၁ ရှင်ပေတရု 4:1-11
၁ ရှင်ပေတရု 4:1-11 Judson Bible (JBMLE)
ထိုသို့ခရစ်တော်သည် ကိုယ်ခန္ဓာတော်၌ ငါတို့အတွက် ခံတော်မူသည်မှန်သောကြောင့်၊ သင်တို့လည်း ထိုသို့သောသဘောကို လက်နက်ပြု၍ သုံးစွဲကြလော့။ အကြောင်းမူကား၊ ကိုယ်ခန္ဓာ၌ခံသောသူသည် ဒုစရိုက်တို့နှင့် လွတ်ငြိမ်းသည်ဖြစ်၍၊- နောက်တစ်ဖန် သူတို့၏ တပ်မက်ခြင်းတရားကို မကျင့်၊ ဘုရားသခင်၏ အလိုတော်အတိုင်းကျင့်လျက်၊ ကိုယ်ခန္ဓာအသက်အပိုင်းအခြား ကျန်ရစ်သောကာလကို လွန်စေတတ်၏။- သာသနာပလူတို့၏ အလိုသို့လိုက်၍၊ ကိလေသာညစ်ညူးခြင်း၊ ကာမတပ်မက်ခြင်း၊ စပျစ်ရည်နှင့် ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း၊ အဓမ္မရုပ်တုကို ကိုးကွယ်ခြင်း၌ ကျင်လည်၍၊ ငါတို့လွန်စေပြီးသော အသက်ကာလသည် ငါတို့အား လောက်ပေ၏။- ယခုမှာ သင်တို့သည် သူတို့နှင့်အတူ မဆက်ဆံ၊ ကာမဂုဏ်၌ လွန်ကျူးညစ်ညူးစွာ မပြုသည်အရာကို သူတို့သည်အံ့ဩ၍ ကဲ့ရဲ့တတ်ကြ၏။- သို့ဖြစ်၍၊ အသက်ရှင်သော သူတို့ကိုလည်းကောင်း၊ သေသောသူတို့ကိုလည်းကောင်း တရားစီရင်ခြင်းငှာ အသင့်ရှိတော်မူသောသူ ရှေ့၌၊ ထိုသူတို့သည် စစ်ကြောခြင်းကို ခံရကြလတ္တံ့။- ထိုအကြောင်းကြောင့် လူတို့ရှေ့၌ ကိုယ်ခန္ဓာအားဖြင့် အပြစ်စီရင်ခြင်းကို ခံရသော်လည်း၊ ဘုရားသခင့်ရှေ့တော်၌ စိတ်ဝိညာဉ်အားဖြင့် အသက်ရှင်မည်အကြောင်း၊ သေသောသူတို့သည် ဧဝံဂေလိတရားကို ကြားရကြ၏။ ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည် ဖြစ်သောကြောင့်၊ သမ္မာသတိရှိကြလော့။ ဆုတောင်းခြင်းအလိုငှာ စောင့်နေကြလော့။- အခြားသောအမှုအရာထက်မက၊ အချင်းချင်းအားကြီးသောချစ်ခြင်းမေတ္တာရှိကြလော့။ ချစ်ခြင်းမေတ္တာသည် များစွာသော အပြစ်တို့ကို ဖုံးအုပ်တတ်၏။- မြည်တမ်းခြင်းမရှိဘဲ အချင်းချင်း ဧည့်သည်ဝတ်ကို ပြုကြလော့။- သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီးခံရကြသည်နှင့် အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်း ဝေငှပေးကမ်းကြလော့။- ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော်ထင်ရှားစေမည်အကြောင်း၊ ဟောပြောသောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်နှင့်အညီ ဟောပြောစေ။ အခြားသောအမှုကို ဆောင်ရွက်သောသူသည်၊ ဘုရားသခင်ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင်။
၁ ရှင်ပေတရု 4:1-11 Common Language Bible (BCL)
ခရစ်တော်သည်ကာယဝေဒနာခံတော်မူခဲ့ ရာသင်တို့သည်လည်းကိုယ်တော်၏ခံယူချက် မျိုးရှိရကြမည်။ အဘယ်ကြောင့်ဆိုသော်ကာယ ဝေဒနာခံပြီးသူသည်အပြစ်ဒုစရိုက်နှင့် ပြတ်စဲပြီဖြစ်သောကြောင့်ဖြစ်၏။- သို့ဖြစ်၍ဤလောကတွင်သင်တို့အသက် ရှင်ရန်ကြွင်းကျန်သေးသည့်အချိန်ကာလ၌ လူတို့တပ်မက်ခြင်းစိတ်ဆွဲဆောင်ရာသို့ မလိုက်ဘဲဘုရားသခင်၏အလိုတော် ကိုလိုက်၍အသက်ရှင်ရကြမည်။- လွန်ခဲ့သည့်ကာလကသင်တို့သည်မယုံ ကြည်သူများပြုကျင့်သကဲ့သို့အတန်ကြာ စွာပြုမူကျင့်ကြံခဲ့ကြ၏။ မပြုသင့်မပြု ထိုက်သည်ကိုပြုမူခြင်း၊ ကာမဂုဏ်လိုက်စား ခြင်း၊ သေသောက်ကြူးခြင်း၊ ပျော်ရွှင်မြူးတူးခြင်း၊ သေသောက်ပွဲများကျင်းပခြင်းနှင့်လွန်စွာ မနှစ်မြို့အပ်သည့်ရုပ်တုကိုးကွယ်ခြင်း တို့တွင်ပါဝင်ခဲ့ကြ၏။- ယခုမှာမူသင်တို့သည်မယုံကြည်သူတို့ နှင့်အတူယင်းသို့အပျော်ကြူး၍ စည်းမဲ့ ကမ်းမဲ့သက်ရှင်လှုပ်ရှားမှုများတွင်မပါဝင် ကြတော့ပေ။ သို့ဖြစ်၍သူတို့သည်အံ့သြ လျက်သင်တို့ကိုစော်ကားပြောဆိုကြ၏။- ဤသို့ပြုကြသည့်အတွက်သူတို့သည်အသက် ရှင်သူနှင့်သေသူများအား တရားစီရင်ရန် အသင့်ရှိနေတော်မူသောဘုရားသခင်၏ ထံတော်၌စစ်ဆေးစီရင်ခြင်းကိုခံရလတ္တံ့။- ဤအကြောင်းကြောင့်သေလွန်သူတို့သည်ဘုရား သခင်ဝိညာဉ်အားဖြင့်အသက်ရှင်နိုင်ကြစေ ရန် သူတို့အားသတင်းကောင်းကိုကြေညာရ ခြင်းဖြစ်၏။ ထိုသူတို့သည်ကာယအားဖြင့် အသက်ရှင်စဉ်အခါကလူတိုင်းနည်းတူ အပြစ်စီရင်ခြင်းကိုခံခဲ့ရသူများဖြစ် သည်။ အမှုအရာခပ်သိမ်းတို့အတွက်နောက်ဆုံး သောအချိန်နီးကပ်လာပြီဖြစ်၍ သင်တို့သည် ဆုတောင်းနိုင်ကြရန် မိမိတို့၏စိတ်ကိုထိန်း ချုပ်လျက်နိုးနိုးကြားကြားရှိရကြမည်။- အထူးသဖြင့်အချင်းချင်းအားအမှန်တကယ် ချစ်ရကြမည်။ အဘယ်ကြောင့်ဆိုသော်မေတ္တာ သည်များစွာသောအပြစ်တို့ကိုဖုံးအုပ်စေ နိုင်သောကြောင့်ဖြစ်၏။- သင်တို့သည်မညည်းမညူဘဲအချင်းချင်း အားကျေပွန်စွာဧည့်ဝတ်ပြုကြလော့။- သင်တို့အားလုံးပင်လျှင်ဝိညာဉ်ဆုကျေးဇူး တစ်ပါးပါးကိုခံယူရရှိကြ၏။ သင်တို့သည် ဘုရားသခင်၏ဆုကျေးဇူးတော်အမျိုးမျိုး ကိုထိန်းသိမ်းစောင့်ရှောက်ရသူများအနေဖြင့် မိမိတို့ခံယူရရှိသည့်ဆုကျေးဇူးတော်ကို အချင်းချင်းတို့၏အကျိုးအတွက်အသုံး ပြုကြလော့။- တရားဟောပြောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်ကိုဟောပြောစေ။ အစေခံသော သူသည်ဘုရားသခင်ပေးတော်မူသောအစွမ်း သတ္တိအတိုင်းလုပ်ဆောင်စေ။ သို့မှသာပြုလေ သမျှသောအမှုတို့တွင် ယေရှုခရစ်အား ဖြင့်ဘုရားသခင်၏ဘုန်းအသရေထွန်းလင်း လိမ့်မည်။ အရှင်ယေရှုခရစ်သည်ကမ္ဘာအဆက် ဆက်ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။
၁ ရှင်ပေတရု 4:1-11 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ခရစ်တော်သည် ကိုယ်ကာယ၌ ထိုသို့ ဒုက္ခဝေဒနာခံစားရသည်ဖြစ်၍ သင်တို့သည်လည်း ထိုသို့သောသဘောထားမျိုးကို လက်နက်အဖြစ် စွဲကိုင်ထားကြလော့။ အဘယ်ကြောင့်ဆိုသော် ကိုယ်ကာယတွင် ဒုက္ခဝေဒနာခံစားရသောသူသည် အပြစ်နှင့်ပြတ်စဲပြီဖြစ်၏။ ဤသည်ကား ကိုယ်ကာယ၌အသက်ရှင်ရမည့် ကျန်ရှိသေးသောအချိန်ကာလကို လူတို့၏တပ်မက်ခြင်းအားဖြင့် မဟုတ်တော့ဘဲ ဘုရားသခင်၏အလိုတော်အားဖြင့် အသက်ရှင်နိုင်ရန်ဖြစ်၏။ အကြောင်းမူကား လူမျိုးခြားတို့၏ဆန္ဒအတိုင်းပြုလျက် ကာမဂုဏ်လိုက်စားခြင်း၊ တပ်မက်ခြင်း၊ မူးယစ်ခြင်း၊ အပျော်ကြူးခြင်း၊ သောက်စားမြူးထူးခြင်းနှင့် ပညတ်တရားကတားမြစ်ထားသော ရုပ်တုကိုးကွယ်ခြင်းတို့တွင် ကျင်လည်ခဲ့သည့် လွန်ခဲ့သောအချိန်သည် သင်တို့အတွက် တော်လောက်ပေ၏။ ယခုမှာ သင်တို့သည် ထိုကဲ့သို့သောလွန်ကဲသည့်အပျော်ကြူးခြင်း၌ သူတို့နှင့်အတူမပါဝင်ကြသောကြောင့် သူတို့သည် အံ့ဩလျက် စော်ကားပြောဆိုကြ၏။ သူတို့သည် အသက်ရှင်သောသူတို့နှင့်သေသောသူတို့ကို တရားစီရင်ရန် အသင့်ရှိတော်မူသောအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရလိမ့်မည်။ ဤအကြောင်းကြောင့် သေသောသူတို့ကိုလည်း ကောင်းမြတ်သောသတင်းကိုဟောပြောလေ၏။ ဤသည်ကား သူတို့သည် သွေးသား၌ လူသားအနေဖြင့် တရားစီရင်ခြင်းကိုခံရသော်လည်း ဝိညာဉ်၌မူကား ဘုရားသခင်အားဖြင့် အသက်ရှင်ကြရန်ဖြစ်၏။ ခပ်သိမ်းသောအရာတို့၏နောက်ဆုံးချိန် နီးကပ်လာပြီဖြစ်၍ ဆုတောင်းခြင်းအမှုကိုပြုနိုင်ရန် တည်ငြိမ်မှန်ကန်သောစိတ်နှင့် သမ္မာသတိရှိကြလော့။ ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်သည်ဖြစ်၍ ခပ်သိမ်းသောအရာတို့ထက် အချင်းချင်းကြား၌ ခိုင်မြဲသောချစ်ခြင်းမေတ္တာရှိကြလော့။ ညည်းညူခြင်းမရှိဘဲ အချင်းချင်းဧည့်ဝတ်ကျေပွန်ကြလော့။ သင်တို့တစ်ဦးစီသည် မိမိခံစားရရှိသည့်ဆုကျေးဇူးအလျောက် ဘုရားသခင်၏အမျိုးမျိုးသောကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းသောဘဏ္ဍာစိုးများကဲ့သို့ ထိုဆုကျေးဇူးအားဖြင့် အချင်းချင်းကူညီဆောင်ရွက်ပေးကြလော့။ ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်အတိုင်းဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူသည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။ ဤသည်ကား ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်းတည်း။ ထိုသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။