YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 18:6-9

ဓမ္မရာဇဝင်ပထမစောင် 18:6-9 MSBU

ဒါဝိဒ်​အပါအဝင် စစ်သည်​တို့​သည် ဖိလိတ္တိ​လူမျိုး​ကို နှိမ်နင်း​ရာ​မှ ပြန်လာ​သော​အချိန်​တွင် အစ္စရေး​မြို့​အသီးသီး​တို့​မှ အမျိုးသမီး​တို့​သည် ရှောလု​မင်းကြီး​ကို ကြိုဆို​ရန် ဝမ်းမြောက်​စွာ​ဖြင့် ပတ်သာ​၊ စောင်း​တို့​ကို တီးမှုတ်​၍ သီဆို​ကခုန်​လျက် ထွက်လာ​ကြ​၏​။ ထို​အမျိုးသမီး​တို့​သည် ကခုန်​လျက် “​ရှောလု​မင်းကြီး​အထောင်ထောင်​၊ ဒါဝိဒ်​အသောင်းသောင်း သတ်​လေ​ပြီ​”​ဟု သီဆို​ကြ​၏​။ ထိုသို့ သီဆို​သည်​ကို ရှောလု​မင်းကြီး​သည် ဘဝင်မကျ​ဘဲ အလွန်​အမျက်ထွက်​လျက် “​သူ​တို့​က ရှောလု​မင်းကြီး​အထောင်ထောင်​၊ ဒါဝိဒ်​အသောင်းသောင်း​ဟု ဆို​ကြ​လေ​ပြီ​။ ထို့​ထက်​ပို​လာ​လျှင် သူ့​အား နိုင်ငံ​တော်​ပေး​ရန်​သာ​ရှိ​တော့​သည်​”​ဟု ဆို​၏​။ ထို​နေ့​မှစ၍ ရှောလု​မင်းကြီး​သည် ဒါဝိဒ်​ကို မနာလိုစိတ်​ဝင်​၍ စောင့်ကြည့်​နေ​လေ​၏​။