၁ ဓမ္မရာဇဝင် 17:34-35
၁ ဓမ္မရာဇဝင် 17:34-35 Judson Bible (JBMLE)
ဒါဝိဒ်က၊ ကိုယ်တော်ကျွန်သည် အဘ၏သိုးတို့ကို ထိန်းကျောင်းစဉ်အခါ၊ ခြင်္သေ့နှင့်ဝံသည်လာ၍ သိုးသငယ်ကို သိုးစုထဲကကိုက်ချီပါ၏။ ကျွန်တော်လိုက်၍ သတ်သဖြင့် သိုးသငယ်ကို သူ့ပါးစပ်ထဲက နုတ်ပါ၏။ ဝံသည် ကျွန်တော်ကို ပြန်၍ကိုက်သောအခါ၊ ဝံ၏မုတ်ဆိတ်ကိုကိုင်၍ ရိုက်သတ်ပါ၏။
၁ ဓမ္မရာဇဝင် 17:34-35 Common Language Bible (BCL)
ဒါဝိဒ်က``အရှင်မင်းကြီး၊ အကျွန်ုပ်သည် ဖခင်၏သိုးများကိုထိန်းကျောင်းရသူ ဖြစ်ပါ၏။ သိုးတစ်ကောင်ကိုခြင်္သေ့သော် လည်းကောင်း၊ ဝက်ဝံသော်လည်းကောင်း ကိုက်ချီသွားပါလျှင်၊- အကျွန်ုပ်သည်ထိုသားရဲကိုလိုက်လံတိုက်ခိုက် ကာ သိုးငယ်ကိုကယ်ဆယ်ပါ၏။ အကယ်၍ခြင်္သေ့ သို့မဟုတ်ဝက်ဝံသည် အကျွန်ုပ်ကိုလှည့်၍ကိုက် ခဲ့သော်အကျွန်ုပ်သည်သူ၏လည်မြိုကိုကိုင်၍ ရိုက်သတ်ပါ၏။
၁ ဓမ္မရာဇဝင် 17:34-35 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သို့သော် ဒါဝိဒ်က ရှောလုမင်းကြီးအား “အရှင့်အစေအပါးသည် ဖခင်၏သိုးများကို ထိန်းကျောင်းနေစဉ် ခြင်္သေ့၊ ဝက်ဝံတို့သည် လာ၍ သိုးအုပ်ထဲမှ သိုးသငယ်ကို ကိုက်ဆွဲပါ၏။ ထိုအခါ အကျွန်ုပ်သည် ခြင်္သေ့၊ ဝက်ဝံတို့ကို လိုက်၍ တိုက်ခိုက်ပြီး ထိုအကောင်တို့၏ပါးစပ်မှ သိုးတို့ကို ကယ်ခဲ့ပါ၏။ ထိုအကောင်က အကျွန်ုပ်ကို ပြန်လည်တိုက်ခိုက်လျှင် ထိုအကောင်၏မုတ်ဆိတ်ကိုဖမ်းဆွဲပြီး ရိုက်သတ်ပါ၏။