YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 18:6-9

၁ ဓမ္မရာဇဝင် 18:6-9 Judson Bible (JBMLE)

ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​ကို​သတ်​ပြီး​မှ ပြန်​လာ၍၊ ရောက်​လေ​ရာ​ရာ၌ မိန်း​မ​များ​တို့​သည် ရှော​လု​မင်း​ကြီး​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ရွှင်​လန်း​သော​စိတ်​နှင့် သီ​ချင်း​ဆို​လျက်၊ က​လျက်၊ ပတ်​သာ​အ​စ​ရှိ​သည်​တို့​ကို တီး​လျက်၊ ဣ​သ​ရေ​လ​မြို့​ရွာ​များ​ထဲ​က ထွက်​လာ​သ​ဖြင့်၊ ရှော​လု အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​အ​သောင်း​သောင်း သတ်​လေ​စွ​တ​ကား​ဟု အ​လှည့်​လှည့် သီ​ချင်း​ဆို​ကြ၏။ ရှော​လု​က၊ သူ​တို့​သည် ဒါ​ဝိဒ်​အား အ​သောင်း​သောင်း၊ ငါ့​အား အ​ထောင်​ထောင်​သာ​ပေး​ကြ​ပြီ။ နိုင်​ငံ​တော်​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို ပေး​နိုင်​သေး​သ​နည်း​ဟု အ​လွန်​အ​မျက်​ထွက်၍ ထို​စ​ကား​ကြောင့် စိတ်​ပျက်​လေ၏။ ထို​နေ့​မှ​စ၍ ဒါ​ဝိဒ်​ကို အ​စဉ်​ချောင်း​မြောင်း​လျက်​နေ၏။

၁ ဓမ္မရာဇဝင် 18:6-9 Common Language Bible (BCL)

ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​ကို​သတ်​ပြီး​နောက် စစ် သည်​တပ်​သား​များ​နှင့်​အ​တူ​အိမ်​ပြန်​လာ ရာ ရောက်​ရှိ​လေ​ရာ​မြို့​များ​မှ​အ​မျိုး​သ​မီး တို့​သည်​ရှော​လု​အား​ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။ လူ​တို့​သည်​ဝမ်း​မြောက်​စွာ​သီ​ချင်း​များ​ဆို ၍​က​ခုန်​လျက်​ပတ်​သာ​များ​နှင့်​စောင်း​ငယ် များ​ကို​တီး​ကြ​၏။- ယင်း​သို့​အောင်​ပွဲ​ကျင်း​ပ​ရာ​၌​အ​မျိုး​သ​မီး တို့​က``ရှော​လု​သတ်​သူ​အ​ထောင်​ထောင်၊ ဒါ​ဝိဒ် သတ်​သူ​အ​သောင်း​သောင်း'' ဟု​သီ​ဆို​ကြ လေ​သည်။- ရှော​လု​သည်​ဤ​သို့​သီ​ဆို​ကြ​သည်​ကို​မ​နှစ် သက်​သ​ဖြင့် အ​မျက်​ထွက်​၍``သူ​တို့​က​ဒါ​ဝိဒ် သည်​သောင်း​ပေါင်း​များ​စွာ​သတ်​၍ ငါ​မူ​ကား ထောင်​ပေါင်း​များ​စွာ​သာ​သတ်​ခဲ့​ကြောင်း​သီ ဆို​ချေ​သည်။ သူ့​အား​ထီး​နန်း​အပ်​နှင်း​ရန် သာ​ကျန်​ပါ​တော့​သည်​တ​ကား'' ဟု​ဆို ပြီး​လျှင်၊- ထို​နေ့​မှ​စ​၍​ဒါ​ဝိဒ်​အား​မ​နာ​လို​စိတ်​ပွား များ​ကာ​မ​ယုံ​သင်္ကာ​ဖြစ်​၍​နေ​တော့​၏။

၁ ဓမ္မရာဇဝင် 18:6-9 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဒါဝိဒ်​အပါအဝင် စစ်သည်​တို့​သည် ဖိလိတ္တိ​လူမျိုး​ကို နှိမ်နင်း​ရာ​မှ ပြန်လာ​သော​အချိန်​တွင် အစ္စရေး​မြို့​အသီးသီး​တို့​မှ အမျိုးသမီး​တို့​သည် ရှောလု​မင်းကြီး​ကို ကြိုဆို​ရန် ဝမ်းမြောက်​စွာ​ဖြင့် ပတ်သာ​၊ စောင်း​တို့​ကို တီးမှုတ်​၍ သီဆို​ကခုန်​လျက် ထွက်လာ​ကြ​၏​။ ထို​အမျိုးသမီး​တို့​သည် ကခုန်​လျက် “​ရှောလု​မင်းကြီး​အထောင်ထောင်​၊ ဒါဝိဒ်​အသောင်းသောင်း သတ်​လေ​ပြီ​”​ဟု သီဆို​ကြ​၏​။ ထိုသို့ သီဆို​သည်​ကို ရှောလု​မင်းကြီး​သည် ဘဝင်မကျ​ဘဲ အလွန်​အမျက်ထွက်​လျက် “​သူ​တို့​က ရှောလု​မင်းကြီး​အထောင်ထောင်​၊ ဒါဝိဒ်​အသောင်းသောင်း​ဟု ဆို​ကြ​လေ​ပြီ​။ ထို့​ထက်​ပို​လာ​လျှင် သူ့​အား နိုင်ငံ​တော်​ပေး​ရန်​သာ​ရှိ​တော့​သည်​”​ဟု ဆို​၏​။ ထို​နေ့​မှစ၍ ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို မနာလိုစိတ်​ဝင်​၍ စောင့်ကြည့်​နေ​လေ​၏​။