YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 2:23-24

၁ ရှင်ပေတရု 2:23-24 Common Language Bible (BCL)

မိ​မိ​အား​ပုတ်​ခတ်​ပြော​ဆို​သော​အ​ခါ​တုံ့​ပြန် ပုတ်​ခတ်​ပြော​ဆို​မှု​ပြု​တော်​မ​မူ။ ဝေ​ဒ​နာ​ခံ တော်​မူ​ရ​သော​အ​ခါ​ခြိမ်း​ခြောက်​တော်​မ​မူ​ဘဲ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သော​ဘု​ရား သ​ခင်​၏​လက်​တော်​သို့​မိ​မိ​၏​အ​မှု​ကို​အပ် တော်​မူ​၏။- ငါ​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​အ​မြစ်​ဖြတ် ၍​ဖြောင့်​မတ်​ခြင်း​အ​တွက်​အ​သက်​ရှင်​နိုင် ကြ​စေ​ရန် ကိုယ်​တော်​တိုင်​ပင်​လျှင်​ငါ​တို့​၏ အ​ပြစ်​များ​ကို​ကိုယ်​ခန္ဓာ​တော်​ပေါ်​တွင်​ယူ ဆောင်​ကာ​လက်​ဝါး​ကပ်​တိုင်​၌​ဒုက္ခ​ဝေ​ဒ​နာ ခံ​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​ဒဏ်​ရာ ဒဏ်​ချက်​များ​အား​ဖြင့်​အ​နာ​ပျောက်​လျက် ရှိ​ကြ​၏။

၁ ရှင်ပေတရု 2:23-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ပုတ်ခတ်​ပြောဆို​ခြင်း​ခံရ​သောအခါ ပြန်​၍​မ​တုံ့ပြန်၊ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သောအခါ​၌​လည်း ခြိမ်းခြောက်​ခြင်း​ကို​မ​ပြု​ဘဲ ဖြောင့်မတ်​စွာ​တရား​စီရင်​တော်မူ​သော​အရှင်​ထံသို့ မိမိ​ကိုယ်​ကို​အပ်နှံ​တော်မူ​၏။ ငါ​တို့​သည် အပြစ်​အရာ​၌ သေဆုံး​၍ ဖြောင့်မတ်​ခြင်း​အရာ​၌ အသက်ရှင်​မည့်​အကြောင်း ကိုယ်တော်​သည် သစ်​တိုင်​ပေါ်တွင် ငါ​တို့​အပြစ်​များ​ကို မိမိ​၏​ကိုယ်ခန္ဓာ​၌ ကိုယ်တော်​တိုင်​ဆောင်ယူ​တော်မူ​၏။ သင်​တို့​သည် ကိုယ်တော်​၏​ဒဏ်ချက်​တော်​အားဖြင့် အနာရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရရှိ​ကြ​၏။