍​နေ​၏။- သို့​သော်​ထို​နေ့​၌​မင်း​ကြီး​သည်​အ​ဘယ်​သို့ မျှ​မိန့်​မြွက်​တော်​မ​မူ။ အ​ကြောင်း​တစ်​ခု​ခု ကြောင့်​ဒါ​ဝိဒ်​သည်​ဘာ​သာ​ရေး​ကျင့်​ဝတ်​အ​ရ သန့်​စင်​မှု​မ​ရှိ​သ​ဖြင့် မ​လာ​မ​ရောက်​ခြင်း သာ​ဖြစ်​မည်​ဟု​မှတ်​ယူ​တော်​မူ​၏။- လ​ဆန်း​ပွဲ​တော်​နေ့​အ​လွန်​နောက်​တစ်​နေ့​၌ လည်း​ဒါ​ဝိဒ်​၏​နေ​ရာ​သည်​လပ်​လျက်​ပင်​ရှိ သော​ကြောင့် ရှော​လု​က​ယော​န​သန်​အား``အ​ဘယ် ကြောင့်​ဒါ​ဝိဒ်​သည်​ဤ​စား​ပွဲ​တော်​သို့​ယ​မန် နေ့​က​မ​လာ၊ ယ​နေ့​လည်း​မ​လာ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ယော​န​သန်​က``ဒါ​ဝိဒ်​သည်​ကျွန်ုပ်​ထံ​တွင် ခွင့်​ပန်​၍ ဗက်​လင်​မြို့​သို့​သွား​ပါ​သည်။ သူ က`အ​ကျွန်ုပ်​တို့​အား​ကျေး​ဇူး​ပြု​၍​သွား ခွင့်​ပြု​ပါ။- ထို​မြို့​တွင်​အ​ကျွန်ုပ်​၏​ဆွေ​မျိုး​သား​ချင်း တို့​သည်​ယဇ်​ပူ​ဇော်​ပွဲ​ကျင်း​ပ​လျက်​နေ​ကြ သ​ဖြင့် အစ်​ကို​က​လည်း​အ​ကျွန်ုပ်​အား​လာ ရ​မည်​ဟု​ဆို​ပါ​သည်။ သင်​သည်​အ​ကျွန်ုပ်​ကို ခင်​မင်​ပါ​က​အ​ကျွန်ုပ်​အား​ညီ​အစ်​ကို​တို့ ကို​တွေ့​ရန်​သွား​ခွင့်​ပြု​ပါ​ဟု​ပန်​ကြား​ပါ​၏။ ထို့​ကြောင့်​သူ​သည်​အ​ရှင်​၏​စား​ပွဲ​တော် တွင်​မ​ရှိ​ခြင်း​ဖြစ်​ပါ​သည်'' ဟု​ပြန်​ကြား လျှောက်​ထား​၏။ ရှော​လု​သည်​ယော​န​သန်​အား​ပြင်း​စွာ​အ​မျက် ထွက်​သ​ဖြင့်``တ​ရား​မ​ဝင်​သော​သား၊ သင်​သည် ဒါ​ဝိဒ်​ဘက်​သား​ဖြစ်​ကြောင်း​ယ​ခု​ငါ​သိ​ပြီ။ သင်​သည်​ကိုယ့်​ကိုယ်​ကို​လည်း​ကောင်း၊ ကိုယ့် မိ​ခင်​ကို​လည်း​ကောင်း​အ​သ​ရေ​ယုတ်​စေ လေ​ပြီ​တ​ကား။- ဒါ​ဝိဒ်​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး သင်​သည်​ဤ​တိုင်း​ပြည်​တွင်​အ​ဘယ်​အ​ခါ​၌ မျှ​ဘု​ရင်​မ​ဖြစ်​နိုင်​သည်​ကို​မ​သိ​ပါ​သ​လော။ ယ​ခု​ပင်​သွား​၍​သူ့​ကို​ခေါ်​ခဲ့​လော့။ သူ​သည် မု​ချ​သေ​ဒဏ်​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ ယော​န​သန်​က``အ​ဘယ်​ကြောင့်​သေ​ဒဏ်​ခံ ရ​ပါ​မည်​နည်း။ သူ​သည်​အ​ဘယ်​အ​မှု​ကို ပြု​မိ​ပါ​သ​နည်း'' ဟု​လျှောက်​လျှင်၊ ရှော​လု​သည်​ယော​န​သန်​အား​ထိ​မှန်​စေ​ရန် လှံ​တံ​တော်​နှင့်​ပစ်​လိုက်​လေ​သည်။ ထို​အ​ခါ ယော​န​သန်​သည် မင်း​ကြီး​အ​ကယ်​ပင်​ဒါ​ဝိဒ် အား​သတ်​ရန်​စိတ်​ပိုင်း​ဖြတ်​ထား​တော်​မူ ကြောင်း​ကို​သိ​လေ​၏။- သူ​သည်​ဒေါ​သ​ဖြစ်​လျက်​စား​ပွဲ​မှ​ထ​သွား ပြီး​လျှင် လ​ဆန်း​ပွဲ​တော်​ဒု​တိ​ယ​နေ့​တစ်​နေ့ လုံး​မည်​သည့်​အ​စား​အ​စာ​ကို​မျှ​မ​စား​ဘဲ နေ​၏။ သူ​သည်​ဒါ​ဝိဒ်​အား​ရှော​လု​အ​သ​ရေ ဖျက်​သည့်​အ​တွက်​များ​စွာ​စိတ်​မ​ချမ်း မ​သာ​ဖြစ်​၏။- နောက်​တစ်​နေ့​နံ​နက်​၌​ယော​န​သန်​သည်​ယ​ခင် က​ချိန်း​ဆို​ထား​သည့်​အ​တိုင်း ဒါ​ဝိဒ်​နှင့်​တွေ့​ဆုံ ရန်​ကွင်း​ထဲ​သို့​သွား​၏။ မိ​မိ​နှင့်​အ​တူ​သူ​ငယ် တစ်​ယောက်​ကို​လည်း​ခေါ်​ဆောင်​သွား​ကာ၊- ထို​သူ​ငယ်​အား``ယ​ခု​ပင်​ငါ​ပစ်​လွှတ်​လိုက်​မည့် မြား​ကို​ပြေး​၍​ရှာ​လော့'' ဟု​ဆို​၏။ ထို​သူ​ငယ် ပြေး​လေ​လျှင်​ယော​န​သန်​သည်​သူ့​ကို​လွန် အောင်​မြား​တစ်​စင်း​ကို​ပစ်​လွှတ်​၏။- မြား​ကျ​ရာ​သို့​သူ​ငယ်​ရောက်​သော​အ​ခါ ယော​န​သန်​က``မြား​သည်​ဟို​ဘက်​မှာ​ရှိ​သည်။- ရပ်​၍​မ​နေ​နှင့်။ မြန်​မြန်​ပြေး​၍​ကောက်​လော့'' ဟု​ဟစ်​အော်​လိုက်​၏။ သူ​ငယ်​သည်​မြား​ကို ကောက်​ပြီး​လျှင် မိ​မိ​သ​ခင်​ရှိ​ရာ​သို့​ပြန် လာ​လေ​သည်။- သူ​သည်​ထို​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို မ​သိ။ ယော​န​သန်​နှင့်​ဒါ​ဝိဒ်​တို့​သာ​လျှင် သိ​ကြ​၏။- ယော​န​သန်​သည်​မိ​မိ​၏​လေး​နှင့်​မြား​တို့​ကို သူ​ငယ်​အား​ပေး​၍​မြို့​သို့​ပြန်​ယူ​သွား​စေ​၏။ သူ​ငယ်​ထွက်​သွား​သော​အ​ခါ ဒါ​ဝိဒ်​သည် ကျောက်​ပုံ နောက်​မှ​ထွက်​လာ​ပြီး​လျှင်​ဒူး​ထောက်​၍ ယော န​သန်​အား​သုံး​ကြိမ်​တိုင်​တိုင်​ပျပ်​ဝပ်​ဦး ညွှတ်​၏။ ထို​နောက်​သူ​တို့​သည်​အ​ချင်း​ချင်း ဖက်​နမ်း​ငို​ကြွေး​ကြ​၏။ ဒါ​ဝိဒ်​၏​ကြေ​ကွဲ မှု​သည် ယော​န​သန်​၏​ကြေ​ကွဲ​မှု​ထက်​ပင် ပို​မို​ပြင်း​ထန်​လေ​သည်။- ထို​အ​ခါ​ယော​န​သန်​က``ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သော။ ငါ​တို့ နှစ်​ယောက်​သည်​လည်း​ကောင်း၊ ငါ​တို့​သား​မြေး များ​သည်​လည်း​ကောင်း​ငါ​တို့​တစ်​ယောက်​ကို တစ်​ယောက်​ပြု​ခဲ့​သည့်​က​တိ​သစ္စာ​ကို ထာ​ဝ​စဉ် မ​ပျက်​မ​ကွက်​စောင့်​ထိန်း​နိုင်​ကြ​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​မု​ချ​ကူ​မ​တော်​မူ​ပါ လိမ့်​မည်'' ဟု​ဆို​၏။ ထို​နောက်​ဒါ​ဝိဒ်​ထွက်​ခွာ သွား​၏။ ယော​န​သန်​သည်​လည်း​မြို့​ထဲ​သို့ ပြန်​လေ​၏။

၁ ဓမ္မရာဇဝင် 20:1-42 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ဒါဝိဒ်​သည် ရာမ​မြို့​၊ နာယုတ်​အရပ်​မှ ထွက်ပြေး​၍ ယောနသန်​ထံသို့​ရောက်လာ​ကာ “​အကျွန်ုပ်​မည်သို့ ပြု​မိ​ပါ​သနည်း​။ မည်သည့်​အပြစ်​ကို ပြု​မိ​ပါ​သနည်း​။ အကျွန်ုပ်​အသက်​ကို လိုက်​ရန်ရှာ​ရ​လေ​အောင် သင့်​ခမည်းတော်​ကို အကျွန်ုပ်​မည်သည့် အမှားပြု​မိ​ပါ​သနည်း​”​ဟု မေး​၏​။ ယောနသန်​က​လည်း “​ထိုသို့ ဖြစ်​မည်​မ​ဟုတ်​။ သင်​မ​သေ​ရ​။ ငါ့​ခမည်းတော်​သည် အမှု​ကြီးကြီး​ငယ်ငယ် ငါ​နှင့်​မ​တိုင်ပင်​ဘဲ​မ​ပြု​။ ငါ့​ခမည်းတော်​သည် ဤ​အမှု​ကို ငါ့​အား မ​ပြော​ဘဲ အဘယ်ကြောင့်​ဖုံးကွယ်​ထား​မည်နည်း​။ ဤ​အမှု မ​ဖြစ်​ရ​”​ဟု ပြန်ပြော​လေ​၏​။ ထို့ပြင် ဒါဝိဒ်​က “​သင်​နှင့်​ကျွန်ုပ် အလွန်​ခင်မင်​ကြ​သည်​ကို သင့်​ခမည်းတော် သိ​သည်​ဖြစ်၍ ‘​ဤ​အမှု​ကို ယောနသန် မ​သိ​စေ​ရ​။ သို့မဟုတ်လျှင် သူ​စိတ်ထိခိုက်​လိမ့်မည်​’​ဟု ဆို​ပါ​၏​။ အကယ်စင်စစ် ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ သင်​လည်း အသက်ရှင်​သည်​နှင့်အညီ အကျွန်ုပ်​နှင့်​သေ​ခြင်း​သည် ခြေတစ်လှမ်း​သာ ကွာ​တော့​သည်​”​ဟု ကျိန်​၍ ပြောဆို​လေ​၏​။ ထိုအခါ ယောနသန်​က ဒါဝိဒ်​အား “​သင့်​စိတ်​အလိုရှိ​သည့်​အတိုင်း ငါ​ပြု​ပေး​မည်​”​ဟု ဆို​၏​။ ဒါဝိဒ်​က ယောနသန်​အား “​မနက်ဖြန်​သည် လဆန်းနေ့​ဖြစ်​၏​။ အကျွန်ုပ်​သည် ရှင်ဘုရင်​နှင့်အတူ စားသောက်ပွဲ​တွင် ထိုင်စား​ရ​မည်​ဖြစ်​သော်လည်း သုံး​ရက်​မြောက်​နေ့ နေဝင်ချိန်​အထိ တော​ထဲ​၌ သွား​ပုန်း​ခွင့်​ပြု​ပါ​။ အကျွန်ုပ်​ပျက်ကွက်​ကြောင်း သင့်​ခမည်းတော် သိသွား​ခဲ့​လျှင် ‘​မျိုးနွယ်စု​တစ်စုလုံး နှစ်စဉ်​ပူဇော်ပွဲ​ရှိ​သည်​ဖြစ်၍ ဒါဝိဒ်​က ဗက်လင်​မြို့​သို့ ပြန်သွားခွင့်​ပြု​ပါ​မည့်​အကြောင်း အကျွန်ုပ်​ထံ တစာစာ​ခွင့်တောင်း​သဖြင့် အကျွန်ုပ်​ခွင့်ပြု​လိုက်​ပါ​သည်’​ဟု လျှောက်တင်​ပေး​ပါ​။ မင်းကြီး​က ‘​ကောင်း​ပြီ​’​ဟု ဆို​လျှင် အရှင်​၏​အစေအပါး​သည် အသက်ချမ်းသာ​ရာ​ရ​ပြီ​။ ထိုသို့မဟုတ်ဘဲ အမျက်​ပြင်း​စွာ​ထွက်​လျှင် အကျွန်ုပ်​ကို မကောင်းကြံ​ပြီး​ဖြစ်ကြောင်း သိ​ပါ​လော့​။ သို့ဖြစ်၍ အရှင်​နှင့်​အကျွန်ုပ်​သည် ထာဝရဘုရား​ရှေ့​တွင် ပဋိညာဉ်​ပြု​ထား​ကြ​ပြီ​ဖြစ်၍ အရှင်​၏​အစေအပါး​ကို သနား​ပါ​လော့​။ အကျွန်ုပ်​အပြစ်ပြု​မိ​ခဲ့​လျှင် အရှင်​ကိုယ်တိုင် အကျွန်ုပ်​ကို​သတ်​ပါ​။ အဘယ်ကြောင့် အကျွန်ုပ်​ကို အရှင့်​ခမည်းတော်​လက်​သို့​အပ်​မည်နည်း​”​ဟု ဆို​၏​။ ထိုအခါ ယောနသန်​က “​သင်​၌ ထိုသို့ မ​ဖြစ်​ရ​။ ငါ့​ခမည်းတော်​သည် သင့်​အား မကောင်းကြံ​သည်​ကို ငါ​သိ​ခဲ့​လျှင် သင့်​ကို ငါ​မ​ပြော​ဘဲ နေ​မည်လော​”​ဟု ပြန်ပြော​၏​။ ဒါဝိဒ်​က​လည်း ယောနသန်​အား “​အကယ်၍ သင့်​ခမည်းတော်​က သင့်​ကို ကြမ်းကြမ်းတမ်းတမ်း စကား​ပြန်ပြော​လျှင် ကျွန်ုပ်​ကို မည်သူ​ပြောပြ​မည်နည်း​”​ဟု ဆို​၏​။ ယောနသန်​က​လည်း ဒါဝိဒ်​အား “​လာ​ပါ​။ ငါ​တို့ တော​ထဲသို့ သွား​ရ​အောင်​”​ဟု ဆို​ပြီး နှစ်​ယောက်​သား တော​သို့ ထွက်သွား​ကြ​၏​။ ထို့နောက် ယောနသန်​က ဒါဝိဒ်​အား “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို တိုင်တည်​၍ မနက်ဖြန်​၊ သန်ဘက်ခါ ဤ​အချိန်​တွင် ငါ့​ခမည်းတော်​ကို ငါ​စောင့်ကြည့်​မည်​။ သင်​ဒါဝိဒ်​အပေါ် ငါ့​ခမည်းတော်​ကောင်း​မည်​ဆို​လျှင် ငါ​သည် သင့်​ထံသို့​လူ​လွှတ်​၍ ဆက်ဆက်​ပြောကြား​ပေး​မည်​။ ငါ့​ခမည်းတော်​က သင့်​ကို​မကောင်းကြံ​လျှင်​လည်း သင်​သည် ဘေးကင်း​စွာ ထွက်သွား​နိုင်​ရန် သင့်​ကို ပြောကြား​ပေး​မည်​။ ထိုသို့​ငါ​မ​ပြု​လျှင် ထာဝရဘုရား​သည် ငါ​ယောနသန်​ကို ထိုထက်မက​ပြု​တော်မူ​ပါစေသော​။ ထာဝရဘုရား​သည် ငါ့​ခမည်းတော်​နှင့်အတူ​ရှိ​တော်မူ​သကဲ့သို့ သင်​နှင့်​လည်း အတူ​ရှိ​တော်မူ​ပါစေသော​။ ငါ​မ​သေ​ရ​မည့်​အကြောင်း ငါ​အသက်ရှင်​လျက်​နေစဉ်​တွင် ငါ့​အား ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကို မ​ပြ​ဘဲ​မ​နေ​ပါ​နှင့်​။ ထာဝရဘုရား​သည် ဒါဝိဒ်​၏​ရန်သူ​အပေါင်း​တို့​ကို မြေ​မျက်နှာပြင်​မှ သုတ်သင်ပယ်ရှင်း​တော်မူ​သည့်​အခါ ငါ​၏​အိမ်သူအိမ်သား​တို့​အား သင်​၏​မေတ္တာကရုဏာ​ကို မ​ဖြတ်​ဘဲ ဆက်၍​ပြသ​ပေး​ပါ​”​ဟု ဆို​၏​။ ထို့နောက် ယောနသန်​က “​ထာဝရဘုရား​သည် ဒါဝိဒ်​၏​ရန်သူ​တို့​ကို သုတ်သင်​တော်မူ​ပါစေသော”​ဟု ဆို​၍ ဒါဝိဒ်​၏​အိမ်သူအိမ်သား​တို့​နှင့် ကတိသစ္စာပြု​လေ​၏​။ ယောနသန်​သည် ဒါဝိဒ်​ကို မိမိ​ကိုယ်နှင့်အမျှ​ချစ်​သောကြောင့် ဒါဝိဒ်​ကို ချစ်​သော​စိတ်​ဖြင့် ထပ်မံ​ကျိန်ဆို​၏​။ ယောနသန်​က ဒါဝိဒ်​အား “​မနက်ဖြန်​သည် လဆန်းနေ့​ဖြစ်​၏​။ သင့်​ထိုင်ခုံ​လွတ်​နေ​လျှင် သင်​မ​ရှိ​သည်​မှာ သိသာ​လိမ့်မည်​။ သုံး​ရက်​မြောက်​နေ့​တွင် အခင်း​ဖြစ်​သော​နေ့​၌ သင်​ပုန်း​နေ​ခဲ့​သော​နေရာ​သို့ အမြန်​လာ​ခဲ့​ပြီး ဧဇေလ​ကျောက်​နား​တွင် စောင့်​နေ​ပါ​။ ငါ​သည် ပစ်မှတ်​ကို ပစ်​သကဲ့သို့ ထို​ကျောက်​ဘေးနား​သို့ မြား​သုံး​စင်း ပစ်လွှတ်​မည်​။ လူငယ်​တစ်​ဦး​အား ‘​မြား​တို့​ကို လိုက်ရှာ​လော့’​ဟု စေခိုင်း​မည်​။ အကယ်၍ ငါ​က ထို​လူငယ်​အား ‘ကြည့်​လော့​။ မြား​တို့​သည် သင့်​ဘေး​၌​ရှိ​၏​။ ကောက်ယူ​လာ​ခဲ့​လော့​’​ဟု ဆို​လျှင် သင်​ထွက်လာ​လော့​။ ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင်​၌ အန္တရာယ်​မ​ရှိ​။ ဘေးကင်း​လေ​ပြီ​။ အကယ်၍ ငါ​က ထို​လူငယ်​အား ‘​မြား​တို့​သည် သင့်​ကို​လွန်သွား​ပြီ​’​ဟု ဆို​လျှင် သင်​ထွက်သွား​ပါ​။ ထာဝရဘုရား​သည် သင့်​ကို ထွက်ပြေး​စေ​ပြီ​။ ယခု သင်​နှင့် ငါ​ကတိသစ္စာ​ထား​ခဲ့​သော​အရာ​များ​နှင့်​ပတ်သက်၍ ထာဝရဘုရား​သည် သင်​နှင့် ငါ​၏​ကြားမှာ​သက်သေ​အစဉ် ဖြစ်​ပါစေ​”​ဟု ဆို​၏​။ ထို့နောက် ဒါဝိဒ်​သည် တော​၌ ပုန်းအောင်း​နေ​၏​။ လဆန်းပွဲနေ့​ရောက်​သောအခါ ရှင်ဘုရင်​သည် စားတော်ခေါ်​ရန် နေရာယူ​လေ​၏​။ ရှင်ဘုရင်​သည် ယခင်က​ကဲ့သို့ပင် သူ့​နေရာ​ဖြစ်​သော​နံရံ​နား​တွင် နေရာယူ​၏​။ ယောနသန်​သည် ရပ်​နေ​၍ အာဗနာ​သည် ရှောလု​မင်းကြီး​၏​ဘေး​၌ ထိုင်​၏​။ ဒါဝိဒ်​၏​နေရာ​မူကား လွတ်​နေ​၏​။ ထို​နေ့​တွင် ရှောလု​မင်းကြီး​က “​ဒါဝိဒ်​သည် တစ်စုံတစ်ရာ​ကြောင့် မ​စင်​မ​ကြယ်​ဖြစ်၍​ဖြစ်​မည်​။ စင်စစ် သူ​မ​စင်​မ​ကြယ်​ဖြစ်၍ မ​လာ​ခြင်း​ဖြစ်​မည်​”​ဟု တွေး​၍ မည်သို့​မျှ​မ​ပြော​ပေ​။ နောက်တစ်နေ့ လဆန်းပွဲ ဒုတိယ​မြောက်​နေ့​တွင်​လည်း ဒါဝိဒ်​၏​နေရာ​သည် လွတ်​နေ​ပြန်​၏​။ ထိုအခါ ရှောလု​မင်းကြီး​က သား​တော်​ယောနသန်​အား “​ယေရှဲ​၏​သား​သည် မနေ့က​ရော ယနေ့​ပါ စားသောက်ပွဲ​သို့ အဘယ်ကြောင့် မ​လာ​ဘဲ​နေ​သနည်း​”​ဟု မေး​၏​။ ယောနသန်​က “​ဒါဝိဒ်​သည် ဗက်လင်​မြို့​သို့ ပြန်​သွား​ခွင့်​ပြု​ပါ​မည့်​အကြောင်း အကျွန်ုပ်​ထံ တစာစာ​ခွင့်တောင်း​ပါ​၏​။ သူ​က ‘​ထို​မြို့​၌ အကျွန်ုပ်​တို့​မျိုးနွယ်စု​၏​ယဇ်ပူဇော်ပွဲ​ရှိ​သည်​ဖြစ်​၏​။ အကျွန်ုပ်​၏​အစ်ကို​လည်း အကျွန်ုပ်​ကို မှာလိုက်​ပါ​ပြီ​။ ထို့ကြောင့် အရှင်​အလိုရှိ​လျှင် အကျွန်ုပ်​၏​အစ်ကို​တို့​နှင့် ပြန်လည်​တွေ့ဆုံ​ခွင့်​ပြု​ပါ​’​ဟု ဆို​ပါ​၏​။ ထို့ကြောင့် ယခု အရှင်မင်းကြီး​၏​စားသောက်ပွဲ​သို့ သူ​မ​လာ​နိုင်​ပါ​”​ဟု ပြန်လျှောက်​၏​။ ထိုအခါ ရှောလု​မင်းကြီး​သည် ယောနသန်​အား အမျက်​ပြင်းစွာ​ထွက်​လျက် “​ပုန်ကန်​ဖောက်ပြား​သော​မိန်းမ​၏​သား​၊ သင်​အရှက်​ရ​အောင်​၊ သင့်​မိခင် အဝတ်အချည်းစည်း​ဖြစ်​ပြီး အရှက်ကွဲ​အောင် သင်​သည် ယေရှဲ​၏​သား​ဘက်​၌ ရပ်တည်​နေ​သည်​ကို ငါ​မ​သိ​ဘဲ​နေ​မည်လော​။ ယေရှဲ​၏​သား​သည် မြေကြီး​ပေါ်တွင် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင်​နှင့် သင့်​နိုင်ငံ တည်မြဲ​မည်​မ​ဟုတ်​။ ယခု​ချက်ချင်း သူ့​ကို လူ​လွှတ်​ခေါ်​စေ​။ သူ​သည် သေ​သင့်​သော​သူ​ဖြစ်​၏​”​ဟု ဆို​၏​။ ယောနသန်​က​လည်း ခမည်းတော်​ရှောလု​မင်းကြီး​အား “​အဘယ်ကြောင့် သူ​သေ​ရ​မည်နည်း​။ မည်သည့်​အမှု​ကို သူ​ပြု​မိ​သနည်း​”​ဟု မေးလျှောက်​လျှင် ရှောလု​မင်းကြီး​သည် ယောနသန်​ကို သတ်​ရန် လှံ​နှင့်​ထိုး​လိုက်​၏​။ ယောနသန်​လည်း သူ့​ခမည်းတော်​သည် ဒါဝိဒ်​ကို သတ်​ရန် စိတ်ပိုင်းဖြတ်​ထား​ပြီး​ဖြစ်ကြောင်း ရိပ်မိ​လေ​၏​။ ထို့ကြောင့် ယောနသန်​သည် အမျက်​ပြင်းစွာ​ထွက်​၍ စားပွဲ​မှ​ထ​လေ​၏​။ မိမိ​ခမည်းတော်​သည် ဒါဝိဒ်​ကို နှိမ်​သောကြောင့် စိတ်ထိခိုက်​သဖြင့် လဆန်းပွဲ​ဒုတိယ​နေ့​တွင် အစာ​ကို မ​စား​ဘဲ​နေ​၏​။ နံနက်​ရောက်​သောအခါ ယောနသန်​သည် လူငယ်လေး​တစ်​ဦး​နှင့်အတူ ဒါဝိဒ်​နှင့်​ချိန်းချက်​ထား​သော​တော​သို့ သွား​၍ လူငယ်လေး​အား “​ယခု ပြေး​ပြီး ငါ​ပစ်လွှတ်​သော​မြား​ကို ရှာ​ပါ​”​ဟု ဆို​၏​။ ထို​လူငယ်လေး​ပြေး​သောအခါ သူ့​ကို ကျော်သွား​အောင် ယောနသန်​သည် မြား​ကို ပစ်လွှတ်​လိုက်​၏​။ ယောနသန်​ပစ်လိုက်​သော​မြား​ကျ​သည့်​နေရာ​သို့ လူငယ်လေး​ရောက်သွား​သောအခါ “​မြား​က သင့်​ရှေ့​ကို​ကျော်သွား​ပြီ​မ​ဟုတ်​လော​”​ဟု ယောနသန်​သည် လူငယ်လေး​နောက်မှ အော်​ပြော​၏​။ ထို့ပြင် ယောနသန်​က “​အလျင်အမြန် ပြေး​ပါ​တော့​။ ရပ်​မ​နေ​ဘဲ အမြန်သာ​ပြေး​ပါ​တော့”​ဟု လူငယ်လေး​နောက်​မှ အော်ဟစ်​၏​။ လူငယ်လေး​သည်​လည်း ယောနသန်​ပစ်​လိုက်​သော​မြား​ကို ကောက်​ပြီး သခင့်​ထံ​ပြန်လာ​၏​။ လူငယ်လေး​သည် ဤ​ကိစ္စ​ကို ဘာမျှ​နား​မ​လည်​။ ယောနသန်​နှင့် ဒါဝိဒ်​သာ သိ​သော​ကိစ္စ ဖြစ်​၏​။ ယောနသန်​သည် သူ​နှင့်အတူ​ပါလာ​သော​လူငယ်လေး​အား သူ့​လက်နက်​များ​ကို ပေး​၍ “​မြို့​ထဲသို့ ပြန်ယူ​သွား​ပါ​တော့​”​ဟု ဆို​၏​။ ထို​သူငယ်​ထွက်သွား​သောအခါ ဒါဝိဒ်​သည် တောင်ဘက်​ပုန်းအောင်း​ရာ​မှ ထွက်လာ​ပြီး မြေ​ပေါ်မှာ ပျပ်ဝပ်​လျက် သုံး​ကြိမ်​ဦးချ​လေ​၏​။ ပြီးလျှင် တစ်ဦး​ကို​တစ်ဦး ဖက်နမ်း​လျက် ငိုကြွေး​ကြ​၏​။ ဒါဝိဒ်​သည် ယောနသန်​ထက် ပို၍​ငိုကြွေး​လေ​၏​။ ထို့နောက် ယောနသန်​က ဒါဝိဒ်​အား “​အေးအေးဆေးဆေး​သွား​ပါ​တော့​။ ‘ထာဝရဘုရား​သည် ငါ​နှင့်​သင့်​ကြား​၊ ငါ့​သားစဉ်မြေးဆက်​နှင့် သင့်​သားစဉ်မြေးဆက်​တို့​ကြားတွင် သက်သေ​အစဉ်​ဖြစ်​ပါစေ’​ဟူ၍ ထို​ထာဝရဘုရား​၏​နာမ​တော်​၌ ငါ​တို့​နှစ်​ယောက် ကျိန်ဆို​ထား​ပြီ​”​ဟု ဆို​၏​။ ထို့နောက် ဒါဝိဒ်​ထွက်သွား​၍ ယောနသန်​လည်း မြို့​ထဲသို့ ပြန်သွား​လေ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။