YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 4:13-21

၁ ရှင်ယောဟန် 4:13-21 Judson Bible (JBMLE)

ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​ကို ငါ​တို့​အား ပေး​တော်​မူ​သော​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၌ တည်​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၌ တည်​တော်​မူ​သည်​ကို​လည်း​ကောင်း သိ​ရ​ကြ၏။- လော​ကီ​သား​တို့​ကို ကယ်​တင်​သော​သ​ခင်​ဖြစ်​စေ​ခြင်း​ငှာ၊ ခ​မည်း​တော်​သည် သား​တော်​ကို စေ​လွှတ်​တော်​မူ​သည်​ဟု ငါ​တို့​သည် သိ​မြင်၍ သက်​သေ​ခံ​ကြ၏။ ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​သည်​ကို ဝန်​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၌ တည်၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ၌​တည်​တော်​မူ၏။- ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်​တော်​မူ​ခြင်း မေ​တ္တာ​တော်​ကို ငါ​တို့​သည်​သိ၍ ယုံ​ကြည်​ကြ၏။ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ​ဖြစ်​တော်​မူ၏။ ချစ်​ခြင်း​မေ​တ္တာ၌ တည်​သော​သူ​သည် ဘု​ရား​သ​ခင်၌​တည်၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ၌ တည်​တော်​မူ၏။- ထို​သို့​ငါ​တို့​သည် ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​သော​အား​ဖြင့်၊ တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​နေ့၌ ရဲ​ရင့်​ရ​သော​အ​ခွင့် ရှိ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ကိုယ်​တော်၏​နည်း​တူ ဤ​လော​က၌​ဖြစ်​ကြ၏။- ချစ်​ခြင်း​မေ​တ္တာ​သည် ကြောက်​ခြင်း​သံ​ဝေ​ဂ​နှင့် မ​ပေါင်း​နိုင်​ရာ။ သံ​ဝေ​ဂ​သည် ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​ကို ဖြစ်​စေ​သော​ကြောင့်၊ စုံ​လင်​သော​မေ​တ္တာ​သည် သံ​ဝေ​ဂ​ကို ပယ်​ရှား​တတ်၏။ သံ​ဝေ​ဂ​ရှိ​သော​သူ​သည် မေ​တ္တာ​နှင့် မ​ပြည့်​စုံ​သေး။- ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ရှေ့​ဦး​စွာ ချစ်​တော်​မူ​သော​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ကြ၏။- တစ်​စုံ​တစ်​ယောက်​သော​သူ​က၊ ငါ​သည် ဘု​ရား​သ​ခင်​ကို​ချစ်၏​ဟု ဆို​လျက်​ပင် မိ​မိ​ညီ​အစ်​ကို​ကို မုန်း​လျှင်၊ ထို​သူ​သည် မု​သား​ကို​သုံး​သော​သူ​ဖြစ်၏။ မိ​မိ​မြင်​ရ​သော မိမိညီအစ်ကိုကို မချစ်လျှင်၊ မမြင်သေးသောဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​ချစ်​နိုင်​မည်​နည်း။- ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​သည် မိ​မိ​ညီ​အစ်​ကို​ကို ချစ်​ရ​မည်​ဟူ​သော ပ​ညတ်​တော်​ကို ငါ​တို့​သည် ခ​ရစ်​တော်​ထံ၌ ခံ​ရ​ကြ​ပြီ။

၁ ရှင်ယောဟန် 4:13-21 Common Language Bible (BCL)

ကိုယ်​တော်​သည်​ငါ​တို့​အား​ဝိ​ညာဉ်​တော်​ကို ပေး​တော်​မူ​သော​ကြောင့် ငါ​တို့​သည်​ကိုယ်​တော်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၍​ကိုယ်​တော်​သည်​လည်း ငါ​တို့​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​တော်​မူ ကြောင်း​ငါ​တို့​သေ​ချာ​စွာ​သိ​ကြ​၏။- ခ​မည်း​တော်​သည်​သား​တော်​အား​လော​က​ကို ကယ်​တင်​ရန်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို ငါ တို့​တွေ့​မြင်​ရ​၍​သက်​သေ​ခံ​ကြ​၏။- သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ကြောင်း​ဝန်​ခံ​သော​သူ​သည် ဘု​ရား​သ​ခင် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၏။ ဘု​ရား​သ​ခင် သည်​လည်း​သူ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ တော်​မူ​၏။- ငါ​တို့​အ​ပေါ်​ဘု​ရား​သ​ခင်​မေတ္တာ​ထား​ရှိ တော်​မူ​ကြောင်း​ငါ​တို့​ကိုယ်​တိုင်​သိ​၍​ယုံ ကြည်​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော် မူ​၏။ ချစ်​တတ်​သော​သူ​သည်​ဘု​ရား​သ​ခင်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၏။ ဘု​ရား​သ​ခင်​သည် လည်း​ထို​သူ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​တော် မူ​၏။- ငါ​တို့​၌​ကိုယ်​တော်​၏​မေတ္တာ​တော်​ပြည့်​ဝ​စုံ လင်​ခြင်း​အား​ဖြင့် တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့ ၌​ငါ​တို့​သည်​ရဲ​ရင့်​တည်​ကြည်​မှု​ကို​ရ​ရှိ​နိုင် ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​လော​က ၌​ငါ​တို့​သည်​ခ​ရစ်​တော်​နည်း​တူ​အ​သက် ရှင်​ကြ​သော​ကြောင့်​ဖြစ်​၏။- ချစ်​ခြင်း​မေတ္တာ​၌​ကြောက်​စိတ်​မ​ရှိ​နိုင်။ ပြည့်​ဝ စုံ​လင်​သည့်​မေတ္တာ​သည်​ကြောက်​စိတ်​ကို​ပယ်​ရှား တတ်​၏။ ကြောက်​စိတ်​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​မှု​ကို စောင့်​မျှော်​တတ်​သ​ဖြင့်​ကြောက်​စိတ်​ရှိ​သူ​၌ မေတ္တာ​ပြည့်​ဝ​စုံ​လင်​ခြင်း​မ​ရှိ​ပေ။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ရှေး​ဦး​စွာ​ချစ် တော်​မူ​သော​ကြောင့်​ငါ​တို့​သည်​ကိုယ်​တော်​ကို ချစ်​ကြ​၏။- ဘု​ရား​သ​ခင်​ကို​ချစ်​ပါ​သည်​ဟု​ဆို​လျက် ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည်​လူ​လိမ်​ဖြစ် ၏။ အ​ဘယ်​ကြောင့်​ဆို​သော်​မျက်​စိ​ဖြင့်​မြင်​ရ​သူ ညီ​အစ်​ကို​ကို​မ​ချစ်​နိုင်​သော​သူ​သည် မျက်​စိ ဖြင့်​မ​မြင်​ရ​သည့်​ဘု​ရား​သ​ခင်​ကို​ချစ်​နိုင် မည်​မ​ဟုတ်​သော​ကြောင့်​တည်း။- ငါ​တို့​အား​ခ​ရစ်​တော်​ပေး​တော်​မူ​သော​ပ​ညတ် တော်​ကား``ဘု​ရား​သ​ခင်​ကို​ချစ်​သော​သူ​သည် ညီ​အစ်​ကို​ကို​လည်း​ချစ်​ရ​မည်'' ဟူ​၍​ဖြစ် သ​တည်း။

၁ ရှင်ယောဟန် 4:13-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဘုရားသခင်​သည် မိမိ​၏​ဝိညာဉ်​တော်​ကို ငါ​တို့​အား​ပေး​တော်မူ​သောကြောင့် ငါ​တို့​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ငါ​တို့​၌​တည်​တော်မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ ခမည်းတော်​သည် သား​တော်​ကို လောက​၏​ကယ်တင်ရှင်​အဖြစ် စေလွှတ်​တော်မူ​ခဲ့​သည်​ကို ငါ​တို့​မြင်​၍ သက်သေခံ​ကြ​၏။ မည်သူမဆို ယေရှု​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း​ဝန်ခံ​လျှင် ဘုရားသခင်​သည် ထို​သူ​၌​တည်​တော်မူ​၍ ထို​သူ​သည်​လည်း ဘုရားသခင်​၌​တည်​၏။ ငါ​တို့​သည် ငါ​တို့​အပေါ်၌ ဘုရားသခင်​ထားရှိ​သော​ချစ်​ခြင်း​မေတ္တာ​ကို​သိ​၍ ယုံကြည်​ကြ​၏။ ဘုရားသခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်မူ​၏။ ချစ်​ခြင်း​မေတ္တာ​၌​တည်​သော​သူ​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ထို​သူ​၌​တည်​တော်မူ​၏။ ငါ​တို့​သည် တရား​စီရင်​တော်မူ​ရာ​နေ့​၌ ယုံကြည်​စိတ်ချ​မှု​ရှိ​စေရန် ချစ်​ခြင်း​မေတ္တာ​သည် ငါ​တို့​၌​ပြည့်စုံ​၏။ အကြောင်းမူကား ငါ​တို့​သည်​လည်း ဤ​လောက​တွင် ကိုယ်တော်​ကဲ့သို့​ဖြစ်​ကြ​၏။ ချစ်​ခြင်း​မေတ္တာ​၌ ကြောက်ရွံ့​ခြင်း​မ​ရှိ။ ကြောက်ရွံ့​ခြင်း​သည် အပြစ်ဒဏ်​ခံရ​ခြင်း​နှင့်​သက်ဆိုင်​သည်​ဖြစ်၍ စုံလင်​သော​ချစ်​ခြင်း​မေတ္တာ​သည် ကြောက်ရွံ့​ခြင်း​ကို ဖယ်ရှား​တတ်​၏။ ထို့ကြောင့် ကြောက်​တတ်​သော​သူ​သည် ချစ်​ခြင်း​မေတ္တာ​နှင့်​မ​ပြည့်စုံ​သေး။ ဘုရားသခင်​သည် ငါ​တို့​ကို​ဦးစွာ​ချစ်​တော်မူ​သောကြောင့် ငါ​တို့​သည်​လည်း​ချစ်​ကြ​၏။ တစ်စုံတစ်ယောက်​က “ငါ​သည် ဘုရားသခင်​ကို​ချစ်​၏”​ဟု ဆို​လျက်​ပင် မိမိ​ညီအစ်ကို​ကို​မုန်း​လျှင် ထို​သူ​သည် လိမ်လည်​သော​သူ​ဖြစ်​၏။ မြင်​ရ​သော​မိမိ​ညီအစ်ကို​ကို မ​ချစ်​သော​သူ​သည် မ​မြင်​ရ​သော​ဘုရားသခင်​ကို မ​ချစ်​နိုင်။ “ဘုရားသခင်​ကို​ချစ်​သော​သူ​သည် မိမိ​ညီအစ်ကို​ကို​လည်း ချစ်​ရ​မည်”​ဟူသော ဤ​ပညတ်​တော်​ကို ကိုယ်တော်​ထံမှ ငါ​တို့​ရရှိ​ကြ​၏။