YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 15:9-15

၃ ဓမ္မရာဇဝင် 15:9-15 Judson Bible (JBMLE)

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယေ​ရော​ဗောင် နန်း​စံ​နှစ်​ဆယ်​တွင်၊ အာ​သ​သည် ယေ​ရု​ရှ​လင်​မြို့၌ လေး​ဆယ်​တစ်​နှစ်​မင်း​ပြု၍ ယု​ဒ​ပြည်​ကို​စိုး​စံ​လေ၏။ အ​ဖွား​တော်​ကား၊ အ​ဘ​ရှ​လုံ၏​သ​မီး မာ​ခါ​ဖြစ်၏။ အာ​သ​သည် အ​ဘီ​တော်​ဒါ​ဝိဒ်​ပြု​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သ​ဖြင့်​ပြု၏။ ယောက်ျား​အ​လို​သို့ လိုက်​တတ်​သော မိန်း​မ​လျှာ​တို့​ကို​လည်း​ကောင်း၊ ဘိုး​တော်​ဘေး​တော်​လုပ်​သော ရုပ်​တု​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပြည်​တော်​ထဲ​က ပယ်​ရှား​တော်​မူ၏။ အ​ဖွား​တော်​မာ​ခါ​သည် အာ​ရှ​ရ​ပင်​အ​ဖို့ ရုပ်​တု​ကို​လုပ်​သော​ကြောင့်၊ မိ​ဖု​ရား​အ​ရာ​ကို​နုတ်၍၊ ရုပ်​တု​ကို ဖျက်​ဆီး​ပြီး​လျှင်၊ ကေ​ဒြုန်​ချောင်း​နား​မှာ မီး​ရှို့​တော်​မူ၏။ မြင့်​သော​အ​ရပ်​တို့​ကို မ​ပယ်​ရှား​သော်​လည်း၊ လက်​ထက်​တော် ကာ​လ​ပတ်​လုံး၊ အာ​သ​စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စုံ​လင်​ခြင်း​ရှိ၏။ ခ​မည်း​တော်​လှူ​သော ဥ​စ္စာ၊ ကိုယ်​တိုင်​လှူ​သော ဥ​စ္စာ၊ ရွှေ၊ ငွေ​တန်​ဆာ​များ​ကို ဗိ​မာန်​တော်​ထဲ​သို့​သွင်း​တော်​မူ၏။

၃ ဓမ္မရာဇဝင် 15:9-15 Common Language Bible (BCL)

ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နန်း​စံ​အ​နှစ် နှစ်​ဆယ်​မြောက်​၌ အာ​သ​သည်​ယု​ဒ​ပြည်​တွင် နန်း​တက်​၍၊- ယေ​ရု​ရှ​လင်​မြို့​၌​လေး​ဆယ့်​တစ်​နှစ်​နန်း​စံ လေ​သည်။ သူ​၏​အ​ဖွား​မှာ​အ​ဗ​ရှ​လုံ​၏ သ​မီး​မာခါ​ဖြစ်​၏။- အာ​သ​သည်​မိ​မိ​၏​ဘိုး​ဘေး​ဒါ​ဝိဒ်​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​မှု တို့​ကို​ပြု​၏။- သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ တွင် ပြည့်​တန်​ဆာ​အ​လုပ်​ကို​လုပ်​နေ​သော​အ​မျိုး သား​အ​မျိုး​သ​မီး​များ​ကို တိုင်း​ပြည်​မှ​နှင်​ထုတ် ပြီး​လျှင် မိ​မိ​၏​ဘိုး​တော်​ဘေး​တော်​ဘု​ရင်​များ ပြု​လုပ်​ခဲ့​သည့်​ရုပ်​တု​များ​ကို​ဖယ်​ရှား​ပစ်​တော် မူ​၏။- မိ​မိ​၏​အ​ဖွား​မာ​ခါ​၏​ထံ​မှ​လည်း​မယ်​တော် ဘု​ရင်​မ​ရာ​ထူး​ကို​နုတ်​သိမ်း​တော်​မူ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မာ​ခါ​သည်​အ​သီး​အ​နှံ ဖွံ့​ဖြိုး​မှု​ဆိုင်​ရာ အာ​ရှ​ရ​ဘု​ရား​မ​အား​ဝတ်​ပြု ကိုး​ကွယ်​ရန်​အ​တွက် ရှု​မ​ကောင်း​မြင်​မ​ကောင်း​သော ရုပ်​တု​ကို​ပြု​လုပ်​ထား​သော​ကြောင့်​ဖြစ်​၏။ အာ​သ သည်​ထို​ရုပ်​တု​ကို​ခုတ်​ပြီး​လျှင်​ကေ​ဒြုန်​ချောင်း အ​နီး​တွင်​မီး​ရှို့​ပစ်​တော်​မူ​၏။- ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​အ​ကုန်​အ​စင် မ​ဖျက်​ဆီး​သော်​လည်း အာ​သ​သည်​ထာ​ဝရ​ဘု​ရား အား​တစ်​သက်​လုံး​သစ္စာ​စောင့်​တော်​မူ​ပေ​သည်။- သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ခ​မည်း​တော်​ဆက် ကပ်​လှူ​ဒါန်း​ထား​သမျှ​သော​ဥစ္စာ​ပစ္စည်း​များ​နှင့် မိ​မိ​ကိုယ်​တိုင်​ဆက်​ကပ်​လှူ​ဒါန်း​သည့် ရွှေ၊ ငွေ အ​သုံး ဆောင်​များ​ကို​ဗိ​မာန်​တော်​တွင်​ထား​ရှိ​တော်​မူ​၏။

၃ ဓမ္မရာဇဝင် 15:9-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အစ္စရေး​ဘုရင်​ယေရောဗောင်​မင်းကြီး​နန်းစံ အနှစ်​နှစ်ဆယ်​တွင် ယုဒ​ဘုရင်​အာသ​မင်းကြီး နန်းတက်​၍ ဂျေရုဆလင်​မြို့​တွင် လေးဆယ့်​တစ်​နှစ် စိုးစံ​၏​။ အဘွား​တော်​ကား အဗရှလုံ​၏​သမီး မာခါ​အမည်​ရှိ​၏​။ အာသ​မင်းကြီး​သည် သူ​၏​အဘီ​တော်​ဒါဝိဒ်​မင်းကြီး​ကဲ့သို့ပင် ထာဝရဘုရား​ရှေ့​တော်​၌ ဖြောင့်မှန်​စွာ ပြုကျင့်​၏​။ သူ​သည် မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​ယောက်ျား​ပြည့်တန်ဆာ​များ​ကို​လည်း တိုင်းပြည်​မှ​နှင်ထုတ်​ပစ်​၏​။ ဘိုးဘေး​တို့​ပြုလုပ်​ထား​သော​ရုပ်တု​ရှိသမျှ​တို့​ကို​လည်း ဖယ်ရှား​ပစ်​ခဲ့​၏​။ အာရှရ​နတ်ဘုရားမ​ရုပ်တု​ကို ပြုလုပ်​ကိုးကွယ်​သော အဘွား​တော်​မာခါ​ကို​လည်း မယ်တော်​မိဖုရား​အရာ​မှ​နုတ်ပယ်​ပစ်​ပြီး ထို​ရုပ်တု​ကို​ခုတ်လှဲ​ကာ ကေဒြုန်​ချိုင့်ဝှမ်း​တွင် မီးရှို့​ပစ်​လေ​၏​။ အထွတ်အမြတ်​ထား​ရာ​နေရာ​များ​ကို မ​ဖယ်ရှား​ခဲ့​သော်လည်း မိမိ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အာသ​မင်းကြီး​၏​စိတ်နှလုံး​သည် ထာဝရဘုရား​ကို အကြွင်းမဲ့​ကိုးစား​၏​။ သူ​သည် ခမည်းတော်​ဆက်ကပ်လှူဒါန်း​ခဲ့​သော​ပစ္စည်း​များ​၊ မိမိကိုယ်တိုင်​ဆက်ကပ်လှူဒါန်း​ခဲ့​သော​ပစ္စည်း​များ​နှင့် ရွှေ​ထည်​ငွေ​ထည်​အသုံးအဆောင်​များ​ကို ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​လာ​၏​။