YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 2:13-17

၁ ရှင်ပေတရု 2:13-17 Judson Bible (JBMLE)

သ​ခင်​ဘု​ရား၏​မျက်​နှာ​တော်​ကို ထောက်​လျက်၊ အ​ထွတ်​အ​မြတ်​တည်း​ဟူ​သော ရှင်​ဘု​ရင်​ဖြစ်​စေ၊ လူ​ဆိုး​တို့​ကို ဒဏ်​စီ​ရင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​ကောင်း​တို့​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- ရှင်​ဘု​ရင်​ခန့်​ထား​သော ဝန်​မင်း​ဖြစ်​စေ၊ လူ​တို့​တွင် စီ​ရင်​ခန့်​ထား​သ​မျှ​သော မင်း၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​အား​ဖြင့် လူ​မိုက်​တို့၏ မိုက်​မဲ​သော​စ​ကား​ကို ချေ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ထို​သို့​သော အ​လို​တော်​ရှိ၏။- လူ​လွတ်​ဖြစ်​သော်​လည်း၊ လွတ်​ခြင်း​အ​ကြောင်း​ဖြင့် မ​ကောင်း​သော​အ​မှု​တို့​ကို ဖုံး​အုပ်​သော​သူ​ကဲ့​သို့ မ​ကျင့်၊ ဘု​ရား​သ​ခင်၏ ကျွန်​ကဲ့​သို့ ကျင့်​နေ​ကြ​လော့။- ခပ်​သိမ်း​သော​သူ​တို့​ကို ရို​သေ​ကြ​လော့။ ညီ​အစ်​ကို​များ​ကို ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း၊ ရှင်​ဘု​ရင်​ကို ရို​သေ​ခြင်း ရှိ​ကြ​လော့။

၁ ရှင်ပေတရု 2:13-17 Common Language Bible (BCL)

သ​ခင်​ဘု​ရား​၏​မျက်​နှာ​တော်​ကို​ထောက်​၍ လူ​အာ​ဏာ​ပိုင်​ရှိ​သ​မျှ​တို့​၏​အုပ်​စိုး​ခြင်း ကို​ဝန်​ခံ​ကြ​လော့။ ဘု​ရင်​ဧ​က​ရာဇ်​မင်း​အား အ​ချုပ်​အ​ခြာ​အာ​ဏာ​ပိုင်​အ​ဖြစ်​ဖြင့်​လည်း ကောင်း၊- ဘု​ရင်​ခံ​များ​အား​လူ​ဆိုး​တို့​ကို​အ​ပြစ်​ပေး ရန်​နှင့်၊ လူ​ကောင်း​တို့​ကို​ချီး​မြှင့်​ရန်​ဘု​ရင် ဧ​က​ရာဇ်​ခန့်​ထား​သော​သူ​များ​အ​ဖြစ်​ဖြင့် လည်း​ကောင်း​လက်​ခံ​ကြ​လော့။- သင်​တို့​သည်​မိ​မိ​တို့​၏​အ​ကျင့်​ကောင်း​အား​ဖြင့် အ​သိ​ဉာဏ်​ကင်း​မဲ့​သည့်​လူ​မိုက်​တို့​၏​နှုတ်​ကို ပိတ်​ရန်​ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​တော်​မူ​၏။- သင်​တို့​သည်​လွတ်​လပ်​သူ​များ​အ​နေ​ဖြင့်​ပြု​မူ နေ​ထိုင်​ကြ​လော့။ သို့​ရာ​တွင်​ဆိုး​ညစ်​မှု၊ တစ်​စုံ တစ်​ရာ​ကို​ဖုံး​ကွယ်​ရန်​အ​တွက်​မိ​မိ​တို့​၏ လွတ်​လပ်​မှု​ကို​အ​သုံး​မ​ပြု​ကြ​နှင့်။ သို့​ရာ တွင်​သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျွန်​များ အ​ဖြစ်​ဖြင့်​ပြု​မူ​နေ​ထိုင်​ကြ​လော့။- ခပ်​သိမ်း​သော​သူ​တို့​ကို​လေး​စား​ကြ​လော့။ ယုံ​ကြည် သူ​တို့​ကို​ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့ ကြ​လော့။ ဘု​ရင်​ဧ​က​ရာဇ်​မင်း​အား​ရို​သေ​ကြ​လော့။

၁ ရှင်ပေတရု 2:13-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

လူ​တို့​စီရင်​ခန့်ထား​သော​အုပ်ချုပ်​မှု​စနစ်​အားလုံး​ကို သခင်​ဘုရား​၏​မျက်နှာ​တော်​ကို​ထောက်၍ နာခံ​ကြ​လော့။ အထွတ်အမြတ်​ဖြစ်​သော​ရှင်ဘုရင်​ကို​ဖြစ်စေ၊ ဒုစရိုက်​ပြု​သူ​များ​ကို ပြစ်ဒဏ်​ပေး​၍ လူ​ကောင်း​တို့​ကို ဂုဏ်ပြု​ချီးမွမ်း​ရန် ရှင်ဘုရင်​စေလွှတ်​သော​ဘုရင်ခံ​များ​ကို​ဖြစ်စေ နာခံ​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ကောင်း​သော​အမှု​ကို​ပြု​ခြင်း​အားဖြင့် မိုက်မဲ​သော​သူ​တို့​၏​အသိဉာဏ်​ကင်းမဲ့​မှု​ကို တိတ်ဆိတ်​စေ​ခြင်း​သည် ဘုရားသခင်​၏​အလို​တော်​ဖြစ်​၏။ လွတ်လပ်​သော​သူ​များ​အဖြစ် အသက်ရှင်​နေထိုင်​ကြ​လော့။ သို့သော် ထို​လွတ်လပ်​ခြင်း​ကို မကောင်းမှု​ပြု​ရန် ဆင်ခြေဆင်လက်​အဖြစ် အသုံး​မ​ပြု​ဘဲ ဘုရားသခင်​၏​အစေအပါး​အဖြစ် အသုံးပြု​ကြ​လော့။ လူ​အပေါင်း​တို့​ကို ရိုသေ​ကြ​လော့။ ညီအစ်ကို​အချင်းချင်း​ချစ်​ကြ​လော့။ ဘုရားသခင်​ကို ကြောက်ရွံ့​ကြ​လော့။ ရှင်ဘုရင်​ကို ရိုသေ​ကြ​လော့။