YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 5:8-10

၁ ရှင်ပေတရု 5:8-10 Judson Bible (JBMLE)

သ​မ္မာ​သ​တိ​ရှိ​လျက် မ​အိပ်​ဘဲ​စောင့်​နေ​ကြ​လော့။ သင်​တို့၏ ရန်​သူ​တည်း​ဟူ​သော မာရ်​နတ်​သည်၊ ဟောက်​သော​ခြင်္သေ့​ကဲ့​သို့ အ​ဘယ်​သူ​ကို မျို​ရ​မည်​နည်း​ဟူ၍ လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ၏။- သို့​ဖြစ်၍၊ လူ​ပြည်​အ​ရပ်​ရပ်​တို့၌​ရှိ​သော သင်​တို့ ညီ​အစ်​ကို​များ​တို့​သည် ထို​သို့​သော​ဆင်း​ရဲ​ကို ခံ​ရ​ကြ​သည်​ဟု သိ​မှတ်​လျက်၊ ယုံ​ကြည်​ခြင်း၌​တည်၍ မာရ်​နတ်​ကို ဆီး​တား​ကြ​လော့။ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ငါ​တို့​ကို ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​တော်​သို့ ခေါ်​တော်​မူ​သော၊ ခပ်​သိမ်း​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ခ​ဏ​ဆင်း​ရဲ​ခံ​ပြီး​သော သင်​တို့​ကို စုံ​လင်​တည်​ကြည်​ခိုင်​ခံ့ မြဲ​မြံ​စေ​တော်​မူ​လိမ့်​မည်။

၁ ရှင်ပေတရု 5:8-10 Common Language Bible (BCL)

နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ သ​တိ​နှင့်​စောင့် နေ​ကြ​လော့။ သင်​တို့​၏​ရန်​သူ​မာရ်​နတ်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့​သို့​ဝါး​မျို​ရ​မည့်​သူ​ကို လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ​၏။- သင်​တို့​သည်​မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​ခိုင်​မာ စေ​လျက်​သူ​၏​ရန်​ကို​တွန်း​လှန်​ကြ​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​သင်​တို့​သိ​ကြ​သည့်​အ​တိုင်း​ကမ္ဘာ တစ်​ဝန်း​လုံး​ရှိ​သင်​တို့​၏​ညီ​အစ်​ကို​အ​ပေါင်း တို့​သည် ဤ​သို့​သော​ဆင်း​ရဲ​ဒုက္ခ​နှင့်​ကြုံ​တွေ့ လျက်​ရှိ​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။- သို့​ရာ​တွင်​သင်​တို့​သည်​အ​ချိန်​အ​နည်း​ငယ်​မျှ ယင်း​သို့​ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ပြီး​နောက်​ကျေး​ဇူး တော်​အ​ပေါင်း​၏​အ​ရှင်၊ သင်​တို့​အား​ခ​ရစ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​လျက် ထာ​ဝ​ရ ဘုန်း​အ​သ​ရေ​တော်​ကို​ဝင်​စား​ခွင့်​ပေး​ရန်​ဖိတ် ခေါ်​တော်​မူ​သော​အ​ရှင်၊ ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​သင်​တို့​အား​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ပြု ပြင်​ပေး​တော်​မူ​၍ သင်​တို့​အား​ခိုင်​ခံ့​စေ​တော်​မူ ပြီး​လျှင်​ခွန်​အား​နှင့်​ပြည့်​ဝ​စေ​လျက်​ကြံ့​ခိုင် စွာ​ရပ်​တည်​စေ​တော်​မူ​လိမ့်​မည်။

၁ ရှင်ပေတရု 5:8-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သမ္မာသတိ​ရှိ​လျက် နိုးကြား​စွာ​စောင့်​နေ​ကြ​လော့။ သင်​တို့​၏​ရန်သူ​တည်းဟူသော​မာရ်နတ်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့သို့ ဝါးမျို​ရ​မည့်​သူ​ကို လှည့်လည်​ရှာဖွေ​လျက်​ရှိ​၏။ ယုံကြည်​ခြင်း​၌ ခိုင်ခံ့​စွာ​ရပ်တည်​လျက် ထို​မာရ်နတ်​ကို တားဆီး​ကြ​လော့။ ကမ္ဘာ​ပေါ်၌​ရှိ​သော သင်​တို့​၏​ညီအစ်ကို​များ​သည်​လည်း ထိုကဲ့သို့သော​ဒုက္ခ​ဝေဒနာ​များ​ကို ရင်ဆိုင်​ဖြတ်သန်း​နေ​ရ​ကြောင်း သိမှတ်​ကြ​လော့။ သင်​တို့​ကို မိမိ​၏​ထာဝရ​ဘုန်း​အသရေ​တော်​ထဲသို့ ခရစ်တော်​ယေရှု​အားဖြင့် ခေါ်ယူ​တော်မူ​သော​အရှင်၊ ကျေးဇူး​တော်​အပေါင်း​နှင့်​ပြည့်စုံ​တော်မူ​သော ဘုရားသခင်​ကိုယ်တော်​တိုင်​သည် ဒုက္ခ​ဝေဒနာ​ခေတ္တ​ခဏ​ခံစား​ပြီး​သော​သင်​တို့​ကို စုံလင်​စေ​၍ ခွန်အား​နှင့်​ပြည့်စုံ​စေ​ကာ တည်ကြည်​ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​လိမ့်မည်။