YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 4:15-17

၁ ရှင်ယောဟန် 4:15-17 Judson Bible (JBMLE)

ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​သည်​ကို ဝန်​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၌ တည်၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ၌​တည်​တော်​မူ၏။- ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်​တော်​မူ​ခြင်း မေ​တ္တာ​တော်​ကို ငါ​တို့​သည်​သိ၍ ယုံ​ကြည်​ကြ၏။ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ​ဖြစ်​တော်​မူ၏။ ချစ်​ခြင်း​မေ​တ္တာ၌ တည်​သော​သူ​သည် ဘု​ရား​သ​ခင်၌​တည်၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ၌ တည်​တော်​မူ၏။- ထို​သို့​ငါ​တို့​သည် ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​သော​အား​ဖြင့်၊ တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​နေ့၌ ရဲ​ရင့်​ရ​သော​အ​ခွင့် ရှိ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ကိုယ်​တော်၏​နည်း​တူ ဤ​လော​က၌​ဖြစ်​ကြ၏။

၁ ရှင်ယောဟန် 4:15-17 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ကြောင်း​ဝန်​ခံ​သော​သူ​သည် ဘု​ရား​သ​ခင် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၏။ ဘု​ရား​သ​ခင် သည်​လည်း​သူ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ တော်​မူ​၏။- ငါ​တို့​အ​ပေါ်​ဘု​ရား​သ​ခင်​မေတ္တာ​ထား​ရှိ တော်​မူ​ကြောင်း​ငါ​တို့​ကိုယ်​တိုင်​သိ​၍​ယုံ ကြည်​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော် မူ​၏။ ချစ်​တတ်​သော​သူ​သည်​ဘု​ရား​သ​ခင်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၏။ ဘု​ရား​သ​ခင်​သည် လည်း​ထို​သူ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​တော် မူ​၏။- ငါ​တို့​၌​ကိုယ်​တော်​၏​မေတ္တာ​တော်​ပြည့်​ဝ​စုံ လင်​ခြင်း​အား​ဖြင့် တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့ ၌​ငါ​တို့​သည်​ရဲ​ရင့်​တည်​ကြည်​မှု​ကို​ရ​ရှိ​နိုင် ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​လော​က ၌​ငါ​တို့​သည်​ခ​ရစ်​တော်​နည်း​တူ​အ​သက် ရှင်​ကြ​သော​ကြောင့်​ဖြစ်​၏။

၁ ရှင်ယောဟန် 4:15-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မည်သူမဆို ယေရှု​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း​ဝန်ခံ​လျှင် ဘုရားသခင်​သည် ထို​သူ​၌​တည်​တော်မူ​၍ ထို​သူ​သည်​လည်း ဘုရားသခင်​၌​တည်​၏။ ငါ​တို့​သည် ငါ​တို့​အပေါ်၌ ဘုရားသခင်​ထားရှိ​သော​ချစ်​ခြင်း​မေတ္တာ​ကို​သိ​၍ ယုံကြည်​ကြ​၏။ ဘုရားသခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်မူ​၏။ ချစ်​ခြင်း​မေတ္တာ​၌​တည်​သော​သူ​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ထို​သူ​၌​တည်​တော်မူ​၏။ ငါ​တို့​သည် တရား​စီရင်​တော်မူ​ရာ​နေ့​၌ ယုံကြည်​စိတ်ချ​မှု​ရှိ​စေရန် ချစ်​ခြင်း​မေတ္တာ​သည် ငါ​တို့​၌​ပြည့်စုံ​၏။ အကြောင်းမူကား ငါ​တို့​သည်​လည်း ဤ​လောက​တွင် ကိုယ်တော်​ကဲ့သို့​ဖြစ်​ကြ​၏။