YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 14:24-30

၁ ဓမ္မရာဇဝင် 14:24-30 Judson Bible (JBMLE)

ထို​နေ့၌ ဣ​သ​ရေ​လ​လူ​တို့​သည် ဆင်း​ရဲ​ခံ​ရ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ရှော​လု​က၊ ငါ​သည် ငါ့​ရန်​သူ​တို့၌ ငါ့​စိတ်​ပြေ​မည်​အ​ကြောင်း၊ ညဉ့်​ဦး​ချိန်​မ​ရောက်​မီ အ​စာ​စား​သော​သူ​တိုင်း ကျိန်​ဆဲ​အပ်​စေ​ဟု လူ​တို့​အား အ​ကျိန်​ပေး​သော​ကြောင့် အ​ဘယ်​သူ​မျှ အ​စာ​မ​စား​ရ။ လူ​အ​ပေါင်း​တို့​သည် မြေ​ပေါ်၌ ပျား​ရည်​ရှိ​ရာ​တော​သို့ ရောက်​သ​ဖြင့်၊ တော​ထဲ​သို့​ဝင်​သော​အ​ခါ ပျား​ရည်​စက်​စက်​ကျ​လျက် ရှိ​သော်​လည်း၊ အ​ကျိန်​တော်​ကို ကြောက်​သော​ကြောင့်၊ အ​ဘယ်​သူ​မျှ မိ​မိ​လက်​ကို မိ​မိ​ပါး​စပ်၌​မ​ထည့်။ သို့​ရာ​တွင် ခ​မည်း​တော်​သည် လူ​များ​တို့​အား အ​ကျိန်​ပေး​သည်​ကို ယော​န​သန်​မ​ကြား​သော​ကြောင့်၊ မိ​မိ​ကိုင်​သော လှံ​တံ​ဖျား​ကို ပျား​လ​ပို့၌​နှစ်၍ မိ​မိ​လက်​နှင့် ယူ​စား​သ​ဖြင့် မျက်​စိ​ကြည်​လင်​လေ၏။ ခ​မည်း​တော်​က၊ ယ​နေ့ အ​စာ​စား​သော​သူ​တိုင်း ကျိန်​ဆဲ​အပ်​စေ​ဟု လူ​များ​တို့​အား ကျပ်​ကျပ် အ​ကျိန်​ပေး​တော်​မူ​ပြီ​ဟု လူ​တစ်​ယောက် ကြား​လျှောက်၏။ လူ​တို့​သည်​လည်း မော​လျက်​နေ​ကြ၏။ ယော​န​သန်​က​လည်း၊ ငါ့​အ​ဘ​သည် ပြည်​သား​တို့​ကို နှောင့်​ယှက်​လေ​ပြီ။ ဤ​ပျား​ရည် အ​နည်း​ငယ်​ကို ငါ​စား​သော​ကြောင့် ငါ့​မျက်​စိ​ကြည်​လင်​သည်​ကို ကြည့်​ပါ​တော့။ လူ​များ​တို့​သည် ယ​နေ့​တွေ့​မိ​သော ရန်​သူ၏​ဥ​စ္စာ​ကို​စား​ချင်​တိုင်း​စား​လျှင်၊ အ​ဘယ်​မျှ​လောက် အ​ကျိုး​ကြီး​လိမ့်​မည် တ​ကား။ ဖိ​လိ​တ္တိ​လူ​တို့​ကို​သာ၍ လုပ်​ကြံ​ကြ​လိမ့်​မည်​တ​ကား​ဟု ဆို​လေ၏။

၁ ဓမ္မရာဇဝင် 14:24-30 Common Language Bible (BCL)

ရှော​လု​က``ယ​နေ့​ရန်​သူ​တို့​အား​ငါ​လက်​စား မ​ချေ​ရ​မီ အ​စား​အ​စာ​စား​သောက်​သူ​သည် ကျိန်​စာ​သင့်​ပါ​စေ​သ​တည်း'' ဟု​ကျိန်​ဆို​ထား သ​ဖြင့်​ထို​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဆာ​လောင်​မွတ်​သိပ်​ကာ​နွမ်း​နယ်​လျက်​ရှိ ကြ​၏။ တစ်​နေ့​လုံး​အ​ဘယ်​သူ​မျှ​အ​စား အ​စာ​မ​စား​ရ​ကြ။- သူ​တို့​သည်​သစ်​တော​ရှိ​ရာ​သို့​ရောက်​ကြ သော​အ​ခါ နေ​ရာ​အ​နှံ့​အ​ပြား​တွင်​ပျား ရည်​များ​ကို​တွေ့​ရှိ​ကြ​၏။- တော​ထဲ​တွင်​ပျား​ရည်​ပေါ​များ​သော်​လည်း ရှော​လု​၏​ကျိန်​ဆဲ​ချက်​ကို​ကြောက်​သ​ဖြင့် အ​ဘယ်​သူ​မျှ​မ​စား​ဝံ့။- ယော​န​သန်​မူ​ကား​ခ​မည်း​တော်​ကျိန်​ဆဲ​ခဲ့ သည်​ကို​မ​ကြား​ခဲ့​ပေ။ ထို့​ကြောင့်​သူ​သည် မိ​မိ​တွင်​ပါ​သော​တုတ်​ချောင်း​ဖြင့် ပျား​လ​ပို့ တွင်​နှစ်​၍​ပျား​ရည်​အ​နည်း​ငယ်​ကို​စား​လေ သည်။ ထို​အ​ခါ​သူ​သည်​ချက်​ချင်း​ပင်​လန်း ဆန်း​၍​လာ​၏။- ထို့​ကြောင့်​တပ်​သား​တစ်​ယောက်​က``အ​ကျွန်ုပ် တို့​အား​လုံး​ပင်​နွမ်း​နယ်​လျက်​နေ​ကြ​ပါ​၏။ သို့​သော်​အ​ရှင့်​ခမည်း​တော်​က`ယ​နေ့​အ​စား အ​စာ​စား​သူ​သည်​ကျိန်​စာ​သင့်​ပါ​စေ' ဟု ကျိန်​ဆို​ထား​ပါ​၏'' ဟု​ဆို​၏။ ယော​န​သန်​က``ငါ​တို့​အ​မျိုး​သား​များ​အား ခ​မည်း​တော်​ပြု​သော​အ​မှု​သည်​ဆိုး​ရွား​လှ ပါ​သည်​တ​ကား။ ပျား​ရည်​အ​နည်း​ငယ်​ကို စား​ရ​သ​ဖြင့်​ငါ​အ​ဘယ်​မျှ​လန်း​ဆန်း​လာ သည်​ကို​ကြည့်​လော့။- အ​ကယ်​၍​ငါ​တို့​အ​မျိုး​သား​များ​သည် ရန်​သူ​ထံ​မှ​ရ​ရှိ​သည်​အ​စား​အ​စာ​ကို​စား ခဲ့​ရ​ကြ​လျှင် အ​ဘယ်​မျှ​လောက်​အ​ကျိုး​ရှိ လိမ့်​မည်​နည်း။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို အ​ဘယ်​မျှ​ပို​မို​သတ်​ဖြတ်​နိုင်​ခဲ့​မည်​ကို သာ​စဉ်း​စား​၍​ကြည့်​ကြ​လော့'' ဟု​ပြန် ပြော​၏။

၁ ဓမ္မရာဇဝင် 14:24-30 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရှောလု​မင်းကြီး​က လူ​တို့​အား “​နေဝင်ချိန်​အထိ ရန်သူ​တို့​ကို လက်တုံ့ပြန်​မ​ပြီး​မ​ချင်း အစာ​စား​သော​သူ​သည် ကျိန်​ခြင်း​ခံရ​မည်​”​ဟု ကျိန်ဆို​စေ​သဖြင့် မည်သူ​မျှ အစာ​မ​စား​ဝံ့​။ ထို့ကြောင့် ထို​နေ့​တွင် အစ္စရေး​အမျိုးသား​တို့​သည် အလွန်​ဒုက္ခရောက်​ကြ​၏​။ လူ​အပေါင်း​တို့​သည် မြေပြင်​ပေါ်​တွင် ပျားရည်​ရှိ​ရာ​တောအုပ်​ထဲသို့ ရောက်​ကြ​၏​။ သူ​တို့​သည် တောအုပ်​ထဲသို့ ဝင်သွား​ရာ ပျားရည်​တစက်စက်​ယိုကျ​နေ​သည်​ကို တွေ့​နေ​ရ​သော်လည်း ကျိန်စာ​သင့်​မည်​ကို​ကြောက်​သောကြောင့် မည်သူ​မျှ​လက်​နှင့်​ပါးစပ်​ကို မ​ထိ​ဝံ့​ကြ​။ သို့သော် ခမည်းတော်​သည် လူ​တို့​အား ကျိန်ဆို​စေ​သည်​ကို ယောနသန်​မ​သိ​။ ထို့ကြောင့် သူ​၏​လက်​ကို​ဆန့်​ပြီး သူ​ကိုင်​ထား​သော​တောင်ဝှေး​အဖျား​ကို ပျားလပို့​ထဲသို့​နှစ်​၍ ပျားရည်​ကို​လက်​နှင့်​ယူစား​လိုက်​ရာ အားပြည့်​လန်းဆန်း​လာ​လေ​၏​။ ထိုအခါ လူ​တစ်​ဦး​က သူ့​အား “​အရှင့်​ခမည်းတော်​က ‘​ယနေ့​အစာ​စား​သူ​သည် ကျိန်​ခြင်း​ကို​ခံရ​မည်’​ဟု တင်းကျပ်​စွာ​ကျိန်​ထား​သောကြောင့် လူ​တို့​သည်​လည်း အားယုတ်​နွမ်းနယ်​လျက်​ရှိ​၏”​ဟု ပြောပြ​၏​။ ယောနသန်​က​လည်း “​ငါ့​ခမည်းတော်​သည် ပြည်သား​တို့​ကို ဒုက္ခပေး​လေ​ပြီ​။ ယခု ကြည့်​ကြ​လော့​။ ဤ​ပျားရည်​အနည်းငယ်​ကို ငါ​မြည်းစမ်း​ကြည့်​သောအခါ ငါ​အားပြည့်လန်းဆန်း​လာ​ပြီ​။ စစ်သည်​တို့​သည် ရန်သူ​တို့​ထံမှ သိမ်းဆည်း​ရရှိ​လာ​သော​အစားအစာ​များ​ကို ယနေ့​သာ​စိတ်ကြိုက်​စား​ခွင့်​ရ​ခဲ့​မည်​ဆို​လျှင် မည်မျှ​အကျိုးရှိ​မည်နည်း​။ ယခုမှာ ဖိလိတ္တိ​လူမျိုး​တို့​ကို များစွာ​မ​သုတ်သင်​ပစ်​နိုင်​ခဲ့​ပါတကား​”​ဟု ဆို​၏​။