YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 3:17-22

၁ ရှင်ပေတရု 3:17-22 Judson Bible (JBMLE)

ဘု​ရား​သ​ခင့် အ​လို​တော်​ရှိ​လျှင်၊ သု​စ​ရိုက်​ကို​ပြု၍ ဆင်း​ရဲ​ခံ​ခြင်း​သည်၊ ဒု​စ​ရိုက်​ကို​ပြု၍ ခံ​ခြင်း​ထက် သာ၍​ကောင်း၏။- ခ​ရစ်​တော်​သည် ကိုယ်​ခ​န္ဓာ​အား​ဖြင့် အ​သေ​သတ်​ခြင်း​ကို​ခံ၍၊ ဝိ​ညာဉ်​တော်​အား​ဖြင့် အ​သက်​ရှင်​ခြင်း​သို့ ရောက်​တော်​မူ​သည်​ဖြစ်၍ ငါ​တို့​ကို ဘု​ရား​သ​ခင့် အ​ထံ​တော်​သို့ ပို့​ဆောင်​ခြင်း​ငှာ၊ ဖြောင့်​မတ်​တော်​မူ​သော​သူ​သည်၊ မ​ဖြောင့်​မတ်​သော သူ​တို့​အ​တွက်၊ ဒု​စ​ရိုက်​အ​ပြစ်​များ​ကြောင့် တစ်​ခါ​ခံ​တော်​မူ၏။- ထို​ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း ကြွ​သွား​တော်​မူ၍၊ ယ​ခု​ထောင်​ထဲ​မှာ လှောင်​ထား​သော ဝိ​ညာဉ်​တို့​အား တ​ရား​ဟော​တော်​မူ၏။- ထို​ဝိ​ညာဉ်​တို့​မူ​ကား ရှေး​ကာ​လ၊ နော​ဧ​လက်​ထက်၌၊ နည်း​သော​သူ​တည်း​ဟူ​သော လူ​ရှစ်​ယောက်​တို့​ကို ရေ​အား​ဖြင့် ကယ်​ဆယ်​သော​သင်္ဘော​ကို တည်​လုပ်​စဉ်​တွင်၊ ဘု​ရား​သ​ခင်၏ ခ​န္တီ​တော်​သည် ဆိုင်း​လင့်​တော်​မူ​သော်​လည်း၊ နား​မ​ထောင်​သော​ဝိ​ညာဉ် ဖြစ်​သ​တည်း။- ထို​သို့​သော ဥ​ပ​မာ​အ​တိုင်း၊ ယ​ခု​တွင် ဗ​တ္တိ​ဇံ​သည် ယေ​ရှု​ခ​ရစ် ထ​မြောက်​တော်​မူ​သော​အား​ဖြင့်၊ ငါ​တို့​ကို ကယ်​တင်​တတ်၏။ ဗ​တ္တိ​ဇံ​ဟု​ဆို​သော်၊ ကိုယ်​ကာ​ယ၏ အ​ညစ်​အ​ကြေး ဆေး​ကြော​ခြင်း​ကို မ​ဆို​လို။ ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်၍၊ ဘု​ရား​သ​ခင့်​ရှေ့၌ ဝန်​ခံ​ခြင်း​ကို ဆို​လို​သ​တည်း။- ထို​သ​ခင်​သည် ကောင်း​ကင်​ဘုံ​သို့ ကြွ​တော်​မူ​သည်​ဖြစ်၍၊ ကောင်း​ကင်​တ​မန်​အ​စ​ရှိ​သော အာ​ဏာ​စက် တန်​ခိုး​များ​တို့​ကို အုပ်​စိုး​လျက်၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ရှိ​တော်​မူ၏။

၁ ရှင်ပေတရု 3:17-22 Common Language Bible (BCL)

သု​စ​ရိုက်​ကို​ပြု​သ​ဖြင့်​ဆင်း​ရဲ​ဒုက္ခ​ရောက်​ခြင်း သည်​ဘု​ရား​သ​ခင်​၏​အလို​တော်​အ​ရ​ဖြစ်​လျှင် ယင်း​သည်​ဒု​စ​ရိုက်​ကို​ပြု​ခြင်း​ထက်​ပို​၍ ကောင်း​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​ကိုယ်​တိုင် ပင်​လျှင် ငါ​တို့​၏​အ​ပြစ်​များ​အ​တွက်​အ​ပြီး အ​ပိုင်​အ​သေ​ခံ​တော်​မူ​ခဲ့​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော်​သည်​သူ​တော်​စင်​ဖြစ်​တော်​မူ​၍​မ​သူ တော်​တို့​အ​တွက်​အ​သေ​ခံ​တော်​မူ​လေ​ပြီ။ ယင်း သို့​ပြု​တော်​မူ​ခြင်း​မှာ​သင်​တို့​အား​ဘု​ရား သ​ခင်​ထံ​တော်​သို့​ပို့​ဆောင်​ပေး​ရန်​ပင်​ဖြစ်​၏။ ကိုယ်​တော်​သည်​ကိုယ်​ခန္ဓာ​အား​ဖြင့်​အ​သေ သတ်​ခြင်း​ကို​ခံ​ရ​သော်​လည်း​ဝိ​ညာဉ်​အား ဖြင့်​အ​သက်​ပြန်​၍​ရှင်​တော်​မူ​၏။- ဝိ​ညာဉ်​အား​ဖြင့်​ကိုယ်​တော်​သည်​အ​ကျဉ်း​ကျ လျက်​နေ​သော​ဝိ​ညာဉ်​များ​ထံ​သို့​သွား​ရောက် ၍​တ​ရား​ဟော​တော်​မူ​၏။- ထို​ဝိ​ညာဉ်​တို့​ကား​သင်္ဘော​ကို​နော​ဧ​တည်​ဆောက် လျက်​နေ​စဉ်​တွင် သည်း​ခံ​စောင့်​ဆိုင်း​လျက်​နေ​တော် မူ​သော​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​မ​ထောင် ခဲ့​သူ​တို့​၏​ဝိ​ညာဉ်​များ​ပင်​ဖြစ်​သ​တည်း။ သို့ ရာ​တွင်​ရေ​အား​ဖြင့်​ကယ်​ဆယ်​ခြင်း​ခံ​ရ​သူ များ​မှာ​သ​င်္ဘော​ပေါ်​တွင်​အ​နည်း​ငယ်​သာ​ရှိ ၍​အ​ရေ​အ​တွက်​အား​ဖြင့်​ရှစ်​ယောက်​မျှ​သာ ဖြစ်​၏။- ဤ​တွင်​ရေ​ဟု​ဆို​ရာ​၌​သင်​တို့​ကို​ယ​ခု​ကယ် တင်​သော​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပုံ​ဆောင်​ပေ​သည်။ ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ယူ​ခြင်း​သည်​ကိုယ်​ကာ​ယ အ​ညစ်​အ​ကြေး​များ​ကို​သန့်​စင်​ဆေး​ကြော ခြင်း​မ​ဟုတ်။ သြတ္တ​ပ္ပ​စိတ်​ကြည်​လင်​စွာ​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​က​တိ​သစ္စာ​ပြု ခြင်း​ဖြစ်​ပေ​သည်။ သေ​ခြင်း​မှ​သ​ခင်​ယေ​ရှု ခ​ရစ်​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း​ကို အ​ကြောင်း​ပြု​၍ သင်​တို့​သည်​ဗတ္တိ​ဇံ​အား ဖြင့်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​၏။- ထို​သ​ခင်​သည်​ကောင်း​ကင်​ဘုံ​သို့​ဝင်​တော်​မူ ၍ ယ​ခု​အ​ခါ​ဘု​ရား​သ​ခင်​လက်​ယာ​တော် ဘက်​တွင်​ရှိ​တော်​မူ​ပြီး​လျှင်​ကောင်း​ကင်​တ​မန် များ၊ ကောင်း​ကင်​အာ​ဏာ​ပိုင်​များ​နှင့်​တန်​ခိုး ရှင်​များ​ကို​အုပ်​စိုး​၍​နေ​တော်​မူ​၏။

၁ ရှင်ပေတရု 3:17-22 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား ဘုရားသခင်​အလို​တော်​ရှိ​လျှင် မကောင်း​သော​အမှု​ကို​ပြု​၍ ဒုက္ခ​ဝေဒနာ​ခံစား​ရ​ခြင်း​ထက် ကောင်း​သော​အမှု​ကို​ပြု​၍ ဒုက္ခ​ဝေဒနာ​ခံစား​ရ​ခြင်း​သည် သာ၍​ကောင်း​၏။ အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​သည်​လည်း အပြစ်​အတွက် တစ်ကြိမ်တည်း​နှင့်အပြီး ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​၏။ သင်​တို့​ကို ဘုရားသခင်​ထံ​တော်​သို့​ပို့ဆောင်​မည့်​အကြောင်း ဖြောင့်မတ်​သော​အရှင်​သည် မ​ဖြောင့်မတ်​သော​သူ​တို့​ကိုယ်စား ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​၏။ ကိုယ်တော်​သည် ကိုယ်ကာယ​၌ အမှန်ပင်​အသေခံ​သော်လည်း ဝိညာဉ်​တော်​၌​မူကား အသက်ရှင်​စေ​ခြင်း​ကို​ခံ​တော်မူ​လျက် ထို​အခြေအနေ​၌​ပင် အကျဉ်းချ​ခံရ​သော​ဝိညာဉ်​များ​ထံသို့ သွား​၍ တရားဟော​တော်မူ​၏။ ထို​ဝိညာဉ်​များ​မှာ တစ်ချိန်က နောဧ​လက်ထက်​၌ သင်္ဘော​တည်ဆောက်​စဉ်​တွင် ဘုရားသခင်​သည် စိတ်ရှည်​စွာ​ဖြင့် စောင့်ဆိုင်း​တော်မူ​သော်လည်း နာခံ​ခြင်း​မ​ရှိ​ခဲ့​သော​ဝိညာဉ်​များ​ဖြစ်​ကြ​၏။ ထို​သင်္ဘော​ထဲ၌ ရှစ်​ယောက်​မျှ​ဖြစ်​သော လူ​အနည်းငယ်​တို့​သာ ရေ​မှတစ်ဆင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။ ဤ​အရာ​သည် ယခု သင်​တို့​ကို​ကယ်တင်​သော ဗတ္တိဇံ​ကို​ပုံဆောင်​၏။ ဗတ္တိဇံ​သည် ကိုယ်ကာယ​၏​အညစ်အကြေး​ကို ချွတ်ပယ်​ခြင်း​မ​ဟုတ်​ဘဲ ယေရှု​ခရစ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် ကြည်လင်​သော​အသိစိတ်​ကို ဘုရားသခင်​ထံ​တောင်းလျှောက်​ခြင်း​ဖြစ်​၏။ ခရစ်တော်​သည် ကောင်းကင်​ဘုံ​သို့​ကြွ​တော်မူ​၍ ကောင်းကင်​တမန်​များ၊ အာဏာစက်​များ​နှင့် တန်ခိုး​တို့​ကို မိမိ​လက်အောက်​၌​ချ​ထား​လျက် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌​ရှိ​နေ​တော်မူ​၏။