YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ပထမစောင် 14:24-30

ဓမ္မရာဇဝင်ပထမစောင် 14:24-30 MSBU

ရှောလု​မင်းကြီး​က လူ​တို့​အား “​နေဝင်ချိန်​အထိ ရန်သူ​တို့​ကို လက်တုံ့ပြန်​မ​ပြီး​မ​ချင်း အစာ​စား​သော​သူ​သည် ကျိန်​ခြင်း​ခံရ​မည်​”​ဟု ကျိန်ဆို​စေ​သဖြင့် မည်သူ​မျှ အစာ​မ​စား​ဝံ့​။ ထို့ကြောင့် ထို​နေ့​တွင် အစ္စရေး​အမျိုးသား​တို့​သည် အလွန်​ဒုက္ခရောက်​ကြ​၏​။ လူ​အပေါင်း​တို့​သည် မြေပြင်​ပေါ်​တွင် ပျားရည်​ရှိ​ရာ​တောအုပ်​ထဲသို့ ရောက်​ကြ​၏​။ သူ​တို့​သည် တောအုပ်​ထဲသို့ ဝင်သွား​ရာ ပျားရည်​တစက်စက်​ယိုကျ​နေ​သည်​ကို တွေ့​နေ​ရ​သော်လည်း ကျိန်စာ​သင့်​မည်​ကို​ကြောက်​သောကြောင့် မည်သူ​မျှ​လက်​နှင့်​ပါးစပ်​ကို မ​ထိ​ဝံ့​ကြ​။ သို့သော် ခမည်းတော်​သည် လူ​တို့​အား ကျိန်ဆို​စေ​သည်​ကို ယောနသန်​မ​သိ​။ ထို့ကြောင့် သူ​၏​လက်​ကို​ဆန့်​ပြီး သူ​ကိုင်​ထား​သော​တောင်ဝှေး​အဖျား​ကို ပျားလပို့​ထဲသို့​နှစ်​၍ ပျားရည်​ကို​လက်​နှင့်​ယူစား​လိုက်​ရာ အားပြည့်​လန်းဆန်း​လာ​လေ​၏​။ ထိုအခါ လူ​တစ်​ဦး​က သူ့​အား “​အရှင့်​ခမည်းတော်​က ‘​ယနေ့​အစာ​စား​သူ​သည် ကျိန်​ခြင်း​ကို​ခံရ​မည်’​ဟု တင်းကျပ်​စွာ​ကျိန်​ထား​သောကြောင့် လူ​တို့​သည်​လည်း အားယုတ်​နွမ်းနယ်​လျက်​ရှိ​၏”​ဟု ပြောပြ​၏​။ ယောနသန်​က​လည်း “​ငါ့​ခမည်းတော်​သည် ပြည်သား​တို့​ကို ဒုက္ခပေး​လေ​ပြီ​။ ယခု ကြည့်​ကြ​လော့​။ ဤ​ပျားရည်​အနည်းငယ်​ကို ငါ​မြည်းစမ်း​ကြည့်​သောအခါ ငါ​အားပြည့်လန်းဆန်း​လာ​ပြီ​။ စစ်သည်​တို့​သည် ရန်သူ​တို့​ထံမှ သိမ်းဆည်း​ရရှိ​လာ​သော​အစားအစာ​များ​ကို ယနေ့​သာ​စိတ်ကြိုက်​စား​ခွင့်​ရ​ခဲ့​မည်​ဆို​လျှင် မည်မျှ​အကျိုးရှိ​မည်နည်း​။ ယခုမှာ ဖိလိတ္တိ​လူမျိုး​တို့​ကို များစွာ​မ​သုတ်သင်​ပစ်​နိုင်​ခဲ့​ပါတကား​”​ဟု ဆို​၏​။