YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 5:6-21

၁ ရှင်ယောဟန် 5:6-21 Judson Bible (JBMLE)

ထို​သ​ခင်​ကား၊ ရေ​အား​ဖြင့်​လည်း​ကောင်း၊ အ​သွေး​အား​ဖြင့်​လည်း​ကောင်း ကြွ​လာ​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​ပေ​တည်း။ ရေ​အား​ဖြင့်​သာ​မ​ဟုတ်၊ ရေ​အား​ဖြင့်​လည်း​ကောင်း၊ အ​သွေး​အား​ဖြင့်​လည်း​ကောင်း ကြွ​လာ​တော်​မူ၏။ သက်​သေ​ခံ​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​သည် သ​မ္မာ​တ​ရား​ဖြစ်၍ သက်​သေ​ခံ​တော်​မူ၏။- သို့​ဖြစ်​လျှင်၊ ကောင်း​ကင်​ဘုံ၌ ခ​မည်း​တော်​တစ်​ပါး၊ နှုတ်​က​ပတ်​တော်​တစ်​ပါး၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​တစ်​ပါး၊ သက်​သေ​ခံ​သုံး​ပါး​ရှိ၍ ထို​သုံး​ပါး​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​တော်​မူ၏။- မြေ​ကြီး​ပေါ်၌​လည်း ဝိ​ညာဉ်​တော်​တစ်​ပါး၊ ရေ​တစ်​ပါး၊ အ​သွေး​တစ်​ပါး၊ သက်​သေ​ခံ​သုံး​ပါး​ရှိ၍ ထို​သုံး​ပါး​တို့​သည် တ​ညီ​တ​ညွတ်​တည်း ဖြစ်၏။- လူ၏​သက်​သေ​ကို ယုံ​ရ​လျှင်၊ ဘု​ရား​သ​ခင်၏ သက်​သေ​တော်​ကို သာ၍ ယုံ​ဖွယ်​ရာ​အ​ကြောင်း​ရှိ၏။ ယ​ခု​ဆို​ခဲ့​ပြီး​သော သက်​သေ​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်၏​အ​ကြောင်း​ကို သက်​သေ​ခံ​တော်​မူ​ချက် ဖြစ်​သ​တည်း။- ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​သည်၊ မိ​မိ​အ​ထဲ၌ ထို​သက်​သေ​ကို​ရ၏။ ဘု​ရား​သ​ခင်​ကို မ​ယုံ​ကြည်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို မု​သား​အ​ပြစ်​တင်၏။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်၏​အ​ကြောင်း​မှာ သက်​သေ​ခံ​တော်​မူ​သော​စ​ကား​တော်​ကို ထို​သူ​သည် မ​ယုံ​ဘဲ​နေ၏။- သက်​သေ​ခံ​တော်​မူ​ချက် ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​တော်​မူ၍၊ ထို​အ​သက်​သည်​လည်း သား​တော်၌​ပါ၏။- သား​တော်​ကို​ရ​သော​သူ​သည် အ​သက်​ကို​ရ၏။ ဘု​ရား​သ​ခင်၏​သား​တော်​ကို မ​ရ​သော​သူ​မူ​ကား အ​သက်​ကို​မ​ရ။ ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သင်​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို ကိုယ်​တိုင်​ရ​သည်​ဟု သိ​စေ​ခြင်း​ငှာ၊ ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။- ငါ​တို့​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်၌ ရဲ​ရင့်​ခြင်း​အ​ကြောင်း​ဟူ​မူ​ကား၊ ငါ​တို့​သည် အ​လို​တော်​နှင့်​အ​ညီ တစ်​စုံ​တစ်​ခု​သော​ဆု​ကို တောင်း​လျှင်၊ ဘု​ရား​သ​ခင်​သည် နား​ထောင်​တော်​မူ၏။- ဆု​တောင်း​သ​မျှ​သော​စ​ကား​တို့​ကို နား​ထောင်​တော်​မူ​သည်​ကို ငါ​တို့​သိ​လျှင်၊ အ​ထံ​တော်၌ တောင်း​သော​ဆု​တို့​ကို ရ​မည်​ဟု​သိ​ရ​ကြ၏။- ညီ​အစ်​ကို​ချင်း​သည် သေ​ပြစ်​မ​သင့်​သော​ဒု​စ​ရိုက်​ကို ပြု​မိ​သည်​ကို တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မြင်​လျှင်၊ ထို​သူ​သည် ဆု​တောင်း​ရ​မည်။ သေ​ပြစ်​ကို မ​ပြု​သော​သူ​တို့​အ​ဖို့ အ​လို​ငှာ၊ ဘု​ရား​သ​ခင်​သည် ထို​သူ​အား အ​သက်​ကို​ပေး​တော်​မူ​မည်။ သေ​ပြစ်​သင့်​သော ဒု​စ​ရိုက်​ရှိ၏။ ထို​ဒု​စ​ရိုက်​အ​ပြစ်​ကို လွှတ်​စေ​ခြင်း​ငှာ ဆု​တောင်း​ရ​မည်​ဟု ငါ​မ​ဆို။- မ​တ​ရား​သော​အ​မှု​မည်​သည်​ကား ဒု​စ​ရိုက်​ဖြစ်၏။ သို့​သော်​လည်း သေ​ပြစ်​မ​သင့်​သော ဒု​စ​ရိုက်​ရှိ၏။- ဘု​ရား​သ​ခင်၏​သား​ဖြစ်​သ​မျှ​သော သူ​တို့​သည် ဒု​စ​ရိုက်​ကို​မ​ပြု​တတ်​သည်​ကို ငါ​တို့​သိ​ကြ၏။ ဘု​ရား​သ​ခင် ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​သည်၊ မိ​မိ​ကို​မိ​မိ စောင့်​ရှောက်​သ​ဖြင့်၊ မာရ်​နတ်​သည် ထို​သူ​ကို မ​ထိ​မ​ခိုက်​နိုင်​ရာ။- ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သည်​ကို​လည်း​ကောင်း၊ လော​ကီ​သား​အ​ပေါင်း​တို့​သည် မာရ်​နတ်၏​လက်၌ ရှိ​ကြ​သည်​ကို​လည်း​ကောင်း ငါ​တို့​သိ​ကြ၏။- ဘု​ရား​သ​ခင်၏​သား​တော်​သည် ကြွ​လာ၍၊ မှန်​သော​ဘု​ရား​သ​ခင်​ကို သိ​သော​ဉာဏ်​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​ကို​လည်း ငါ​တို့​သိ​ကြ၏။ မှန်​သော​ဘု​ရား​သ​ခင်၌​လည်း​ကောင်း၊ သား​တော်​ယေ​ရှု​ခ​ရစ်၌​လည်း​ကောင်း ငါ​တို့​သည် တည်​လျက်​ရှိ​ကြ၏။ ထို​သူ​သည်​မှန်​သော ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​အ​သက်​လည်း ဖြစ်​တော်​မူ၏။ ချစ်​သား​တို့၊ ရုပ်​တု​ဆင်း​တု​ကို ကြဉ်​ရှောင်​ကြ​လော့။ ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး၏။

၁ ရှင်ယောဟန် 5:6-21 Common Language Bible (BCL)

ယေ​ရှု​ခ​ရစ်​သည်​ရေ​အား​ဖြင့်​ဗတ္တိ​ဇံ​ကို​ခံ တော်​မူ​လျက်​သွေး​တော်​ကို​သွန်း​၍ အ​သေ​ခံ တော်​မူ​လျက်​ကြွ​လာ​တော်​မူ​သော​အ​ရှင်​ပေ တည်း။ ကိုယ်​တော်​သည်​ရေ​အား​ဖြင့်​သာ​ကြွ​လာ တော်​မူ​သည်​မ​ဟုတ်။ ရေ​အား​ဖြင့်​လည်း​ကောင်း၊ သွေး​အား​ဖြင့်​လည်း​ကောင်း​ကြွ​လာ​တော်​မူ​ပေ သည်။ ဝိ​ညာဉ်​တော်​သည်​သမ္မာ​တ​ရား​ဖြစ်​၍​ကြွ လာ​တော်​မူ​ကြောင်း​ကို​သက်​သေ​ခံ​တော်​မူ​၏။- သက်​သေ​သုံး​ပါး​ရှိ​လေ​သည်။- ယင်း​တို့​ကား​ဝိ​ညာဉ်​တော်၊ ရေ​နှင့်​သွေး​တို့​ဖြစ် ကြ​၏။ ထို​သုံး​ပါး​တို့​သည်​တ​ညီ​တ​ညွတ် တည်း​သက်​သေ​ခံ​ကြ​၏။- ငါ​တို့​သည်​လူ​တို့​၏​သက်​သေ​ခံ​ချက်​ကို လက်​ခံ​တတ်​ကြ​၏။ ဘု​ရား​သ​ခင်​၏​သက်​သေ ခံ​တော်​မူ​ချက်​မှာ လူ​တို့​၏​သက်​သေ​ခံ​ချက် ထက်​ပို​၍​ပင်​ခိုင်​လုံ​၏။ ကိုယ်​တော်​သည်​သား တော်​၏​အ​ကြောင်း​သက်​သေ​ခံ​တော်​မူ​ပြီ။- ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ယုံ​ကြည်​သူ​သည် ထို​သက်​သေ​ခံ​ချက်​ကို​စိတ်​နှ​လုံး​ထဲ​တွင်​မှတ် ကျုံး​ထား​၏။ ဘု​ရား​သ​ခင်​ကို​မ​ယုံ​ကြည်​သူ သည်​ကား သား​တော်​အ​ကြောင်း​ကိုယ်​တော်​သက် သေ​ခံ​တော်​မူ​သည်​ကို​မ​ယုံ​ကြည်​သ​ဖြင့် ဘု​ရား​သ​ခင်​အား​မု​သား​သုံး​သည်​ဟု​ဆို ရာ​ရောက်​၏။- ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား ထာ​ဝ​ရ​အ​သက် ကို​ပေး​သ​နား​တော်​မူ​ကြောင်း၊ ထို​အ​သက်​ကို သား​တော်​အား​ဖြင့်​ရ​ရှိ​ကြောင်း​ဘု​ရား​သ​ခင် သက်​သေ​ခံ​တော်​မူ​၏။- သား​တော်​ကို​ရ​ရှိ​သူ​သည်​ထို​အ​သက်​ကို ရ​၏။ ဘု​ရား​သ​ခင်​၏​သား​တော်​ကို​မ​ရ ရှိ​သူ​မူ​ကား​ထို​အ​သက်​ကို​မ​ရ။ ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ယုံ​ကြည်​သူ​သင် တို့​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​ကြောင်း​သိ ကြ​စေ​ရန် ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ငါ ရေး​လိုက်​၏။- ကိုယ်​တော်​သည်​မိ​မိ​၏​အ​လို​တော်​နှင့်​အ​ညီ တောင်း​လျှောက်​သော​ပတ္ထ​နာ​ကို​နား​ညောင်း​တော် မူ​ကြောင်း​စိတ်​ချ​ယုံ​ကြည်​နိုင်​သ​ဖြင့် ငါ​တို့ သည်​ရှေ့​တော်​သို့​ရဲ​ဝံ့​စွာ​ချဉ်း​ကပ်​ကြ​ပေ​သည်။- ယင်း​သို့​ကိုယ်​တော်​နား​ညောင်း​တော်​မူ​သည်​ကို သိ​ကြ​သ​ဖြင့် ငါ​တို့​သည်​မိ​မိ​တို့​တောင်း​လျှောက် သည့်​ဆု​များ​ကို​ချ​ပေး​တော်​မူ​သည်​ကို​လည်း သိ​ကြ​၏။ ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​သည်​အ​သက် ဝိ​ညာဉ်​ဆုံး​ရှုံး​မည့်​အြုပစ်​မှ​လွဲ​၍ အ​ခြား​အ​ပြစ် တစ်​စုံ​တစ်​ရာ​ကို​ကူး​လွန်​ပါ​မူ​သူ့​အ​တွက် ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​လော့။ ကိုယ်​တော် သည်​သူ့​အား​အ​သက်​ကို​ပေး​တော်​မူ​လိမ့်​မည်။ အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​မည့်​အြုပစ်​ကို​မ​ကူး သူ​များ​အ​တွက်​သာ ဤ​သို့​ဆု​တောင်း​ပေး​ရန် ဖြစ်​သည်။ သို့​ရာ​တွင်​အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး မည့်​အ​ပြစ်​ဟူ​၍​ရှိ​သည်။ ထို​အ​ပြစ်​မျိုး​ကို ကူး​သူ​အ​တွက်​ဆု​တောင်း​ရ​မည်​ဟု​ငါ​မ​ဆို။- ဒု​စ​ရိုက်​ဟူ​သ​မျှ​သည်​အ​ပြစ်​ဖြစ်​၏။ သို့​ရာ တွင်​အ​ပြစ်​ဟူ​သ​မျှ​သည် အ​သက်​ဝိ​ညာဉ် ဆုံး​ရှုံး​မည့်​အ​ပြစ်​များ​မ​ဟုတ်​ပေ။ ဘု​ရား​သ​ခင်​၏​သား​သ​မီး​ဖြစ်​သူ​သည် ဆက်​လက်​၍ အ​ပြစ်​မ​ကူး​တတ်​ကြောင်း​ကို​ငါ တို့​သိ​ကြ​၏။ သူ့​အား​ဘု​ရား​သ​ခင်​၏​သား တော်​စောင့်​ထိန်း​တော်​မူ​သည်​ဖြစ်​၍ မာရ်​နတ် သည်​ထို​သူ​ကို​မ​ထိ​မ​ခိုက်​နိုင်။ ကမ္ဘာ​လော​က​တစ်​ခု​လုံး​တွင်​မာရ်​နတ်​၏​တန်​ခိုး လွှမ်း​မိုး​လျက်​ရှိ​နေ​သော်​လည်း ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘက်​တော်​သား​များ​ဖြစ် ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။ ဘု​ရား​သ​ခင်​၏​သား​တော်​သည်​လော​က​သို့​ကြွ လာ​တော်​မူ​၍ ငါ​တို့​အား​ဘု​ရား​စစ်​ဘု​ရား​မှန် ကို​သိ​ရှိ​နိုင်​သည့်​ဉာဏ်​ကို​ပေး​တော်​မူ​ကြောင်း ငါ​တို့​သိ​ကြ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​သား​တော် ယေ​ရှု​ခ​ရစ်​နှင့်​လည်း​ကောင်း၊ ဘု​ရား​စစ်​ဘု​ရား​မှန် ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း တစ်​လုံး​တစ်​ဝ​တည်း​ရှိ​ကြ​၏။ ကိုယ်​တော်​သည် ဘု​ရား​စစ်​ဘု​ရား​မှန်​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ အ​သက်​လည်း​ဖြစ်​တော်​မူ​၏။ သား​သ​မီး​တို့၊ သင်​တို့​သည်​ဘု​ရား​အ​တု အ​ယောင် များ​ကို​ရှောင်​ကြ​လော့။ ရှင်​ယော​ဟန်​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ပြီး​၏။

၁ ရှင်ယောဟန် 5:6-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​ခရစ်တော်​သည် ရေ​နှင့်​သွေး​အားဖြင့် ကြွလာ​တော်မူ​သော​အရှင်​ဖြစ်​၏။ ရေ​အားဖြင့်​သာ​မ​ဟုတ်​ဘဲ ရေ​နှင့်​သွေး​အားဖြင့်​ကြွလာ​တော်မူ​၏။ ဝိညာဉ်​တော်​သည် သက်သေခံ​သော​အရှင်​ဖြစ်​၏။ အကြောင်းမှာ ဝိညာဉ်​တော်​သည် သမ္မာတရား​ဖြစ်​တော်မူ​၏။ ဝိညာဉ်​တော်၊ ရေ၊ သွေး​တည်းဟူသော သက်သေ​သုံး​ပါး​ရှိ​၍ ထို​သုံး​ပါး​တို့​သည် တညီတညွတ်တည်း​ဖြစ်​ကြ​၏။ ငါ​တို့​သည် လူ​၏​သက်သေခံ​ချက်​ကို လက်ခံ​ကြ​သည်​ဆို​လျှင် ဘုရားသခင်​၏​သက်သေခံ​တော်မူ​ချက်​သည် ပို၍​ကြီးမြတ်​၏။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​၏​သက်သေခံ​တော်မူ​ချက်​သည် မိမိ​၏​သား​တော်​နှင့်​ပတ်သက်​၍​ပေး​ထား​သော​သက်သေခံ​တော်မူ​ချက်​ဖြစ်​၏။ ဘုရားသခင်​၏​သား​တော်​ကို​ယုံကြည်​သော​သူ​သည် ဤ​သက်သေခံ​ချက်​ကို မိမိ​အထဲ၌​ရရှိ​ထား​၏။ ဘုရားသခင်​ကို​မ​ယုံကြည်​သော​သူ​မူကား ဘုရားသခင်​ကို လိမ်လည်​သော​သူ​ဟု​ဆို​ရာ​ရောက်​၏။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​က မိမိ​၏​သား​တော်​နှင့်​ပတ်သက်၍ သက်သေခံ​တော်မူ​သော​သက်သေခံ​ချက်​ကို ထို​သူ​သည် မ​ယုံကြည်​သောကြောင့်​ဖြစ်​၏။ ထို​သက်သေခံ​ချက်​မှာ ဘုရားသခင်​သည် ငါ​တို့​အား ထာဝရ​အသက်​ကို​ပေး​တော်မူ​ပြီး ထို​အသက်​သည် ဘုရားသခင်​၏​သား​တော်​၌​ရှိ​၏​ဟူ၍ ဖြစ်​၏။ သား​တော်​ကို​ရရှိ​သော​သူ​သည် အသက်​ကို​ရ​၏။ ဘုရားသခင်​၏​သား​တော်​ကို​မ​ရရှိ​သော​သူ​မူကား အသက်​ကို​မ​ရ။ ဘုရားသခင့်​သား​တော်​၏​နာမ​တော်​ကို​ယုံကြည်​သော​သင်​တို့​ထံ ဤ​အရာ​များ​ကို ငါ​ရေး​လိုက်​ခြင်း​မှာ သင်​တို့​သည် ထာဝရ​အသက်​ကို​ရရှိ​ပြီ​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​စေရန်​ဖြစ်​၏။ ဘုရားသခင်​၌ ငါ​တို့​ထားရှိ​သော​ယုံကြည်​စိတ်ချ​မှု​ကား ငါ​တို့​သည် အလို​တော်​နှင့်အညီ တစ်စုံတစ်ခု​ကို​တောင်းလျှောက်​လျှင် ဘုရားသခင်​သည်​နားညောင်း​တော်မူ​၏​ဟူ၍​ဖြစ်​၏။ ငါ​တို့​တောင်းလျှောက်​သမျှ​ကို နားညောင်း​တော်မူ​ကြောင်း ငါ​တို့​သိ​လျှင် ဘုရားသခင်​ထံ​တောင်းလျှောက်​ခဲ့​သော​အရာ​များ​ကို ငါ​တို့​ရရှိ​ပြီ​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ တစ်စုံတစ်ယောက်​သည် သေ​ခြင်း​သို့​မ​ပို့ဆောင်​သော​အပြစ်​မျိုး​ပြု​နေ​သည့် မိမိ​ညီအစ်ကို​ကို​တွေ့​လျှင် သူ​သည် ဆုတောင်း​ရ​မည်။ ထိုအခါ ဘုရားသခင်​သည် သေ​ခြင်း​သို့​မ​ပို့ဆောင်​သော​အပြစ်​ပြု​နေ​သည့် ထို​ညီအစ်ကို​အား အသက်​ကို​ပေး​တော်မူ​လိမ့်မည်။ သေ​ခြင်း​သို့​ပို့ဆောင်​သော​အပြစ်​မျိုး​ရှိ​၏။ ထိုသို့​သော​အပြစ်​အတွက် တောင်းလျှောက်​ရ​မည်​ဟု ငါ​မ​ဆို​လို။ မတရားမှု​ရှိသမျှ​သည် အပြစ်​ဖြစ်​၏။ သို့သော် သေ​ခြင်း​သို့​မ​ပို့ဆောင်​သော​အပြစ်​မျိုး​လည်း​ရှိ​၏။ ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​သူ​သည် အပြစ်​ပြု​နေ​ခြင်း​မ​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။ ဘုရားသခင်​ထံမှ​ပေါက်ဖွား​လာ​သော​အရှင်​သည် သူ့​ကို​စောင့်ရှောက်​တော်မူ​သောကြောင့် မာရ်နတ်​သည် သူ့​ကို​မ​ထိခိုက်​နိုင်။ ငါ​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​ကြ​သည်​ကို​လည်းကောင်း၊ ကမ္ဘာ​လောက​တစ်ခုလုံး​သည် မာရ်နတ်​လက်​အောက်​၌​ရှိ​သည်​ကို​လည်းကောင်း ငါ​တို့​သိ​ကြ​၏။ ဘုရားသခင်​၏​သား​တော်​သည် ကြွလာ​၍ စစ်မှန်​သော​ဘုရားသခင်​ကို​သိရှိ​နိုင်​သည့် အသိဉာဏ်​ကို ငါ​တို့​အား​ပေး​တော်မူ​သည်​ကို​လည်း ငါ​တို့​သိ​ကြ​၏။ ထို့ကြောင့် ငါ​တို့​သည် စစ်မှန်​သော​ဘုရားသခင်​၌​လည်းကောင်း၊ ဘုရားသခင်​၏​သား​တော်​ယေရှု​ခရစ်တော်​၌​လည်းကောင်း ရှိ​ကြ​၏။ ကိုယ်တော်​သည် စစ်မှန်​သော​ဘုရားသခင်​ဖြစ်​တော်မူ​ပြီး ထာဝရ​အသက်​လည်း​ဖြစ်​တော်မူ​၏။ သားသမီး​တို့၊ ရုပ်တု​များ​ကို​ရှောင်ကြဉ်​ကြ​လော့။