YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ပေတရု 1:22-25

၁ ရှင်ပေတရု 1:22-25 Judson Bible (JBMLE)

သင်​တို့​သည် ဖောက်​ပြန်​ပျက်​စီး​တတ်​သော မျိုး​စေ့​အား​ဖြင့် ဖြစ်​ဖွား​သည်​မ​ဟုတ်၊- မ​ဖောက်​ပြန်​မ​ပျက်​စီး​တတ်​သော မျိုး​စေ့​တည်း​ဟူ​သော အ​သက်​ရှင်၍ အ​စဉ်​အ​မြဲ​တည်​တော်​မူ​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​အား​ဖြင့် ဖြစ်​ဖွား​သော​ကြောင့်၊ ညီ​အစ်​ကို​များ​ကို ချစ်​ယောင်​မ​ဆောင်၊ အ​မှန်​ချစ်​ခြင်း​အ​လို​ငှာ စိတ်​ထဲ​မှာ​သ​မ္မာ​တ​ရား​ကို နား​ထောင်​လျက်၊ ကိုယ်​စိတ်​နှ​လုံး​ကို စင်​ကြယ်​စေ​ပြီး​သည်​နှင့် အ​ညီ၊ စင်​ကြယ်​သော​စိတ်​နှင့် အ​ချင်း​ချင်း အား​ကြီး​သော​ချစ်​ခြင်း​မေ​တ္တာ ရှိ​ကြ​လော့။- လူ​မျိုး​ရှိ​သ​မျှ​သည် မြက်​ပင်​ကဲ့​သို့​ဖြစ်၏။ လူ​မျိုး၏ ဘုန်း​ရှိ​သ​မျှ​သည်​လည်း မြက်​ပွင့်​ကဲ့​သို့​ဖြစ်၏။ မြက်​ပင်​သည် ညှိုး​နွမ်း​သွေ့​ခြောက်​တတ်၏။ အ​ပွင့်​လည်း ကြွေ​တတ်၏။- ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​မူ​ကား၊ ကာ​လ​အ​စဉ်​အ​မြဲ တည်၏။ ထို​နှုတ်​က​ပတ်​တော်​သည်၊ သင်​တို့​အား ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ဖြစ်​သ​တည်း။

၁ ရှင်ပေတရု 1:22-25 Common Language Bible (BCL)

သင်​တို့​သည်​သမ္မာ​တ​ရား​တော်​ကို​လိုက်​လျှောက် ကျင့်​သုံး​ကြ​ခြင်း​အား​ဖြင့် မိ​မိ​တို့​စိတ်​နှ​လုံး ကို​သန့်​စင်​စေ​ကြ​ပြီး​လျှင် အ​ချင်း​ချင်း​တစ် ယောက်​ကို​တစ်​ယောက်​အ​ကယ်​ပင်​ချစ်​ကြ​လေ ပြီ။ သို့​ဖြစ်​၍​သင်​တို့​အ​ချင်း​ချင်း​အား အ​စွမ်း​ရှိ​သ​မျှ​နှင့်​ချစ်​ကြ​လော့။- အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​သေ​ခြင်း တ​ရား​နှင့်​ကင်း​သော​နိစ္စ​ထာ​ဝ​ရ​အ​ရှင်​၏ သား​သမီး​များ​ဖြစ်​ကြ​ပြီး​အ​သက်​ရှင်​၍ ထာ​ဝ​စဉ်​တည်​သော​နှုတ်​က​ပတ်​တော်​အား ဖြင့်​တစ်​ဖန်​မွေး​ဖွား​လာ​သူ​များ​ဖြစ်​ကြ​ပြီ။ ``လူ​သား​အ​ပေါင်း​တို့​သည်​မြက်​ပင်​နှင့်​လည်း ကောင်း၊ သူ​တို့​၏​ဘုန်း​အ​သ​ရေ​သည်​မြက်​ပွင့် နှင့်​လည်း​ကောင်း​တူ​ကြ​၏။ မြက်​ပင်​သည်​ညှိုး​နွမ်း​ခြောက်​သွေ့​၍​သွား​တတ်​၏။ မြက်​ပွင့်​များ​သည်​လည်း​ကြွေ​၍​ကျ​တတ်​၏။ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​မူ​ကား ထာ​ဝ​စဉ်​တည်​၏'' ဟူ​၍​ကျမ်း​စာ​၌​ဖော်​ပြ​သည့်​အ​တိုင်း​ဖြစ် သည်။ ထို​နှုတ်​က​ပတ်​တော်​ကား​သင်​တို့​အား ကြေ​ညာ​သည့်​သ​တင်း​ကောင်း​ဖြစ်​ပေ​သည်။

၁ ရှင်ပေတရု 1:22-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​သည် သမ္မာတရား​ကို​နာခံ​ခြင်း​အားဖြင့် သင်​တို့​၏​စိတ်​ဝိညာဉ်​များ​ကို သန့်ရှင်း​စင်ကြယ်​စေ​ပြီး ဟန်ဆောင်​မှု​ကင်း​သည့် ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​ရရှိ​ကြ​သည်​ဖြစ်၍ ဖြူစင်​သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​ခိုင်မြဲ​စွာ​ချစ်​ကြ​လော့။ သင်​တို့​သည် ယိုယွင်း​ပျက်စီး​တတ်​သော​မျိုးစေ့​အားဖြင့်​မ​ဟုတ်​ဘဲ ယိုယွင်း​ပျက်စီး​ခြင်း​နှင့်​ကင်း​သည့်​မျိုးစေ့​တည်းဟူသော အသက်ရှင်​၍ အစဉ်​တည်မြဲ​သည့် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် အသစ်​တစ်ဖန်​မွေးဖွား​စေ​ခြင်း​ကို​ခံရ​ကြ​ပြီ။ အဘယ်ကြောင့်​ဆိုသော် လူ​အပေါင်း​တို့​သည် မြက်​ပင်​ကဲ့သို့​ဖြစ်​၍ သူ​တို့​၏​ဘုန်း​အသရေ​ရှိသမျှ​သည်​လည်း မြက်​ပွင့်​ကဲ့သို့​ဖြစ်​၏။ မြက်​ပင်​သည် ညှိုးနွမ်း​ခြောက်သွေ့​သွား​၍ အပွင့်​သည်​လည်း ကြွေ​တတ်​၏။ ထာဝရ​ဘုရား​၏​နှုတ်ကပတ်တော်​မူကား ကာလ​အစဉ်အဆက်​တည်​၏။ ဤ​နှုတ်ကပတ်တော်​သည် သင်​တို့​အား​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​ပင်​ဖြစ်​၏။