YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 16:14-23

၁ ဓမ္မရာဇဝင် 16:14-23 Judson Bible (JBMLE)

ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ရှော​လု​မှ​ထွက်​သွား၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ်​သည် နှောင့်​ယှက်​တတ်၏။ ရှော​လု၏ ကျွန်​တို့​က​လည်း၊ ယ​ခု​မှာ ဘု​ရား​သ​ခင်​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို နှောင့်​ယှက်​တတ်​ပါ၏။ ခ​စား​သော ကိုယ်​တော်၏​ကျွန်​တို့​သည်၊ သာ​ယာ​စွာ စောင်း​တီး​တတ်​သော​သူ​ကို ရှာ​ဖွေ​ရ​မည်​အ​ကြောင်း အ​ရှင်​အ​မိန့်​ရှိ​တော်​မူ​ပါ။ ဘု​ရား​သ​ခင့်​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ် လာ​သော​အ​ခါ၊ သူ​သည် စောင်း​တီး​သ​ဖြင့် ကိုယ်​တော်​သည် ချမ်း​သာ​ရ​တော်​မူ​မည်​ဟု လျှောက်​လျှင်၊ ရှော​လု​က၊ သာ​ယာ​စွာ တီး​တတ်​သော​သူ​ကို ငါ့​အ​ဖို့​ရှာ​ဖွေ၍ ငါ့​ထံ​သို့ ခေါ်​ခဲ့​ကြ​ဟု ကျွန်​တို့​အား မိန့်​တော်​မူ​သော်၊ ကျွန်​တစ်​ယောက်​က၊ ကျွန်​တော်​တွေ့​ဖူး​သော ဗက်​လင်​မြို့​သား ယေ​ရှဲ​သား​သည် စောင်း​တီး​သော​အ​တတ်၊ ရဲ​ရင့်​ခြင်း​အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ၍၊ စစ်​မှု၌​လည်း​ကောင်း၊ ပ​ညာ​စ​ကား၌​လည်း​ကောင်း လေ့​ကျက်​ပါ၏။ အ​ဆင်း​လည်း လှ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ ရှိ​တော်​မူ၏​ဟု လျှောက်​သော​ကြောင့်၊ ရှော​လု​က၊ ယေ​ရှဲ​ရှိ​ရာ​သို့ လူ​ကို​စေ​လွှတ်၍၊ သိုး​ထိန်း​ဖြစ်​သော သင်၏​သား​ဒါ​ဝိဒ်​ကို ငါ့​ထံ​သို့ စေ​လွှတ်​ရ​မည်​ဟု အ​မိန့်​တော်​ရှိ၏။ ယေ​ရှဲ​သည် မုန့်​တင်​သော​မြည်း၊ စ​ပျစ်​ရည်​ဘူး၊ ဆိတ်​သ​ငယ်​ကို​ယူ၍ မိ​မိ​သား​ဒါ​ဝိဒ်​တွင် ရှော​လု​ထံ​သို့ ပေး​လိုက်​လေ၏။ ဒါ​ဝိဒ်​သည် ရှော​လု​ထံ​သို့​ရောက်၍​ခ​စား​သ​ဖြင့်၊ ရှော​လု​သည် အ​လွန်​ချစ်၍ လက်​နက်​တော်​ဆောင်​အ​ရာ၌ ခန့်​ထား၏။ ရှော​လု​သည်​လည်း ယေ​ရှဲ​ရှိ​ရာ​သို့​လူ​ကို​စေ​လွှတ်၍၊ ဒါ​ဝိဒ်​ကို ငါ့​စိတ်​နှင့်​တွေ့​သော​ကြောင့် ငါ့​ထံ၌ ခ​စား​ပါ​စေ​ဟု အ​ခွင့်​တောင်း​လေ၏။ ဘု​ရား​သ​ခင့်​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ်​သည် ရှော​လု​အ​ပေါ်​မှာ​ရောက်​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် စောင်း​ကို​ယူ၍​တီး​သ​ဖြင့် ဆိုး​သော​ဝိ​ညာဉ်​ထွက်​သွား၍၊ ရှော​လု​သည် သက်​သာ​လျက် ပ​က​တိ​ကျန်း​မာ​လျက်​ရှိ​တတ်၏။

၁ ဓမ္မရာဇဝင် 16:14-23 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ရှော​လု​ထံ မှ​ထွက်​ခွာ​သွား​တော်​မူ​၏။ ထို​အ​ခါ​သူ​သည် ကိုယ်​တော်​စေ​လွှတ်​လိုက်​သည့် နတ်​မိစ္ဆာ​၏​နှောင့် ယှက်​ညှင်း​ဆဲ​ခြင်း​ကို​ခံ​ရ​လေ​တော့​သည်။- အ​စေ​ခံ​တို့​က​လည်း​ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ် လိုက်​သည့်​နတ်​မိစ္ဆာ​သည် အ​ရှင်​မင်း​ကြီး​အား​နှောင့် ယှက်​ညှင်း​ဆဲ​လျက်​နေ​သည်​ကို​အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ​၏။- သို့​ဖြစ်​၍​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ် တို့​အား​အ​မိန့်​ပေး​တော်​မူ​ပါ​လျှင် စောင်း​တီး​တတ် သူ​ကို​အ​ကျွန်ုပ်​တို့​ရှာ​ပါ​မည်။ သူ​သည်​နတ်​မိစ္ဆာ ဝင်​လာ​ချိန်​၌​စောင်း​ကို​တီး​သ​ဖြင့် အ​ရှင်​မင်း ကြီး​သည်​ပြန်​လည်​၍​အ​ကောင်း​ပ​က​တိ​ဖြစ် လာ​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။ ရှော​လု​က``သာ​ယာ​စွာ​စောင်း​တီး​တတ်​သူ​ကို ရှာ​၍​ငါ့​ထံ​သို့​ခေါ်​ခဲ့​လော့'' ဟု​အ​မိန့်​ပေး တော်​မူ​လျှင်၊- အ​ပါး​တော်​တွင်​ခ​စား​နေ​သူ​တစ်​ဦး​က``ဗက်​လင် မြို့​သား​ယေ​ရှဲ​တွင် တူ​ရိ​ယာ​ကောင်း​စွာ​တီး​တတ် သူ​သား​တစ်​ယောက်​ရှိ​ပါ​၏။ သူ​သည်​ရဲစွမ်း​သတ္တိ ရှိ​သူ၊ အ​ဆင်း​လှ​သူ၊ စစ်​ရေး​တတ်​သူ၊ နှုတ်​သတ္တိ ရှိ​သူ​ဖြစ်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့် အ​တူ​ရှိ​တော်​မူ​ပါ​၏'' ဟု​လျှောက်​ထား​၏။ ရှော​လု​သည်​ယေ​ရှဲ​ထံ​သို့​စေ​တ​မန်​များ လွှတ်​၍``သိုး​များ​ကို​ထိန်း​ကျောင်း​နေ​သူ​သင် ၏​သား​ဒါ​ဝိဒ်​အား​ငါ့​ထံ​သို့​စေ​လွှတ်​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။- ယေ​ရှဲ​သည်​မုန့်​တင်​မြည်း​တစ်​စီး၊ စ​ပျစ်​ရည် အ​ပြည့်​ပါ​သော​သား​ရေ​ဘူး​တစ်​ဘူး​နှင့်​ဆိတ်​ငယ် တစ်​ကောင်​ကို ဒါ​ဝိဒ်​နှင့်​အ​တူ​ရှော​လု​မင်း​ထံ သို့​ပို့​ဆက်​လေ​၏။- ဒါ​ဝိဒ်​သည်​ရှော​လု​ထံ​သို့​လာ​ရောက်​ပြီး​လျှင် အ​မှု​တော်​ကို​ထမ်း​ဆောင်​လေ​သည်။ ရှော​လု သည်​လည်း​သူ့​ကို​လွန်​စွာ​နှစ်​သက်​တော်​မူ သ​ဖြင့်​မိ​မိ​၏​လက်​နက်​သယ်​ဆောင်​သူ အ​ရာ​၌​ခန့်​ထား​တော်​မူ​၏။- ထို​နောက်``ငါ​သည်​ဒါ​ဝိဒ်​ကို​နှစ်​သက်​တော်​မူ​သည်။ သူ့​အား​ငါ့​ထံ​၌​ခ​စား​ပါ​စေ'' ဟု​ယေရှဲ​ထံ​လူ လွှတ်​မိန့်​ကြား​တော်​မူ​လိုက်​၏။- ထို​နေ့​မှ​အ​စ​ပြု​၍​ရှော​လု​ကို​ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​နတ်​မိစ္ဆာ​ဝင်​သည့်​အ​ခါ​တိုင်း ဒါ​ဝိဒ်​သည်​စောင်း​ကို​ယူ​၍​တီး​လေ့​ရှိ​၏။ ထို အ​ခါ​နတ်​မိစ္ဆာ​သည်​ထွက်​ခွာ​သွား​သ​ဖြင့် ရှော​လု​သည်​သက်​သာ​၍​တစ်​ဖန်​ကျန်း​မာ လာ​လေ​သည်။

၁ ဓမ္မရာဇဝင် 16:14-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယခုမှာ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ရှောလု​မင်းကြီး​ထံ​မှ ထွက်ခွာ​ပြီး ထာဝရဘုရား​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် သူ့​ကို နှောင့်ယှက်​လေ​၏​။ ရှောလု​မင်းကြီး​၏​အမှုထမ်း​တို့​က​လည်း “​ကြည့်ရှု​လော့​။ ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် အရှင့်​ကို​နှောင့်ယှက်​ပါ​ပြီ​တကား​။ ထို့ကြောင့် အရှင့်​ထံ​ခစား​သော​အမှုထမ်း​တို့​အား စောင်း​တီး​ကျွမ်းကျင်​သူ​တစ်​ဦး​ကို ရှာဖွေ​စေ​ပါ​။ ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​နှောင့်ယှက်​သောအခါ​တိုင်း ထို​သူ​စောင်းတီး​ပေး​လျှင် အရှင် ပြန်ကောင်း​သွား​ပါ​လိမ့်မည်​”​ဟု လျှောက်တင်​ကြ​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​က မိမိ​၏​အမှုထမ်း​တို့​အား “ယခုပင် စောင်းတီး​ကျွမ်းကျင်​သူ​တစ်​ဦး​ကို ရှာ​၍ ငါ့​ထံသို့​ခေါ်လာ​လော့​”​ဟု အမိန့်ပေး​၏​။ ထိုအခါ အမှုထမ်း​တို့​ထဲမှ တစ်​ယောက်​က “​ဗက်လင်​မြို့သား​ယေရှဲ​၏​သား​သည် စောင်းတီး​ကျွမ်းကျင်​ကြောင်း သိ​ရ​ပါ​၏​။ သူ​သည် ရဲစွမ်းသတ္တိ​ရှိ​သူ​၊ တိုက်ရည်ခိုက်ရည်​ရှိ​သူ​၊ အပြောအဆိုလိမ္မာ​သူ​၊ ရုပ်ရည်​သန့်ပြန့်​သူ​ဖြစ်​၏​။ ထာဝရဘုရား​သည် သူ​နှင့်အတူ ရှိ​တော်မူ​၏​”​ဟု လျှောက်တင်​လျှင် ရှောလု​မင်းကြီး​သည် ယေရှဲ​ထံ တမန်​တို့​ကို စေလွှတ်​၍ “​သိုးကျောင်း​နေ​သော သင်​၏​သား​ဒါဝိဒ်​ကို ငါ့​ထံ စေလွှတ်​လော့​”​ဟု မှာလိုက်​လေ​၏​။ ထိုအခါ ယေရှဲ​သည် စားစရာ​များ​နှင့်​စပျစ်ဝိုင်​တစ်​ဘူး​ကို ယူ​၍ မြည်း​ပေါ်တွင်​တင်​ပြီး ဆိတ်သငယ်​တစ်​ကောင်​နှင့်အတူ မိမိ​သား​ဒါဝိဒ်​ကို ရှောလု​မင်းကြီး​ထံ လွှတ်​လိုက်​လေ​၏​။ ဒါဝိဒ်​သည် ရှောလု​မင်းကြီး​ထံသို့​ရောက်​၍ ရှေ့​တော်​၌​အခစား​ဝင်​သောအခါ ရှောလု​မင်းကြီး​သည် သူ့​ကို အလွန်​သဘောကျ​သဖြင့် မိမိ​၏​လက်နက်ကိုင်​အဖြစ် ခန့်အပ်​လေ​၏​။ ထို့နောက် ရှောလု​မင်းကြီး​သည် ယေရှဲ​ထံ လူ​လွှတ်​ပြီး “​ဒါဝိဒ်​ကို ငါ​နှစ်သက်​သည်​ဖြစ်၍ ငါ့​ထံ၌ ခစား​စေ​ပါ​လော့”​ဟု မှာလိုက်​၏​။ ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် ရှောလု​မင်းကြီး​ကို နှောင့်ယှက်​သည့်​အခါ ဒါဝိဒ်​သည် စောင်း​ကို​ယူ​၍ တီး​ပေး​၏​။ ထိုအခါ ရှောလု​မင်းကြီး​ထံမှ ဝိညာဉ်ဆိုး​ထွက်သွား​သဖြင့် သူ​သည် သက်သာ​ပြီး နေကောင်း​သွား​လေ​၏​။