YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 15:2-8

၃ ဓမ္မရာဇဝင် 15:1-8 Judson Bible (JBMLE)

နေ​ဗတ်၏​သား ယေ​ရော​ဗောင်​မင်း​ကြီး နန်း​စံ​တစ်​ဆယ်​ရှစ်​နှစ်​တွင်၊ အ​ဘိ​ယ​သည် ယေ​ရု​ရှ​လင်​မြို့၌ မင်း​ပြု၍၊ ယု​ဒ​ပြည်​ကို​သုံး​နှစ်​စိုး​စံ၏။ မယ်​တော်​ကား၊ အ​ဘ​ရှ​လုံ၏​သ​မီး မာ​ခါ​အ​မည်​ရှိ၏။ ခ​မည်း​တော်​ပြု​သော ဒု​စ​ရိုက်​ကို​ပြု​မြဲ​ပြု၍၊ ဘေး​တော်​ဒါ​ဝိဒ်​ကဲ့​သို့ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စိတ်​နှ​လုံး​စုံ​လင်​သည်​မ​ဟုတ်။ သို့​သော်​လည်း ဒါ​ဝိဒ်၏​မျက်​နှာ​ကို​ထောက်၍၊ သူ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဆွေ​တော်​မျိုး​တော်​ကို ချီး​မြှောက်၍၊ ယေ​ရု​ရှ​လင်​မြို့​ကို တည်​စေ​သ​ဖြင့်၊ ထို​မြို့၌ ဒါ​ဝိဒ်၏​မီး​ခွက်​ကို ထွန်း​လင်း​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဒါ​ဝိဒ်​သည် ဟိ​တ္တိ​အ​မျိုး ဥ​ရိ​ယ​အ​မှု​ကို​ထား​လျှင်၊ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ရှောင်၊ ရှေ့​တော်၌ တ​ရား​သ​ဖြင့် ကျင့်​သော​အ​ကြောင်း​တည်း။ ရော​ဗောင်​သား​အ​ဘိ​ယ​နှင့် ယေ​ရော​ဗောင်​တို့​သည် အ​သက်​ရှည်​သ​မျှ​ကာ​လ​ပတ်​လုံး ရန်​ဘက်​ပြု​ကြ၏။ အ​ဘိ​ယ​ပြု​မူ​သော​အ​မှု​အ​ရာ ကြွင်း​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ အ​ဘိ​ယ​သည်​ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။ သား​တော်​အာ​သ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

၃ ဓမ္မရာဇဝင် 15:2-8 Common Language Bible (BCL)

ယေ​ရု​ရှ​လင်​မြို့​၌​သုံး​နှစ်​နန်း​စံ​တော်​မူ​၏။ သူ​၏​မယ်​တော်​မှာ​အ​ဗ​ရှ​လုံ​၏​သ​မီး​မာ​ခါ ဖြစ်​၏။- အ​ဘိ​ယ​သည်​မိ​မိ​၏​ခ​မည်း​တော်​ကူး​ခဲ့​သည့် အ​ပြစ်​များ​ကို​ဆက်​လက်​၍​ကူး​လွန်​၏။ သူ​သည် မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဘေး​တော်​ဒါ​ဝိဒ်​ကဲ့​သို့​အ​ကြွင်း​မဲ့​သစ္စာ​မ​စောင့်။- သို့​ရာ​တွင်​သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ဒါ​ဝိဒ်​၏​မျက်​နှာ​ကို​ထောက်​၍​အ​ဘိ​ယ​မ​ရှိ သည့်​နောက်​၌ ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​စိုး​ရန်​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​စောင့်​ထိန်း ရန်​သား​တော်​တစ်​ပါး​ကို​ပေး​တော်​မူ​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သည့်​အ​မှု​တို့​ကို​သာ​လျှင်​ပြု​ခဲ့ သော​ကြောင့်​ဖြစ်​၏။ မင်း​ကြီး​သည်​ဟိတ္တိ​အ​မျိုး​သား ဥ​ရိ​ယ​၏​အ​မှု​ကိစ္စ​မှ​တစ်​ပါး အ​ခြား​အ​ဘယ် အ​ခါ​၌​မျှ​ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​လွန်​ဆန် ခဲ့​ခြင်း​မ​ရှိ​ပေ။- အ​ဘိ​ယ​သည်​မိ​မိ​၏​နန်း​သက်​တစ်​လျှောက် လုံး​၌​ယေ​ရော​ဗောင်​နှင့်​စစ်​ဖြစ်​ခဲ့​၏။- အ​ဘိ​ယ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။ အ​ဘိ​ယ​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ဒါ​ဝိဒ်​မြို့ တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သား​တော်​အာ​သ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။

၃ ဓမ္မရာဇဝင် 15:2-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဂျေရုဆလင်​မြို့​တွင် သုံး​နှစ်​စိုးစံ​၏​။ မယ်တော်​ကား အဗရှလုံ​၏​သမီး မာခါ​အမည်​ရှိ​၏​။ အဘိယံ​မင်းကြီး​သည် သူ့​အရင်​ခမည်းတော်​လျှောက်​ခဲ့​သည့်​အပြစ်လမ်း​အတိုင်း လိုက်လျှောက်​၏​။ သူ​၏​ဘေး​တော်​ဒါဝိဒ်​မင်းကြီး​၏​စိတ်နှလုံး​ကဲ့သို့ မိမိ​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​ခြင်း​မ​ရှိ​။ သို့သော် သူ​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဒါဝိဒ်​မင်းကြီး​ကို​ထောက်​ထား​၍ ဂျေရုဆလင်​မြို့​တွင် ဒါဝိဒ်​မင်းကြီး​၏​မီးခွက်​ဆက်လက်​လင်း​နေ​စေရန် သူ​၏​သား​တော်​အား သူ​၏​အရိုက်အရာ​ကို​ဆက်ခံ​စေ​သည့်​အပြင် ဂျေရုဆလင်​မြို့​ကို​လည်း တည်မြဲ​စေ​ခဲ့​၏​။ ဒါဝိဒ်​မင်းကြီး​သည် သူ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ဟိတ္တိ​လူမျိုး ဥရိယ​အမှု​မှလွဲ၍ မိန့်မှာ​တော်မူ​သမျှ​တို့​ကို တစ်စုံတစ်ရာ​မျှ​မ​လွဲ​ဘဲ ထာဝရဘုရား​ရှေ့​တော်​၌ ဖြောင့်မတ်မှန်ကန်​စွာ ပြုကျင့်​ခဲ့​၏​။ ရောဗောင်​မင်းကြီး​နှင့် ယေရောဗောင်​မင်းကြီး​တို့​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အချင်းချင်း​စစ်တိုက်​ခဲ့​ကြ​၏​။ ကျန်ရှိ​နေ​သော​အဘိယံ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​နှင့် သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​ကို ယုဒ​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။ အဘိယံ​မင်းကြီး​နှင့် ယေရောဗောင်​မင်းကြီး​တို့​သည်​လည်း အချင်းချင်း​စစ်တိုက်​ကြ​၏​။ အဘိယံ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဒါဝိဒ်​မြို့​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​အာသ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။