YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရှင်ယောဟန် 3:18-24

၁ ရှင်ယောဟန် 3:18-24 Judson Bible (JBMLE)

ချစ်​သား​တို့၊ ငါ​တို့​သည် စ​ကား​ပြော​ကာ​မျှ​အား​ဖြင့်​သာ မ​ချစ်​ဘဲ၊ စိတ်​ပါ​ကိုယ်​ရောက် ဧ​ကန်​အ​မှန် ချစ်​ကြ​ကုန်​အံ့။- ထို​သို့​ချစ်​လျှင်၊ ကိုယ်​တိုင်​သ​မ္မာ​တ​ရား​နှင့် ဆိုင်​သည်​ကို ကိုယ်​သိ​ရ၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုယ်​စိတ်​နှ​လုံး​ကို သက်​သာ​စေ​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်​ကို​အ​ပြစ်​တင်​လျှင်၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၏ စိတ်​နှ​လုံး​ထက်​သာ၍ ကြီး​မြတ်​သည်​ဖြစ်၍၊ အ​လုံး​စုံ​တို့​ကို သိ​တော်​မူ​သည်​ကို ငါ​တို့​သိ​ကြ၏။- ချစ်​သူ​တို့၊ ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်​ကို အ​ပြစ်​မ​တင်​လျှင်၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ရဲ​ရင့်​ရ​သော​အ​ခွင့် ရှိ​ကြ၏။- ငါ​တို့​သည် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်၍၊ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​တို့​ကို ကျင့်​သော​ကြောင့်၊ ဆု​တောင်း​သ​မျှ​တို့​ကို ဘု​ရား​သ​ခင့် ထံ​တော်​မှ​ရ​ကြ၏။- ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ဟူ​မူ​ကား၊ သား​တော်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ရ​မည်။ သား​တော် ပ​ညတ်​တော်​မူ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း ချစ်​ရ​မည်​ဟူ​သော ပ​ညတ်​တော်​ပေ​တည်း။- ပ​ညတ်​တော်​တို့​ကို စောင့်​သော​သူ​သည် ဘု​ရား​သ​ခင်၌​တည်၏။ ထို​သူ၌​လည်း ဘု​ရား​သ​ခင် တည်​တော်​မူ၏။ ငါ​တို့​အား​ပေး​တော်​မူ​သော ဝိ​ညာဉ်​တော်​ကို ငါ​တို့​သည်​အ​မှီ​ပြု၍၊ ဘု​ရား​သ​ခင်​သည်​ငါ​တို့၌ တည်​တော်​မူ​သည်​ကို သိ​ရ​ကြ၏။

၁ ရှင်ယောဟန် 3:18-24 Common Language Bible (BCL)

သား​သ​မီး​တို့၊ ငါ​တို့​၏​မေတ္တာ​သည်​နှုတ်​ဖျား ၌​သာ​တည်​သော​မေတ္တာ​မ​ဖြစ်​သင့်။ လက်​တွေ့​အား ဖြင့်​ဖော်​ပြ​ထား​သော​မေတ္တာ​စစ်​မေတ္တာ​မှန်​ဖြစ် ရ​မည်။ သို့​ဖြစ်​၍​ဤ​နည်း​အား​ဖြင့်​ငါ​တို့​သည်​သမ္မာ တရား​နှင့်​ဆိုင်​သူ​များ​ဖြစ်​ကြောင်း​သိ​ရှိ​နိုင် မည်။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​တွင်​လည်း စိတ်​ချ​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။- မိ​မိ​တို့​သြတ္တပ္ပ​စိတ်​၏​ပြစ်တင်​ရှုတ်​ချ​မှု​ကို ခံ​ရ​သော​အ​ခါ​၌​လည်း ဘု​ရား​သ​ခင်​သည် ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထက်​ကြီး​မြတ်​တော်​မူ ကြောင်း၊ ကိုယ်​တော်​သည်​အ​မှု​အ​ရာ​ခပ်​သိမ်း ကို​သိ​တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။- သို့​ဖြစ်​၍​ချစ်​ဆွေ​တို့၊ ငါ​တို့​၏​သြတ္တ​ပ္ပ​စိတ် က​ငါ​တို့​အား​ပြစ်​တင်​ရှုတ်​ချ​မှု​မ​ပြု​လျှင် ငါ​တို့​သည်​ဘု​ရား​သ​ခင်​ထံ​တော်​၌​ရဲ​ဝံ့ ခွင့်​ရ​ရှိ​ကြ​၏။- ငါ​တို့​သည်​ကိုယ်​တော်​၏​ပညတ်​တော်​တို့​ကို စောင့်​ထိန်း​သူ​များ၊ ကိုယ်​တော်​နှစ်​သက်​တော် မူ​သော​အ​မှု​တို့​ကို​ပြု​သူ​များ​ဖြစ်​သ​ဖြင့် ငါ​တို့​တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့ ကို​အထံ​တော်​မှ​ရ​ရှိ​ကြ​၏။- ကိုယ်​တော်​၏​ပ​ညတ်​တော်​ဟူ​မူ​ကား​ငါ​တို့ သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု​ခ​ရစ် ကို​ယုံ​ကြည်​ရ​ကြ​မည်။ ထို​အ​ရှင်​မိန့်​တော်​မူ သည်​အ​တိုင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို တစ်​ယောက်​ချစ်​ရ​ကြ​မည်​ဟူ​၍​ဖြစ်​ပေ​သည်။- ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း သူ​သည် ဘု​ရား​သ​ခင်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​၍ ဘု​ရား​သ​ခင်​သည်​လည်း​ထို​သူ​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​တော်​မူ​၏။ ယင်း​သို့​ဖြစ်​တော်​မူ ကြောင်း​ကို ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော ဝိ​ညာဉ်​တော်​အား​ဖြင့်​ငါ​တို့​သိ​ရ​ကြ​၏။

၁ ရှင်ယောဟန် 3:18-24 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သားသမီး​တို့၊ ငါ​တို့​သည် စကား​နှင့် နှုတ်​အားဖြင့်​သာ​မ​ဟုတ်​ဘဲ လုပ်ဆောင်​မှု​နှင့် သမ္မာတရား​တို့​အားဖြင့် ချစ်​ကြ​ကုန်စို့။ ဤသို့ဖြင့် ငါ​တို့​သည် သမ္မာတရား​နှင့်​စပ်ဆိုင်​သော​သူ​ဖြစ်​ကြောင်း​ကို​သိ​ကြ​၍ ဘုရားသခင်​ရှေ့​တော်​၌ ငါ​တို့​၏​စိတ်နှလုံး​ကို ငြိမ်သက်​စွာ​ရှိ​စေ​ကြ​လိမ့်မည်။ ငါ​တို့​၏​စိတ်နှလုံး​သည် ငါ​တို့​ကို​အပြစ်တင်​ခဲ့​လျှင်​လည်း ဘုရားသခင်​သည် ငါ​တို့​၏​စိတ်နှလုံး​ထက် ကြီးမြတ်​တော်မူ​သည်​ဖြစ်၍ အလုံးစုံ​တို့​ကို​သိ​တော်မူ​၏။ ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​၏​စိတ်နှလုံး​သည် ငါ​တို့​ကို​အပြစ်​မ​တင်​လျှင် ငါ​တို့​သည် ဘုရားသခင်​ရှေ့​တော်​၌ ယုံကြည်​စိတ်ချ​မှု​ရှိ​ကြ​ပြီး တောင်းလျှောက်​သမျှ​တို့​ကို ဘုရားသခင်​ထံမှ​ရ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို​စောင့်ထိန်း​၍ ရှေ့​တော်​၌ နှစ်သက်​တော်မူ​သော​အရာ​များ​ကို ပြု​ကြ​သောကြောင့်​ဖြစ်​၏။ ဘုရားသခင်​၏​ပညတ်​တော်​ကား သား​တော်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​ယုံကြည်​၍ ငါ​တို့​အား​ပေး​ထား​သည့်​ပညတ်​တော်​အတိုင်း အချင်းချင်း​ချစ်​ကြ​ရန်​ဖြစ်​၏။ ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို​စောင့်ထိန်း​သော​သူ​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ထို​သူ​၌​တည်​၏။ ဘုရားသခင်​သည် ငါ​တို့​၌​တည်​တော်မူ​ကြောင်း​ကို ငါ​တို့​အား ပေး​တော်မူ​သော​ဝိညာဉ်​တော်​အားဖြင့် ငါ​တို့​သိ​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။