YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 2:20-25

၁ ရှင်ပေတရု 2:20-25 Judson Bible (JBMLE)

ကိုယ်​အ​ပြစ်​ကြောင့် ဒဏ်​ခံ​ရ​သော​အ​ခါ သည်း​ခံ​လျှင်၊ အ​ဘယ်​ချီး​မွမ်း​စ​ရာ​ရှိ​သ​နည်း။ ကောင်း​မွန်​စွာ​ပြု၍ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ သည်း​ခံ​လျှင်၊ ဘု​ရား​သ​ခင့် ရှေ့​တော်၌ ကျေး​ဇူး​ရှိ၏။- အ​ကြောင်း​မူ​ကား၊ ထို​သို့​အ​လို​ငှာ သင်​တို့​ကို​ခေါ်​တော်​မူ​ပြီ၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက် ခံ​တော်​မူ​သည်​ဖြစ်၍၊ ခြေ​တော်​ရာ​ကို လျှောက်​လိုက်​စေ​ခြင်း​ငှာ ပုံ​သက်​သေ​ကို​ထား​တော်​မူ​ပြီ။- ထို​သ​ခင်​သည် ဒု​စ​ရိုက်​ကို​မ​ပြု၊ နှုတ်​တော်၌​လည်း မု​သား​ကို​ရှာ​မ​တွေ့၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​သော​အ​ခါ ပြန်၍​မ​ကဲ့​ရဲ့။- အ​သေ​ခံ​ရ​သော​အ​ခါ ခြိမ်း​ခြောက်​ခြင်း​ကို မ​ပြု။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​သော​သူ၌ ကိုယ်​ကို​ကိုယ် အပ်​နှံ​တော်​မူ၏။- ငါ​တို့​သည် အ​ပြစ်​နှင့်​ဆိုင်​သော​အ​ရာ၌ အ​သေ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​အ​ရာ၌ အ​သက်​ရှင်​စေ​မည်​အ​ကြောင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင် သစ်​တိုင်​မှာ​ခံ​တော်​မူ​ပြီ။ ဒဏ်​ချက်​တော်​များ​အား​ဖြင့် သင်​တို့​သည် အ​နာ​ပျောက်​လျက် ရှိ​ကြ၏။- သင်​တို့​သည် အ​ထက်​က​လမ်း​လွဲ၍ ပျောက်​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ သိုး​ထိန်း​တည်း​ဟူ​သော သင်​တို့၏​ဝိ​ညာဉ်​တို့​ကို အုပ်​စိုး​ကြည့်​ရှု​တော်​မူ​သော အ​ရှင်​ထံ​သို့ ပြန်​ရောက်​ကြ​ပြီ။

၁ ရှင်ပေတရု 2:20-25 Common Language Bible (BCL)

သင်​တို့​သည်​မိ​မိ​တို့​ပြု​မိ​သည့်​အ​မှား​များ အ​တွက်​ခံ​ထိုက်​သော​အ​ပြစ်​များ​ကို​မ​ညည်း မ​ညူ​ဘဲ​ခံ​ကြ​ပါ​မူ သင်​တို့​အား​အ​ဘယ်​သို့ လျှင်​ချီး​မွမ်း​စ​ရာ​ရှိ​မည်​နည်း။ သို့​ရာ​တွင် အ​မှန်​ကို​ပြု​လျက်​ဒုက္ခ​ဆင်း​ရဲ​ကို​ခံ​ရ​သော အ​ခါ မ​ညည်း​မ​ညူ​ဘဲ​ခံ​ကြ​လျှင်​မူ​ကား ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။- ဤ​နည်း​အ​တိုင်း​ပြု​မူ​စေ​ရန်​သင်​တို့​အား ကိုယ်​တော်​ရွေး​ကောက်​တော်​မူ​ခြင်း​ဖြစ်​ပေ သည်။ ခ​ရစ်​တော်​ကိုယ်​တိုင်​ပင်​လျှင်​သင်​တို့ အ​တွက်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​တော်​မူ​၍ ခြေ​တော် ရာ​ကို​သင်​တို့​လိုက်​လျှောက်​နိုင်​စေ​ရန်​စံ​န​မူ နာ​ထား​ခဲ့​ပြီ။- ကိုယ်​တော်​သည်​အ​ပြစ်​မ​ကူး၊ မု​သား​ကို လည်း​အ​ဘယ်​အ​ခါ​၌​မျှ​သုံး​တော်​မ​မူ။- မိ​မိ​အား​ပုတ်​ခတ်​ပြော​ဆို​သော​အ​ခါ​တုံ့​ပြန် ပုတ်​ခတ်​ပြော​ဆို​မှု​ပြု​တော်​မ​မူ။ ဝေ​ဒ​နာ​ခံ တော်​မူ​ရ​သော​အ​ခါ​ခြိမ်း​ခြောက်​တော်​မ​မူ​ဘဲ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သော​ဘု​ရား သ​ခင်​၏​လက်​တော်​သို့​မိ​မိ​၏​အ​မှု​ကို​အပ် တော်​မူ​၏။- ငါ​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​အ​မြစ်​ဖြတ် ၍​ဖြောင့်​မတ်​ခြင်း​အ​တွက်​အ​သက်​ရှင်​နိုင် ကြ​စေ​ရန် ကိုယ်​တော်​တိုင်​ပင်​လျှင်​ငါ​တို့​၏ အ​ပြစ်​များ​ကို​ကိုယ်​ခန္ဓာ​တော်​ပေါ်​တွင်​ယူ ဆောင်​ကာ​လက်​ဝါး​ကပ်​တိုင်​၌​ဒုက္ခ​ဝေ​ဒ​နာ ခံ​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​ဒဏ်​ရာ ဒဏ်​ချက်​များ​အား​ဖြင့်​အ​နာ​ပျောက်​လျက် ရှိ​ကြ​၏။- သင်​တို့​သည်​သိုး​များ​ကဲ့​သို့​လမ်း​လွဲ​ခဲ့​ကြ သော်​လည်း ယ​ခု​အ​ခါ​၌​သင်​တို့​၏​ဝိ​ညာဉ် တို့​ကို​ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​သော အ​ရှင့်​သိုး​ထိန်း​ကြီး​ထံ​သို့​ပြန်​လည်​ရောက် ရှိ​ကြ​လေ​ပြီ။

၁ ရှင်ပေတရု 2:20-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​သည် အပြစ်​ပြု​၍ ရိုက်နှက်​ခြင်း​ခံရ​သည်​ကို​သည်းခံ​လျှင် မည်သည့်​ချီးမွမ်း​စရာ​ရှိ​မည်နည်း။ သို့သော် ကောင်း​သော​အမှု​ကို​ပြု​၍ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သည်​ကို​သည်းခံ​လျှင် ဘုရားသခင်​ရှေ့​တော်​၌ ဂုဏ်ယူ​ဖွယ်​ဖြစ်​၏။ အမှန်စင်စစ် သင်​တို့​သည် ဤ​အတွက် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​၏။ အကြောင်းမူကား ခရစ်တော်​သည်​လည်း သင်​တို့​ကို မိမိ​ခြေရာ​တော်​အတိုင်း​လိုက်လျှောက်​စေရန် သင်​တို့​ကိုယ်စား ဒုက္ခ​ဝေဒနာ​ခံစားရ​လျက် သင်​တို့​အတွက် စံနမူနာ​ကို​ထား​ပေး​တော်မူ​၏။ ကိုယ်တော်​သည် အပြစ်​ကို​မ​ပြု။ ကိုယ်တော်​၏​နှုတ်​တော်​၌ မုသား​ကို​မ​တွေ့​ရ။ ပုတ်ခတ်​ပြောဆို​ခြင်း​ခံရ​သောအခါ ပြန်​၍​မ​တုံ့ပြန်၊ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သောအခါ​၌​လည်း ခြိမ်းခြောက်​ခြင်း​ကို​မ​ပြု​ဘဲ ဖြောင့်မတ်​စွာ​တရား​စီရင်​တော်မူ​သော​အရှင်​ထံသို့ မိမိ​ကိုယ်​ကို​အပ်နှံ​တော်မူ​၏။ ငါ​တို့​သည် အပြစ်​အရာ​၌ သေဆုံး​၍ ဖြောင့်မတ်​ခြင်း​အရာ​၌ အသက်ရှင်​မည့်​အကြောင်း ကိုယ်တော်​သည် သစ်​တိုင်​ပေါ်တွင် ငါ​တို့​အပြစ်​များ​ကို မိမိ​၏​ကိုယ်ခန္ဓာ​၌ ကိုယ်တော်​တိုင်​ဆောင်ယူ​တော်မူ​၏။ သင်​တို့​သည် ကိုယ်တော်​၏​ဒဏ်ချက်​တော်​အားဖြင့် အနာရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရရှိ​ကြ​၏။ သင်​တို့​သည် လမ်းလွဲ​သော​သိုး​များ​ကဲ့သို့​ဖြစ်​ကြ​၏။ ယခု​မူကား သိုးထိန်း​ဖြစ်​တော်မူ​၍ သင်​တို့​၏​စိတ်​ဝိညာဉ်​ကို​ကြီးကြပ်​သူ​ဖြစ်​တော်မူ​သော​အရှင်​ထံသို့ ပြန်​ရောက်​ကြ​ပြီ။