YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 3:10-12

၁ ရှင်ပေတရု 3:10-12 Judson Bible (JBMLE)

အ​သက်​ကို မွေ့​လျော်​စေ၍၊ ကောင်း​မွန်​သော နေ့​ရက်​တို့​ကို တွေ့​မြင်​ခြင်း​ငှာ အ​လို​ရှိ​သော​သူ​သည်၊ မိ​မိ​လျှာ​ကို မ​ကောင်း​သော​အ​ရာ​နှင့် ကင်း​လွတ်​စေ။ မိ​မိ​နှုတ်​ခမ်း​လည်း မု​သား​စ​ကား​ကို မ​ပြော​စေ​နှင့်။- ဒု​စ​ရိုက်​ကို​လွှဲ​ရှောင်၍ သု​စ​ရိုက်​ကို​ပြု​စေ။ သူ​တစ်​ပါး​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​ကို​ရှာ၍ မီ​အောင်​လိုက်​စေ။- အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ သူ​တို့ ဆု​တောင်း​ခြင်း​ကို​လည်း နား​ထောင်​တော်​မူ၏။ ဒု​စ​ရိုက်​ပြု​သော သူ​တို့​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မျက်​နှာ​လွှဲ​တော်​မူ၏။

၁ ရှင်ပေတရု 3:10-12 Common Language Bible (BCL)

အောက်​ပါ​ကျမ်း​စာ​တော်​အ​ရ​ဖော်​ပြ​သည် နှင့်​အ​ညီ​ဖြစ်​သည်။ ``မိ​မိ​ဘ​ဝ​ကို​ချစ်​မြတ်​နိုး​၍​စီး​ပွား​ချမ်း သာ​ကို အ​လို​ရှိ​သူ​သည်၊ မိ​မိ​၏​လျှာ​ကို​မ​ညစ်​ညမ်း​စေ​ရန်​ထိန်း​သိမ်း ရ​မည်။ မိ​မိ​နှုတ်​ကို​လည်း​လိမ်​လည်​လှည့်​ဖြား​မှု​နှင့် ကင်း​စေ​ရ​မည်။ သူ​သည်​ဒု​စ​ရိုက်​ကို​ရှောင်​ရှား​လျက် သု​စ​ရိုက်​ကို​ပြု​ရ​မည်။ ငြိမ်း​ချမ်း​မှု​အ​တွက်​အ​စွမ်း​ကုန်​ကြိုး​ပမ်း ရ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သူ​တို့​အား၊ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၍ သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို၊ နား​ညောင်း​တော်​မူ​သော​ကြောင့်​တည်း။ သို့​ရာ​တွင်​ဒု​စ​ရိုက်​ပြု​သူ​တို့​ထံ​မှ မျက်​နှာ​လွှဲ​တော်​မူ​၏။''

၁ ရှင်ပေတရု 3:10-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား အသက်ရှင်​ခြင်း​ကို​နှစ်သက်​၍ ကောင်း​သော​နေ့ရက်​တို့​ကို တွေ့မြင်​လို​သော​သူ​သည် မိမိ​လျှာ​ကို​ချုပ်တည်း​၍ မကောင်း​သော​စကား​နှင့်​ကင်းလွတ်​စေ။ မိမိ​နှုတ်​ကို​လည်း​ချုပ်တည်း​၍ မုသား​မ​ပြော​မိ​စေ​နှင့်။ မကောင်း​သော​အမှု​ကို​ရှောင်ရှား​လျက် ကောင်း​သော​အမှု​ကို​ပြု​စေ။ ငြိမ်သက်​ခြင်း​ကို​ရှာ​၍ ၎င်း​ကို​ရရှိ​ရန်​ကြိုးစား​စေ။ အဘယ်ကြောင့်​ဆိုသော် ထာဝရ​ဘုရား​သည် ဖြောင့်မတ်​သော​သူ​တို့​ကို​ကြည့်ရှု​တော်မူ​၍ သူ​တို့​၏​ဆုတောင်း​သံ​ကို​နားညောင်း​တော်မူ​၏။ သို့သော် မကောင်း​သော​အမှု​ကို​ပြု​သော​သူ​တို့​ထံမှ ထာဝရ​ဘုရား​သည် မျက်နှာ​လွှဲ​တော်မူ​၏။