၁ ရှင်ယောဟန် 4:1-21
၁ ရှင်ယောဟန် 4:1-21 Judson Bible (JBMLE)
ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ။- ဘုရားသခင်၏ဝိညာဉ်တော်ကို အဘယ်သို့ သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်ခံသော ဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့်စပ်ဆိုင်၏။- လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ်၍၊ ယခုပင် လာလျက်ရှိသော အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏။- ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်း အောင်ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးတော်မူ၏။- ထိုသူတို့သည် လောကနှင့်စပ်ဆိုင်သောကြောင့်၊ လောကီအကြောင်းအရာကို ပြောတတ်ကြ၏။ လောကီသားတို့သည်လည်း သူတို့စကားကို နားထောင်တတ်ကြ၏။- ငါတို့မူကား၊ ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကို နားထောင်တတ်၏။ ဘုရားသခင်နှင့် မစပ်ဆိုင်သောသူသည် ငါတို့စကားကို နားမထောင်တတ်။ ထိုအရာကို ငါတို့သည်ထောက်၍၊ သမ္မာဝိညာဉ်ကိုလည်းကောင်း၊ မိစ္ဆာဝိညာဉ်ကိုလည်းကောင်း သိရကြ၏။ ချစ်သူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့၊ အကြောင်းမူကား၊ ချစ်ချင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ ချစ်တတ်သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ်ဖွားစေတော်မူသောသူဖြစ်၏။ ဘုရားသခင်ကို သိသောသူလည်း ဖြစ်၏။- ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။- သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှာ၊ ဘုရားသခင်သည် တစ်ပါးတည်းသော သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသောအရာ၌၊ ငါတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။- ငါတို့သည် ဘုရားသခင်ကိုချစ်ကြသည်ဟု မဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏အပြစ် ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာ၊ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။- ချစ်သူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်မှန်လျှင်၊ ငါတို့သည်လည်း အချင်းချင်းချစ်ရကြမည်။- ဘုရားသခင်ကို အဘယ်သူမျှမမြင်စဖူး။ သို့သော်လည်း၊ အချင်းချင်းချစ်ကြလျှင်၊ ဘုရားသခင်သည် ငါတို့၌ တည်တော်မူ၍၊ ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံလျက်ရှိကြ၏။- ဘုရားသခင်သည် ဝိညာဉ်တော်၏ ကျေးဇူးကို ငါတို့အား ပေးတော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်၌ တည်သည်ကိုလည်းကောင်း၊ ဘုရားသခင်သည် ငါတို့၌ တည်တော်မူသည်ကိုလည်းကောင်း သိရကြ၏။- လောကီသားတို့ကို ကယ်တင်သောသခင်ဖြစ်စေခြင်းငှာ၊ ခမည်းတော်သည် သားတော်ကို စေလွှတ်တော်မူသည်ဟု ငါတို့သည် သိမြင်၍ သက်သေခံကြ၏။ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို ဝန်ခံသောသူမည်သည်ကား၊ ဘုရားသခင်၌ တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။- ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူခြင်း မေတ္တာတော်ကို ငါတို့သည်သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်သောသူသည် ဘုရားသခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူ၏။- ထိုသို့ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသောအားဖြင့်၊ တရားဆုံးဖြတ်တော်မူသောနေ့၌ ရဲရင့်ရသောအခွင့် ရှိကြလိမ့်မည်။ အကြောင်းမူကား၊ ငါတို့သည် ကိုယ်တော်၏နည်းတူ ဤလောက၌ဖြစ်ကြ၏။- ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသောကြောင့်၊ စုံလင်သောမေတ္တာသည် သံဝေဂကို ပယ်ရှားတတ်၏။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး။- ဘုရားသခင်သည် ငါတို့ကိုရှေ့ဦးစွာ ချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏။- တစ်စုံတစ်ယောက်သောသူက၊ ငါသည် ဘုရားသခင်ကိုချစ်၏ဟု ဆိုလျက်ပင် မိမိညီအစ်ကိုကို မုန်းလျှင်၊ ထိုသူသည် မုသားကိုသုံးသောသူဖြစ်၏။ မိမိမြင်ရသော မိမိညီအစ်ကိုကို မချစ်လျှင်၊ မမြင်သေးသောဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း။- ဘုရားသခင်ကို ချစ်သောသူသည် မိမိညီအစ်ကိုကို ချစ်ရမည်ဟူသော ပညတ်တော်ကို ငါတို့သည် ခရစ်တော်ထံ၌ ခံရကြပြီ။
၁ ရှင်ယောဟန် 4:1-21 Common Language Bible (BCL)
ချစ်ဆွေတို့၊ ဝိညာဉ်တော်ခံယူရရှိသည်ဟု ဆိုသူတိုင်းကိုမယုံကြနှင့်။ သူတို့ခံယူရရှိ သည်ဆိုသောဝိညာဉ်တော်သည် ဘုရားသခင် ၏ထံတော်မှဆင်းသက်လာသည့်ဝိညာဉ်တော် ဟုတ်မဟုတ်စစ်ဆေးကြည့်ရှုကြလော့။ အဘယ် ကြောင့်ဆိုသော်မိစ္ဆာပရောဖက်များသည် နေရာ တကာသို့ရောက်ရှိနေကြသောကြောင့်ဖြစ်၏။- ဘုရားသခင်၏ဝိညာဉ်တော်ဟုတ်မဟုတ် သင် တို့သိရှိနိုင်မည့်နည်းကားဤသို့တည်း။ သခင် ယေရှုသည်လူ့ဇာတိကိုခံယူကာကြွလာ တော်မူသည်ဟုဝန်ခံသူသည် ဘုရားသခင် ထံတော်မှဆင်းသက်လာသည့်ဝိညာဉ်တော် ကိုခံယူရရှိသူဖြစ်၏။- ယင်းသို့ဝန်မခံသူသည်ကား ဘုရားသခင် ထံတော်မှဆင်းသက်လာသည့်ဝိညာဉ်တော်ကို ခံယူရရှိသူမဟုတ်။ ထိုသူတွင်ကိန်းအောင်း သည့်ဝိညာဉ်မှာ ခရစ်တော်၏ရန်သူဖြစ်၏။ ခရစ်တော်၏ရန်သူဝိညာဉ်သည် ဤလောက သို့ရောက်ရှိလာမည်ဖြစ်ကြောင်း၊ သင်တို့ကြား သိခဲ့ကြ၏။ သူသည်ယခုပင်လျှင်ရောက်ရှိ လျက်နေလေပြီ။ သားသမီးတို့၊ သင်တို့သည်ဘုရားသခင် ၏ဘက်တော်သားများဖြစ်၍မိစ္ဆာပရောဖက် များကိုအနိုင်ရခဲ့ကြ၏။ အဘယ်ကြောင့် ဆိုသော်သင်တို့တွင်ကျိန်းဝပ်တော်မူသော ဝိညာဉ်တော်သည်လောကသားတို့တွင်ကိန်း ဝပ်သောဝိညာဉ်ထက်ကြီးမြတ်တော်မူသော ကြောင့်တည်း။- မိစ္ဆာပရောဖက်တို့သည်လောကနှင့်ဆိုင်သော သူများဖြစ်ကြ၏။ သို့ဖြစ်၍လောကီအကြောင်း အရာများကိုပြောဆိုကြ၏။ လောကသား တို့သည်လည်းသူတို့၏စကားကိုနားထောင် ကြ၏။- သို့ရာတွင်ငါတို့သည်ဘုရားသခင်၏ဘက် တော်သားများဖြစ်ကြ၏။ ဘုရားသခင်ကိုသိ သောသူသည်ငါတို့စကားကိုနားထောင်တတ်၏။ ဘုရားသခင်၏ဘက်တော်သားမဟုတ်သူမူ ကားငါတို့စကားကိုနားမထောင်တတ်။ ဤ သို့လျှင်ငါတို့သည်သမ္မာဝိညာဉ်နှင့်မိစ္ဆာ ဝိညာဉ်ကိုခွဲခြား၍သိရှိနိုင်ကြ၏။ ချစ်ဆွေတို့၊ ချစ်ခြင်းမေတ္တာသည်ဘုရားသခင်ထံ တော်မှသက်ရောက်လာသည်ဖြစ်ရာ ငါတို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်ကြ ကုန်အံ့။ ချစ်တတ်သောသူသည်ဘုရားသခင်၏ သားသမီးဖြစ်၏။ ကိုယ်တော်ကိုသိကျွမ်း သောသူလည်းဖြစ်၏။- ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော် မူ၏။ သို့ဖြစ်၍မေတ္တာကင်းမဲ့သူသည်ဘုရား သခင်ကိုမသိ။- ငါတို့သည်သားတော်အားဖြင့်အသက်ကို ရရှိကြစေရန်ဘုရားသခင်သည် မိမိ၏ တစ်ပါးတည်းသောသားတော်ကိုဤလောက သို့စေလွှတ်တော်မူခြင်းအားဖြင့် ငါတို့အပေါ် ၌မိမိထားရှိသောမေတ္တာတော်ကိုပေါ်လွင် ထင်ရှားစေတော်မူ၏။- မေတ္တာဟုဆိုရာ၌ဘုရားသခင်အတွက်ငါ တို့ထားရှိသည့်မေတ္တာကိုမဆိုလို။ ငါတို့သည် အပြစ်များမှပြေလွတ်ခွင့်ရရှိ၍ ပူဇော်ဆက် ကပ်တော်မူသောသားတော်ကိုစေလွှတ်တော် မူခြင်းအားဖြင့် ငါတို့အားဘုရားသခင်ပြ တော်မူသောမေတ္တာတော်ကိုဆိုလိုပေသည်။ ချစ်ဆွေတို့၊ ဘုရားသခင်သည်ငါတို့အား ဤမျှချစ်တော်မူလျှင်ငါတို့သည်အချင်း ချင်းချစ်သင့်ကြ၏။- အဘယ်သူမျှဘုရားသခင်ကိုမတွေ့မမြင် စဖူး။ သို့ရာတွင်ငါတို့သည်အချင်းချင်းချစ် ကြပါမူ ဘုရားသခင်သည်ငါတို့နှင့်တစ်လုံး တစ်ဝတည်းဖြစ်တော်မူလျက် ကိုယ်တော်၏ မေတ္တာတော်သည်ငါတို့၌ပြည့်ဝစုံလင်ပြီ။ ကိုယ်တော်သည်ငါတို့အားဝိညာဉ်တော်ကို ပေးတော်မူသောကြောင့် ငါတို့သည်ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်းရှိ၍ကိုယ်တော်သည်လည်း ငါတို့နှင့်တစ်လုံးတစ်ဝတည်းရှိတော်မူ ကြောင်းငါတို့သေချာစွာသိကြ၏။- ခမည်းတော်သည်သားတော်အားလောကကို ကယ်တင်ရန်စေလွှတ်တော်မူကြောင်းကို ငါ တို့တွေ့မြင်ရ၍သက်သေခံကြ၏။- သခင်ယေရှုသည်ဘုရားသခင်၏သားတော် ဖြစ်ကြောင်းဝန်ခံသောသူသည် ဘုရားသခင် နှင့်တစ်လုံးတစ်ဝတည်းရှိ၏။ ဘုရားသခင် သည်လည်းသူနှင့်တစ်လုံးတစ်ဝတည်းရှိ တော်မူ၏။- ငါတို့အပေါ်ဘုရားသခင်မေတ္တာထားရှိ တော်မူကြောင်းငါတို့ကိုယ်တိုင်သိ၍ယုံ ကြည်ကြ၏။ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော် မူ၏။ ချစ်တတ်သောသူသည်ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းရှိ၏။ ဘုရားသခင်သည် လည်းထိုသူနှင့်တစ်လုံးတစ်ဝတည်းရှိတော် မူ၏။- ငါတို့၌ကိုယ်တော်၏မေတ္တာတော်ပြည့်ဝစုံ လင်ခြင်းအားဖြင့် တရားစီရင်တော်မူရာနေ့ ၌ငါတို့သည်ရဲရင့်တည်ကြည်မှုကိုရရှိနိုင် ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်လောက ၌ငါတို့သည်ခရစ်တော်နည်းတူအသက် ရှင်ကြသောကြောင့်ဖြစ်၏။- ချစ်ခြင်းမေတ္တာ၌ကြောက်စိတ်မရှိနိုင်။ ပြည့်ဝ စုံလင်သည့်မေတ္တာသည်ကြောက်စိတ်ကိုပယ်ရှား တတ်၏။ ကြောက်စိတ်သည်အပြစ်ဒဏ်ခံရမှုကို စောင့်မျှော်တတ်သဖြင့်ကြောက်စိတ်ရှိသူ၌ မေတ္တာပြည့်ဝစုံလင်ခြင်းမရှိပေ။ ဘုရားသခင်သည်ငါတို့အားရှေးဦးစွာချစ် တော်မူသောကြောင့်ငါတို့သည်ကိုယ်တော်ကို ချစ်ကြ၏။- ဘုရားသခင်ကိုချစ်ပါသည်ဟုဆိုလျက် ညီအစ်ကိုကိုမုန်းသောသူသည်လူလိမ်ဖြစ် ၏။ အဘယ်ကြောင့်ဆိုသော်မျက်စိဖြင့်မြင်ရသူ ညီအစ်ကိုကိုမချစ်နိုင်သောသူသည် မျက်စိ ဖြင့်မမြင်ရသည့်ဘုရားသခင်ကိုချစ်နိုင် မည်မဟုတ်သောကြောင့်တည်း။- ငါတို့အားခရစ်တော်ပေးတော်မူသောပညတ် တော်ကား``ဘုရားသခင်ကိုချစ်သောသူသည် ညီအစ်ကိုကိုလည်းချစ်ရမည်'' ဟူ၍ဖြစ် သတည်း။
၁ ရှင်ယောဟန် 4:1-21 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ချစ်ရသောသူတို့၊ များစွာသောပရောဖက်အတုအယောင်တို့သည် ဤလောက၌ ပေါ်လာကြပြီဖြစ်သောကြောင့် ဝိညာဉ်တိုင်းကိုမယုံဘဲ ထိုဝိညာဉ်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်မစပ်ဆိုင်သည်ကို စစ်ဆေးကြလော့။ ယေရှုခရစ်တော်သည် လူသားအဖြစ်ဖြင့်ကြွလာတော်မူခဲ့သည်ကို ဝန်ခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ ဤသို့သောအားဖြင့် ဘုရားသခင်၏ဝိညာဉ်တော်ကို ငါတို့သိကြ၏။ ယေရှုကိုဝန်မခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်နှင့်မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်သည် လာတော့မည်ဟု သင်တို့ကြားခဲ့သည့်အတိုင်း ယခု ဤလောက၌ရှိနှင့်ပြီဖြစ်သော ခရစ်တော်ကိုဆန့်ကျင်အန်တုသူ၏ဝိညာဉ်ဖြစ်၏။ သားသမီးတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သူများဖြစ်ကြ၍ ထိုသူတို့ကိုအောင်နိုင်ကြပြီ။ အကြောင်းမူကား သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် ကြီးမြတ်တော်မူ၏။ ထိုသူတို့သည် လောကနှင့်စပ်ဆိုင်သူများဖြစ်ကြသောကြောင့် လောကနှင့်စပ်ဆိုင်သောအရာကို ပြောဆိုတတ်ကြ၏။ လောကီသားတို့သည်လည်း သူတို့ကိုနားထောင်တတ်ကြ၏။ ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သူများဖြစ်ကြ၏။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကိုနားထောင်တတ်၏။ ဘုရားသခင်နှင့်မစပ်ဆိုင်သောသူသည် ငါတို့စကားကိုနားမထောင်တတ်။ ဤသို့သောအားဖြင့် ငါတို့သည် သမ္မာတရား၏ဝိညာဉ်နှင့် မှားယွင်းခြင်း၏ဝိညာဉ်ကို သိရကြ၏။ ချစ်ရသောသူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်စို့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ ချစ်ခြင်းမေတ္တာရှိသောသူတိုင်းသည်လည်း ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်ပြီး ဘုရားသခင်ကိုသိ၏။ ချစ်ခြင်းမေတ္တာမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ငါတို့သည် သားတော်အားဖြင့် အသက်ရှင်ကြစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်တော်မူ၏။ ဤသို့ဖြင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့၌ ထင်ရှား၏။ ငါတို့သည် ဘုရားသခင်ကိုချစ်ခဲ့သည်မဟုတ်။ ဘုရားသခင်ကသာ ငါတို့ကိုချစ်တော်မူ၍ ငါတို့၏အပြစ်များအတွက် အသနားခံခြင်းပူဇော်သက္ကာအဖြစ် မိမိ၏သားတော်ကို စေလွှတ်တော်မူ၏။ ဤအမှုအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။ ချစ်ရသောသူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူလျှင် ငါတို့သည်လည်း အချင်းချင်းချစ်သင့်၏။ ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးသော်လည်း ငါတို့အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ငါတို့၌တည်တော်မူ၍ ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ငါတို့၌ပြည့်စုံ၏။ ဘုရားသခင်သည် မိမိ၏ဝိညာဉ်တော်ကို ငါတို့အားပေးတော်မူသောကြောင့် ငါတို့သည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ငါတို့၌တည်တော်မူကြောင်းကို ငါတို့သိကြ၏။ ခမည်းတော်သည် သားတော်ကို လောက၏ကယ်တင်ရှင်အဖြစ် စေလွှတ်တော်မူခဲ့သည်ကို ငါတို့မြင်၍ သက်သေခံကြ၏။ မည်သူမဆို ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းဝန်ခံလျှင် ဘုရားသခင်သည် ထိုသူ၌တည်တော်မူ၍ ထိုသူသည်လည်း ဘုရားသခင်၌တည်၏။ ငါတို့သည် ငါတို့အပေါ်၌ ဘုရားသခင်ထားရှိသောချစ်ခြင်းမေတ္တာကိုသိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌တည်သောသူသည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။ ငါတို့သည် တရားစီရင်တော်မူရာနေ့၌ ယုံကြည်စိတ်ချမှုရှိစေရန် ချစ်ခြင်းမေတ္တာသည် ငါတို့၌ပြည့်စုံ၏။ အကြောင်းမူကား ငါတို့သည်လည်း ဤလောကတွင် ကိုယ်တော်ကဲ့သို့ဖြစ်ကြ၏။ ချစ်ခြင်းမေတ္တာ၌ ကြောက်ရွံ့ခြင်းမရှိ။ ကြောက်ရွံ့ခြင်းသည် အပြစ်ဒဏ်ခံရခြင်းနှင့်သက်ဆိုင်သည်ဖြစ်၍ စုံလင်သောချစ်ခြင်းမေတ္တာသည် ကြောက်ရွံ့ခြင်းကို ဖယ်ရှားတတ်၏။ ထို့ကြောင့် ကြောက်တတ်သောသူသည် ချစ်ခြင်းမေတ္တာနှင့်မပြည့်စုံသေး။ ဘုရားသခင်သည် ငါတို့ကိုဦးစွာချစ်တော်မူသောကြောင့် ငါတို့သည်လည်းချစ်ကြ၏။ တစ်စုံတစ်ယောက်က “ငါသည် ဘုရားသခင်ကိုချစ်၏”ဟု ဆိုလျက်ပင် မိမိညီအစ်ကိုကိုမုန်းလျှင် ထိုသူသည် လိမ်လည်သောသူဖြစ်၏။ မြင်ရသောမိမိညီအစ်ကိုကို မချစ်သောသူသည် မမြင်ရသောဘုရားသခင်ကို မချစ်နိုင်။ “ဘုရားသခင်ကိုချစ်သောသူသည် မိမိညီအစ်ကိုကိုလည်း ချစ်ရမည်”ဟူသော ဤပညတ်တော်ကို ကိုယ်တော်ထံမှ ငါတို့ရရှိကြ၏။