YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 17:3-6

၃ ဓမ္မရာဇဝင် 17:3-6 Common Language Bible (BCL)

``ဤ​မြို့​မှ​ထွက်​ခွာ​ကာ​အ​ရှေ့​အ​ရပ်​သို့​သွား ပြီး​လျှင် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​ခေ​ရိတ် ချောင်း​အ​နီး​တွင်​ပုန်း​အောင်း​လော့။- သင်​သည်​ထို​ချောင်း​မှ​သောက်​ရေ​ကို​ရ​လိမ့်​မည်။ သင်​ရှိ​ရာ​သို့​အ​စား​အ​စာ​ယူ​ဆောင်​လာ​ရန် ကျီး​အ​တို့​ကို​လည်း​ငါ​မှာ​ထား​ပြီး​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။ ဧ​လိ​ယ​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​နာ​ခံ​လျက်​ခေ​ရိတ်​ချောင်း​သို့​သွား​ရောက် နေ​ထိုင်​လေ​သည်။- သူ​သည်​ချောင်း​ရေ​ကို​သောက်​၏။ ကျီး​အ​တို့ သည်​သူ​စား​ရန်​မုန့်​နှင့်​အ​မဲ​သား​ကို နေ့​စဉ် နေ့​တိုင်း​နံ​နက်​၌​တစ်​ကြိမ်​ည​နေ​၌​တစ်​ကြိမ် ယူ​ဆောင်​လာ​၏။

၃ ဓမ္မရာဇဝင် 17:3-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

“ဤ​အရပ်​မှ​ထွက်​၍ အရှေ့ဘက်​သို့ သွား​လော့​။ ဂျော်ဒန်​မြစ်​အရှေ့ဘက် ခေရိတ်​ချောင်း​နား​တွင် ပုန်းရှောင်​၍ ထို​ချောင်းရေ​ကို သောက်​ရ​မည်​။ ထို​နေရာ​တွင် သင့်​ကို​ကျွေးမွေး​ရန် ကျီးအ​တို့​ကို ငါ​မှာထား​ပြီ​”​ဟု မိန့်ဆို​၏​။ ဧလိယ​လည်း ထွက်သွား​၍ ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ဂျော်ဒန်​မြစ်​အရှေ့ဘက်​ရှိ ခေရိတ်​ချောင်း​နား​တွင် သွားရောက်​နေထိုင်​လေ​၏​။ ကျီးအ​တို့​သည် သူ့​အတွက် အသား​နှင့်​မုန့်​တို့​ကို နံနက်​တစ်​ကြိမ်​၊ ညနေ​တစ်​ကြိမ် ယူဆောင်​လာ​ပေး​၏​။ ထို​ချောင်း​မှ​ရေ​ကို သူ​သောက်​၏​။