YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 5:1-7

၁ ရှင်ပေတရု 5:1-7 Judson Bible (JBMLE)

သင်း​အုပ်​အ​ရာ၌​လည်း​ကောင်း၊ ခ​ရစ်​တော်၏ ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကို သိ​မြင်​သော သက်​သေ​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​သော​သူ၊ ထင်​ရှား​စေ​တော်​မူ​လ​တ္တံ့​သော ဘုန်း​အ​သ​ရေ​တော်​ကို ဆက်​ဆံ​သော​သူ​ဖြစ်​သော ငါ​ပေ​တ​ရု​သည်၊ သင်​တို့​တွင်​ရှိ​သော သင်း​အုပ်​ချင်း​တို့​ကို တောင်း​ပန်​ပါ၏။- သင်​တို့​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ သိုး​တော်​စု​ကို ထိန်း​ခြင်း​အ​မှု​မှာ၊ အ​နိုင်​ထိန်း​ရ​သော​ကြောင့် မ​ဟုတ်၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​သော​ကြောင့် မ​ဟုတ်​ဘဲ၊ အ​လို​လို​စေ​တ​နာ​စိတ်​ရှိ၍ ကြည့်​ရှု​အုပ်​ထိန်း​ကြ​လော့။- အ​သီး​အ​သီး​အုပ်​သော အ​သင်း​တော်​တို့​ကို အာ​ဏာ​ထား၍ အ​စိုး​တ​ရ​ပြု​သည်​မ​ဟုတ်​ဘဲ၊ သိုး​တော်​စု​ရှေ့​မှာ ပုံ​သက်​သေ​ကို​ပြ​သော​သူ ဖြစ်​ကြ​လော့။- သို့​ဖြစ်​လျှင်၊ သိုး​ထိန်း​အ​ကြီး ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​သည် မ​ညှိုး​မ​နွမ်း​တတ်​သော၊ ဘုန်း​ကြီး​သော ပန်း​ဦး​ရစ်​သ​ရ​ဖူ​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထို​နည်း​တူ၊ အ​သက်​ပျို​သော​သူ​တို့၊ အ​သက်​ကြီး​သော သူ​တို့၏ စ​ကား​ကို နား​ထောင်​ကြ​လော့။ ထို​မျှ​မ​က၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် နှိမ့်​ချ​လျက်​နေ၍၊ နှိမ့်​ချ​ခြင်း​တန်​ဆာ​ကို ဆင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထောင်​လွှား​စော်​ကား​သော သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။- ထို​ကြောင့် ကာ​လ​အ​ချိန်​တန်​လျှင်၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း၊ တန်​ခိုး​ကြီး​သော လက်​တော်​အောက်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။- သင်​တို့​ကို​သ​တိ​နှင့် ကြည့်​ရှု​တော်​မူ​သော​ကြောင့်၊ သင်​တို့၌ စိုး​ရိမ်​ခြင်း​အ​မှု​ရှိ​သ​မျှ​တို့​ကို ကိုယ်​တော်၌ အပ်​နှံ​ကြ​လော့။

၁ ရှင်ပေတရု 5:1-7 Common Language Bible (BCL)

ငါ​ကဲ့​သို့​အ​သင်း​တော်​ကို​အုပ်​ထိန်း​ရ​သူ​များ ဖြစ်​ကြ​သည့်​သင်​တို့​အား​မေတ္တာ​ရပ်​ခံ​လို​၏။ ငါ သည်​ခ​ရစ်​တော်​ခံ​ရ​သော​ဝေ​ဒ​နာ​ကို​တွေ့​မြင် ရ​သူ​တစ်​ဦး​အ​နေ​နှင့်​လည်း​ကောင်း၊ ပေါ်​လွင် ထင်​ရှား​လတ္တံ့​သော​ဘုန်း​အ​သ​ရေ​တော်​ကို သင်​တို့​နှင့်​အ​တူ​ပါ​ဝင်​ခံ​ယူ​ရန်​မျှော်​လင့် သူ​တစ်​ဦး​အ​နေ​နှင့်​လည်း​ကောင်း​မေတ္တာ ရပ်​ခံ​လို​၏။- သင်​တို့​သည်​မိ​မိ​တို့​၌​အပ်​ထား​သော​ဘု​ရား သ​ခင်​၏​သိုး​စု​ကို​ကြည့်​ရှု​စောင့်​ထိန်း​ကြ​လော့။ တာ​ဝန်​ဝတ္တ​ရား​တစ်​ရပ်​အ​နေ​ဖြင့်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သည့် အ​နေ​ဖြင့်​ဝမ်း​မြောက်​စွာ​စောင့်​ထိန်း​ကြ​လော့။ ငွေ​ကြေး​ရ​ရှိ​ရန်​အ​တွက်​မ​ဟုတ်​ဟူ​၍ စေ​တ​နာ​စိတ်​နှင့်​လုပ်​ဆောင်​ကြ​လော့။- သင်​တို့​လက်​ဝယ်​အပ်​ထား​သည့်​သူ​တို့​အ​ပေါ် တွင်​အ​စိုး​တ​ရ​မ​ပြု​ကြ​နှင့်။ သိုး​စု​၏​ရှေ့​၌ စံ​န​မူ​နာ​ကောင်း​ကို​ပြ​ကြ​လော့။- သင်​တို့​သည်​သိုး​ထိန်း​ချုပ်​ကြီး​ပေါ်​ထွန်း​တော် မူ​သော​အ​ခါ​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​သော၊ အ​ဘယ်​အ​ခါ​၌​မျှ​အ​ရောင်​အ​ဝါ​မ​မှေး မှိန်​နိုင်​သော​သ​ရ​ဖူ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ ထို​နည်း​တူ​စွာ​သင်​တို့​လူ​ငယ်​လူ​ရွယ်​များ​သည် လူ​ကြီး​တို့​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ သင်​တို့​အား​လုံး​ပင်​နှိမ့်​ချ​သော​စိတ်​တည်း​ဟူ သော​တန်​ဆာ​ကို​ဆင်​လျက်​တစ်​ဦး​၏​အ​စေ​ကို တစ်​ဦး​ခံ​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် ကျမ်း​စာ​တော်​တွင်``ဘု​ရား​သ​ခင်​သည်​မာ​န ကြီး​သူ​ကို​ဆီး​တား​တော်​မူ​၏။ သို့​ရာ​တွင် စိတ်​နှိမ့်​ချ​သူ​ကို​မူ​ကား​ကျေး​ဇူး​ပြု​တော် မူ​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​သော​ကြောင့်​တည်း။- သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​အ​ချိန်​တန်​သော အ​ခါ​သင်​တို့​အား​ချီး​မြှင့်​တော်​မူ​နိုင်​ရန် သင်​တို့​သည်​ကိုယ်​တော်​၏​တန်​ခိုး​ကြီး​သော လက်​တော်​အောက်​၌​မိ​မိ​တို့​ကိုယ်​ကို​နှိမ့်​ချ ကြ​လော့။- ကိုယ်​တော်​သည်​သင်​တို့​ကို​အ​လေး​ဂ​ရု​ပြု တော်​မူ​သော​ကြောင့် သင်​တို့​၏​ပူ​ပင်​သော​က ရှိ​သ​မျှ​တို့​ကို​ကိုယ်​တော်​အား​ပုံ​၍​အပ်​နှံ ကြ​လော့။

၁ ရှင်ပေတရု 5:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်၍ အသင်းတော်​အကြီးအကဲ​တစ်ဦး​ဖြစ်​ပြီး ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​ကို​သက်သေခံ​သူ​နှင့် ထင်ရှား​လာ​တော့မည့် ကိုယ်တော်​၏​ဘုန်း​အသရေ​တော်​ကို မျှဝေ​ခံစား​သူ​ဖြစ်​သော​ငါ​သည် သင်​တို့​တွင်​ရှိ​သော​အသင်းတော်​အကြီးအကဲ​များ​ကို တိုက်တွန်း​နှိုးဆော်​ပါ​၏။ သင်​တို့​၌​ရှိ​သည့် ဘုရားသခင်​၏​သိုးစု​ကို အုပ်ထိန်း​ကြ​လော့။ မလုပ်မဖြစ်​လုပ်​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ဘုရားသခင်​၏​အလို​တော်​နှင့်အညီ စေတနာ​စိတ်​ဖြင့်​လည်းကောင်း၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ စိတ်အား​ထက်သန်​စွာ​ဖြင့်​လည်းကောင်း ကြည့်ရှု​အုပ်ထိန်း​ကြ​လော့။ သင်​တို့​အား​ခွဲဝေ​ပေးအပ်​ထား​သော​သူ​တို့​အပေါ် စိုးမိုး​ခြယ်လှယ်​ခြင်း​မ​ပြု​ဘဲ သိုးစု​အတွက် စံနမူနာ​ဖြစ်​ကြ​လော့။ သို့ပြုလျှင် သိုးထိန်း​ကြီး​ပေါ်ထွန်း​တော်မူ​သောအခါ မှေးမှိန်​ခြင်း​မ​ရှိ​သော ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သည့်​သရဖူ​ကို သင်​တို့​ရရှိ​ကြ​လိမ့်မည်။ ထိုနည်းတူ ငယ်ရွယ်​သော​သူ​တို့၊ အသင်းတော်​အကြီးအကဲ​များ​ကို နာခံ​ကြ​လော့။ သင်​တို့​အားလုံး တစ်ယောက်​အောက်​တစ်ယောက် နှိမ့်ချ​ခြင်း​တန်ဆာ​ကို ဆင်ယင်​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် မာန​ထောင်လွှား​သော​သူ​တို့​ကို ဆန့်ကျင်​၍ နှိမ့်ချ​သော​သူ​တို့​အား ကျေးဇူး​တော်​ကို​ခံစား​စေ​တော်မူ​၏။ ထို့ကြောင့် အချိန်တန်​သောအခါ သင်​တို့​ကို ချီးမြှောက်​တော်မူ​မည့်​အကြောင်း ဘုရားသခင်​၏​တန်ခိုး​ကြီး​သော​လက်​တော်​အောက်၌ မိမိ​ကိုယ်​ကို​နှိမ့်ချ​ကြ​လော့။ ဘုရားသခင်​သည် သင်​တို့​ကို ဂရုစိုက်​တော်မူ​သည်​ဖြစ်၍ သင်​တို့​၏​စိုးရိမ်​ပူပန်​ခြင်း​ရှိသမျှ​တို့​ကို အထံ​တော်​၌ အပ်နှံ​ကြ​လော့။