YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 4:12-14

၁ ရှင်ပေတရု 4:12-14 Judson Bible (JBMLE)

ချစ်​သူ​တို့၊ သင်​တို့​ကို စုံ​စမ်း​စ​ရာ​ဖို့ ယ​ခု​ခံ​ရ​သော မီး​စစ်​ခြင်း​အ​ရာ​ကို​ကား၊ သင်​တို့၌ အံ့​ဩ​ဖွယ်​သော​အ​ရာ ဖြစ်​သည်​ဟု ထင်​မှတ်၍၊ အံ့​ဩ​ခြင်း မ​ရှိ​ကြ​နှင့်။- သင်​တို့​သည် ခ​ရစ်​တော်၏​ဆင်း​ရဲ​ကို ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ဘုန်း​တော်​ပေါ်​ထွန်း​သော​အ​ခါ အ​လွန်​ဝမ်း​မြောက်​ရွှင်​လန်း​မည်​အ​ကြောင်း၊ ယ​ခု​ပင် ဝမ်း​မြောက်​ကြ​လော့။- ခ​ရစ်​တော်၏ နာ​မ​ကြောင့် ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​လျှင် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဘုန်း​ကြီး​သော ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ၏။ သူ​တို့၌​ကား ကဲ့​ရဲ့​ခြင်း၊ သင်​တို့၌​ကား ချီး​မွမ်း​ခြင်း​ရှိ​တော်​မူ၏။

၁ ရှင်ပေတရု 4:12-14 Common Language Bible (BCL)

ချစ်​ဆွေ​တို့၊ သင်​တို့​၏​ယုံ​ကြည်​ခြင်း​ကို​စစ် ဆေး​ရန်​အ​တွက် ယ​ခု​သင်​တို့​ပြင်း​ပြ​စွာ​စုံ​စမ်း နှောင့်​ယှက်​ခြင်း​ကို​ခံ​နေ​ရ​ကြ​သည်​ကို​မ​အံ့ သြ​ကြ​နှင့်။ ထို​အ​မှု​အ​ရာ​များ​သည်​သင်​တို့ အ​တွက်​မ​ထူး​ဆန်း​ပေ။- အံ့​သြ​နေ​မည့်​အ​စား​သင်​တို့​သည်​ခ​ရစ်​တော် ၏​ဝေ​ဒ​နာ​တော်​များ​ကို​ကိုယ်​တော်​နှင့်​အ​တူ ပါ​ဝင်​ခံ​စား​ရ​ကြ​သ​ဖြင့်​ဝမ်း​မြောက်​ကြ လော့။ သို့​မှ​သာ​ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ တော်​ပေါ်​လွင်​ထင်​ရှား​သော​အ​ခါ​သင်​တို့​သည် အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လိမ့်​မည်။- သင်​တို့​သည်​ခ​ရစ်​တော်​၏​တ​ပည့်​များ​ဖြစ် သော​ကြောင့်​စော်​ကား​ခြင်း​ခံ​ရ​သော​အ​ခါ​မင်္ဂ လာ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သို့ ခံ​ရ​သော​အ​ချိန်​၌ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​တည်း​ဟူ​သော​ဘုန်း​အ​သ​ရေ​တော်​နှင့် ပြည့်​ဝ​သည့်​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ပေါ် သို့​သက်​ရောက်​လျက်​နေ​တော်​မူ​သော​ကြောင့် ဖြစ်​၏။

၁ ရှင်ပေတရု 4:12-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ချစ်​ရ​သော​သူ​တို့၊ သင်​တို့​ကို စမ်းသပ်​စစ်ဆေး​ရန် သင်​တို့​ထံ​ကျရောက်​လာ​သည့်​ဒုက္ခ​မီး​ကို သင်​တို့​၌ ထူးဆန်း​သော​အရာ​ဖြစ်ပျက်​လာ​သကဲ့သို့ အံ့ဩ​ခြင်း​မ​ရှိ​ဘဲ ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​၌ ပါဝင်​ရ​သည့်​အတွက် ဝမ်းမြောက်​ကြ​လော့။ ဤသည်ကား ခရစ်တော်​၏​ဘုန်း​အသရေ​တော်​ထင်ရှား​သော​အချိန်​၌ သင်​တို့​သည် ဝမ်းမြောက်​ရွှင်မြူး​ကြ​မည့်​အကြောင်း​တည်း။ သင်​တို့​သည် ခရစ်တော်​၏​နာမ​ကြောင့် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​လျှင် မင်္ဂလာရှိ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အပေါ်​၌ ကိန်းဝပ်​တော်မူ​၏။