YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 15:22-23

၁ ဓမ္မရာဇဝင် 15:22-23 Judson Bible (JBMLE)

ရှ​မွေ​လ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ခြင်း၌ အား​ရ​တော်​မူ​သ​ကဲ့​သို့၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး​တို့​ကို ပူ​ဇော်​ခြင်း၌ အား​ရ​တော်​မူ​မည်​လော။ အ​လို​တော်​သို့​လိုက်​ခြင်း​သည် ယဇ်​မျိုး​ထက်​သာ၍ ကောင်း၏။ နား​ထောင်​ခြင်း​သည် သိုး​ထီး​ဆီ​ဥ​ထက်​သာ၍ ကောင်း၏။ ငြင်း​ဆန်​သော​သ​ဘော​သည် နတ်​ဆိုး​နှင့် ပေါင်း​ခြင်း​ကဲ့​သို့​လည်း​ကောင်း၊ ခိုင်​မာ​သော​သ​ဘော​သည် ဗေ​ဒင်​တန်​ဆာ​ကို သုံး​ခြင်း​ကဲ့​သို့​လည်း​ကောင်း အ​ပြစ်​ကြီး၏။ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို ပယ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ရှင်​ဘု​ရင်​အ​ရာ​ကို​နုတ်၍ သင့်​ကို​ပယ်​တော်​မူ​ပြီ​ဟု ဆို၏။

၁ ဓမ္မရာဇဝင် 15:22-23 Common Language Bible (BCL)

ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ရှို့ ရာ​ယဇ်​အ​စ​ရှိ​သည့်​ပူ​ဇော်​သကာ​များ ဆက်​သ​မှု​နှင့် မိ​မိ​၏​အ​မိန့်​တော်​နာ​ခံ မှု​တို့​အ​နက်​မည်​သည်​ကို​ပို​၍​နှစ်​သက်​တော် မူ​ပါ​သ​နည်း။ နာ​ခံ​ခြင်း​သည်​အ​ဆူ​ဖြိုး ဆုံး​သိုး​ကို​ယဇ်​ပူ​ဇော်​ခြင်း​ထက်​ပို​၍​မြတ်​၏။- ကိုယ်​တော်​အား​ပုန်​ကန်​ခြင်း​သည်​စုံး​အ​တတ် ကဲ့​သို့​ဆိုး​ရွား​၍ မောက်​မာ​ထောင်​လွှား​ခြင်း သည်​လည်း​ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း​ကဲ့​သို့ ပင်​အ​ပြစ်​ကြီး​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​ပယ်​သော​ကြောင့် ကိုယ်​တော် သည်​သင့်​ကို​ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ ပြီ'' ဟု​ဆို​၏။

၁ ဓမ္မရာဇဝင် 15:22-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရှမွေလ​က​လည်း “​ထာဝရဘုရား​၏​စကား​တော်​ကို နာခံ​ခြင်း​ထက် မီးရှို့​ရာ​ယဇ်ပူဇော်​ခြင်း​ကို ထာဝရဘုရား ပို၍​နှစ်သက်​တော်မူ​မည်​လော​။ ကြည့်ရှု​လော့​။ နာခံ​ခြင်း​သည် ယဇ်ပူဇော်​ခြင်း​ထက် ပို၍​ကောင်း​၏​။ အာရုံစိုက်​နားထောင်​ခြင်း​သည် သိုးထီး​အဆီ​ထက် ပို၍​ကောင်း​၏​။ ပုန်ကန်​ခြင်း​အပြစ်​သည် ဂမ္ဘီရပညာ​သုံး​ခြင်း​အပြစ်​နှင့် အတူတူပင်​ဖြစ်​၏​။ ခေါင်းမာ​ခြင်း​သည် မကောင်းမှု​ပြု​ခြင်း​၊ ရုပ်တုကိုးကွယ်​ခြင်း​ပင်​ဖြစ်​၏​။ သင်​သည် ထာဝရဘုရား​၏​စကား​ကို​ပယ်​သောကြောင့် ထာဝရဘုရား​သည်​လည်း သင့်​ကို ဘုရင်​အဖြစ်​မှ​ပယ်​တော်မူ​ပြီ​”​ဟု သူ့​အား ဆို​၏​။