YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 18:36-39

၃ ဓမ္မရာဇဝင် 18:36-39 Judson Bible (JBMLE)

ညဉ့်​ဦး​ယံ ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ၊ ပ​ရော​ဖက်​ဧ​လိ​ယ​သည် ချဉ်း​လာ၍၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ဣ​သ​ရေ​လ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကျွန်​ဖြစ်၍ အ​မိန့်​တော်​အ​တိုင်း ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​ကြောင်း​ကို​လည်း​ကောင်း၊ ယ​နေ့​သိ​ကြ​ပါ​စေ​သော။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ဤ​လူ​တို့​စိတ်​သ​ဘော​ကို ပြောင်း​လဲ​စေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သူ​တို့​သည် သိ​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ နား​ထောင်​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​မီး​သည်​ကျ​သ​ဖြင့်၊ မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ထင်း၊ ကျောက်၊ မြေ​မှုန့်​ကို​လောင်၍ ကျုံး၌​ရှိ​သော​ရေ​ကို​လည်း ခန်း​ခြောက်​စေ၏။ လူ​အ​ပေါင်း​တို့​သည် မြင်​လျှင် ပျပ်​ဝပ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏​ဟု ဝန်​ခံ​ကြ၏။

၃ ဓမ္မရာဇဝင် 18:36-39 Common Language Bible (BCL)

ညဥ့်​ဦး​ယံ​ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ ပ​ရော​ဖက်​ဧ​လိ​ယ​သည်​ယဇ်​ပလ္လင်​အ​နီး​သို့ ချဉ်း​ကပ်​၍``အို အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​အ​စေ​ခံ​ဖြစ်​၍​ဤ​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ကိုယ်​တော်​၏​အ​မိန့်​တော် အ​ရ​ပြု​ကြောင်း​ကို​လည်း​ကောင်း​ယ​နေ့​သိ ကြ​ပါ​စေ​သော။- အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ထာ​ဝ​ရ​အ​ရှင် သည် ဘု​ရား​အ​မှန်​ပင်​ဖြစ်​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ဤ​သူ​တို့​အား​အ​ထံ​တော်​သို့​ပြန် လည်​ခေါ်​ယူ​လျက်​နေ​တော်​မူ​ကြောင်း​ကို​လည်း ကောင်း ဤ​လူ​တို့​သိ​စေ​ခြင်း​ငှာ​အ​ကျွန်ုပ်​အား ဖြေ​ကြား​တော်​မူ​ပါ။ ဖြေ​ကြား​တော်​မူ​ပါ'' ဟု ဆု​တောင်း​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ကို​ချ​ပေး​တော်​မူ​သ​ဖြင့် ယဇ်​ပူ​ဇော်​သကာ​နှင့်​တ​ကွ​ထင်း​နှင့်​ကျောက်​တုံး​များ ပါ​ကျွမ်း​လောင်​သွား​သည့်​အ​ပြင် မြေ​ကြီး​သည်​လည်း မီး​ကျွမ်း​၍​မြောင်း​ထဲ​ရှိ​ရေ​ကို​ခန်း​ခြောက်​စေ​၏။- ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​သော​အ​ခါ လူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​မြေ​ပေါ်​တွင်​လှဲ​ချ​ကာ``ထာ​ဝ​ရ ဘု​ရား​သည်​ဘု​ရား​အ​မှန်​ပင်​ဖြစ်​ပေ​သည်။ ထာ​ဝ​ရ ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​အ​မှန်​ဖြစ် ပါ​သည်​တ​ကား'' ဟု​ကြွေး​ကြော်​ကြ​ကုန်​၏။

၃ ဓမ္မရာဇဝင် 18:36-39 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ညဦးပိုင်း​ယဇ်​ပူဇော်​ရ​မည့်​အချိန်​ရောက်​သောအခါ ပရောဖက်​ဧလိယ​သည် ယဇ်ပလ္လင်​နား​ချဉ်းလာ​၍ “​အာဗြဟံ​၊ ဣဇက်​၊ အစ္စရေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် အစ္စရေး​လူမျိုး​တွင်​ဘုရားသခင်​ဖြစ်ကြောင်း​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​ဖြစ်​ပြီး ကိုယ်တော်​၏​အမိန့်​တော်​ဖြင့် ဤ​အရာ​အားလုံး​ကို​ပြု​ခြင်း​ဖြစ်ကြောင်း ယနေ့ ဤ​လူ​တို့​ကို သိ​စေ​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ထူး​တော်မူ​ပါ​။ အကျွန်ုပ်​ကို ထူး​တော်မူ​ပါ​။ သို့မှ ထာဝရဘုရား​သည် ဘုရားသခင်​မှန်ကြောင်း​၊ ကိုယ်တော်​သည် လူ​တို့​၏​စိတ်​ကို​ပြောင်းလဲ​စေ​နိုင်​ကြောင်း​ကို ဤ​လူ​တို့​သိ​ရ​လိမ့်မည်​”​ဟု ဆုတောင်း​လေ​၏​။ ထိုအခါ ထာဝရဘုရား​ထံမှ​မီး​ကျလာ​၍ မီးရှို့ရာယဇ်ကောင်​၊ ထင်း​၊ ကျောက်​၊ မြေမှုန့်​တို့​ကို​ပါ လောင်ကျွမ်း​သဖြင့် မြောင်း​ထဲမှ​ရေ​များ​လည်း ခန်းခြောက်​လေ​၏​။ လူ​အပေါင်း​တို့​သည် ထို​အဖြစ်​ကို​မြင်​သောအခါ ပျပ်ဝပ်​လျက် “​ထာဝရဘုရား​သည် ဘုရားသခင်​အမှန်​ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် ဘုရားသခင်​အမှန်​ဖြစ်​တော်မူ​၏​”​ဟု ကြွေးကြော်​လေ​၏​။