YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 2:18-21

၁ ဓမ္မရာဇဝင် 2:18-21 Judson Bible (JBMLE)

သူ​ငယ် ရှ​မွေ​လ​သည် ပိတ်​သင်​တိုင်း​ကို ဝတ်​စည်း​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၌ အ​မှု​တော်​ကို ဆောင်​ရွက်​လေ၏။ နှစ်​စဉ်​ပြု​ရ​သော​ယဇ်​ကို​ပူ​ဇော်​ခြင်း​ငှာ၊ သူ၏​မိ​ဘ​သည်​ရောက်​လာ​သော​အ​ခါ၊ အ​မိ​သည် တစ်​နှစ်​မ​ပြတ် သား​အ​ဖို့ အင်္ကျီ​ငယ်​ကို​ချုပ်၍ ဆောင်​ခဲ့​တတ်၏။ တစ်​ရံ​ရော​အ​ခါ၊ ဧ​လိ​က၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၌ ငှား​ထား​သော သား​အ​တွက်၊ ဤ​မိန်း​မ​တွင် အ​မျိုး​အ​နွယ်​ကို ပေး​တော်​မူ​ပါ​စေ​သော​ဟု ဧ​လ​ကာ​န​လင်​မ​ယား​ကို ကောင်း​ချီး​ပေး၏။ ထို​သူ​တို့​သည် နေ​ရာ​အိမ်​သို့ ပြန်​သွား​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဟ​န္န​ကို အ​ကြည့်​အ​ရှု​ကြွ​တော်​မူ​သ​ဖြင့်၊ သူ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍၊ သား​သုံး​ယောက်၊ သ​မီး​နှစ်​ယောက်​တို့​ကို ဖွား​မြင်​လေ၏။ သူ​ငယ်​ရှ​မွေ​လ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြီး​ပွား​သ​တည်း။

၁ ဓမ္မရာဇဝင် 2:18-21 Common Language Bible (BCL)

ဤ​အ​တော​အ​တွင်း​၌​သူ​ငယ်​ရှ​မွေ​လ​သည် ပိတ်​ချော​သင်​တိုင်း​ကို​ဝတ်​၍​ထာ​ဝ​ရ​ဘု​ရား ၏​အ​မှု​တော်​ကို​ဆောင်​လျက်​နေ​၏။- သူ​၏​အ​မိ​သည်​နှစ်​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​ကို တင်​လှူ​ရန် ခင်​ပွန်း​သည်​နှင့်​အ​တူ​လိုက်​ပါ လာ​သော​အ​ခါ ဝတ်​လုံ​ငယ်​တစ်​ခု​ကို​ချုပ်​၍ ယူ​ဆောင်​လာ​တတ်​၏။- ထို​အ​ခါ​ဧ​လိ​သည်​ဧ​လ​ကာ​န​နှင့်​ဇ​နီး အား ကောင်း​ချီး​ပေး​ပြီး​လျှင်``ထာ​ဝ​ရ​ဘု​ရား အား​သင်​ဆက်​ကပ်​သည့်​သား​အ​စား ကိုယ်​တော် သည်​သင့်​အား​ဤ​အ​မျိုး​သ​မီး​အား​ဖြင့် အ​ခြား​သား​သ​မီး​များ​ကို​ပေး​သ​နား တော်​မူ​ပါ​စေ​သော'' ဟု​ဧ​လ​ကာ​န​အား ပြော​လေ့​ရှိ​၏။ ထို​နောက်​သူ​တို့​သည်​မိ​မိ​တို့​နေ​အိမ်​သို့​ပြန် သွား​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဟန္န​ကို​ကောင်း​ချီး​ပေး တော်​မူ​သ​ဖြင့် သူ​သည်​သား​သုံး​ယောက်​နှင့် သ​မီး​နှစ်​ယောက်​ကို​ရ​လေ​သည်။ သူ​ငယ် ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု တော်​ကို​ဆောင်​ရွက်​လျက်​ကြီး​ပြင်း​လာ​၏။

၁ ဓမ္မရာဇဝင် 2:18-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူငယ်​ရှမွေလ​သည် ဧဖုဒ်​ပိတ်ချော​ကို​ဝတ်ဆင်​၍ ထာဝရဘုရား​ရှေ့​တော်​တွင် အမှု​တော်​ထမ်းဆောင်​လျက်​ရှိ​၏​။ သူ့​မိခင်​သည် သူ့​အတွက် ဝတ်လုံ​ငယ်​ကို​ချုပ်လုပ်​၏​။ နှစ်စဉ်​ယဇ်ပူဇော်​ရ​မည့်​အချိန်​ရောက်​၍ ခင်ပွန်းသည်​နှင့် ယဇ်ပူဇော်​ရန်​သွား​သောအခါ​တိုင်း သူ့​အတွက် ယူသွား​ပေး​လေ့​ရှိ​၏​။ ဧလိ​က​လည်း ဧလကာန​နှင့်​သူ့​မယား​အား “​ထာဝရဘုရား​ထံ အပ်နှံ​ထား​သော​ဤ​သား​အစား ထာဝရဘုရား​သည် သင့်​အား ဤ​မိန်းမ​အားဖြင့် သားသမီး​များ ထပ်၍​ပေးသနား​တော်မူ​ပါစေသော​”​ဟု ကောင်းချီးပေးပြီးမှ သူ​တို့​သည်​လည်း မိမိ​တို့​အိမ်​သို့​ပြန်သွား​ကြ​လေ​၏​။ ထာဝရဘုရား​သည် ဟန္န​ကို ကြည့်ရှုထောက်မ​တော်မူ​သဖြင့် သူ​သည် ကိုယ်ဝန်ဆောင်​၍ သား​သုံး​ယောက်​၊ သမီး​နှစ်​ယောက်​ကို ထပ်မံ​မွေးဖွား​လေ​၏​။ သူငယ်​ရှမွေလ​သည်​လည်း ထာဝရဘုရား​ရှေ့​တော်​တွင် ကြီးပြင်း​လာ​လေ​၏​။