YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 21:1-29

၃ ဓမ္မရာဇဝင် 21:1-29 Judson Bible (JBMLE)

ထို​နောက်​မှ ယေ​ဇ​ရေ​လ​မြို့​သား နာ​ဗုတ်​ပိုင်​သော​စ​ပျစ်​ဥ​ယျာဉ်​သည် ယေ​ဇ​ရေ​လ​မြို့​တွင်၊ ရှ​မာ​ရိ​မင်း​ကြီး အာ​ဟပ်၏​နန်း​တော်​နား​မှာ​ရှိ​သည်​ဖြစ်၍၊ အာ​ဟပ်​မင်း​က၊ သင့်​စ​ပျစ်​ဥ​ယျာဉ်​သည် နန်း​တော်​နား​မှာ​ရှိ​သော​ကြောင့် ယာ​လုပ်​စ​ရာ​ဖို့​ပေး​ပါ။ သာ၍​ကောင်း​သော ဥ​ယျာဉ်​ကို​ငါ​ပေး​မည်။ သို့​မ​ဟုတ် သင်​အ​လို​ရှိ​လျှင် အ​ဖိုး​ကို​ပေး​မည်​ဟု နာ​ဗုတ်​အား​ဆို​လျှင်၊ နာ​ဗုတ်​က၊ ဘိုး​ဘေး​လက်​မှ အ​မွေ​ခံ​သော​မြေ​ကို ကိုယ်​တော်​အား ပေး​ရ​သော​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော​ဟု ပြန်​လျှောက်၏။ ဘိုး​ဘေး​မှ အ​မွေ​ခံ​သော​မြေ​ကို မ​ပေး​ရ​ဟု ယေ​ဇ​ရေ​လ​မြို့​သား နာ​ဗုတ်​လျှောက်​သော စ​ကား​ကြောင့် အာ​ဟပ်​မင်း​သည်​ညစ်​ညူး​သော​စိတ်​နှင့် ညှိုး​ငယ်​လျက်၊ နန်း​တော်​သို့​သွား၍ အ​စာ​ကို​မ​စား၊ မျက်​နှာ​ကို​လွှဲ၍ သ​လွန်​ပေါ်​မှာ အိပ်​လျက်​နေ၏။ ခင်​ပွန်း​ယေ​ဇ​ဗေ​လ​သည် လာ၍၊ အ​စာ​ကို​မ​စား​နိုင်​အောင် စိတ်​တော်​သည် အ​ဘယ်​ကြောင့် ညှိုး​ငယ်​တော်​မူ​သ​နည်း​ဟု​မေး​လျှင်၊ မင်း​ကြီး​က၊ ယေ​ဇ​ရေ​လ​မြို့​သား​နာ​ဗုတ်​ကို ငါ​ခေါ်၍ သင့်​စ​ပျစ်​ဥ​ယျာဉ်​ကို ရောင်း​ပါ။ သို့​မ​ဟုတ် သင်​အ​လို​ရှိ​လျှင် အ​ခြား​သော​ဥ​ယျာဉ်​ကို ငါ​ပေး​မည်​ဟု​ဆို​သော်၊ ထို​ဥ​ယျာဉ်​ကို ကိုယ်​တော်​အား​မ​ပေး​ရ​ဟု ပြန်​ပြော​သော​ကြောင့် စိတ်​ညှိုး​ငယ်​သည်​ဟု ဆို၏။ ခင်​ပွန်း​ယေ​ဇ​ဗေ​လ​က၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို အ​စိုး​ရ​တော်​မူ​သည် မ​ဟုတ်​လော။ ထ၍ ရွှင်​လန်း​သော​စိတ်​နှင့် စား​တော်​ခေါ်​ပါ။ ကျွန်​မ​သည် ယေ​ဇ​ရေ​လ​မြို့​သား​နာ​ဗုတ်၏ စ​ပျစ်​ဥ​ယျာဉ်​ကို ဆက်​ပါ​မည်​ဟု​ဆို​သည်​အ​တိုင်း၊ အာ​ဟပ်​မင်း၏ အ​ခွင့်​နှင့်​စာ​ရေး၍ တံ​ဆိပ်​တော်​နှင့်​ခတ်​ပြီး​မှ၊ နာ​ဗုတ်​နေ​ရာ​မြို့၌ သူ​နှင့်​အ​တူ​နေ​သော အ​သက်​ကြီး​သူ​နှ​င့် မှူး​မတ်​များ​ထံ​သို့ ပေး​လိုက်​လေ၏။ စာ​ချက်​ဟူ​မူ​ကား၊ အ​စာ​ရှောင်​ရာ​အ​ချိန်​ကို ကြွေး​ကြော်၍၊ နာ​ဗုတ်​ကို လူ​များ​ရှေ့​မှာ မြှောက်​ထား​ကြ​လော့။ သူ့​ရှေ့​မှာ အ​ဓ​မ္မ​လူ​နှစ်​ယောက်​ကို​ထား၍၊ သင်​သည် ဘု​ရား​သ​ခင်​နှင့် ရှင်​ဘု​ရင်​ကို​စွန့်​ပယ်​ပြီ​ဟု သက်​သေ​ခံ​ပါ​လေ​စေ။ သို့​ပြီး​မှ သူ့​ကို​ထုတ်၍ သေ​စေ​ခြင်း​ငှာ ကျောက်​ခဲ​နှင့်​ပစ်​ကြ​လော့​ဟု ပါ​သ​တည်း။ ယေ​ဇ​ဗေ​လ​ပေး​လိုက်​သော စာ၌​ပါ​သည်​အ​တိုင်း၊ နာ​ဗုတ်​နေ​သော​မြို့​သား အ​သက်​ကြီး​သူ​နှင့် မှူး​မတ်​တို့​သည်​ပြု​လျက်၊ အ​စာ​ရှောင်​ရာ​အ​ချိန်​ကို ကြွေး​ကြော်၍ နာ​ဗုတ်​ကို လူ​များ​ရှေ့​မှာ​မြှောက်​ထား​ကြ၏။ အ​ဓ​မ္မ​လူ​နှစ်​ယောက်​သည်​လာ၍ သူ့​ရှေ့​မှာ​ထိုင်​လျက်၊ နာ​ဗုတ်​သည် ဘု​ရား​သ​ခင်​နှင့်​ရှင်​ဘု​ရင်​ကို စွန့်​ပယ်​ပြီ​ဟု လူ​များ​ရှေ့​တွင် နာ​ဗုတ်​တစ်​ဖက်၌ သက်​သေ​ခံ​ကြ​လျှင်၊ နာ​ဗုတ်​ကို မြို့​ပြင်​သို့​ထုတ်၍ သေ​အောင် ကျောက်​ခဲ​နှင့်​ပစ်​ကြ၏။ ထို​အ​ခါ နာ​ဗုတ်​သည် ကျောက်​ခဲ​နှင့်​ပစ်​ခြင်း​ကို​ခံ​ရ၍ သေ​ပါ​ပြီ​ဟု ယေ​ဇ​ဗေ​လ​ထံ​သို့​စေ​လွှတ်၍ ကြား​လျှောက်​ကြ၏။ ထို​အ​ကြောင်း​ကို ယေ​ဇ​ဗေ​လ​သည်​ကြား​လျှင်၊ ယေ​ဇ​ရေ​လ​မြို့​သား​နာ​ဗုတ် မ​ရောင်း​လို​သော စ​ပျစ်​ဥ​ယျာဉ်​ကို ထ၍ သိမ်း​ယူ​တော်​မူ​ပါ။ နာ​ဗုတ်​အ​သက်​မ​ရှိ၊ သေ​ပါ​ပြီ​ဟု​ဆို၏။ နာ​ဗုတ်​သေ​ကြောင်း​ကို အာ​ဟပ်​သည် ကြား​လျှင်၊ ယေ​ဇ​ရေ​လ​မြို့ သား​နာ​ဗုတ်၏ စ​ပျစ်​ဥ​ယျာဉ်​ကို သိမ်း​ယူ​ခြင်း​ငှာ ထ​သွား၏။ ထို​အ​ခါ တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​က၊ သင်​သည် ရှ​မာ​ရိ​မြို့၌​နေ​သော ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အာ​ဟပ်​ကို ကြို​ဆို​အံ့​သော​ငှာ ထ​သွား​လော့။ သူ​သည်​နာ​ဗုတ်၏​စ​ပျစ်​ဥ​ယျာဉ်​ကို သိမ်း​ယူ​ခြင်း​ငှာ​သွား၍ ယ​ခု​ဥ​ယျာဉ်၌​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် လူ​အ​သက်​ကို​သတ်၍ သူ့​ဥ​စ္စာ​ကို သိမ်း​ယူ​ပြီ​လော။ တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ ခွေး​တို့​သည် နာ​ဗုတ်​အ​သွေး​ကို လျက်​သော​အ​ရပ်၌ သင့်​အ​သွေး​ကို​ပင်​လျက်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မှာ​ထား​တော်​မူ၏။ အာ​ဟပ်​က​လည်း၊ အ​ချင်း​ရန်​သူ၊ ငါ​နှင့်​တွေ့​ပြီ​လော​ဟု ဧ​လိ​ယ​အား​ဆို​လျှင်၊ ဧ​လိ​ယ​က​သင်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​လို၍ ကိုယ်​ကို​ရောင်း​သော​ကြောင့် သင်​နှင့်​ငါ​တွေ့​ပြီ။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​အ​ပေါ်​သို့ ဘေး​ဥ​ပဒ်​ရောက်​စေ​မည်။ ဣ​သ​ရေ​လ​မြို့​ရွာ၌ ချုပ်​ထား​သော သူ​ဖြစ်​စေ၊ အ​လွတ်​ပြေး​သော​သူ ဖြစ်​စေ၊ အာ​ဟပ်​အ​မျိုး​ယောက်ျား​များ​ကို ပယ်​ဖြတ်​မည်။ ငါ့​အ​မျက်​ကို နှိုး​ဆော်​သော​အ​ပြစ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ကို​ပြစ်​မှား​စေ​သော​အ​ပြစ်​ကြောင့်၊ သင့်​အ​မျိုး​ကို နေ​ဗတ်၏​သား ယေ​ရော​ဗောင်​အ​မျိုး​နှင့် အ​ဟိ​ယ၏​သား ဗာ​ရှာ​အ​မျိုး​ကဲ့​သို့ ငါ​ဖြစ်​စေ​မည်။ ယေ​ဇ​ဗေ​လ​အ​မှု​မှာ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သည်​ကား၊ ယေ​ဇ​ရေ​လ​မြို့​ရိုး​နား​မှာ ခွေး​တို့​သည် ယေ​ဇ​ဗေ​လ​ကို စား​ကြ​လိမ့်​မည်။ အာ​ဟပ်​အ​မျိုး​သည် မြို့​ထဲ​မှာ​သေ​လျှင် ခွေး​စား​လိမ့်​မည်။ မြို့​ပြင်​မှာ​သေ​လျှင် မိုး​ကောင်း​ကင်​ငှက် စား​လိမ့်​မည်​ဟု​မိန့်​တော်​မူ​ကြောင်း​ကို အာ​ဟပ်​အား​ဆင့်​ဆို၏။ အာ​ဟပ်​နှင့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခင်​ပွန်း​ယေ​ဇ​ဗေ​လ​သည် တိုက်​တွန်း​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​လို၍ ကိုယ်​ကို​ရောင်း​သော​သူ​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော အာ​မော​ရိ​အ​မျိုး​သား ပြု​သ​မျှ​အ​တိုင်း၊ ရုပ်​တု​ဆင်း​တု​ကို​ဆည်း​ကပ်၍ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​ကို​ပြု၏။ သို့​ရာ​တွင် ဧ​လိ​ယ​ဆင့်​ဆို​သော​စ​ကား​တော်​ကို ကြား​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ လျှော်​တေ​အ​ဝတ်​ကို ဝတ်၏။ အ​စာ​ရှောင်​ခြင်း၊ လျှော်​တေ​အ​ဝတ်၌ အိပ်​ခြင်း​ကို​ပြု၍ ဖြည်း​ဖြည်း​သွား​လာ၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​သို့ ရောက်​လာ​သည်​ကား၊ အာ​ဟပ်​သည် ငါ့​ရှေ့​မှာ​နှိမ့်​ချ​သည်​ကို မြင်​ပြီ​လော။ ထို​သို့ ငါ့​ရှေ့​မှာ​နှိမ့်​ချ​သော​ကြောင့်၊ သူ့​လက်​ထက်၌ ထို​ဘေး​ဥ​ပဒ်​ကို ငါ​မ​ရောက်​စေ။ သူ့​သား​လက်​ထက်၌ သူ့​အ​မျိုး​အ​ပေါ်​သို့ ရောက်​စေ​မည်​ဟု မိန့်​တော်​မူ၏။

၃ ဓမ္မရာဇဝင် 21:1-29 Common Language Bible (BCL)

ယေ​ဇ​ရေ​လ​မြို့​ရှိ​အာ​ဟပ်​မင်း​၏​နန်း​တော် အ​နီး​တွင် နာ​ဗုတ်​ဆို​သူ​ပိုင်​သည့်​စ​ပျစ် ဥ​ယျာဉ်​ရှိ​သည်​ဖြစ်​၍၊- အာ​ဟပ်​သည်​နာ​ဗုတ်​အား``သင်​၏​ဥ​ယျာဉ် ကို​ငါ​အ​လို​ရှိ​သည်။ ထို​ဥ​ယျာဉ်​သည်​ငါ့​နန်း တော်​အ​နီး​တွင်​ရှိ​သ​ဖြင့် ထို​မြေ​ကို​ယာ​ခင်း ပြု​လုပ်​လို​သည်။ သင့်​အား​ထို​ဥ​ယျာဉ်​ထက် ပို​၍​ကောင်း​သည့်​စ​ပျစ်​ဥ​ယျာဉ်​ကို​ငါ​ပေး မည်။ သို့​မ​ဟုတ်​သင်​အ​လို​ရှိ​လျှင်​သင့်​လျော် သော​အ​ဖိုး​ငွေ​ကို​ငါ​ပေး​မည်'' ဟု​ဆို​၏။ နာ​ဗုတ်​က``အ​ကျွန်ုပ်​သည်​ဤ​ဥ​ယျာဉ်​ကို ဘိုး​ဘေး​များ​ထံ​မှ​အ​မွေ​ရ​ရှိ​ထား​သ​ဖြင့် အ​ရှင့်​အား​ဆက်​သ​မှု​ကို​ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​၏။- အာ​ဟပ်​သည်​နာ​ဗုတ်​၏​စ​ကား​ကြောင့်​စိတ် မ​ချမ်း​မ​သာ​ဖြစ်​၏။ အ​မျက်​ထွက်​၍​နန်း​တော် သို့​ပြန်​တော်​မူ​၏။ သူ​သည်​နံ​ရံ​ဘက်​သို့​လှည့်​၍ အိပ်​ရာ​ပေါ်​တွင်​လှဲ​လျောင်း​ကာ​ပွဲ​တော်​မ​တည် ဘဲ​နေ​၏။- သူ​၏​မိ​ဖု​ရား​ယေ​ဇ​ဗေ​လ​သည်​သူ့​ထံ​သို့ လာ​၍ ``အ​ရှင်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ် မ​ချမ်း​မ​သာ​ဖြစ်​လျက်​နေ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ပွဲ​တော်​မ​တည်​ဘဲ​နေ​တော်​မူ ပါ​သ​နည်း'' ဟု​မေး​လျှောက်​လေ​သည်။ မင်း​ကြီး​က``ငါ​သည်​နာ​ဗုတ်​အား​သူ​၏​ဥ​ယျာဉ် ကို​ရောင်း​ချ​ရန် အ​ကယ်​၍​သူ​အ​လို​ရှိ​ပါ​လျှင် အ​ခြား​ဥ​ယျာဉ်​နှင့်​လဲ​လှယ်​ရန်​ပြော​ဆို​သော် လည်း၊ နာ​ဗုတ်​က`ဤ​ဥ​ယျာဉ်​ကို​အ​ရှင့်​အား​မ ဆက်​သ​နိုင်​ပါ' ဟု​ဆို​ချေ​သည်။ ထို့​ကြောင့်​ငါ သည်​စိတ်​မ​ချမ်း​မ​သာ​ဖြစ်​နေ​သည်'' ဟု​မိန့် တော်​မူ​၏။ ယေ​ဇ​ဗေ​လ​က``အ​ရှင်​သည်​ဣ​သ​ရေ​လ​ဘု​ရင် ဖြစ်​သည်​မ​ဟုတ်​ပါ​လော။ အိပ်​ယာ​မှ​ထ​တော်​မူ ၍​ရွှင်​လန်း​စွာ​စား​တော်​ခေါ်​တော်​မူ​ပါ။ နာ​ဗုတ် ၏​ဥ​ယျာဉ်​ကို​အ​ရှင်​၏​လက်​တော်​သို့​ကျွန်​မ အပ်​ပါ​မည်'' ဟု​လျှောက်​၏။ ထို​နောက်​ယေ​ဇ​ဗေ​လ​သည်​စာ​များ​ကို​ရေး ပြီး​လျှင် အာ​ဟပ်​အ​မည်​ဖြင့်​လက်​မှတ်​ရေး​ထိုး ကာ ဘု​ရင့်​တံ​ဆိပ်​ခပ်​နှိပ်​၍​ယေ​ဇ​ရေ​လ​မြို့ ရှိ​မြို့​မိ​မြို့​ဖ​များ​နှင့်​မှူး​မတ်​များ​ထံ​သို့ ပေး​ပို့​လိုက်​လေ​သည်။- ထို​အ​မိန့်​တော်​စာ​ကား``သင်​တို့​သည်​အ​စာ​ရှောင် ရန်​နေ့​ရက်​တစ်​ရက်​ကို​ကြေ​ညာ​ကာ ပြည်​သူ​တို့ အား​စု​ဝေး​စေ​၍​နာ​ဗုတ်​အား​ဂုဏ်​ထူး​ဆောင် နေ​ရာ​ထိုင်​ခင်း​ကို​ပေး​ကြ​လော့။- ထို​နောက်​သူ့​ကို​မျက်​နှာ​ပြောင်​တိုက်​၍`ဤ​သူ​သည် ဘု​ရား​သ​ခင်​နှင့်​ဘု​ရင်​မင်း​မြတ်​အား​ပုတ်​ခတ် ပြော​ဆို​သူ​ဖြစ်​ပါ​သည်' ဟု​မ​သ​မာ​သူ​လူ​နှစ် ယောက်​ကို​ပြစ်​တင်​စွပ်​စွဲ​ခိုင်း​ကြ​လော့။ ထို့​နောက် သူ့​အား​မြို့​ပြင်​သို့​ထုတ်​၍​ခဲ​နှင့်​ပေါက်​သတ်​ကြ လော့'' ဟူ​သ​တည်း။ မှူး​မတ်​များ​နှင့်​ယေ​ဇ​ရေ​လ​မြို့​ရှိ မြို့​မိ​မြို့​ဖ များ​သည်​လည်း​ယေ​ဇ​ဗေ​လ​အ​မိန့်​ပေး​သည့် အ​တိုင်း​ပြု​ကြ​၏။- သူ​တို့​သည်​အ​စာ​ရှောင်​ရာ​နေ့​တစ်​နေ့​ကို​ကြေ​ညာ ပြီး​လျှင် ပြည်​သူ​တို့​အား​စု​ဝေး​စေ​လျက်​နာ​ဗုတ် အား​ဂုဏ်​ထူး​ဆောင်​နေ​ရာ​ထိုင်​ခင်း​ကို​ပေး​ကြ​၏။- မ​သ​မာ​သူ​လူ​နှစ်​ယောက်​က​လည်း​ဘု​ရား​သ​ခင် နှင့် မင်း​ကြီး​အား​ပုတ်​ခတ်​ပြော​ဆို​မှု​နှင့်​နာ​ဗုတ် အား​လူ​ပုံ​အ​လယ်​တွင်​ပြစ်​တင်​စွပ်​စွဲ​ကြ​လေ သည်။ ထို့​ကြောင့်​လူ​တို့​သည်​သူ့​ကို​မြို့​ပြင်​သို့ ထုတ်​ပြီး​လျှင်​ခဲ​နှင့်​ပေါက်​သတ်​ကြ​၏။- နာ​ဗုတ်​အား​သေ​ဒဏ်​ခတ်​ပြီး​ကြောင်း​ကို​လည်း ယေ​ဇ​ဗေ​လ​ထံ​သ​တင်း​ပေး​ပို့​ကြ​လေ​သည်။ ထို​သ​တင်း​ကို​ရ​လျှင်​ရ​ခြင်း​ယေ​ဇ​ဗေ​လ​သည် အာ​ဟပ်​အား``နာ​ဗုတ်​သေ​ပြီ​ဖြစ်​၍​ယ​ခု​အ​ရှင် သွား​၍​သူ​မ​ရောင်း​လို​သော​စ​ပျစ်​ဥ​ယျာဉ်​ကို သိမ်း​ယူ​တော်​မူ​ပါ​လော့'' ဟု​လျှောက်​၏။- အာ​ဟပ်​သည်​လည်း​ထို​ဥ​ယျာဉ်​ကို​သိမ်း​ယူ ရန်​ချက်​ချင်း​ထ​၍​သွား​တော်​မူ​၏။ ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​သည်​တိ​ရှ​ဘိ​မြို့​သား ပ​ရော​ဖက်​ဧ​လိ​ယ​အား၊- ``သင်​သည်​ရှ​မာ​ရိ​မြို့​ရှိ​အာဟပ်​မင်း​ထံ​သို့​သွား လော့။ သူ​သည်​နာ​ဗုတ်​၏​ဥယျာဉ်​ကို​သိမ်း​ယူ​ရန် ထို​ဥ​ယျာဉ်​ထဲ​၌​ရှိ​နေ​သည်​ကို​တွေ့​လိမ့်​မည်။- ငါ​ထာ​ဝ​ရ​ဘုရား​က`သင်​သည်​လူ​ကို​သတ်​ပြီး နောက် ထို​သူ​၏​ဥစ္စာ​ကို​သိမ်း​ယူ​ပါ​မည်​လော' ဟု မိန့်​တော်​မူ​ကြောင်း​သူ့​အား​ပြော​ကြား​လော့။ `ခွေး တို့​သည်​နာ​ဗုတ်​၏​သွေး​ကို​လျက်​ကြ​သည့်​အ​ရပ် ၌​ပင်​လျှင် သင်​၏​သွေး​ကို​လျက်​ကြ​လိမ့်​မည်' ဟု ငါ​မိန့်​တော်​မူ​ကြောင်း​ကို​လည်း​သူ့​အား​ပြော ကြား​လော့'' ဟု​မိန့်​မှာ​တော်​မူ​၏။ အာ​ဟပ်​သည်​ဧ​လိ​ယ​ကို​မြင်​သော​အ​ခါ``ငါ ၏​ရန်​သူ၊ သင်​သည်​ငါ့​ကို​တွေ့​ပြီ​လော'' ဟု မေး​၏။ ဧ​လိ​ယ​က​လည်း``တွေ့​ပြီ။ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​မျက်​နှာ​တော်​တွင်​ဒု​စ​ရိုက်​ကို သာ​ပြု​လို​၏။- ထို့​ကြောင့်​ထာ​ဝရ​ဘု​ရား​က`ငါ​သည်​သင့် အား​ဘေး​ဒဏ်​သင့်​စေ​မည်။ သင့်​ကို​သုတ်​သင် ပယ်​ရှင်း​၍​သင်​၏​အိမ်​ထောင်​စု​သား​ယောကျာ်း ဟူ​သ​မျှ​ကို​လည်း​ဖယ်​ရှား​ပစ်​မည်။- သင်​သည်​ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​သည်​ဖြစ်​၍ သင်​၏ အိမ်​ထောင်​စု​သည်​နေ​ဗက်​၏​သား​ယေ​ရော​ဗောင် မင်း​၏​အိမ်​ထောင်​စု​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟိ​ယ ၏​သား​ဗာ​ရှာ​မင်း​၏​အိမ်​ထောင်​စု​ကဲ့​သို့​လည်း ကောင်း​ဖြစ်​လိမ့်​မည်။'- ယေဇ​ဗေ​လ​နှင့်​ပတ်​သက်​၍​ထာ​ဝ​ရ​ဘု​ရား က`ယေ​ဇ​ရေ​လ​မြို့​တွင်​ထို​အ​မျိုး​သ​မီး​၏ အ​လောင်း​သည်​ခွေး​စာ​ဖြစ်​လိမ့်​မည်။ သူ​၏ ဆွေ​မျိုး​မှန်​သ​မျှ​တို့​သည်​လည်း​မြို့​တွင်း ၌​သေ​လျှင်​ခွေး​စာ၊- မြို့​ပြင်​၌​သေ​လျှင်​လင်း​တ​စာ​ဖြစ်​ကြ​လိမ့် မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။ (ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင် အာ​ဟပ်​ကဲ့ သို့​ဒု​စ​ရိုက်​ကို​လွန်​ကဲ​စွာ​ပြု​သူ​တစ်​ယောက်​မျှ မ​ရှိ။ သူ​ပြု​သော​အ​မှု​အ​ရာ​မှန်​သ​မျှ​မှာ​မိ ဖု​ရား​ယေ​ဇ​ဗေ​လ​၏​တိုက်​တွန်း​ချက်​အ​ရ ဖြစ်​သည်။- သူ​သည်​အာ​မော​ရိ​ပြည်​သား​တို့​ပြု​သည့်​အ​တိုင်း ရုပ်​တု​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့် အ​လွန်​ရှက်​ကြောက်​ဖွယ်​ကောင်း​သည့်​အ​ပြစ်​များ ကို​ပြု​လေ​သည်။ အာ​မော​ရိ​ပြည်​သူ​တို့​ကား ခါ​နာန်​ပြည်​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ဝင်​ရောက်​လာ​ချိန်​၌ ထာ​ဝရ​ဘု​ရား​နှင်​ထုတ် တော်​မူ​သော​သူ​များ​ဖြစ်​သ​တည်း။) ဧ​လိ​ယ​ဆင့်​ဆို​ပြော​ကြား​သော​အ​ခါ အာ​ဟပ် သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​ပြီး​လျှင် လျှော်​တေ​ကို​ဝတ်​၏။ သူ​သည်​စား​တော်​မ​ခေါ် ဘဲ​လျှော်​တေ​ဝတ်​၍​အိပ်​၏။ သွား​လာ​ရာ​၌ လည်း​မှိုင်​တွေ​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​ဧ​လိ​ယ​အား၊- ``ငါ​၏​ရှေ့​မှောက်​တွင်​အ​ဘယ်​မျှ​အာ​ဟပ်​နှိမ့်​ချ လျက်​နေ​သည်​ကို​သင်​မြင်​သ​လော။ ဤ​သို့​နှိမ့်​ချ သည့်​အ​တွက်​ငါ​သည်​သူ​၏​လက်​ထက်​၌​ဘေး​ဒဏ် သင့်​စေ​မည်​မ​ဟုတ်။ သူ​၏​သား​လက်​ထက်​သူ​၏ အိမ်​ထောင်​စု​အ​ပေါ်​တွင်​သင့်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။

၃ ဓမ္မရာဇဝင် 21:1-29 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေဇရေလ​မြို့​ရှိ ရှမာရိ​ဘုရင်​အာဟပ်​မင်းကြီး​၏​နန်းတော်​အနီး​တွင် ယေဇရေလ​မြို့သား​နာဗုတ်​ပိုင်​စပျစ်ခြံ​ရှိ​၏​။ အာဟပ်​မင်းကြီး​က နာဗုတ်​အား “​သင့်​စပျစ်ခြံ​သည် ငါ့​နန်းတော်​နှင့်​နီး​သောကြောင့် ဟင်းသီးဟင်းရွက်​ခြံ​ပြုလုပ်​လို​သဖြင့် ငါ့​ကို ပေး​ပါ​လော့​။ ထို​ခြံ​အစား ပိုကောင်း​သော​စပျစ်ခြံ​ကို ပေး​မည်​။ သို့မဟုတ် တန်ဖိုး​ငွေ​ကို သင်​အလိုရှိ​လျှင် ငါ​ပေး​မည်​”​ဟု မိန့်ဆို​လျှင် နာဗုတ်​က အာဟပ်​မင်းကြီး​အား “​ဤ​မြေ​သည် ဘိုးဘေး​တို့​ထံမှ​ရ​ထား​သော​အမွေမြေ​ဖြစ်​၏​။ ထာဝရဘုရား​တားမြစ်​ထား​သည်​ဖြစ်၍ အရှင်မင်းကြီး​အား ပေး​၍​မ​ရ​ပါ​”​ဟု ပြန်လျှောက်​၏​။ ထိုသို့ “​ဘိုးဘေး​တို့​၏​အမွေမြေ​ကို အရှင်မင်းကြီး​အား မ​ပေး​နိုင်​ပါ​”​ဟု ယေဇရေလ​မြို့သား​နာဗုတ်​ဆို​သော​စကား​ကြောင့် အာဟပ်​မင်းကြီး​သည် စိတ်မကျေမနပ်​ဖြစ်​၍ မျက်နှာသုန်မှုန်​လျက် နန်းတော်​သို့​ပြန်သွား​ကာ အစာ​လည်း​မ​စား သလွန်တော်​ပေါ်တွင် တစ်ဖက်​သို့​လှည့်​၍ လှဲ​နေ​လေ​၏​။ ထိုအခါ မိဖုရား​ယေဇဗေလ​သည် သူ့​ထံသို့​ဝင်လာ​ပြီး “​အရှင်​သည် အစားအစာ​မ​စား​ဘဲ စိတ်မကျေမနပ်​ဖြစ်​နေ​သည်​မှာ အဘယ်ကြောင့်​နည်း​”​ဟု မေး​လျှင် မင်းကြီး​က “​ငါ​သည် ယေဇရေလ​မြို့သား​နာဗုတ်​အား ‘​သင့်​စပျစ်ခြံ​ကို ငါ့​အား ငွေ​နှင့်​ရောင်း​ပါ​။ သို့မဟုတ် သင်​အလိုရှိ​လျှင် ထို​ခြံ​အစား စပျစ်ခြံ​တစ်​ခု​ကို​ပေး​ပါ​မည်​’​ဟု ဆို​သည်​ကို သူ​က ‘​အကျွန်ုပ်​စပျစ်ခြံ​ကို အရှင်မင်းကြီး​အား မ​ပေး​နိုင်​ပါ​’​ဟု ဆို​သည်​”​ဟု ပြန်ဖြေ​၏​။ ထိုအခါ မိဖုရား​ယေဇဗေလ​က “​မင်းကြီး​သည် ယခု အစ္စရေး​ဘုရင်​ဖြစ်​သည်​မ​ဟုတ်​လော​။ ထ​၍ အစာ​ကို​စား​တော်မူ​ပါ​။ စိတ်​ကို​ရွှင်လန်း​အောင် ထား​ပါ​။ ယေဇရေလ​မြို့သား​နာဗုတ်​၏​စပျစ်ခြံ​ကို မင်းကြီး​အား အကျွန်ုပ်ကိုယ်တိုင် ဆက်သ​ပါ​မည်​”​ဟု လျှောက်ဆို​လေ​၏​။ ထို့နောက် သူ​သည် အာဟပ်​မင်းကြီး​အမည်​ဖြင့် စာရေး​ပြီး ရှင်ဘုရင်​တံဆိပ်​တော်​ခတ်နှိပ်​ကာ နာဗုတ်​နေထိုင်​ရာ​မြို့​ရှိ သက်ကြီးဝါကြီး​များ​၊ မှူးမတ်​များ​ထံသို့ ထို​စာ​ကို ပေးပို့​လိုက်​၏​။ ထို​စာ​ထဲတွင် “​အစာရှောင်​ရာ​နေ့​ကို ကြေညာ​၍ ထို​နေ့​တွင် နာဗုတ်​ကို လူ​တို့​ရှေ့​တွင် ထိုင်​စေ​လော့​။ သူ​နှင့်​မျက်နှာချင်းဆိုင်​တွင် လူမိုက်​နှစ်​ယောက်​ကို​ထိုင်​စေ​၍ ‘သင်​သည် ဘုရားသခင်​နှင့်​ရှင်ဘုရင်​ကို ကျိန်ဆဲ​လေ​ပြီ’​ဟု သက်သေခံ​စေ​ပြီးလျှင် သူ့​ကို​ဆွဲထုတ်​၍ ကျောက်ခဲ​နှင့်​ပေါက်သတ်​စေ​”​ဟု ရေးထား​၏​။ ထို​မြို့​တွင်​နေထိုင်​သော မြို့သား​သက်ကြီးဝါကြီး​များ​နှင့် မှူးမတ်​များ​လည်း သူ​တို့​ထံသို့​ပေးပို့​သော​စာ​၌​ရေးသား​ထား​သည့် ယေဇဗေလ​ညွှန်ကြားချက်​အတိုင်း ပြု​ကြ​၏​။ သူ​တို့​သည် အစာရှောင်​ရာ​နေ့​ကို​ကြေညာ​၍ နာဗုတ်​ကို လူ​တို့​ရှေ့​တွင် ထိုင်​စေ​ကြ​၏​။ ထိုအခါ လူမိုက်​နှစ်​ဦး​က သူ​နှင့်​မျက်နှာချင်းဆိုင်​တွင် လာထိုင်​၍ “​နာဗုတ်​သည် ဘုရားသခင်​နှင့်​ရှင်ဘုရင်​ကို ကျိန်ဆဲ​ပါ​ပြီ​”​ဟု လူ​တို့​ရှေ့​တွင် သက်သေခံ​ကြ​၏​။ ထို့နောက် သူ့​ကို မြို့ပြင်​သို့​ဆွဲထုတ်​ပြီး ကျောက်ခဲ​နှင့်​ပေါက်​ကြ​သဖြင့် သူ​သေ​လေ​၏​။ ထို့နောက် ယေဇဗေလ​ထံသို့ လူ​လွှတ်​၍ “​နာဗုတ်​ကို ကျောက်ခဲ​နှင့်​ပေါက်သတ်​၍ သူ​သေ​ပါ​ပြီ​”​ဟု သတင်းပို့​၏​။ ထိုသို့ နာဗုတ်​သည် ကျောက်ခဲ​နှင့်​ပေါက်သတ်​ခံရ​၍ သေ​ပြီ​ဖြစ်ကြောင်း​ကို ယေဇဗေလ​ကြားသိ​လျှင် အာဟပ်​မင်းကြီး​အား “​နာဗုတ်​အသက်​မ​ရှင်​တော့​ပါ​။ သူ​သေ​ပြီ​ဖြစ်၍ သင် ငွေ​ဖြင့်​ဝယ်​မည်​ကို ရောင်းပေး​ရန်​ငြင်းဆန်​ခဲ့​သော ယေဇရေလ​မြို့သား​နာဗုတ်​၏​စပျစ်ခြံ​ကို ထ​၍​သိမ်းယူ​တော်မူ​ပါ​”​ဟု လျှောက်တင်​၏​။ နာဗုတ်​သေ​ပြီ​ဟု အာဟပ်​မင်းကြီး​ကြား​လျှင် ယေဇရေလ​မြို့သား​နာဗုတ်​၏​စပျစ်ခြံ​ကို သိမ်းယူ​ရန် ထ​သွား​လေ​၏​။ ထိုအခါ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် တိရှဘိ​မြို့သား​ဧလိယ​ထံသို့ ရောက်လာ​၍ “​ထ​လော့​။ ရှမာရိ​မြို့​ရှိ အစ္စရေး​ဘုရင်​အာဟပ်​မင်းကြီး​ကို သွား​တွေ့​လော့​။ သူ​သည် နာဗုတ်​၏​စပျစ်ခြံ​ကို သိမ်းယူ​ရန် သွား​လေ​ပြီ​။ သူ့​အား ထာဝရဘုရား​က ‘​သင်​သည် လူ​ကို​သတ်​သည်​သာမက သူ့​ဥစ္စာ​ကို​ပါ သိမ်းယူ​ပါ​ပြီ​တကား​’​ဟူ၍ မိန့်​တော်မူ​ပြီ​ဟု ဆင့်ဆို​လော့​။ ထို့ပြင် သူ့​အား ထာဝရဘုရား​က ‘​နာဗုတ်​၏​သွေး​ကို ခွေး​တို့​လျက်​သော​နေရာ​တွင် သင့်​သွေး​ကို​လည်း လျက်​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​ဟု ဆင့်ဆို​လော့​”​ဟု မိန့်ဆို​၏​။ ထိုအခါ အာဟပ်​မင်းကြီး​က ဧလိယ​အား “​အို ငါ့​ရန်သူ​၊ သင်​သည် ငါ့​ကို​တွေ့​ပြီ​လော​”​ဟု ဆို​လျှင် ဧလိယ​က “​သင်​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ပြု​ရန် သင့်ကိုယ်သင်​ရောင်းစား​သောကြောင့် သင့်​ကို​ငါ​တွေ့​ပြီ​။ ထာဝရဘုရား​က ‘​ကြည့်ရှု​လော့​။ ယခု ငါ​သည် သင့်​အပေါ် ဘေးဆိုး​ကျရောက်​စေ​မည်​။ သင့်​ကို ငါ​သုတ်သင်ပယ်ရှင်း​မည်​။ အစ္စရေး​ပြည်​ရှိ အာဟပ်​မင်းကြီး​အမျိုး​ထဲမှ ကျွန်ပြု​ခံရ​သူ​နှင့် ကျွန်ပြု​မ​ခံရ​သူ​ပါမကျန် ယောက်ျား​အားလုံး​ကို ငါ​ပယ်ရှင်း​မည်​။ သင်​သည် ငါ့​ကို အမျက်ထွက်​စေ​သည်​သာမက အစ္စရေး​လူမျိုး​တို့​ကို​ပါ အပြစ်ပြု​စေ​သောကြောင့် သင့်​အမျိုးအနွယ်​ကို နေဗတ်​၏​သား​ယေရောဗောင်​၏​အမျိုးအနွယ်​နှင့် အဟိယ​၏​သား​ဗာရှာ​၏​အမျိုးအနွယ်​ကဲ့သို့ ဖြစ်စေ​မည်’​ဟု မိန့်​တော်မူ​ပြီ​။ ယေဇဗေလ​နှင့်​ပတ်သက်၍​လည်း ထာဝရဘုရား​က ‘​ယေဇရေလ​မြို့ရိုး​နားတွင် ခွေး​တို့​သည် ယေဇဗေလ​ကို စား​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​ပြီ​။ အာဟပ်​မင်းကြီး​၏​အမျိုး​တို့​သည် မြို့​ထဲ၌​သေ​လျှင် ခွေး​တို့​စား​ကြ​လိမ့်မည်​။ မြို့ပြင်​၌​သေ​လျှင် မိုးကောင်းကင်​ငှက်​တို့ စား​ကြ​လိမ့်မည်​”​ဟု ဆို​၏​။ အကယ်စင်စစ် အာဟပ်​မင်းကြီး​ကဲ့သို့​မိဖုရား​ယေဇဗေလ​၏​သွေးဆောင်မှု​နောက်​သို့​လိုက်ပါ​သွား​ပြီး ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​ခြင်း​ဖြင့် မိမိကိုယ်ကို​ရောင်းစား​သော​သူ တစ်ယောက်မျှ​မ​ရှိ​။ သူ​သည် အစ္စရေး​အမျိုးသား​တို့​ထံမှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​ခဲ့​သော အာမောရိ​လူမျိုး​တို့​ပြု​ခဲ့​သည့်​အတိုင်း ရုပ်တု​များ​နောက်သို့​လိုက်​၍ စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​ကို ပြု​လေ​၏​။ အာဟပ်​မင်းကြီး​သည် ဧလိယ​စကား​ကို ကြား​သောအခါ မင်းဝတ်တန်ဆာ​များ​ကို​ဆုတ်ဖြဲ​ပစ်​၍ လျှော်တေအဝတ်​ကို​ဝတ်​ကာ အစာရှောင်​လေ​၏​။ လျှော်တေအဝတ်​နှင့်ပင်​အိပ်​၏​။ လမ်းလျှောက်​လျှင်​လည်း မျက်နှာမဖော်​ဝံ့​။ တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် တိရှဘိ​မြို့သား ဧလိယ​ထံသို့​ရောက်လာ​၍ “​အာဟပ်​မင်းကြီး​သည် ငါ့​ရှေ့​တော်​တွင် ကိုယ်​ကို​အလွန်​နှိမ့်ချ​သည်​ကို သင်​မြင်​သလော​။ ထိုသို့ ငါ့​ရှေ့​တော်​တွင် ကိုယ်​ကို​နှိမ့်ချ​သောကြောင့် သူ့​လက်ထက်​တွင် ထို​ဘေးဆိုး​နှင့်​မ​ကြုံတွေ့​စေ​ရ​။ သူ့​သား​လက်ထက်​မှ သူ့​အမျိုးအနွယ်​ကို ထို​ဘေးဆိုး​နှင့်​ကြုံတွေ့​စေ​မည်​”​ဟု မိန့်ဆို​၏​။