YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 3:15-16

၁ ရှင်ပေတရု 3:15-16 Judson Bible (JBMLE)

စိတ်​နှ​လုံး​ထဲ၌ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို ရို​သေ​ခြင်း​ရှိ​ကြ​လော့။ သင်​တို့​မျှော်​လ​င့်​ခြင်း၏ အ​ကြောင်း​ကို မေး​မြန်း​သော​သူ ရှိ​သ​မျှ​တို့​အား၊ နူး​ညံ့​သော​သ​ဘော၊ ကြောက်​ရွံ့​သော​သ​ဘော​နှင့် ပြန်​ပြော​ခြင်း​ငှာ၊ ကာ​လ​အ​စဉ်​မ​ပြတ် အ​သင့်​ရှိ​နေ​ကြ​လော့။- ခ​ရစ်​တော်၌ သင်​တို့​ကျင့်​သော အ​ကျင့်​ကောင်း​ကို ရှုတ်​ချ​သော​သူ​တို့​သည် ကဲ့​ရဲ့​ပြစ်​တင်​သော​အ​ခါ၊ ကိုယ်​တိုင် ရှက်​ကြောက်​ခြင်း​မ​ရှိ​မည်​အ​ကြောင်း၊ သင်​တို့​သည် ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်​လျက် နေ​ကြ​လော့။

၁ ရှင်ပေတရု 3:15-16 Common Language Bible (BCL)

သို့​ရာ​တွင်​သင်​တို့​စိတ်​နှ​လုံး​တွင်​ခ​ရစ်​တော် ကို​ရို​သေ​ကိုင်း​ရှိုင်း​၍​အ​ရှင်​သ​ခင်​အ​ဖြစ်​ဖြင့် ခံ​ယူ​ကြ​လော့။ သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​မျှော် လင့်​ချက်​အ​ကြောင်း​ကို​စစ်​ဆေး​မေး​မြန်း​လာ သူ​အား​အ​ချိန်​မ​ရွေး​ရှင်း​လင်း​ဖော်​ပြ​ရန် အ​သင့်​ရှိ​ကြ​လော့။- သို့​ရာ​တွင်​သိမ်​မွေ့​ရို​သေ​စွာ​ဖြေ​ကြား​ကြ​လော့။ သင်​တို့​အား​မ​တ​ရား​ဝေ​ဖန်​၍​စော်​ကား​ပြော​ဆို သူ​တို့​သည် ခ​ရစ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သင်​တို့​ပြု​မူ​ပုံ​ကောင်း​မွန်​သင့်​မြတ်​သည်​ကို​မြင် ၍​အ​ရှက်​ရ​ကြ​စေ​ရန် သင်​တို့​၏​သြ​တ္တပ္ပ​စိတ် ကို​ကြည်​လင်​စေ​ကြ​လော့။

၁ ရှင်ပေတရု 3:15-16 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ခရစ်တော်​ကို အရှင်​သခင်​အဖြစ် ရိုသေလေးမြတ်​ကြ​လော့။ သင်​တို့​၌​ရှိ​သည့် မျှော်လင့်​ခြင်း​အကြောင်း​နှင့်​ပတ်သက်၍ သင်​တို့​အား မေးမြန်း​သော​သူ​အားလုံး​တို့​ကို ဖြေရှင်း​ပြောဆို​နိုင်​ရန် အမြဲတမ်း​အသင့်​ရှိ​ကြ​လော့။ သို့သော် နူးညံ့​သိမ်မွေ့​သော​စိတ်၊ ကြောက်ရွံ့​ရိုသေ​သော​စိတ်​နှင့် ကြည်လင်​သော​အသိစိတ်​တို့​ဖြင့် ဖြေရှင်း​ပြောဆို​ကြ​လော့။ သို့ပြုလျှင် ခရစ်တော်​၌​ရှိ​သည့် သင်​တို့​၏​ကောင်း​သော​အသက်ရှင်​နေထိုင်​မှု​ကို ကဲ့ရဲ့​ရှုတ်ချ​သော​သူ​တို့​သည် သင်​တို့​ကို ပုတ်ခတ်​ပြောဆို​သည့်​အတွက် အရှက်ရ​ကြ​လိမ့်မည်။