YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 4:1-8

၁ ရှင်ပေတရု 4:1-8 Judson Bible (JBMLE)

ထို​သို့​ခ​ရစ်​တော်​သည် ကိုယ်​ခ​န္ဓာ​တော်၌ ငါ​တို့​အ​တွက် ခံ​တော်​မူ​သည်​မှန်​သော​ကြောင့်၊ သင်​တို့​လည်း ထို​သို့​သော​သ​ဘော​ကို လက်​နက်​ပြု၍ သုံး​စွဲ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကိုယ်​ခ​န္ဓာ၌​ခံ​သော​သူ​သည် ဒု​စ​ရိုက်​တို့​နှင့် လွတ်​ငြိမ်း​သည်​ဖြစ်၍၊- နောက်​တစ်​ဖန် သူ​တို့၏ တပ်​မက်​ခြင်း​တ​ရား​ကို မ​ကျင့်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​အ​တိုင်း​ကျင့်​လျက်၊ ကိုယ်​ခ​န္ဓာ​အ​သက်​အ​ပိုင်း​အ​ခြား ကျန်​ရစ်​သော​ကာ​လ​ကို လွန်​စေ​တတ်၏။- သာ​သ​နာ​ပ​လူ​တို့၏ အ​လို​သို့​လိုက်၍၊ ကိ​လေ​သာ​ညစ်​ညူး​ခြင်း၊ ကာ​မ​တပ်​မက်​ခြင်း၊ စ​ပျစ်​ရည်​နှင့် ယစ်​မူး​ခြင်း၊ ပွဲ​လုပ်​ခြင်း၊ သောက်​ကြူး​ခြင်း၊ အ​ဓ​မ္မ​ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း၌ ကျင်​လည်၍၊ ငါ​တို့​လွန်​စေ​ပြီး​သော အ​သက်​ကာ​လ​သည် ငါ​တို့​အား လောက်​ပေ၏။- ယ​ခု​မှာ သင်​တို့​သည် သူ​တို့​နှင့်​အ​တူ မ​ဆက်​ဆံ၊ ကာ​မ​ဂုဏ်၌ လွန်​ကျူး​ညစ်​ညူး​စွာ မ​ပြု​သည်​အ​ရာ​ကို သူ​တို့​သည်​အံ့​ဩ၍ ကဲ့​ရဲ့​တတ်​ကြ၏။- သို့​ဖြစ်၍၊ အ​သက်​ရှင်​သော သူ​တို့​ကို​လည်း​ကောင်း၊ သေ​သော​သူ​တို့​ကို​လည်း​ကောင်း တ​ရား​စီ​ရင်​ခြင်း​ငှာ အ​သင့်​ရှိ​တော်​မူ​သော​သူ ရှေ့၌၊ ထို​သူ​တို့​သည် စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။- ထို​အ​ကြောင်း​ကြောင့် လူ​တို့​ရှေ့၌ ကိုယ်​ခ​န္ဓာ​အား​ဖြင့် အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ စိတ်​ဝိ​ညာဉ်​အား​ဖြင့် အ​သက်​ရှင်​မည်​အ​ကြောင်း၊ သေ​သော​သူ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ကြား​ရ​ကြ၏။ ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​သည် အ​ဆုံး​သို့​ရောက်​လု​သည် ဖြစ်​သော​ကြောင့်၊ သ​မ္မာ​သ​တိ​ရှိ​ကြ​လော့။ ဆု​တောင်း​ခြင်း​အ​လို​ငှာ စောင့်​နေ​ကြ​လော့။- အ​ခြား​သော​အ​မှု​အ​ရာ​ထက်​မ​က၊ အ​ချင်း​ချင်း​အား​ကြီး​သော​ချစ်​ခြင်း​မေ​တ္တာ​ရှိ​ကြ​လော့။ ချစ်​ခြင်း​မေ​တ္တာ​သည် များ​စွာ​သော အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်၏။

၁ ရှင်ပေတရု 4:1-8 Common Language Bible (BCL)

ခ​ရစ်​တော်​သည်​ကာ​ယ​ဝေ​ဒ​နာ​ခံ​တော်​မူ​ခဲ့ ရာ​သင်​တို့​သည်​လည်း​ကိုယ်​တော်​၏​ခံ​ယူ​ချက် မျိုး​ရှိ​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကာ​ယ ဝေ​ဒ​နာ​ခံ​ပြီး​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​နှင့် ပြတ်​စဲ​ပြီ​ဖြစ်​သော​ကြောင့်​ဖြစ်​၏။- သို့​ဖြစ်​၍​ဤ​လော​က​တွင်​သင်​တို့​အ​သက် ရှင်​ရန်​ကြွင်း​ကျန်​သေး​သည့်​အ​ချိန်​ကာ​လ​၌ လူ​တို့​တပ်​မက်​ခြင်း​စိတ်​ဆွဲ​ဆောင်​ရာ​သို့ မ​လိုက်​ဘဲ​ဘု​ရား​သ​ခင်​၏​အ​လို​တော် ကို​လိုက်​၍​အ​သက်​ရှင်​ရ​ကြ​မည်။- လွန်​ခဲ့​သည့်​ကာ​လ​က​သင်​တို့​သည်​မ​ယုံ ကြည်​သူ​များ​ပြု​ကျင့်​သ​ကဲ့​သို့​အ​တန်​ကြာ စွာ​ပြု​မူ​ကျင့်​ကြံ​ခဲ့​ကြ​၏။ မ​ပြု​သင့်​မ​ပြု ထိုက်​သည်​ကို​ပြု​မူ​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား ခြင်း၊ သေ​သောက်​ကြူး​ခြင်း၊ ပျော်​ရွှင်​မြူး​တူး​ခြင်း၊ သေ​သောက်​ပွဲ​များ​ကျင်း​ပ​ခြင်း​နှင့်​လွန်​စွာ မ​နှစ်​မြို့​အပ်​သည့်​ရုပ်​တု​ကိုး​ကွယ်​ခြင်း တို့​တွင်​ပါ​ဝင်​ခဲ့​ကြ​၏။- ယ​ခု​မှာ​မူ​သင်​တို့​သည်​မ​ယုံ​ကြည်​သူ​တို့ နှင့်​အ​တူ​ယင်း​သို့​အ​ပျော်​ကြူး​၍ စည်း​မဲ့ ကမ်း​မဲ့​သက်​ရှင်​လှုပ်​ရှား​မှု​များ​တွင်​မ​ပါ​ဝင် ကြ​တော့​ပေ။ သို့​ဖြစ်​၍​သူ​တို့​သည်​အံ့​သြ လျက်​သင်​တို့​ကို​စော်​ကား​ပြော​ဆို​ကြ​၏။- ဤ​သို့​ပြု​ကြ​သည့်​အ​တွက်​သူ​တို့​သည်​အ​သက် ရှင်​သူ​နှင့်​သေ​သူ​များ​အား တ​ရား​စီ​ရင်​ရန် အ​သင့်​ရှိ​နေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ ထံ​တော်​၌​စစ်​ဆေး​စီ​ရင်​ခြင်း​ကို​ခံ​ရ​လတ္တံ့။- ဤ​အ​ကြောင်း​ကြောင့်​သေ​လွန်​သူ​တို့​သည်​ဘု​ရား သ​ခင်​ဝိ​ညာဉ်​အား​ဖြင့်​အ​သက်​ရှင်​နိုင်​ကြ​စေ ရန် သူ​တို့​အား​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရ ခြင်း​ဖြစ်​၏။ ထို​သူ​တို့​သည်​ကာ​ယ​အား​ဖြင့် အ​သက်​ရှင်​စဉ်​အ​ခါ​က​လူ​တိုင်း​နည်း​တူ အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ခဲ့​ရ​သူ​များ​ဖြစ် သည်။ အ​မှု​အ​ရာ​ခပ်​သိမ်း​တို့​အ​တွက်​နောက်​ဆုံး သော​အ​ချိန်​နီး​ကပ်​လာ​ပြီ​ဖြစ်​၍ သင်​တို့​သည် ဆု​တောင်း​နိုင်​ကြ​ရန် မိ​မိ​တို့​၏​စိတ်​ကို​ထိန်း ချုပ်​လျက်​နိုး​နိုး​ကြား​ကြား​ရှိ​ရ​ကြ​မည်။- အ​ထူး​သ​ဖြင့်​အ​ချင်း​ချင်း​အား​အ​မှန်​တ​ကယ် ချစ်​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မေတ္တာ သည်​များ​စွာ​သော​အ​ပြစ်​တို့​ကို​ဖုံး​အုပ်​စေ နိုင်​သော​ကြောင့်​ဖြစ်​၏။

၁ ရှင်ပေတရု 4:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ခရစ်တော်​သည် ကိုယ်ကာယ​၌ ထိုသို့ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သည်​ဖြစ်၍ သင်​တို့​သည်​လည်း ထိုသို့​သော​သဘောထား​မျိုး​ကို လက်နက်​အဖြစ် စွဲကိုင်​ထား​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ကိုယ်ကာယ​တွင် ဒုက္ခ​ဝေဒနာ​ခံစား​ရ​သော​သူ​သည် အပြစ်​နှင့်​ပြတ်စဲ​ပြီ​ဖြစ်​၏။ ဤသည်ကား ကိုယ်ကာယ​၌​အသက်ရှင်​ရ​မည့် ကျန်​ရှိ​သေး​သော​အချိန်​ကာလ​ကို လူ​တို့​၏​တပ်မက်​ခြင်း​အားဖြင့် မ​ဟုတ်​တော့​ဘဲ ဘုရားသခင်​၏​အလို​တော်​အားဖြင့် အသက်ရှင်​နိုင်​ရန်​ဖြစ်​၏။ အကြောင်းမူကား လူမျိုးခြား​တို့​၏​ဆန္ဒ​အတိုင်း​ပြု​လျက် ကာမဂုဏ်​လိုက်စား​ခြင်း၊ တပ်မက်​ခြင်း၊ မူးယစ်​ခြင်း၊ အပျော်ကြူး​ခြင်း၊ သောက်စား​မြူးထူး​ခြင်း​နှင့် ပညတ်​တရား​က​တားမြစ်​ထား​သော ရုပ်တု​ကိုးကွယ်​ခြင်း​တို့​တွင် ကျင်လည်​ခဲ့​သည့် လွန်ခဲ့​သော​အချိန်​သည် သင်​တို့​အတွက် တော်လောက်​ပေ​၏။ ယခု​မှာ သင်​တို့​သည် ထိုကဲ့သို့သော​လွန်ကဲ​သည့်​အပျော်ကြူး​ခြင်း​၌ သူ​တို့​နှင့်အတူ​မ​ပါဝင်​ကြ​သောကြောင့် သူ​တို့​သည် အံ့ဩ​လျက် စော်ကား​ပြောဆို​ကြ​၏။ သူ​တို့​သည် အသက်ရှင်​သော​သူ​တို့​နှင့်​သေ​သော​သူ​တို့​ကို တရား​စီရင်​ရန် အသင့်​ရှိ​တော်မူ​သော​အရှင်​ထံ၌ ဖြေရှင်းချက်​ပေး​ကြ​ရ​လိမ့်မည်။ ဤ​အကြောင်း​ကြောင့် သေ​သော​သူ​တို့​ကို​လည်း ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လေ​၏။ ဤသည်ကား သူ​တို့​သည် သွေးသား​၌ လူသား​အနေဖြင့် တရား​စီရင်​ခြင်း​ကို​ခံရ​သော်လည်း ဝိညာဉ်​၌​မူကား ဘုရားသခင်​အားဖြင့် အသက်ရှင်​ကြ​ရန်​ဖြစ်​၏။ ခပ်သိမ်း​သော​အရာ​တို့​၏​နောက်ဆုံး​ချိန် နီးကပ်​လာ​ပြီ​ဖြစ်၍ ဆုတောင်း​ခြင်း​အမှု​ကို​ပြု​နိုင်​ရန် တည်ငြိမ်​မှန်ကန်​သော​စိတ်​နှင့် သမ္မာသတိ​ရှိ​ကြ​လော့။ ချစ်​ခြင်း​မေတ္တာ​သည် များစွာ​သော​အပြစ်​တို့​ကို ဖုံးအုပ်​တတ်​သည်​ဖြစ်၍ ခပ်သိမ်း​သော​အရာ​တို့​ထက် အချင်းချင်း​ကြား​၌ ခိုင်မြဲ​သော​ချစ်​ခြင်း​မေတ္တာ​ရှိ​ကြ​လော့။